အနာဂတ်သို့
Vol. 12 Ch. 169
#ဘာသာပြန် = စနိုးဝှိုက်
သုံးလ ကြာပြီးတဲ့နောက်မှာတော့ ဆန်နီက ရဲတိုက်ဆီကို ပြန်ရောက်လာခဲ့ပါပြီ..။
.
ကောင်းပြီ , အသေးစိတ်ကျကျ ပြောရမယ်ဆိုရင် ..သူ ပစ္စည်းအနည်းငယ် ဝယ်ယူဖို့အတွက် ဒီကို ပထမတစ်ခါ ရောက်လာပါသေးတယ်..။သ်ို့ပေမယ့် အဲဒီအချိန်တုန်းက နစ်ဖီ နဲ့ သူ့ရဲ့လူတွေက အမဲလိုက်ထွက်နေခဲ့ကြပါတယ်..။
ဒီနေ့လို ကံမဆိုးခဲ့ပေ..။သူ အချိန်အတော်ကြာအောင် ကြောက်ရွံ့နေရတဲ့ အခိုက်အတန့်က နောက်ဆုံးတော့ ရောက်လာခဲ့ပါပြီ..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အသံကို ကြားလိုက်တာကြောင့် ဆန်နီ နောက်ကို လှည့်ကြည့်ပြီး ပြုံးလိုက်တယ်..။
"ဟေး..နစ်..။မတွေ့တာ ကြာပြီ..."
သူ ပုံမှန်အသံဖြစ်အောင် ကြိုးစားလိုက်ပေမယ့်..သူ့ရဲ့ လှိုင်းခတ်နေတဲ့ ခံစားချက်တွေက သစ္စာဖောက်နေခဲ့တယ်..။
"သူမက ဘာလို့ ဒီမှာရောက်နေတာလဲ..."
သူတို့ရဲ့ ရုတ်တရက် တွေ့ဆုံမူမှာ သူတို့ရဲ့ ကွဲပြားမူက ဒေါသထွက်စရာပါပဲ..။လတွေများစွာ အပြီးမှာတော့နစ်ဖီဟာ..ပိုပြီး တောက်ပခဲ့တယ်..။သူမရဲ့ အဖြူရောင် အကာအကွယ်က..တယ်တယ်ပြီး ..သူမရဲ့ ငွေရောင် ဆံပင်တွေက သန့်ရှင်းနေခဲ့ပါတယ်..။တစ်ဖက်မှာတော့ ဆန်နီရဲ့ ပုံစံက အညစ်အကြေးပုံကြီးက အသက်ဝင်လာနေသလိုပါပဲ..။
သူက သူမကို မတွေ့ချင်ခဲ့ပေ..။အထူးသဖြင့် သူ့ပုံစံက ဒီလို သနားစရာ ဖြစ်နေတဲ့ အချိန်မှာပါ..။သူမနဲ့လမ်းခွဲပြီးကတည်းက သူ့ဘဝက သနားစရာ ကောင်းနေတယ်လို့ နစ်က ထင်သွားရင် ဘယ်လိုလုပ်မလဲ..။
အဓိပ္ပါယ် မရှိတာ..။သူက လူတိုင်းထက် ကောင်းမွန်စွာ နေနေခဲ့တာပါ..။သူက အရသာရှိတဲ့ အစားအသောက်တွေ ပြည့်နှက်နေတဲ့ နေရာမှာ နေခဲ့ပြီး..မယုံကြည်နိုင်လောက်အောင်လည်း ချမ်းသာပါသေးတယ်..။တကယ်လို့ တစ်စုံတစ်ယောက်ကို သာ သနားရမယ် ဆိုရင်..သူမကိုပဲ သနားရပါလိမ့်မယ်..။
"နင် ပါးစပ်ကနေ ထုတ်ပြောလိုက်မိတယ် ဆိုတာတော့ သိတယ်မလား..."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။သူ ရောကိနေတဲ့နေရာကို ပြန်သတိရလိုက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို အံ့ဩစွာကြည့်လိုက်ပါတယ်..။
"အာ..ဘာဖြစ်လို့လဲ..."
သူမ ပြုံးကာ ပြောလိုက်တယ်..။
"နင် အခုပဲ ပြောလိုက်တာလေ ' သူမက ဘာလို့ ဒီကိုရောက်နေရတာလဲလို့...' အဲတာက သိပ်ပြီး မယဥ်ကျေးဘူးနော်..."
