မှတ်သားမူ စျေး
Vol. 12 Ch. 172
တံခါးရဲ့ အနောက်ဘက်မှာတော့..ပြတင်းပေါက်တွေလုံးဝ မရှိတဲ့ အလယ်အလတ် ခန်းမတစ်ခု ရှိနေခဲ့တယ်..။အခန်းရဲ့ အလယ်တည့်တည့်မှာတော့..ထူးဆန်းတဲ့ မီးအိမ် တစ်ခုကို ထွန်းထားခဲ့ပြီး တောက်ပတဲ့ အလင်းရောင်ကို ဖန်တီးပေးနေခဲ့ပါတယ်..။
အခန်းအတွင်းက နံရံတွေထဲမှာတော့ ..များပြားလှတဲ့ လက်နက်တွေ ၊ အကာအကွယ်အင်္ကျီတွေကို ချိတ်ဆွဲထားခဲ့တယ်..။စားပွဲတွေ အများကြီး အပေါ်မှာျော့ လှပပြီး..ဆွဲဆောင် နိုင်စွမ်းရှိတဲ့ အရာဝတ္တုတွေကို တင်ထားခဲ့ပါတယ်..။
လက်နက်တွေ ၊ အကာအကွယ်တွေ ၊ ပစ္စည်းတွေနဲ့ တောက်ပနေတဲ့ မီးလုံးအားလုံးက မှတ်သားမူတွေပါ..။
ဆန်နီ ရဲ့ ခေါင်းထဲမှာတော့ ပေါက်ကွဲထွက်နေတဲ့ အတွေး တစ်ခုရှိနေခဲ့တယ်..။လတ်တလောမှာတော့ သူတွေးနေတာဆိုလို့ တစ်ခုပဲ ရှိပါတယ်..။
' ပိုက် ..ဒါတွေက ပိုက်ဆံ အတော်များတာပဲ..'
ဒီခန်းမထဲမှာတော့ .ကော်ပိုရေးရှင်းတစ်ခုကိုတောင် ယှဥ်ပြိုင်နိုင်လောက်တဲ့..ကံကောင်းမူတွေ ဖုံးကွယ်နေပါလိမ့်မယ်..။
သူ သွားရည်ကျနေတာတွေကို မနည်းထိန်းထားနေထဲ့ရတယ်..။
"အာ..ဆန်နီ.."
မိန်းမော တွေဝေ မူတွေကို ပြန်ထိန်းလိုက်ပြီး ဆန်နီ မျက်တောင် အနည်းငယ်ခတ်ကာ ကိုင်ကို ကြည့်လိုက်တယ်..။
"ဟင်.."
ချောမောတဲ့ လေးသည်တော်ဟာ ခနလောက်တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"ဒါက စတိဗ် ..။ဒီနေရာ ရဲ့ တာဝန်ရှိသူလို့ ငါပြောနေတယ်လေ..."
အခုမှပဲ တစ်စုံတစ်ယောက်က အခန်းထဲမှာ ရှိနေတာကို ဆန်နီ သတိထားမိခဲ့တယ်..။ဒါကတော့ အမှောင်မြို့တော်ရဲ့ ယူဆချက်နဲ့ ပြောရရင် အသက်ကြီးနေပြီဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ်..လူတစ်ယောက်ပါ..။သူက ဝိုင်းစက်တဲ့ မျက်နှာနဲ့ ရွှင်ပြတဲ့မျက်လုံးတွေ ပိုင်ဆိုင်ထားပြီး..လတ်တလောမှာတော့ သံသယဖြစ်တဲ့ အကြည့်တွေနဲ့ကြည့်နေခဲ့တယ်..။
ဒါပေါ့ သူ့အကြည့်တွေက ဆန်နီ ဆီမှာရောက်နေခဲ့တာပါ..။
' မင်း မှန်ရောကြည့်ဖြစ်လား ခွေးသားလေး..'
အရပ် အရမ်းရှည်တာကလွဲပြီး စတိဗ် မှာ နောက်ထပ် ထူးခြားတာ ရှိနေပါသေးတယ်..။အဲတာကတော့ သူက ဝ နေတာပါ..။အိပ်မက် ကမ္ဘာထဲ ဆန်နီ တွေ့ဖူးစမျှ ထဲမှာ သူက အဝဆုံးပါပဲ..။ဒီလို နေရာမှာ ဒီလို ဝ နေဖို့ ဆိုရငိ..သူက အလုပ်တွေ ၊ အရည်အချင်းတွေ ၊ မြုပ်နှံမူ တွေ အများကြီး ရှိဖို့ လိုအပ်ပါလိမ့်မယ်..။
သူက..အားကျရမှာလား..စိတ်ပျက်ရမှာလား ဆိုတာတောင် မသိတော့ပေ..။
ဘာပဲဖြစ်ဖြစ် ..စတိဗ် ရဲ့ မကောင်းတဲ့ ဘက်ခြမ်းကို မရောက်မိဖို့ ဆန်နီ ဆုံးဖြတ်လိုက်ပါတယ်..။
ဘာပဲဖြစ်ဖြစ်..သူက ဒီ လူ့ဘီလူးကြီးရဲ့ စားသုံးတာကို မခံချင်ပါဘူး..။
"အာ..တွေ့ရတာ ဝမ်းသာပါတယ် စတိဗ် ။ ငါက ဆန်နီပါ.."
