← Chapters

အံ့ဩဖွယ်ကောင်းသော

Vol. 12 Ch. 167

အံ့ဩဖွယ်ကောင်းသော

Vol. 12 Ch. 167

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီဟာ နစ်ဖီကို ကြည့်ရင်း သူမရဲ့ အဖြေကြောင့် အံ့ဩနေခဲ့တယ်..။သူမက လွယ်လွယ်ကူကူပဲ ဝန်ခံခဲ့လိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။

အဲ့အချိန်မှာပဲ..သူမ ပုခုံးကိုတွန့်လိုက်ပြီး..

"ဘာလဲ..ငါက ငြင်းဆန်လိုက်သင့်တာလား..။ငါက ဘာလို့ အဲလိုလုပ်ရမှာလဲ..။နင်ကသာ အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက်ပဲ ဆန်နီ..."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားခဲ့တယ်..။

"တကယ်တော့ ငါ နင့်ကို ​ကျေးဇူးတင်ရမယ်..။နင့်ကြောင့်သာ မဟုတ်ရင် လူတွေကို ဘယ်လို လှည့်ဖျားရမယ်ဆိုတာကို သိမှာမဟုတ်ဘူး..။သိသာတဲ့ အကြောင်းပြချကိတွေကြောင့် ငါက အကာအကွယ်အပြည့်နဲ့ ကြီးပြင်းခဲ့ရတယ်..။တစ်ခြားလူတွေနဲ့ စကားပြောဆို တဲ့ အရာမျိုးတွေကို ငါသိတာ ဘာမှ မရှိဘူး..။

သူမက ပြုံးလိုက်ပြီး..

"မေ့ပျောက်ကုန်းမြေပေါ်က လူအများကြီး ထဲမှာမှ နင့်ကို တွေ့ခွင့်ရတာ ဘယ်လောကိတောင် ကံကောင်းလိုက်လဲ..။ကံကောင်းတယ်မလား..."

ဆန်နီ မျက်တောင်ခတ်လိုကိတယ်..။သူမက ဘာတွေပြောနေတာလဲ..။အနက်ရောင် မြို့တော်ဆီ လာတဲ့လမ်းမှာ နစ်ဖီက ကတ်စီ ဆီကနေ လူတွေကို စကားပြောတဲ့ ပုံစံကို အတုယူဖို့ကြိုးစားနေတာကို သူ တွေ့ခဲ့ရပါတယ်..။သူမက ငါ့ကိုလည်း လေ့လာနေခဲ့တာလား..။

ဆန်နီ အရှေ့ကိုတက်သွားပြီး သူမကို တောင်လောင်နေတဲ့ အကြည့်တွေနဲ့ကြည့်လိုက်တယ်..။

"အိပ်မက်ကမ္ဘာထဲမှာ ဘယ်သူမှ တစ်ယောက်တည်း မရှင်သန်နိုင်ဘူး..။ငါလည်း ဒီစည်းမျဥ်းကနေ ချွတ်ယွင်းချက် မဟုတ်ဘူးဆိုတာကို သိတယ်..။ဒီတော့ ငါက ကတ်စီနဲ့နင့်ကို ကြည့်ပြီး ငါ့ရဲ့ ခက်ခဲနေတဲ့ အရာကို သင်ယူဖို့ကြိုးစားခဲ့တာပဲ..။ဒီကနေ တစ်ဆင့် နင်ပြောသမျှ ၊ လုပ်သမျှ တိုင်းက စစ်မှန်မူ မရှိဘူးဆိူတာကို တွေ့ခဲ့ရတယ်..။ဟုတ်တယ် မလား.."

' ခရက် '

ဆန်နီ ကျောက်ရိုးတစ်ခုလုံး အေးစက်သွားခဲ့တယ်..။

သူမက နှာခေါင်းရှုတ်လိုက်ပြီး..

