← Chapters

အနက်ရောင် အကာအကွယ်

Vol. 12 Ch. 173

အနက်ရောင် အကာအကွယ်

Vol. 12 Ch. 173

အချိန်ခနလောက် ဆန်နီ အေးခဲနေခဲ့တယ်..။သို့ပေမယ့် တစ်စက္ကန့်လောက်ကြာပြီးတဲ့ နောက်မှာတော့..သူက ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်ပါတယ်..။

စျေးဆစ်ခြင်းရဲ့ ပထမဆုံးစည်းမျဥ်းက.. မင်းဘယ်ဟာကို ဝယ်ဖို့ စိတ်ဝင်စားနေလဲ ဆိုတာကို ..ရန်သူကို မသိစေတာပါပဲ..။ပြီးတော့..ဆန်နီက စတိဗ် ရဲ့ နားကနေ သွေးတွေ ထွက်လာတဲ့အထိ စျေးဆစ်တော့မှာပါ..။

ဒီ ဖုန်တက်နေတဲ့ အကာအကွယ်ကို သတိမထားမိတဲ့ပုံစံ ဟန်ဆောင်ပြီး သူ အနည်းငယ် ပတ်လျောက်ပြီး ဒီ အကာအကွယ် ထားတဲ့ ထောင့်ကို ချည်းကပ်လာခဲ့တယ်..။ဒီ အကာအကွယ် ထားထားတဲ့ နေရာကို ကြည့်မယ်ဆိုရငိ..သူတို့က ဒီအရာရဲ့ စစ်မှန်တဲ့ တန်ဖိုးကို မသိကြတဲ့ပုံပါပဲ..။

ဆန်နီ ဒီအတိုင်းပဲ ဖြစ်စေချင်ခဲ့မိပါတယ်..။ဘာလို့လဲဆိုတော့..ဒီအကာအကွယ်က ဒီမှာရှိနေတဲ့ အရာတိုင်းထက် ပိုပြီး အဖိုးတန်နေလို့ပါ..။

သူ သေချာတော့မသိပေမယ့်..ဒါက စစ်မှန်တဲ့ ရတနာတစ်ခုဆိုတာကို သူသံသယဖြစ်မိပါတယ်..။

Because he recognized it.

ဘာဖြစ်လို့လဲဆိုတော့ သူ မှတ်မိနေလို့ပါပဲ..။

ဒီရှေးဟောင်း အင်္ကျီရဲ့ အကာအကွယ်က အနက်ရောင်ဖြစ်ပြီး..ဒီဇိုင်းကို ရှုပ်ထွေးစွာပုံဖော်ထားပါတယ်..။သူဆီကနေ အားထားရမယ့် ခံစားချက်တွေ ထွက်ပေါ်နေခဲ့တယ်..။အစ်ိတ်အပိုင်းတစ်ခုချင်းစီ တိုင်းကလည်း တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံအောင် ကိုက်ညီနေခဲ့ပြီး..မထိုးဖောက်နိုင်တဲ့ စတီး အကာအကွယခတစ်ခု ကို ဖန်တီးပေးထားခဲ့တာပါ..။

...ဒါမှမဟုတ် ကျောက်တုံးအကာအကွယ်လည်း ဖြစ်နိုင်ပါတယ်..။

ဘာလို့လဲဆိုတော့ ဒီအကာအကွယ်က ကျောက်တုံးသူတော်စင် ဝတ်ဆင်ထားတဲ့ အကာအကွယ်နဲ့ တူညီလုနီးပါး ဖြစ်နေလို့ပါပဲ..။

ဒါပေါ့ ကွဲပြားမူလေးတွေတော့ ရှိနေပါသေးတယ်..။စပြီးပြောရမယ် ဆိုရင် ဒီတစ်ခုက ပ်ိုပြီး သဘောကျဖို့ကောင်းနေခဲ့တာပါ..။ဒီအကာအကွယ်က ကျောက်တုံးသူတော်စင်ထက် အဆင့်အတန်းပိုမြင့်တဲ့ သားရဲဆီကနေ လာတယ်လို့တောင် သူ ခံစားရပါတယ်..။အရိပ်ရဲ့ အကာအကွယ်က အနက်ရောင်ကျောက်တုံးကနေ ပြုလုပ်ထားတယ်ဆိုရင် ဒီအရာက သန့်စင်တဲ့ အနက်ရောင် ကျောက်တုံးကနေ ပြုလုပ်ထားခဲ့တာပါ..။သူ့ရဲ့ မျက်နှာပြင်က ကျရောက်လာတဲ့ အလင်းရောင် တိုင်းကို စုပ်ယူသွားတဲ့အတိုင်းပါပဲ..။

