← Chapters

ချည်ကြိုး

Vol. 12 Ch. 171

ချည်ကြိုး

Vol. 12 Ch. 171

ဆန်နီ မျက်တောင် အနည်းငယ်ခတ်ပြီး သူမ ပြောတဲ့စကားတွေကို နားလည်အောင်လုပ်နေခဲ့တယ်..။

သေခြင်း ရှင်ခြင်း ကိစ္စတဲ့လား...တကယ်လို့ နစ်ဖီ သာ ..ဒီစကားလုံးကို သုံးတယ် ဆိုရင် အခြေအနေက တကယ်ကို ဆိုးဝါးနေလို့ပါ..။သူမက စကားကို..လေပေါ်တင် ပြောတတ်တဲ့လူတစ်ယောက် မဟုတ်ပေ..။

သို့ပေမယ့် သူမကို ယုံကြည်လို့လည်း မရပြန်ပါဘူး..။သူတို့ ကြားထဲက အခြေအနေတွေကို အရင်တုန်းက အတူတူ ကျော်ဖြတ်ခဲ့ကြတဲ့ အတိုင်းပြန်ဖြစ်ချင်ပေမယ့်လည်း ဒါက မဖြစ်နိုင်ဘူးဆိုတာကို သူ သိထားပြီးသားပါ..။သူတို့ နှစ်ယောက် လုံးအတွက် ပြန်လှည့်ဖို့ လမ်းဆိုတာ မရှိတော့ပေ..။

ဆန်နီက အခုဆိုရင် ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အစစ်အမှန် ပုံစံကို သိထားပြီးပါပြီ..။သူက သူမရဲ့ အဆုံးမရှိတဲ့ ယုံကြည်ချက်တွေကို..တွေ့မြင်ခဲ့ရပါတယ်..။သူမရဲ့ စိတ်ဝိဥာဥ် ထဲမှာတော့ အရာအားလုံးက ပြာပုံအဖြစ်ရှိနေပြီးသားပါ..။လူသား အယူအဆတွေဖြစ်တဲ့..သစ္စာရှိမူ ၊ သနားညှာတာမူ နဲ့ ချစ်ခင်မူ တွေက..ဒီ ပျက်သုဥ်းခြင်းကနေ လွတ်မြောက်နိုင်စွမ်း မရှိပါဘူး..။

သူတို့ကြားထဲမှာ သံယောဇဥ်ကြိုးတွေ ဘယ်လောက်ပဲ ရှိရှိ..နစ်ဖီက ..သူမရဲ့ ပန်းတိုင်ရဲ့ အထက်မှာ သူတို့ကို ထားမယ်လို့ တော့..ဆန်နီ မယုံကြည်ပါဘူး..။တကယ်လို့ အချိန်ကျလာလို့ရှိရင်..သူမရဲ့ ပန်းတိုင်ကို ရရှိဖို့ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ဘယ်အရာကိုပဲဖြစ်ဖြစ် သူမက စတေး ပစ်မှာပါ..။သူလည်း ဒီထဲမှာ ပါဝင်ပါတယ်..။

အနည်းဆုံးတော့ ဒါက သူယုံကြည်ထားတဲ့ အရာပါပဲ..။

သူမက ဖုံးကွယ်ထားဖို့ကြိုးစားနေပေမယ့်လည်း..နစ်ဖီ သူ့အပေါ် ဆက်ဆံတဲ့ ပုံကလည်း ပြောင်းလဲနေပါတယ်..။သူ အတိအကျ မပြောနိုင်ပေမယ့်..သူမသူ့ကို ကြည့်တဲ့ အကြည့်တွေက မတူညီတော့ပါဘူး..။

တစ်ခါ ကျိုးပျက်ပြီးသွားတဲ့ ယုံကြည်မူဆိုတာက ပြန်လည် တည်ဆောက်ဖို့ မလွယ်ကူတော့ပေ..။ဒါက လုံးဝ မဖြစ်နိုင်တော့တာတောင် ဖြစ်နိုင်ပါတယ်..။

ဒါတောင်မှ...သူမ ရဲ့ တောင်းဆိုမူတွေကို သူက ငြင်းဆန် နိုင်ပါဦးမလား...။

ဆန်နီ သက်ပြင်းချပြီး ခနလောက် မျကိလုံးမှိတ်ထားခဲ့တယ်..။

...မဟုတ်ဘူး...သူ ဒီလိုလုပ်နိုင်မယ် မထင်မိပေ..။

တကယ်လို့ သူတို့နှစ်ယောက်ကြားမှာ တင်းမာမူတွေ ရှိနေမယ်ဆိုရင်တောင် ..သူမက ဒီကမ္ဘာပေါ်မှာ သူ ဂရုစိုက်တဲ့ လူနှစ်ယောက်ထဲက တစ်ယောက်ဖြစ်နေတုန်းပါပဲ..။သူ ..နစ်ဖီ အပေါ်မှာ ဖြစ်ပေါ်နေတဲ့..ခံစားချက်က ဒုတိယ အားနည်းချက်တစ်ခုလို့တောင် ပြောလို့ရပါတယ်..။