"ဘာတွေပဲ ဖြစ်ဖြစ်..နင်က အမြဲတမ်း နင့်ရဲ့ အတွေးတွေ ၊ လိုအင်ဆန္ဒတွေ နဲ့ အကြောင်းပြချက်တွေကို ဖုံးကွယ်ထားနိုင်ခဲ့တယ်..။လှည့်ဖျားတဲ့ နေရာမှာ ဒီလောက်အထိ အသားကျနေတဲ့သူကို ငါ တစ်ခါမှ မမြင်ဖူးခဲ့ဘူး..။ဂုဏ်ယူပါတယ် ဆန်နီ..။နင် ငါတို့နဲ့ ကစားခဲ့တဲ့..စိတ် ကစားပွဲ တွေက..ဝိဥာဥ်က်ို စားသုံးတဲ့ ဝိဥာဥ် သစ်ပင်ထက်တောင် ပိုပြီးတော့ စဥ်းလဲ ပါပေတယ်..။ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်..."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခနလောက်ရပ်ပြီးကာမှ ခေါင်းခါယမ်းလိုက်ပြီး..

"နင်က အမှန်တရားတွေကိုတောင် အလိမ်အညာ အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တဲ့ သူပဲ..။ဘယ်လောက် အံ့ဩဖို့ကောင်းလဲ..။ဒီလို အရာမျိုးက ဖြစ်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူး..။မိုက်မဲလိုက်တဲ့ငါ.. ။နင်နဲ့ မတွေ့ခင်အချိန်အထိ ငါ တကယ်ကို အများကြီး မသိခဲ့ဘူး.."

သူမ ပြုံးလိုက်ပြီး...

"ဒီတော့ သိပြီလား...နင်က ငါ့ဆီကနေ ဓားပညာ ကို သင်ယူနေတဲ့ အချိန်မှာ ငါက နင့်ဆီကနေ လူတွေကို ဘယ်လို အသုံးချရမလဲ ဆိုတာကို သင်ယူနေတာပဲ..။ဒီတော့ ကျေးဇူးပြုပြီး..ဆန်နီ..ငါ့ရဲ့ ရိုးသားတဲ့ကျေးဇူးတင်မူ ကို လက်ခံပေးပါ..။နင် မရှိပဲနဲ့ ဒီလို အရာတွေဆိုတာ ဖြစ်လာနိုင်မှာမဟုတ်ဘူး.."

နစ်ဖီက သူမရဲ့ လက်ကို မြောက်ပြီး သူ့က်ို လက်ညိုးထိူးလိုက်တယ်..။ပြီးမှ..ဒေါသထွက်နေတဲ့ အသံနဲ့..

"ဒီတော့ နင်က တစ်ခြားလူတွေကို လုပ်သလိုမျိုး ငါက လိုက်လုပ်နေတာကို...ဘယ်လိူလုပ်ပြီး နင့်မှာ အပြစ်တင်ခွင့် ရှိသွားတာလဲ..."

ဆန်နီ တုန်ရီသွားခဲ့တယ်..။သူမ အမှန်အတိုင်းပြောနေတာလား..။နစ်က တကယ်ပဲ သူ့ဆီကနေ ခြယ်လှယ်တာတွေ ၊ ကိုယ်ကျင့်တရားမဲ့တာတွေကို သင်ယူနေခဲ့တာလား..။

'မဟုတ်ဘူး မဟုတ်ဘူး...'

အတွေ့အကြုံမရှိတဲ့ တစ်စုံတစ်ယောက်က..ဆိုးဝါးတဲ့ စံပြ ပုဂ္ဂိုလ်တစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာက မဖြစ်နိုင်ပေ..။သူ့လို့ ရက်စက်တဲ့ လူတစ်ယောက်နဲ့ အိပ်မက်ကမ္ဘာထဲကို အတူတူပို့ရလောင်အောင် ဘယ်လောက်ရက်စက်တဲ့ ကံတရား များလဲ..။

ဆန်နီ အံကို ကြိတ်ထားခဲ့ပြီး..

