← Chapters

အပြင်ဘက်

Vol. 12 Ch. 168

အပြင်ဘက်

Vol. 12 Ch. 168

ဘာသာပြန် = စနိုးဝှိုက်

ဆန်နီ ..ခေါင်းတွေကိုက်လာသလို ခံစားရတာကြောင့် မျက်နှာ ရှုံ့မဲ့ပြီး..အကြည့်ကို လွှဲလိုက်တယ်..။နေက ဝင်ခါနီးနေပြီ ဖြစ်တာကြောင့်..ညအချိန်က ရောက်ခါနီးလာခဲ့ပါပြီ..။သူ့မှာ အချိန်အများကြီး မကျန်တော့ပေ..။

ဆန်နီ ပြုံးလိုက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ကြည့်ကာ မေးလိုက်တယ်..။

"ဘာတွေများ သောက်ကျိုးနဲ အရေးကြီးနေတာလဲ..။ဒီမှာ ရှိနေတဲ့ လူတွေအားလုံးကို သေဒဏ် ချဖို့ စီစဥ် နေရလောက်အောင် နင့်မှာဘာတွေ အရေးကြီးတာ ရှိနေလို့လဲ..."

သူ အဖြေကို သိပြီးလောက်ပြီလို့ ခံစားရတာကြောင့် ခေါင်းခါယမ်းလိုက်တယ်..။

"အင်မော်တယ် မီးတောက်ကလန်ကို ကြီးကျယ်ခမ်းနားမူ တွေ ပြန်လည်ယူဆောင်ဖို့ဆိုတဲ့ ခပ်တုံးတုံး အရာတွေကို မပြောနဲ့နော်..။နိုးထသူတစ်ယောက်ရဲ့ တာဝန်လား..။ဘာလဲ..နင်က လေးခုမြောက် အိပ်မက်ဆိုးကို ကျော်လွှားနိုင်တဲ့ ပထမဆုံးလူသားဖြစ်ဖို့ ဆိုးဆိုးဝါးဝါး..ကျိန်ဆိုထားခဲ့လို့လား..။ဒါက နင့်အဖေလိုပထမဆုံး တတိယ အိပ်မက်ဆိုးကို ကျော်ဖြတ်နိုင်သူ နဲ့ နင့်အဖိုးလို ပထမဆုံး ဒုတိယ အိပ်မက်ဆိုးကျော်ဖြတ်နိုင်သူ အဖြစ်လေ..။ဒါမှ မဟုတ် ..ပိုပြီး တုံးအတဲ့ အကြောင်းပြချက်ကြောင့် ဖြစ်မလား..။နင်က ဒီသောက်ကျိုးနဲ ကမ္ဘာကြီးကို ကယ်တင်ဖို့ကြိုးစားနေတာလား..."

နစ်ဖီဟာ သူမကို အတော်ကြာအောင်ကြည့်နေပြီးမှ ​ပြုံးလိုက်တယ်..။သူမရဲ့ မျက်လုံးထဲမှာတော့ အန္တရာယ်များပြီး မရင်းနှီးတဲ့ အငွေ့အသက်တွေ တွေ့မြင်နေခဲ့ရတယ်..။သို့ပေမယ့် လုံးဝ မရင်းနှီးတာလည်း မဟုတ်ပြန်ပါဘူး..။

ဒါက သူမ ..စကားလုံးသုံးလုံးကို ပြောခဲ့တုန်းကနဲ့ တစ်ပုံစံတည်းပါပဲ..။

အက်စတာ ..ဆောင် ...ဗေးလ်..

အရင်တုန်းကလည်း ပြောင်းလဲနေတဲ့ကြယ်ပွင့်က တည်ငြိမ်တဲ့ မိန်းမငယ်လေးကနေ..သူတောင် မသိတော့တဲ့ တစ်စုံတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တာပါ..။

ညှင်သာစွာ ရယ်မောလိုက်ပြီး နစ်ဖီက ခေါင်းခါယမ်းလိုက်တယ်..။

"ကမ္ဘာကြီးကို ကယ်တင်ဖို့တဲ့လား..။မဟုတ်ဘူး..ငါက ကမ္ဘာကြီးကို မကယ်တင်ဘူး ဆန်နီ..."

ယင်းနောက် သူမရဲ့ အပြုံးတွေက ​ပျောက်ကွယ်သွားပြီး အေးစက်တဲ့ မျက်လုံးတွေထဲမှာ အဖြူရောင်မီးတောက်လေးတွေက ပေါ်လာခဲ့တယ်..။

"ငါက ဖျက်ဆီးပစ်မှာ..."