ဆန်နီ ရှက်ရွံ့စွာ ပြုံးပြီး..ပြန်ဖြေလိုက်တယ်..။
"ဟုတ်တယ်...ကောင်းပြီ...ငါပြောလိုက်မိတာလား.."
နစ်ဖီ သက်ပြင်းချလိုက်ပြီး..
"တွေ့ရတာ ဝမ်းသာပါတယ် ဆန်နီ..။နင် အသက်ရှင်နေတာ ကောင်းတယ်.."
သူ့ရဲ့ မသက်မသာ ဖြစ်မူတွေကို..ဖုံးကွယ်ဖို့ကြိုးစားရင်း ..သူ ပုခုံးတွန့်လိုက်တယ်..။
"ဘာလဲ..နင်မရှိပဲ ငါ အသက်ရှင်နိုင်မယ်လို့ မထင်ထားခဲ့တာလား.."
သူမက သူ့ကို အတော်ကြာအောင်ကြည့်နေပြီး ကာမှ ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး..။ဆန့်ကျင်ဘက်အနေနဲ့..နင်အဆင်ပြေမယ်ဆိုတာကို ငါ သိနေခဲ့တယ်..."
ယင်းနောက်..ခနက ခနရပ်လိုက်ပြီး ပုံမှန်အတိုင်း ထပ်ပြောလိုက်တယ်..။
"ဘာပဲဖြစိဖြစ်..နင့်လို ပိုးဟတ် တစ်ကောင်က သတ်ဖို့လွယ်ကူတာ မဟုတ်ဘူးလား.."
ဆန်နီ ပြန်ပြောလိုက်တယ်..။
"အခု ဘယ်သူက မယဥ်ကျေးဖြစ်နေတာလဲ.."
နစ်ဖီ သူ့ကို စက္ကန့်အနည်းငယ်ကြာအောင် ရှုပ်ထွေးစွာကြည့်နေပြီးကာမှ ရယ်မောလိုက်ပါတယ်..။
"အိုး...ဆောရီး..ငါက ချီးကျူးတဲ့ အနေနဲ့ ပြောချင်တာပါ.."
***
သူ လည်း နစ်ကို တွေ့ရတာ ဝမ်းသာပါတယ်..။ဆန်နီ ငြင်းဆန်ဖို့ ခက်ခဲတာကတော့..သူမရဲ့ တည်ငြိမ်တဲ့ တည်ရှိမူကို လွမ်းနေမိတယ် ဆိုတာပါပဲ..။လမ်းခရီးတစ်လျောက်လုံး ၊ သတိတောင် မထားမိလိုက်တဲ့ အချိန်မှာပဲ ၊ သူမကို သူ့ရဲ့ ဘေးနားမှာ ထားထားရတာကို သဘောကျနေမိတာပါ..။
သို့ပေမယ့် သူမနဲ့ တွေ့ဆုံးရတာက အိပ်မက်ဆိုးတစ်ခုလိုပါပဲ..။
ဘာပဲဖြစိဖြစ် ..သူတို့ ဆိုးရွားစွာ ရန်ဖြစ်ပြီးနောက်မှာလည်း ဘာမှ ပြောင်းလဲမသွားခဲ့ပေ..။ဒီကိစ္စအတွက် ဆန္ဒပြင်းပြ မူတွေက လျော့ကျသွားတယ် ဆိုပေမယ့် ကတ်စီ ရဲ့ အမြင်ကတော့ မလွဲဧကန် ဖြစ်လာမယ့် အရာပါ..။
အခု ..ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ ရုတ်တရက်တွေ့လိုက်ရတဲ့ အံ့ဩမူတွေ ပျောက်ကွယ်သွားတာကြောင့်..ဆန်နီ သူမကို သေချာကြည့်လိုက်တယ်..။
နစ်ဖီက...ပို ပိုပြီး သန်မာလာခဲ့ပါတယ်..။သူ မရှိတုန်း ..သူမက အမြုတေတွေ ဘယ်လောက်တောင် စုပ်ယူနိုင်ခဲ့လဲ ဆိုတာ မသိပေမယ့် အတော်တော့ များမယ့် ပုံပါပဲ..။နစ် ..က အမြဲတမ်း ယုံကြည်မူ ပြည့်ပြီး..ညို့ဓာတ်ပြင်းပေမာ့်..အခုတော့ သူမရဲ့ တည်ရှိမူက နောက်ထပ် တစ်ဆင့်ကို ရောက်သွားတာပါ..။
သို့ပေမယ့် သူကလည်း အရင်တုန်းကလို အားနည်းတဲ့ အရူးတစ်ယောက် မဟုတ်တော့ပေ..။အနက်ရောင်မြို့တော်က သူ့ကိုလည်း..အကြောက်အလန့်ကင်းတဲ့ သားရဲတစ်ကောင် အဖြစ် ဖန်တီးပေးခဲ့ပါတယ်..။ဒီလတွေထဲမှာ..ကျိန်စာသင့် အပျက်အဆီးထဲ မွန်းစတားတွေကို အမဲလိုက်တာက သူ့ကို ပိုသန်မာ ၊ ပိုဥာဏ်ကောင်းပြီး ..ပို ကြမ်းတမ်းလာစေပါတယ်..။
...တကယ်လို့ ဒါသာ အနည်းငယ်ရူးသွပ်မယ်ဆိုရင်..