"ဒါက မတူဘူး..."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ပြန်ပြောလိုက်တယ်..။

"ငါ လုပ်နေတာက ဘာတွေများ ကွဲပြားလိူ့လဲ..။ငါ ဒီလူတွေကို အလိမ်အညာ တစ်ခုမှ မပြောထားဘူး..။ငါက သူတို့ကိုယ်သူတို့ လှည့်ဖျားဖို့အတွက် နင်သင်ထားသလို အမှန်တရား အနည်းငယ်ပဲ ပြောပြထားခဲ့တာ..။ဒါပေမဲ့ ဘာလဲ..အခု ခံရတဲ့လူက နင်ဖြစ်နေတော့ ရုတ်တရက်ကြီး မမျှတတော့ဘူးလား..။အခုတော့ နင်က အမှန်တရား တစ်ခူလုံးကို ကိုင်တွယ်ပြီး ဖြေရှင်းချင်နေပြီပေါ့.."

သူမက မျက်နှာပျက်နေခဲ့တယ်..။

"ကောင်းပြီ..ငါ နင့်ကို ပြောပြမယ်..။ဟုတ်တယ် .နင်ပြောတာ မှန်တယ်..။ဒီမှာ မီးပင်လယ်တွေ သွေးချောင်းတွေ မကြာခင် ဖြစ်လာတော့မှာ..။ဒီတော့ ဘာဖြစ်လဲ..။ဒီလို မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာနေနေတာထက် ဘယ်အရာကများ ဆိုးဝါးမှာ မို့လို့လဲ..။မဟုတ်ဘူးလား..။ငါ ဂန်လောင်ကို သတ်မှာ..။သူသေပြီး ရင် ရဲတိုက်ထဲမှာ..ပလ္လင်ကို လုကြရင်း တိုက်ပွဲတွေ ထပ်ဖြစ်ကြလိမ့်မယ်..။ငါ သူတို့ကိုလည်း သတ်ဦးမှာပဲ..။ငါ တစ်ယောက်တည်း ကျန်နေတဲ့ အထိပေါ့...."

သူမရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပြီး..

"...ငါက အသက်ရှငိနေတဲ့ လူတွေကို ရွေးချယ်ပြီး..ကံကောင်းတဲ့ လူတစ်ချို့ ထွက်ပေါက်ကို ရောက်ဖို့ အရိုးတံတား တစ်ခု ပြုလုပ်မယ်..။အဲဒါက ငါ့ရဲ့ ကတိပဲ..။ဒါက အနက်ရောင်မြို့တော်က လူတွေကို ကယ်တင်ဖို့အတွက် ငါ့ရဲ့ ကမ်းလှမ်းမူပဲ..။အစစ်အမှန် ကမ္ဘာက်ို ပြန်မယ့် အခွင့်အရေးကို ယူမလား..ဒါမှမဟုတ်..လက်ထဲမှာ ဓားတွေက်ို ကိုင်ထားပြီး ကြွက်လေးတွေလို ကြောက်လန့်ပြီး နေမလား..။ငါကတော့ နင်အပါအဝင် အကုန်လုံး နားလည်ကြမယ်လို့ ထင်တယ်.."

ဆန်နီ သူမကို မယုံကြည်နိုင်စွာကြည့်နေခဲ့တယ်..။သူမက ဘယ်လိုလုပ်..လူအများကြီးသေမယ့် ကိစ္စကို ဘယ်လိုလုပ် တည်ငြိမ်နေနိင်ရတာလဲ..။သူမရဲ့ မျက်လုံးထဲမှာ..ဒီလူတွေရဲ့ အသက်က တန်ဖိုးမရှိတာလား..။

သို့ပေမယ့် သူက မှားယွင်းစွာ ကြည့်နေမိပြီဆိုတာကို နားလည်လိုက်ပါတယ်..။သူက သူ့ရဲ့ ကိုယ်ပိုင်အမြင်ဖြစ်တဲ့..အသက်ရှင်ဖို့ ရှိသမျှ အစွန်းကုန်ကြိုးစားခဲ့ရတဲ့ အမြင်နဲ့ပဲ ကြည့်နေခဲ့တာပါ..။သို့ပေမယ့် ဒါက သူ အရင်က ကမ္ဘာကြီးအပေါိကို မြင်တဲ့ အမြင်ပါပဲ..။