သူမရဲ့ စကားလုံးတွေက အမှောင်ထဲမှာ ပဲ့တင်ထပ်နေပြီး..ဆန်နီကို ​ကျောချမ်းသလိုတောင် ခံစားရစေခဲ့ပါတယ်..။သူက..နားလည်ရခက်တဲ့ အကြည့်တွေ ၊ သူမပြောလိုက်တာကို မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့မိတယ်..။

ကမ္ဘာ ကြီးကို ဖျက်ဆီးမှာလား..။အဲတာကရော ဘာလဲ...။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ အေးစက်တဲ့ လေထုကို ..ခပ်ပြင်းပြင်း ရူသွင်းလိုက်ပြီး ​ကောင်းကင်ကို ကြည့်လိုင်တယ်..။

"ဒီကမ္ဘာကြီး ..ဆန်နီ..။ဒီ ကျိန်စာသင့် နေရာကြီး..။ဒီ အိပ်မက်ကမ္ဘာ..။မဟုတ်ဘူး..ငါက စတုတ္ထမြောက် အိပ်မက်ဆိုးကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံးလူဖြစ်လာမှာ မဟုတ်ဘူး..။ငါက အိပ်မက်ဆိုးတိူင်းကို ဖြတ်ကျော်နိုင်တဲ့ ပထမဆုံးလူတစ်ယောက် ဖြစ်လာမှာ..။ငါက တစိခုချင်းစီတိုင်းကို ကျော်ဖြတ်ရင်း ငါ့ရှေ့မှာ တားဆီးနေတဲ့ အရာရာတိုင်းကို ဖျက်ဆီးပစ်မယ်..။ပြီးတော့ အိပ်မက်ဆိုး အခိုက်အတန့်ရဲ့ နှလုံးသားနေရာကို ရောက်လို့ရှိရင်..အစိတ်အပိုင်းတိုင်းကို တစ်စစီ ဖျက်ဆီးပြီး..အပျက်အဆီးတွေထဲကို ယူလာခဲ့မှာ.."

သူမက သူ့ရဲ့ မျက်လုံးတွေထဲကို ကြည့်ပြီး ပြောလိုက်တယ်..။

"နင်က ဂန်လောင်က ငါ့ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား..။နင်က ကျရှုံးမူအဆင့်သားရဲက ငါ့ကို တားဆီး နိုင်မယ်လို့ ထင်နေတာလား..။မဟုတ်ဘူး ဆန်နီ..ငါ့ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး..။တားဆီးရဲတဲ့ လူမှန်သမျှသေရလိမ့်မယ်..။ငါ သူတို့ အကုန်လုံးကို သတ်မှာ.."

ဆန်နီ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူမကို မယုံကြည်နိုင်စွာကြည့်နေခဲ့တယ်..။

တစ်ခုခု အေးစက်တဲ့ အရာတစ်ခုက သူ့ရဲ့ လည်ပင်းကို လာထိလိုက်သလိုပါပဲ..။ယင်းနောက် သူ နားမလည်နိုင်တဲ့ အသံနဲ့ မေးလိုက်တယ်..။

"ဘာလို့လဲ..။ဘာလို့ အခိုက်အတန့်ကို ဒီလောက်အထိ ဖျက်ဆီးချင်နေရတာလဲ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့တယ်..။အတော်ကြာပြီးကာမှ သူမက ရိုးရှင်းစွာ ပြန်ဖြေလာခဲ့ပါတယ်..။

"ဘာလ်ို့လဲဆိုတော့ ငါ မုန်းလို့ပဲ.."

ဆန်နီ ဒီအဖြေကြောင့် အံ့ဩစွာပဲ မျက်တောင် ခတ်လိုက်မ်ိတယ်..။တစ်ကယ်လို့ ဒါသာ တစ်ခြားတစ်ယောင်ယောက် ဆိုရင် သူက လိမ်နေတယ်လို့ ခံစားမိမှာပါ..။

သို့ပေမယ့် နစ်ဖီကတော့ ထူးဆန်းပါတယ်..။သူမက ကိစ္စတွေကို လုပ်ရင် သူမ လုပ်ချင်လိူ့ လုပ်တာပါ..။သူမက ဒီ အဆုံးမရှိ ပြိုင်ဘက်ကင်းတဲ့ အရာကို ဖျက်ဆီးချင်တာကလည်း သူမ မုန်းတီးလို့ပါပဲ..။

သူ ဖျက်လုံးကို ပိတ်ထားပြီး တီးတိုးပြောလ်ိုက်တယ်..။

"နင်က တကယ်ရူးနေတာပဲ.."

"ဒီလို ရူးသွပ်နေတဲ့ ကမ္ဘာကြီးမှာ..ရူးနေတယ် ဆိုတာက ဘာကို ပြောချင်တာလဲ .။ဒီ ငရဲလို နေရာမျိုးမှာ အကောင်းအတိုင်း ရှိနေတဲ့ လူကသာ..တစ်ခုခု ချွတ်ယွင်းနေတာ မဟုတ်ဘူးလား.."