တူညီတဲ့ အချိန်ကာလတစ်ခုမှာ...မေ့ပျောက်ကုန်းမြေပေါ်က လူသားတွေ အကုန် သတ်ထားတဲ့ မွန်းစတား အရေအတွက်..သူ သတ်ထားခဲ့တဲ့ မွန်းစတား အရေအတွက်ကို မမှီဘူးလို့တောင် ဆန်နီ သံသယဖြစ်မိပါတယ်..။
'မင်း ဘယ်ရောက်နေသလဲ ဆိုတာ မမေ့သွားစေနဲ့...'
ခနလေးအတွင်းမှာပဲ..ဆန်နီဟာ သူ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ် ဆိုတာကို နားလည်လိုက်တယ်..။သူတို့ နှစ်ယောက်ကြားထဲက တိတ်ဆိတ်မူက..သူ့ကို အရုပ်ဆိုးစေပါတယ်..။
'အာ..ငါ တစ်ခုခု ပြောဖို့လိုအပ်တယ်..။ဒါက..ဘယ်လိုနေလဲ..။မဟုတ်ဘူး..ဒါက တုန်းအတဲ့မေးခွန်းပဲ..။တစ်ခြား တစ်ခု....'
သို့ပေမယ့် သူမပြောနိုင်ခင်မှာပဲ နစ်ဖီက မေးလာခဲ့ပါတယ်..။
"ဒီတော့ နင်က ရဲတိုက်ကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ..။နင်...နင် ပြန်လာတာလား..."
ဆန်နီ ကြောင်အသွားခဲ့ပြီး ခေါင်းကို ကုတ်ကာ အဖြေကို ရှာဖွေလိုက်တယ်..။
"အိုး..သိတယ်မလား..။ဒီတိုင်း..တစ်ခုခု စျေးဝယ်ထွက်လာတာ"
သူမ မျက်တောင်ခတ်လိုက်တယ်..။
"စျေးဝယ်ထွက်လာတာ လား..."
"ခနလေး..ဒီလိုပြောတာကြီးက ထူးဆန်းသွားလား.."
ဆန်နီရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်..။
"ခနလေး..ငါ အသံထွက်ပြီး ပြောလိုက်မိပြန်တာလား.."
သူ သူ့ပါးကို ရိုက်ကာ ပိတ်လိုက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ထိပ်လန့်တကြားကြည့်လိုက်ပါတယ်..။
'ချီးပဲ..ငါ့ကိုယ်ငါ စကားပြောတတ်တဲ့ အကျင့်က အနှောက်အယှက်ဖြစ်မယ်လို့ ဘယ်သူထင်မှာလဲ.."
သူ့ဘေးနားမှာတော့ အရိပ်ဟာ..ရင်ကို ကော့ပြီး မချိတင်ကဲ ဖြစ်နေခဲ့တယ်..။သူက ခေါင်းကို ခါယမ်းပြီး..ရယ်မောလုဆဲဆဲ ဖြစ်နေခဲ့ပါပြီ..။
စက္ကန့် မနည်းငယ်ကြာပြီးတဲ့နောက်မှ ဆန်နီ နောက်ဆုံးမှာ စကားပြောနိုင်ခဲ့ပါတယ်..။
"အာ..ဟုတ်တယ်..စျေးဝယ်တာ..။ငါ့မှာ သုံးဖို့ ဝိဥာဥ်အမြုတေတွေ ရှိနေတော့..မှတ်သားမူ တစ်ခုလောက် ဒါမှမဟုတ် အနည်းငယ်လောက် ဝယ်မလို့လေ.."