မေ့ပျောက်ကုန်းမြေကို ရောက်ပြီးတဲ့ နောက်မှာတော့ ဆန်နီဟာ..အသက်ရှင်သန်ရတာထက် ပိုပြီး အလေးထားရမဲ့ အရာတွေ ရှိနေသေးတယ် ဆိုတာကို သင်ယူနိုင်ခဲ့ပါတယ်..။ဒါက နစ် ဆီကနေ သင်ယူခဲ့ရတာပါ..။

သူမ အတွက်တော့ အဓိပ္ပါယ် မရှိပဲ နေရတဲ့ဘဝက ဆိုးဆိုးဝါးဝါး သေရတာ ထက်တောင် ပိုပြီးဆိုးပါသေးတယ်..။ဖြစ်နိုင်တာက သူမရဲ့စိတ်ထဲမှာတော့ သူမက ဒီလူတွေကို တကယ် ကူညီနေခဲ့တာပါ..။

ဒါပေမဲ့ ဒီလူတွေအစား သူမက ဆုံးဖြတ်ချက်ချပေးဖို့ ဘယ်သူက ခွင့်ပြုထားတာလဲ..။

ခေါင်းကို ခါယမ်းလိုက်ပြီး သူ တီးတိုးပြောလိုက်တယ်..။

"ဒီမှာနေရတာက အရမ်းဆိုးဝါးလို့လား..။ဂန်လောင်သာ အရမ်းဆိုးတဲ့လူတစ်ယောက်ဆိုရင် သူ့ရဲ့စည်းမျဥ်းတွေအောက်မှာနေခိုင်းတာထက် ငါတို့ကို သေစေချင်မှာပဲလေ..."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့အမူအရာတစ်ခုပေါ်လာခဲ့တယ်..။သူမက အေးစက်နေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။

"ဂန်လောင်က ဆိုးဝါး တဲ့အရာတွေ အများကြီး လုပ်ခဲ့တယ်..။ဒါပေမဲ့ ငါက ဒီအတွက်နဲ့ သူ့က်ို မသုံးသပ်ဘူး..။ငါတို့က သူ့ထက်ပိုကောင်းအောင် လုပ်နိုင်ပါ့မယ်လို့ ပြောနိုင်လို့လား..။ဒီနေရာမှာ မျှော်လင့်ချက်မဲ့နေတဲ့ လူထောင်ပေါင်းများစွာ ရှိနေတာက သူတော်စင်ကို တောင် နတ်ဆိုးဖြစ်လာစေနိုင်တယ်လေ..။မဟုတ်ဘူး..သူ့မှာ ခွင့်လွှတ်လိူ့ မရတဲ့ ပြစ်မူက တစ်ခုပဲ ရှိတယ်.."

ဆန်နီ မျက်ခုံးပင့်တင်လိုက်တယ်..။

"ဘယ်တစ်ခုလဲ.."

သူမက အံကို ကြိတ်လိုက်ပြီး..

"အဲတာက သူ လက်လျော့ခဲ့တာပဲ..."

သူမ ဆန်နီကို ကြည့်ပြီး..ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ပြောလိုက်ပါတယ်..။

"သူက ဂိတ်ပေါက်ကို ရောက်ဖို့ ဘယ်တော့မှ မကြိုးစားခဲ့ဘူး..။နှစ်တွေ အများကြီးပြင်ဆင်ထားပြီး..သူရဲကောင်းတွေ အများကြီး သူ့လက်အောက်မှာရှိနေတာတောင် သူက ကြက်သွေးရောင် ထိပ်ဖျားကို မဝင်နိုင်ဘူးလို့ နင်က ထင်နေတာလား..။မဟုတ်ဘူး..သူက စိတ်ပြောင်းသွားခဲ့တာ..။သူက အမှောင်မြို့တော်ထဲမှာ ဘုရင်တစ်ပါးလို နေနေရတဲ့အချိန်မှာ ဘာလို့ များ ပြန်နေဦးမှာလဲ..။သူက နိုးထသူ တစ်ယောက်ဖြစ်ရမယ့် တာဝန်ကို စွန့်ပစ်ပြီး..အခိုက်အတန့်ကို အရှုံးပေးခဲ့တာပဲ.."