ပြီးတော့ ဒါကပြောင်းလဲမူ အဆင့်မှာပဲ ရှိနေပါသေးတယ်..။တကယ်လို့ သူသာ ကျောက်တုံးသူတော်စင်လို့ ဆင့်ကဲပြောင်းလဲနိုင်ရင် ဘယ်လို ထိပ်လန့်စရာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ..။

ဒီလို ရတနာ မျိုးက ဘာလို့ မှတ်သားမူ စျေးကွက်မှာ ဖုန်တက်နေရတာလဲ..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။ဟုတ်တယ်..ဒီ အနက်ရောင်မြို့တော်ထဲမှာ..ကျောက်တုံးသားရဲကို အနီးကပ်မြင်ဖူးတဲ့လူက သူတစ်ယောက်တည်းပဲ ရှိလောက်မှာပါ..။ဒီလိုဆိုရင်တောင်မှ ဒီ အကာအကွယ်ပုံစံက...အတော်လေးကို အံ့ဩဖို့ကောင်းနေပါသေးတယ်..။ဒီလိုအရာက ဘာလို့ စွန့်ပစ်ခံပြီး နေနေရတာလဲ..။

သူ့မှာမေးခွန်းတွေ အများကြီးရှိနေပါတယ်..။

နောက်ဆုံးတော့ သူက စိတ်ဝင်စားဟန် မပြပဲ ..အကာအကွယ်အင်္ကျီရှိတဲ့နေရာကို ရောက်လာခဲ့တယ်..။ဘာမှမထူးခြားတဲ့ ပုံစံနဲ့ သူ လက်တစ်ဖက်ကို မြှောက်ပြီး..အကာအကွယ်ရဲ့ အပေါ်ကိုတင်လိုက်ပါတယ်..။

ခနအကြာမှာတော့ သူ့ရဲ့ မျက်နှာဖုံးက ကွာကျလုနီးပါးဖြစ်ပြီး မျက်လုံးပြူးကျယ်သွားခဲ့တယ်..။

အကာအကွယ် ရဲ့ မျက်နှာပြင်အောက်ဘက်ကို မြင်လိုက်ရတဲ့ အချိန်မှာ သူ ထိပ်လန့်သွားခဲ့တာပါ..။အထဲမှာ..စိန်ကြိုးမျှင်လေးတွေ ရှိနေခဲ့တယ်..။ဒါက သူမြင်ဖူးသမျှထဲမှာ နောက်ထပ်အဆင့် တစ်ခုပါပဲ..။

ဒါက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ထက်တောင်မှ ပိုပြီး ရှုပ်ထွေးပြီး ကျယ်ပြန့် ပါသေးတယ်..။ဒီအရာတွေ အကုန်လုံးကို တောက်ပနေတဲ့ မီးကျီခဲ ခြောက်ခုလောက်က ဆက်သွယ်ပေးထားခဲ့တယ်..။

မီးကျီခဲတစ်ခုချင်းစီတိုင်းကလည်း သူ့ရဲ့လက်ရှိ မှတ်သားမူ တွေထက် ပိုတောက်ပ ပါတယ်..။

ဆန်နီ တံတွေးကို မြိုချလိုက်တယ်..။

သူ့ရှေ့မှာတော့ ..တက်ရောက်မူ အဆင့် ၆ အကာအကွယ်က ရှိနေခဲ့ပါပြီ..။ဒီအရာက ကျရှုံးမူအဆင့်သားရဲတွေ သေဆုံး တဲ့အခါမှ ကျန်ခဲ့တတတ်တဲ့ အရာမျိုးပါပဲ..။

'ကံကောင်းမူကြီးပဲ '

***

သို့ပေမယ့် သူ့ရဲ့ အံ့ဩမူတွေက သိပ်ပြီး မကြာခဲ့ပေ..။ချက်ချင်းဆိုသလိုပဲ..ဒီအကာအကွယ်က တစ်ခုခု မှားယွင်းနေတာကို ဆန်နီ သတိထားမိလိုက်ပါတယ်..။ဒါ..ဒါက ထိခိုက်ခံထားရတာပါ..။