ယင်းနောက် သူမ သက်ပြင်းချလိုက်ပြီး..

"ဒီတော့..ငါတို့ပြီးပြီလား..။ဒါမှမဟုတ် မေးစရာ ရှိနေသေးလား..။နေက ဝင်တော့မှာဆိုတော့ နင်မြန်မြန်မေးတာ ပိုကောင်းလိမ့်မယ်..."

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး အက်ကွဲနေတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"...အင်း...အင်း..., နစ်..။ငါ ပြီးသွားပြီ.."

ဒီလိုပြောပြီးတာနဲ့ သူ ဖြည်းညှင်းစွာလှည့်ကာ လျောက်သွားခဲ့ပါတယ်..။

အနောက်ဘက်မှာတော့ နစ်ဖီဟာ မျက်မှောင်ကျုတ်လိုက်တယ်..။

"အဲတာ ဘယ်ကိုသွားနေတာလဲ..။ဒီကို ပြန်လာခဲ့.."

သူ လက်ကို ဝေ့ယမ်းလိုက်ပြီး..နောက်ကိုတောင် ပြန်လှည့်မကြည့်နိုင်တော့ပဲ ပြောလိုက်ပါတယ်..။

"တောင်းပန်ပါတယ်..။ငါ့မှာ ထွက်​ပြေးစရာ ခရီးတိုလေး ရှိနေသေးလို့ပါ..။ငါတို့...ငါတို့ အချိန်တစ်ချို့ကြာပြီးမှ ပြောကြတာပေါ့..."

သူမ မျက်မှောင်ကျုတ်လိုက်တယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ သူ့ရဲ့ နောက်ကျောကို ..ကြည့်ပြီး အံကို ကြိတ်ကာ အော်ခေါ်လိုက်ပါတယ်..။

"ငါ ပြန်လာခဲ့လို့ ပြောနေတယ်နော် ဆန်နီ..။ငါတို့ စကားပြောနေတာက မပြီးသေးဘူး..။အခု ချက်ချင်း ပြန်လာခဲ့..."

သို့ပေမယ့် အဖြေက ရှိမလာခဲ့ပေ..။

ဆန်နီ က အရိပ်ထဲကို တိုးဝင်ပျောက်ကွယ်သွားပြီး အလင်းရောင် အနည်းငယ်ကျန်တဲ့ လမ်းကြားလေးထဲမှာတော့ သူမ တစ်ယောက်တည်းသာ ကျန်ရှိနေပါတော့တယ်..။

***

အချိန်တစ်ချို့ကြာပြီးနောက် ဆန်နီဟာ ဟတ်ပါရဲ့ အလောင်းကိုထမ်းရင်း အပျက်အဆီးတွေထဲမှာ လမ်းလျောက်နေခံ့တယ်..။သူ မသတ်ခင်တုန်းက လူငယ်လေးက အရမ်းကို ပိန်နေတာကြောင့် သူ့ကို ထမ်းထားရတာက မခက်ခဲလှပါဘူး..။

...အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာပေါ့..။

အခုက ညဘက် အစောပိုင်းအချိန်တွေပါ..။

ပတ်ဝန်းကျင်မှာလည်း အမှောင်ထုသာ ဖုံးလွှမ်းနေပြီး..ဆန်နီဟာ အတွေးတွေ ၊ ခံစားချက်တွေနဲ့ အထီးကျန်နေခဲ့တယ်..။သို့ပေမယ့် ထူးဆန်းစွာပဲ သူ့ရဲ့ စိတ်ရော ၊ နှလုံးသားရောက ဘာမှ ရှိမနေခဲ့ပါဘူး..။သူက လက်ရှိအချိန်မှာ ဘယ်အရာကိုမှ မတွေးချင် မခံစားချင် တော့ပေ..။

ဒါတွေ အားလုံးက အရမ်းကို များပြားပြီး ရုတ်တရက် ဖြစ်ပျက်ခဲ့တာပါ..။

သူက ဟတ်ပါကို သတ်လိုက်တာကြောင့် နောင်တရနေမိပေမယ့်..သူ့ အလောင်းကို ဖျောက်ဖျက် နေတုန်းတော့ မသေဆုံးချင်ပါဘူး..။သူ့ရဲ့ အကုသိုလ်ကြောင့် သူက မသေချင်သေးပေ..။

ကံကောင်းချငိတော့ ဒီနားဝန်းကျင်က ဆန်နီအတွက် ရင်းနှီးပါတယ်..။ဘယ်လမ်းတွေက လုံခြုံတယ်၊ ဘယ်နေရာတွေက ရှောင်သင့်တယ်ဆိုတာကို သူ သိထားပြီးသားပါ..။ဘယ်နေရာတွေမှာ ကြမ်းတမ်းတဲ့သားရဲတွေ နေလဲ ဆိုတာကိုလည်း သူ သိထားပါတယ်..။