...ပြီးတော့ ဂန်လောင်က သူ့ကို စိန်ခေါ်နိုင်လောက်အောင် သန်မာတဲ့လူတွေကိုလည်း အင်အားမစုစည်းမိခင် ရှင်းပစ်ပြီး တစ်ခြားလူတွေ ကြိုးစားမူကိုပါ တားဆီးထားပါသေးတယ်..။

သို့ပေမယ့် နစ်ဖီ ရဲ့စကားတွေထဲမှာ ဆန်နီတစ်ခုခုကိုလည်း ခံစားနေရပါတယ်..။သူမရဲ့ စစ်မှန်တဲ့ စိတ်ပြင်းပြမူပါပဲ..။ဂန်လောင်ကို သူမပြောခဲ့တဲ့ စကားတွေက တကယ်ကို တစ်မျိုးကြီးပါ..။

ရဲတိုက်အရှင်က ဆိုးဝါးတဲ့ လုပ်ရပ်တွေ ၊ လူတွေ သတ်တာတွေ ၊ အရှကိခွဲတာတွေ ၊ လူတွေအများကြီးတွေကို ဝမ်းနည်းအောင် လုပ်တာတွေ ရှိခဲ့ပေမယ့် သူမကို ဒေါသထွက်စေတာက ဒါတွေမဟုတ်ပဲ တစ်ခြားတစ်ခုဖြစ်နေခဲ့ပါတယ်..။

အဲတာကတော့ သူမက အခိုက်အတန့်ကို အရှုံးပေးပြီး သူ့ရဲ့ မစ်ရှင်ကို ပြီးမြောက်ဖို့ ကျရှုံးခဲ့တာပါပဲ..။သူမ ရောက်လာတဲ့ မိသားစုကို စဥ်းစားကြည့်ရင်....

သူမရဲ့ ဆန်းကျယ်တဲ့ ပန်းတိုင်အတွက် သော့ချက်ကဘာများလဲ..။

ဆန်နီ မျက်မှောင်ကျုတ်ထားပြီး မေးလိုက်တယ်..။

"သူက လူပေါင်းရာချီပြီး သေဆုံးမှာကို မမြင်ချင်တာရော မဖြစ်နိုင်ဘူးလား..။ရဲတိုက်ထဲမှာရော၊ အပြင်ဘက်မှာရော နေနေကြတဲ့ ဒီငယ်ရွယ်တဲ့ လူငယ်လေးတွေထဲက ဘယ်လောက်ကိုများ ..နင့်ရဲ့ ပန်းတိုင်ကို အောင်မြင်ဖို့အတွက် အနစ်နာခံ ခိုင်းမှာလဲ..."

သူမ ရဲ့ အဖြေက သူထင်ထားတာနဲ့ တစ်ထပ်တည်း ကျနေမှာစိုးတာကြောင့် သူ တိတ်ဆိတ်နေခဲ့ပါတယ်..။

နစ်ဖီဟာ ခါးကိုမတ်လိုက်ပြီး သူ့ကို စိူက်ကြည့်လိုက်တယ်...။နောက်ထပ်တစ်ကြိမ်ပဲ သူမရဲ့ မျက်လုံးထဲမှာ လေးနက်မူတွေ ၊ တည်ငြိမ်မူတွေ ပြန်ရောက်လာခဲ့ပါတယ်..။သူမက နှစ်ခါတောင်စဥ်းစားမနေတော့ပဲ သံသယကင်းမဲ့စွာ ပြောလ်ိုက်တယ်..။

"ဒါပေါ့...သူတို့ အကုန်လုံးပဲ "

All Chapters