နစ်ဖီဟာ သူ့ကို အတော်ကြာအောင်ကြည့်ပြီးကာမှ ပြောလိုက်တယ်..။
"ငါ သိပြီ.."
ယင်းနောက် သူမက အကြည့်ကိုလွှဲလိုက်ပြီး ခါတိုင်းလို တည်ငြိမ်တဲ့အသံနဲ့ မေးလိုက်တယ်..။
"နင် တစ်နေရာရာကို သွားပြီး စကားပြောချင်လား.."
.
ဆန်နီ အနည်းငယ် နှလုံးခုန် မြန်သွားခဲ့တယ်..။သူ အံကိုကြိတ် လိုက်ပြီး..
"တောင်းပန်ပါတယ်...။လုပ်လို့မရဘူး..။ငါ..အာ..တစ်ယောက်ယောက်ကို စောင့်နေတာ..."
ပြောင်းလဲ နေတဲ့ကြယ်ပွင့်က ခနလောက် တွေဝေနေပြီးကာမှ မေးလိုက်တယ်..။
"နင် ဒီလမ်းကြားထဲမှာ ပုန်းနေတာက တစ်ယောက်ယောက်ကို စောင့်နေဖို့ အတွက်လား..။နင်ဘယ်သူ့ကို စောင့်နေတာလဲ ဆန်နီ..."
သူ လက်ဝေ့ယမ်းလိုက်ပြီး..
"အိုး..သိတယ်မလား..။သူငယ်ချင်းတစ်ယောက်..။ကောင်းပြီ...အဖွဲ့ဝင် တစ်ယောက်လိုပေါ့..။တကယ်ပြောတာ...အသိမိတ်ဆွေ..တစ်ယောက်.."
နစ်ဖီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ ပုံမှန်လေသံနဲ့ပြောလိုက်တယ်..။
"နင် ဒီတိုင်း နိုး လို့ ပြောလိုက်လို့ရပါတယ်..။မဟုတ်တာတွေက..တီထွင်..."
သို့ပေမယ့် အဲ့အချိန်မှာပဲ..စွဲမက်ဖွယ် အသံတစ်ခုကိုလမ်းကြားလေးရဲ့ ထွက်ပေါက်ကနေ ကြားလိုက်ရတယ်..။
"ဆန်နီရေ..။ဟေး...မင်း ဒီမှာရှိလား.."
လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဆန်နီဟာ..နီညိုရောင် ဆံပင်နဲ့ ချောမောတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်..။သူက အညိုရောင် သားရေနဲ့ပြုလုပ်ထားတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားပြီး..အောက်မှာတော့ အပြာရောင် အဝတ်အစားတွေကို ဝတ်ထားခဲ့ပုံက သူနဲ့ ပြီးပြည့်စုံစလိုက်ဖက်ညီနေခဲ့ပါတယ်..။သူ့မျက်နှာပေါ်မှာတော့ တောက်ပတဲ့ အပြုံးတစ်ခု ရှိနေခဲ့တယ်..။
ဒါက..ကိုင်...နိုက်....သူ့နာမည်ဘာပဲဖြစ်ဖြစ်...အဲဒီတစ်ယောက်ပါ..။
ဆန်နီ စိတ်သက်သာစွာ သက်ပြင်းချလိုက်တယ်..။
"တီထွင်ပြောတယ် ဆိုတာ ဘာကိုဆိုလိုတာလဲ..။တွေ့လား..သူက အဲဒီမှာ..."
သို့ပေမယ့် သူ့ စကားလုံးတွေက ပါးစပ်ဖျားမှာတင် ရပ်တန့်သွားခဲ့ပါတယ်..။ဘာလို့လဲဆိုတော့ သူ ပြောင်းလဲနေတဲ့ကြယ်ပွင့် ဆီကို လှည့်လိုက်တဲ့ အချိန်မှာ တစ်ခါမှ မမြင်ဖူးတာကို မြင်လိုက်ရလို့ပါ..။
ရေကန် အောက်ခြေကနေ လွတ်လာတဲ့ လူငယ်လေး ကို ကြည့်နေရင်းနဲ့ နစ်ဖီဟာ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်..။သူမရဲ့ မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးတွေက ပြူးကျယ်နေခဲ့ပါတယ်..။
သူမကြည့်ရတာ..လုံးဝကို ပြင်းပြင်းထန်ထန် အံ့ဩထိပ်လန့် နေသလိုပါပဲ....။