သူ အပျက်အဆီးထဲ အတော်ဝေးအောင် ရောက်လာပြီးတဲ့ နောက်မှာတော့ ပျက်ဆီးနေတဲ့ အိမ်တစ်အိမ်ကို တွေ့လိုက်ရတယ်..။သူ ခနလောက် တွေဝေပြီးကာမှ ဟတ်ပါ ရဲ့ အလောင်းကို အထဲကို ပစ်လိုက်ပါတယ်..။ဟတ်ပါရဲ့ ခန္တာကိုယ်က ကျောက်တုံးထဲမှာ

လိမ့်သွားပြီး ကျောက်စရာ အိမ်ထဲကို ရောက်ကာ ထပ်မမြင်ရတော့ပေ..။

ဒီမှာ..ပြီးသွားပြီ..။အနည်းဆုံး..ဒီကိစ္စကတော့ ပြီးသွားပြီ..။

အခုက အိမ်ပြန်ဖို့ အချိန်ပဲ..။

ဆန်နီ နောက်ကိုပြန်လှည့်ပြီး..တောင်ကုန်းပေါ်က ရဲတိုက်ကြီးနဲ့ အရိပ်တွေကို ကြည့်လိုက်တယ်..။

အခုချိန်မှာ ရာနဲ့ချီတဲ့လူတွေက..အပြင်ဘင် သနားစရာ အိမ်တွေ ထဲမှာပဲဖြစ်ဖြစ် ၊ ရဲတိုက်ထဲက နွေးထွေးတဲ့ အခန်းမှာပဲဖြစ်ဖြစ် အိပ်နေကြပါပြီ..။

နစ်ဖီ ၊ ကတ်စီ နဲ့ ..အယ်ဖီတို့လည်း ရှိနေခဲ့တယ်..။

ဟာရု..ဂျန်မာ နဲ့ ဂန်လောင်တို့လည်း ရှိနေခဲ့ပါသေးတယ်..။

ပြီးတော့ တစ်ခြားလူတွေရောပဲ..။

သူတို့ အများစုက သေကြရမှာပါ..။

ရဲတိုက် ရဲ့ အဖြူရောင် နံရံတွေကို ကြည့်နေရင်း အနာဂတ်ကိုပါ ရေးတေးတေး မြင်နေရပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က အဖွဲ့အစည်းတစ်ခု တည်ဆောက်မှာပါ..။သူမက ဒီလူတွေကို အသုံးချပြီး ဂန်လောင်ကို တိုကိခိုက်ပါလိမ့်မယ်..။

ဒါက နောက်ဆုံး ထိပ်လန့်ပြီး သွေးပျက်စရာအဆုံးသတ်ကို မရောက်ခင်အထိပါပဲ..။

အဲဒီမှာ ကတ်စတာလည်း ရှိနေပါသေးတယ်..။သူကတော့ ဆန်နီထက် ဩဇာကြီးအောင် တည်ဆောက်ပြီး ကျန်တဲ့လူတွေကို နာခံအောင် လုပ်ပါလိမ့်မယ်..။ဆန်နီကတော့ ဒီ ​ချောမောတဲ့ ဆက်ခံသူ ရဲ့ ချင်ခင်စရာ အကျင့်စရိုက်ကြောင့် သိမ်းသွင်းမခံရပေ..။သူ့ရဲ့ အကူအညီကို ယူခဲ့တာက ဘာမှကောင်းကျိုးရှိလာမှာမဟုတ်တာကို သူ သိထားပြီးသားပါ..။

အဆုံးမှာတော့ သူက ခံစားချက်မဲ့စွာ ရပ်ရင်း အဝေးက နေရာကို ကြည့်နေခဲ့တယ်..။အဲဒီမှာတော့ လူသားတွေက မျှော်လင့်ချက် သေးသေးလေးပဲ ရှိတဲ့ မေ့ပျောက်ကုန်းမြေရဲ့ကျိန်စာသင့် အိပ်မက်ဆိုးထဲမှာ လောင်းကြေးထပ်ပြီး နေနေရတာပါ..။

ခံစားချက်မဲ့စွာ အတော်ကြာအောင် ရပ်နေပြီးကာမှ ဆန်နီဟာ သက်ပြင်းချလိုက်ပြီး နောက်ကို ပြန်လှည့်လိူက်တယ်..။ပြီးတာနဲ့ အပျက်အဆီးထဲကို ဖြည်းညှင်းစွာ ဝင်သွားခဲ့ပါတယ်..။

All Chapters