သူ ဘယ်လောက်ပဲ ကြိုးစားပါစေ..ဒီခံစားချက်ကို ပယ်ဖျောက်ပစ်လို့မရပေ..။

လမ်းတစ်လျောက်လုံးမှာ..ဒီအရာက သူ့ နှလုံးသားထဲအထိ ..အမြစ်တွယ်နေခဲ့တာပါ..။သူတို့သာ ဝေးကွာနေမယ် ဆိုရင် ဒီခံစားချက်က ပျောက်ကွယ်သွားမယ်လို့ ထင်ထားခဲ့ပေမယ့်..ဒီအရာက ပိုလို့တောင် ဆိုးလာပါသေးတယထ..။ပြီးတော့ အခုချိန်မှာ..မလွတ်မြောက်နိုင်တော့ပေ..။

သူက..ကိုယ့်ကိုကို လူသားတွေရဲ့ အရှုပ်အထွေးထဲ ပြန်ဆွဲခေါ်နေသလိုတောင်..ခံစားနေရပါတယ်..။ချီးပဲ..ဒါကြောင့်..သူက ဒီီနေရာကို ပြန်လာဖို့အတွက် တွန့်ဆုတ်နေခဲ့တာပါ..။အကုန်လုံးကို လွှတ်ချခဲ့ဖို့..အတော်ခံစားခဲ့ရအပြီးမှာမှ ..သူက ဘာလို့ အေးချမ်းသာယာ တဲ့ ဘုရားကျောင်းထဲက ဘဝကို စွန့်ပစ်နေရဦးမှာလဲ..။

' ချီးပဲ...'

သို့ပေမယ့် သူက နစ် ကိုလည်း မငြင်းဆန် နိုင်ခဲ့ပေ..။

..သိူ့ပေမယ့်..ဒါက သူ သူမရဲ့ ဘေးနားမှာ အရင်လို ပြန်လာနေတော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး..။

တကယ်လို့ သူတို့ အတူ အလုပ်တွဲလုပ်မယ် ဆိုရင်တောင်မှ ဒါက အချိန်ကာလ တစ်ခု အထိပဲဖြစ်လာမှာပါ..။

'အာရုံစိုက်ထားစမ်း..။မင်း ဒီကိုလာတာက ကျောက်တုံးသူတော်စင် အတွက် မှတ်သားမူတွေ လာဝယ်တာ..'

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့ သူ့ကို မျှော်လင့်ချက်ကြီးစွာ ကြည့်နေခဲ့တယ်..။ဆန်နီ ကိုယ့်ကိုကို ယုံကြည်မူရှိအောင် ကြိုးစားလိုက်ရင်း ပြောလိုက်ပါတယ်..။

"ငါတို့ စကားပြောလို့ ရပါတယ်..။ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး..။ငါလုပ်စရာ ကိစ္စတွေပြီးရင် နင့်ကို လာရှာလိုက်မယ်.."

သူမ ဘယ်အရာပဲ ဆွေးနွေးချင်ပါစေ..ဒီအရာက အရမ်း အလျင်စလို မဖြစ်လောက်ပါဘူး..။ဘာပဲဖြစ်ဖြစ် နစ်ဖီက..သူ ဒီနေ့ ပြန်ရောက်လာမယ် ဆိုတာကို သိနေခဲ့တာမဟုတ်ပေ..။တကယ်လို့ သူမသာ အလျင်လို နေမယ်ဆိုရင် အခုလိုတောင် သူနဲ့ အချိန်ဖြုန်းနေမှာ မဟုတ်ပါဘူး..။

ပြောင်းလဲ နေတဲ့ ကြယ်ပွင့်က ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက် နောက်ဆုံးမှာတော့ သူမ ပြန်ဖြေလိုက်ပါတယ်..။

"ဒါက အဆင်ပြေပါတယ်..။ဘယ်ကိုလာရမလဲ ဆိုတာ သိတယ်မလား.."

ဆန်နီ ပြုံးလိုက်ပြီး..

"အိုး..တကယ်လို့ စိတ်မရှိဘူးဆိုရင် ငါ နိုက်ကိုပါ ခေါ်ခဲ့လိုက်မယ်.."