လူသန်ကြီးက..သူ့ကို ငုံ့ကြည့်လိုက်ပြီး..ကိုင် ဘက်ကို လှည့်ကာ ထူးဆန်းတဲ့လေသံနဲ့ ပြောလိုက်တယ်..။
"နိက်...ဘော်ဒါကြီး..။ဒီ ညစ်ပတ် နေတဲ့ တောသား က ကာစတန်မာ ဆိုတာ သေချာရဲ့လား.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
'ယဥ်ကျေးရမယ်...ယဥ်ကျေးရမယ်..&
'ဟေး..ဝတုတ်ကောင်..။ဒီ ညစ်ပတ်နေတဲ့ တောသားက မင်းရဲ့ ခန္တာကိုယ်က အရိုးတွေကို ရိုက်မချိုးပစ်နိုင်ဘူးဆိုတာ သေချာရဲ့လား.."
အားလုံးက တိတ်ဆိတ်သွားခဲ့ပြီး..ကိုင်ရော စတိဗ်ပါ သူ့ကို မျက်လုံးအပြူးသားနဲ့ကြည့်နေခဲ့ကြတယ်..။
ယင်းနောက် စတိဗ်က ကျယ်လောင်စွာ ထရယ်မောလိုက်ပါတယ်..။
"ဒီကောငိလေးက တကယ် ရယ်ရတာပဲ နိုက်..။ကောင်းပြီ...ကောင်းတယ်..။အရမ်းကောင်းတယ်..။ဒီနေရာမှာ ငါလိုအပ်နေတဲ့ တစ်ခုတည်းသော အရာက ဖျော်ဖြေမူပဲ.."
ရယ်မောလိုက်ရင်း သူ ခေါင်းခါယမ်းကာ ပြောလိုက်တယ်..။
"ဒါပေမဲ့ ငါ့ ပစ္စည်းတွေက စျေးမပေါဘူးနော်..မိတ်ဆွေလေး အာ..ဆန်နီမလား...။မှတ်သားမူကောင်းက အနည်းဆုံးတော့ မင်းကို အမြုတေ တစ်ဒါဇင်လောက် ကုန်ကျစေလိမ့်မယ်..။မင်း အသုံးဝင်တဲ့ အရာတစ်ခု လိုချင်တယ်ဆိုရင်ပေါ့..။မင်း ဒီမှာဝယ်ချင်တယ် ဆိုတာ သေချာရဲ့လား..။မင်းလို လမဘေးကြွက်လေးမှာ အမြုတေ ဘယ်လောက်များ ရှိနိုင်မှာ မို့လို့လဲ..."
ဆန်နီ မျက်တောင် ခတ်လိုက်တယ်..။
"တကယ်တော့ နားလည်မူ လွဲနေပြီထင်တယ်..။ငါ့ကို မြင်ဖူးလို့လား..။ငါက ဒီကနေ တစ်ခုခု ဝယ်မယ့်ပုံစံ ပေါက်နေလို့လား..။ဒါပေါ့ မဝယ်ဘူးလေ..။အမြုတေ အကြောင်းပြောရမယ် ဆိုရင် အခုထိကို အမြုတေ တစ်ခုမှ မစုပ်ယူဖူးဘူး..။
ကိုင်က သူ့ကို ထူးဆန်းစွာကြည့်လိုက်တယ်..။
ဆန်နီက အပျက်အစီး တောထဲမှာ အတော်လေး ယုံကြည်မူ ရှိနေတာကြောင့် သူ့ အပေါင်းအဖော်က အတော်သန်မာလိမ့်မယ်လို့ ထင်ထားခဲ့တာပါ..။သို့ပေမယ့်..ဆန်နီ က အမြုတေ တစ်ခါမှ မစုပ်ယူဖူးတာကို သူ သိလိုက်ရတယ်..။သူ့ရဲ့ အလိမ်အညာကို ထောက်လှမ်းနိုင်တဲ့ စွမ်းရည်နဲ့ဆိုရင်..ဒီဟာက အမှန်တရားကို ပြောနေတယ် ဆိုတာ သူသိပါတယ်..။
ကောင်းပြီလေ..ဒီလိုပဲပေါ့..။ဆန်နီက အဲဒီအစား..အရိပ် အပိုင်းအစတွေ အများကြီး စုပ်ယူထားခဲ့ပါတယ်..။
ဆန်နီက ဒီ မှားယွင်းတဲ့ လျိုဝှက်ချက်ကို တမင် ပြောလိုက်တာပါ..။နိုက်က..သူ အသုံးပြုတော့မယ့်..ဝိဥာဥ် အမြုတေ တွေအပေါ် မေးခွန်းထုတ်တာမျိုးကို ဆန်နီ မလိုချင်ခဲ့ပေ..။သူ ဒီလောက်အထိ ချမ်းသာနေတာက..ဘာတစ်ခုမ မစုပ်ယူပဲ စုဆောင်းထားလို့လို့..