သူတို့ နှစ်ယောက်လုံးက..သူ့ကို သံသယ အကြည့်တွေနဲ့ စိုက်ကြည့်လာခဲ့ကြတယ်..။

" ခေါ်မလို့လား.."

ဆန်နီဟာ..ချောမောတဲ့ လူငယ်လေး ဘက်ကို လှည့်လိုက်ပြီး သူ့မေးခွန်းကို အံ့ဩဟန်ဆောင်လိုက်တယ်..။

"မင်းက ..ငါ့ရဲ့ တစ်ခြား သူငယ်ချင်းတွေနဲ့ မတွေ့ချင်ဘူးလား..။သူတိူ့က မင်းရဲ့ တုံးအတဲ့ မေးခွန်းတွေကိုဖြေနိုင်မှာသေချာတယ်.."

နိုက်..တွေဝေနေခဲ့ပြီး..

"...တွေ့ချင်တယ်လေ..."

" ကောင်းပြီ.."

ဆန်နီဟာ..သူ့ကို ခေါင်းညိမ့်ပြလိုက်ပြီး..သူမရဲ့

အိုင်ဒေါ က ယုံကြည်ရလားဆိုတာ အကဲခတ်နေတဲ့ နစ်ဖီ ကို ကြည့်လိုက်တယ်..။

"ဒါဆို ဆုံးဖြတ်ပြီးသွားပြီပေါ့..။အခုတော့ ခွင့်ပြုပါဦး.."

အမှန်တိုင်းပြောရရင် ဒီခန့်ညားတဲ့ လေးသည်တော်ကို သူလည်း မယုံကြည်ပါဘူး..။သို့ပေမယ့် အလိမ်အညာ တွေကို ထောက်လှမ်းနိုင်တဲ့ သူ့ရဲ့ စွမ်းရည်က ပြောင်းလဲနေတဲ့ကြယ်ပွင့်နဲ့ စကားပြောတဲ့ အချိန်ကြရင် အသုံးဝင်လာပါလိမ့်မယ်..။

ဘာပဲဖြစ်ဖြစ် သူမက..ဆန်နီရဲ့ လှည့်ဖျားမူ ၊ အလိမ်အညာ ကျောင်းကနေ ..ဘွဲ့ရထားတဲ့ တစ်ယောက်တည်းသော သူပါ..။

ကိုင် ကို သင့်တော်တဲ့ အဝေးတစ်နေရာ အထိ ခေါ်သွားပြီးကာမှ သူ မေးလိုက်တယ်..။

"ဒီတော့ မှတ်သားမူ တွေအကြောင်း သိခဲ့ပြီလား.."

***

မကြာခင်မှာပဲ သူတို့က ရဲတိုက်ထဲကို ဝင်လာခဲ့ကြတယ်..။ဆန်နီဟာ ဒီ ကြီးကျယ်ခမ်းနားတဲ့ နေရာကို ပြန်လာရတာကို ထူးဆန်းသလို ခံစားမိပါတယ်..။ဒီတစ်ကြိမ်မှာတော့..သူက..အေးစက်မူ ၊ ထိပ်လန့်မူတွေကနေ လွတ်မြောက်ဖို့အတွက် ဝင်လာခဲ့တာ မဟုတ်ပဲ..ဧည့်သည်တော် တစ်ယောက်အဖြစ် လာရောက်ခဲ့တာပါ..။အစောင့်အကြပ်တွေကလည်း အထင်သေးမူတွေနဲ့ကြည့်မနေတော့ပေ..။

အရိုးခေါင်းတွေ ချိတ်ဆွဲထားတဲ့ အောက်ကနေ ဝင်သွားရင်း..သူက ရင်းနှီးပြီး လှပတဲ့ ခန်းမထဲကို ရောက်လာခဲ့တယ်..။ဟတ်ပါ အသုံးပြုတဲ့ စားပွဲက

ရှိနေတုန်းဖြစ်ပြီး..ဒီနေရာမှာတော့..ဟတ်ပါ အစားမိန်းမငယ်လေးတစ်ယောက်က..မလှပတဲ့ လက်ရေးတွေနဲ့ ရေးနေခဲ့ပါတယ်..။

ကမ္ဘာကြီးက လူသားလေးတစ်ယောက် သေဆုံးသွားတာကို လုံးဝ ဂရုစိုက်မှာမဟုတ်ပေ..။သူက ရှေ့ဆက်နေပြီး..ဆုံးရှုံးသွားတဲ့ နေရာမှာ နောက်တစ်ယောက်နဲ့ချက်ချင်းအစားထိုးမှာပါ..။

သူ့ကိုလည်း မေ့ပျောက်သွားပါလိမ့်မယ်..။

ဆန်နီ ပြောလိုက်တယ်..။

"ဒီတော့..မှတ်သားမူ တစ်ချို့ရှာတွေ့ခဲ့တယ်ပေါ့..။စျေးကရော.."

ကိုင် ပြုံးလိုက်ပြီး သူ့ကို လက်ဟန်ပြကာ နောက်ကနေ လိုက်လာဖို့ ပြောလိုက်တယ်..။

"ငါ မင်းအတွက် ပိုကောင်းတဲ့ဟာ ရခဲ့တယ်..။ငါ တကယ်ပဲ မှတ်သားမူ စျေး အတွက် ဖိတ်ခေါ်မူကို ရခဲ့တာ.."

ဆန်နီ မျက်မှောက်ကျုတ်လိုက်တယ်..။

"ဘာဖြစ်တယ် ? ..။ငါ ဒါမျိုး တစ်ခါမှ မကြားဖူးဘူး.."

ခန့်ညားတဲ့ လူငယ်လေးဟာ..ခေါင်းညိမ့်ပြလိုက်ပြီး..

"ဒါက အံ့ဩစရာ မဟုတ်ပါဘူး..။ဒါက များပြားလှတဲ့ မှတ်သားမူတွေကို..သင့်တော်တဲ့ စျေးနဲ့ ဝယ်လို့ ရတဲ့နေရာတစ်ခုပဲ..။အာ..ငါက သင့်တော်တယ်လို့ပဲ ပြောတာနော်..။ဒီနေရာမှာ အမြုတေတွေ အကုန်လုံး ဘယ်သူ့တွေဆီ ရောက်လဲ ဆိုတာ သိတယ်မလား..။ဒီတော့ အများအားဖြင့် သူတို့က..အဖွဲ့ဝင်တွေကိုပဲ..အထဲကို ဝင်ခွင့်ပေးတာ.."

အဓိပ္ပါယ်ရှိတယ်..။ဂန်လောင်က သူနဲ့ မပတ်သက်နဲ့လူတွေကြားထဲမှာ မှတ်သားမူတွေ ရောက်နေတာမျိုးကို ခွင့်ပြုမှာမဟုတ်ပါဘူး..။အစောင့်အကြပ်နဲ့ မုဆိုးတွေက..သူတို့နဲ့ မသင့်တော်တဲ့ မှတ်သားမူတွေကို..အမြုတေနဲ့ ရောင်းချတာပဲဖြစ်ဖြစ် ၊ တစ်ခြားတစ်ခုခု နဲ့ လဲလှယ်တာပဲဖြစ်ဖြစ် လုပ်ဖို့ နေရာတစ်ခုလိုအပ်ပါတယ်..။

"ဒါဆို မင်းက ဖိတ်စာကို ဘယ်လိုရခဲ့တာလဲ.."

ကိုင် ပုခုံးတွန့်လိုက်ပြီး..

"အမြုတေ ရှိနေသ၍ ဘယ်အရာကမှ မခက်ခဲဘူး..။ပြသနာ ဆိုတာက ငါတို့အတွက် မရှိသလောက်ကို နည်းနေလိမ့်မယ်.."

အံ့ဩစွာပဲ သူတို့က ရဲတိုကိရဲ့ လျိုဝှက်နေရာတစ်ခုကို ဝင်နိုင်ခဲ့တာကို ဆန်နီ တွေ့လိုက်ရပါတယ်..။ရှည်လျားတဲ့ ကော်ရစ်တာ အနည်းငယ်ကို လျောက်ပြီးတဲ့နောက်မှာတော့..သူတို့ရဲ့ ရှေ့မှာ ခိုင်ခံ့တဲ့ သစ်သား တံခါးတစ်ခု ပေါ်လာခဲ့တယ်..။

တံခါးရဲ့ အပေါ်မှာတော့..ဓားတစ်ချောင်းနဲ့ဒိုင်းကာ တစ်ခုရဲ့ သင်္ကေတကို ရေးဆွဲထားခဲ့ပါတယ်..။

သူ့ကို မျက်လုံးတစ်ဖက် မှိတ်ပြပြီး..နိုက်က တံခါးကို ဖွင့်ကာ..အထဲကို ဝင်သွားခဲ့တယ်..။

ဆန်နီ နောက်က လိုက်သွားခဲ့ပါတယ်..။

အခန်းရဲ့ အတွင်းပိုင်းအပြင်အဆင် တွေကို မြင်တဲ့ အချိန်မှာတော့..သူ့မျက်လုံးတွေ တောက်ပပြီး ..စိတ်လှုပ်ရှားသွားခဲ့ပါပြီ..။

All Chapters