လေးသည်တော်ကို အတွေးဝင်စေချင်ပါတယ်..။
အဲ့အချိန်မှာပဲ ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး မဟုတ်ဘူး..ဒီမှာ အမြုတေတွေကို ကမ်းပေးမယ့်လူက ကိုင်ပဲ..။ငါက ..မှန်ကန်တဲ့ အရာတွေကိုပဲ ရွေးချယ်ပေးမှာ..။ငါ့မှာက မှတ်သားမူကောင်းတွေကို ကြည့်တတ်တဲ့ မျက်လုံးရှိတယ်လေ.."
စတိဗ် က ခေါင်းကို ကုတ်လိုက်ပြီး..
"အာ..ကောင်းပြီလေ..ဒါဆိုရင်လည်း..။တစ်ချက်ကြည့်လိုက်ကြဦး..။တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုသာ ပြောလိုက်.."
သူ နိုက်ကို တစ်ချက်ကြည့်ပြီး ထပ်ပြောလိုက်တယ်..။
"မင်း အကြံဥာဏ်လိုချင်ရင် ငါ့ကို မေးလို့ရတယ်နော်..။ငါ မင်းကိုတော့ မလိမ်ပါဘူး.."
ကိုင် ရှက်ရွံ့စွာ ပြုံးလိုက်တယ်..။
"အိုး..အာ...အင်း ..."
စတိဗ် ထွက်သွားတာနဲ့ သူ ဆန်နီ နားကို ကပ်ပြီး တီးတိုးပြောလိုက်တယ်..။
"ဒီတော့ မင်းရဲ့ အကြွေးကို ပြန်ဆပ်ဖို့က မင်းအစား မှတ်သားမူ တစ်ခုကို ဝယ်တဲ့ပုံ ဟန်ဆောင်ဖို့ပေါ့..။ဒါဆို မင်းမှာ ဝှက်ဖဲ ရှိနေတာ ဘယ်သူမှ မသိကြတော့ဘူးလေ.."
ဆန်နီ သူ့ကို စိုက်ကြည့်လိုက်တယ်..။တကယ်တော့ ဒါက တကယ်ကို ကောင်းမွန်တဲ့ သီအိုရီပါ..။ဘယ်သူမှ မသိထားပဲ..လက်နက်ကောင်းတစ်ခု ရှိထားတာက တကယ်ကို အားသာချက်ပါပဲ..။
ကံဆိုးချင်တော့ ကိုင်က သူ့ရဲ့ အမှန်တကယ် အခြေအနေကို မသိခဲ့ပေ..။
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး..မင်းကို ငါ့ အစား မှတ်သားမူ တစ်ခု ဝယ်စေချင်တာ မဟုတ်ဘူး.."
ယင်းနောက် သူ ပြုံးပြီး ထပ်ပြောလိုက်တယ်..။
"ငါမင်းကို ဆယ်ခုလောက် ဝယ်စေချင်တာ.."
ကိုင်ရဲ့ လှပတဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါတယ်..။
***
အံ့ဩပြီး ဆွံ့အနေတဲ့ လေးသည်တော်ကို ထားခဲ့လိုက်ပြီး ..ဆန်နီဟာ မှတ်သားမူတွေကို စတင်ကြည့်ရူလိုက်တယ်..။
ဒီမှာက အများကြီးရှိနေခဲ့ပါတယ်..။သူ့ရဲ့ ခန့်မှန်းချက်အရဆိုရင် အနည်းဆုံး အခု တစ်ရာလောက်တောင် ရှိမှာပါ..။
လက်နက်တွေ အများကြီးက ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ အာရုံစိုက်မူကို ရသွားခဲ့တယ်..။
ဒီမှာက ဓားရှည်တွေ ၊ ဓားကောက်တွေ ၊ ဦးချွန်နှစ်ဖက် ယိမ်းနွဲ့ပါး ဓားတွေ အများကြီးပါပဲ..။များပြားလှတဲ့..တူရွင်းတွေ ၊ ဓားမြောင်တွေက..မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ တောက်ပနေခဲ့တယ်..။ဒီမှာ စစ်သုံးရဲတင်း တွေ နဲ့ များပြားလှတဲ့ ပုဆိန် တွေပါရှိနေပါသေးတယ်..။သိပ်အဝေးတဲ့ နေရာမှာတော့ စစ်ပွဲသုံး တူကြီးတွေ ၊ ကျိုင်းတွေ ၊ တုတ်ချောင်းတွေကို မြင်တွေ့နေခဲ့ရပါတယ်..။ကိုင်ကတော့ လေး အချို့ကို ကြည့်နေခဲ့ပါတယ်..။
ဒီမှာ အကာအကွယ် အင်္ကျီတွေလည်း ရှိနေပါသေးတယ်..။သားရေအင်္ကျီ ကနေ သတ္တုအင်္ကျီ ၊ ပေါ့ပါးတဲ့ အင်္ကျီ ကနေ လေးလံတဲ့ အင်္ကျီ ၊ ကြေးခွံ အင်္ကျီကနေ အပြားအချပ် အင်္ကျီ အထိ အစုံအလင်ပါပဲ..။သူတို့ထဲက တစ်ချို့က..အစစ်အမှန် အကာအကွယ်နဲ့တူပြီး တစ်ချို့ကတော့ အဝတ်အစားနဲ့ တူနေခဲ့ပါတယ်..။
စားပွဲတွေပေါ်မှာတော့ များပြားလှတဲ့ ပစ္စည်းတွေက သူ့ရဲ့ အာရုံစိုက်မူကို ရဖို့ ကြိုးစားနေကြသလိုပါပဲ..။ဒီပစ္စည်းတွေမှာ ဘယ်လို စွမ်းရည်မျိုးတွေ ပိုင်ဆိုင်ထားကြလဲ ဆိုတာကတော့ နတ်ဘုရားတွေပဲ သိကြပါလိမ့်မယ်..။
ကောင်းပြီလေ..လက်တွေ့ကျကျပြောရရင် နတ်ဘုရားတွေနဲ့ စတိဗ်ပေါ့..။
ပြီးတော့ ဆန်နီပါ..။
မှတ်သားမူတွေကြားထဲမှာ လျောက်သွားနေရင်း..သူက လက်ကို တင်ကြည့်နေခဲ့တယ်..။ချက်ချင်းဆိုသလိုပဲ..ဝီဗာရဲ့ဆားငန်ရည်စက် စွမ်းအင်ကြောင့်..မှတ်သားမူတွေရဲ့ အတွင်းလှိုင်း ပြောင်းလဲမူတွေကို သူမြင်နေရပါတယ်..။
ဒီလောဂျစ်အတိုင်း သူက ကောင်းမွန်တဲ့ အရာတွေကို ရွေးချယ်နိုင်မှာပါ..။ဒါပေါ့..ဒီခန်းမထဲမှာတော့..ထူးခြားပြောင်မြောက်တဲ့ မှတ်သားမူတွေ ရှိမှာမဟုတ်ပါဘူး..။ဘယ်သူက ဒီလိုအရာမျိုးကို လာပြီး ရောင်းမှာလဲ..။သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ သူက ဆိုးဝါးတဲ့ အရာနဲ့ လက်ခံနိုင်ဖွယ်အရာတွေကို ခွဲခြားနိုင်ပါသေးတယ်..။
..နောက်ဆုံးအရာကတော့ သူ ဒီီကို ဘာအတွက်လာခဲ့လဲ ဆိုတာပါပဲ..။
'မှတ်ထားပါ..အရည်အသွေး မလိုဘူး..အရည်အတွက်ပဲ လိုတယ်...'
ဆန်နီ ဒီအရာတွေထဲက အဆိုးဆုံးတွေကို ရွေးချယ်လို့ပြီးကာနီးမှာပဲ သူ့အကြည့်က ထောင့်တစ်နေရာကို ရောက်သွားခဲ့တယိ..။
အဲဲဒီထောင့်နေရာမှာတော့..များပြားလှတဲ့ ဖုန်မှုန့်တွေကြားထဲမှာ..စွန့်ပစ်ခံထားရပုံပေါ်တဲ့ အကာအကွယ်အင်္ကျီတစ်ခု ရှိနေခဲ့ပါတယ်..။
...ဆန်နီ ဒါကိုမြင်တာနဲ့ ..သူ့ရဲ့လက်တွေက အနည်းငယ် တုန်လှုပ်သွားခဲ့ပါပြီ..။