ကြိုးမျှင်တွေ ထောင်နဲ့ချီပြီး ပျက်စီးနေကာ..ပုံစံတစ်ခုလုံးကို ချွတ်ယွင်းနေစေခဲ့ပါတယ်..။စမ်းချောင်းတွေ အဖြစ် စီးဆင်းနေရမယ့်အစား သူတို့က..အမှောင်ထု ထဲမှာသာ..လွင့်မျောနေခဲ့ကြကာ တစ်ခုနဲ့တစ်ခု ရစ်ပတ်နေခဲ့ကြတယ်..။အခြေအနေ တစ်ခုလုံးက ရှုပ်ထွေးနေခဲ့ပါပြီ..။

ဒါကြောင့်ပဲ သူက လှိုင်းတွေကနေ တဆင့် ဘာ တွက်ချက်မူ စနစ် မှ မခံစားခဲ့ရတာပါ..။ဒီမှာ..ဘာ အလုပ်လုပ်မူမှ မရှိတော့ပါဘူး..။

ဆန်နီ မျက်မှောငိကျုတိလိုက်တယ်..။

ပျက်ဆီးနေတဲ့ မှတ်သားမူက ဘာလို့ ဒီတိုင်းရှိနေရတာလဲ..။ဒါက အဓိပ္ပါယ် မရှိပေ..။မှတ်သားမူတွေက ဝိဥာဥ် ပင်လယ်ထဲမှာ ရှိပြီး လုံးဝ မပျက်ဆီးသေးသ၍ ကိုယ့်ကိုကို ပြန်ပြင်နိုင်စွမ်း ရှိကြပါတယ်..။ဒီဟာက စကြဝဌာရဲ့ စည်းမျဥ်းတစ်ခုလိုပါပဲ..။ဒါက ချိုးဖျက်လို့ မရပေ..။

မဟုတ်ရင်....

သူ့ရဲ့ စိတ်ထဲမှာ တစ်ခုခုခုကို နားလည်သဘောပေါက်သွားခဲ့တယ်..။

သိူ့ပေမယ့် ဆန်နီ မသုံးသပ်နိုင်ခင်မှာပဲ..စတိဗ် ရဲ့ ရယ်မောသံကိုကြားလိုက်ရပြီး သူ့ရဲ့ကြီးမားတဲ့ လက်တစ်ဖက်က ပုခုံးပေါ်ကိုရောက်လာခဲ့ပါတယ်..။

"ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အကာအကွယ်လဲ..ဟုတ်တယ်မလား မိတ်ဆွေလေး ဆန်နီ..."

ဒါကို ပြောပြီးတာနဲ့ သူက ရှေ့ကိုတိုးကာ ရယ်မောလိုက်ပါတယ်..။

ဆန်နီ ..မှတ်သားမူတွေကို ကြည့်ရူနေတုန်း စတိဗ်က အကြိမ် အနည်းငယ်လောက် ဝင်ပြီး ရှင်းပြတတ်ပါတယ်..။သူက ဒီ ပြတင်းပေါက်မရှိတဲ့ ခန်းမကြီးထဲမှာ အတော်ပျင်းနေပြီဆိုတာ သိသာပါတယ်..။

ဆန်နီ သူ့ကိုကြည့်ပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။

'မင်းကရော ဒါက ဘယ်လိုရတနာမျိုးလဲဆိုတာ သိတယ်ပေါ့ အရူး..'

"မင်းရဲ့ ဒီ အမှိုက်ပုံ စျေးထဲမှာ..ဒီတစ်ခုကတော့ အံ့ဩဖို့အကောင်းဆုံးပဲ..။ဒီလိုအရာမျိုးကို လူတွေကို ပြထားလောက်တဲ့ အထိတော့ သဘောမကောင်းနိုင်ဘူးလို့ ထင်တယ်နော်.."

သူက ဒီတစ်ခုကို..အခန်းထဲ ဒါမှမဟုတ် ရဲတိုက် တစ်ခုလုံးမှာတောင် အကောင်းဆုံး မှတ်သားမူလို့ ဆိုလိုလိုက်တာပါ..။ဒါပေါ့ ဂန်ဘောင်ရဲ့ ရွှေရောင်အကာအကွယ်တော့ မပါဝင်ပါဘူး..။

သို့ပေမယ့်..ဒီစကားလုံးတွေထဲမှာ စတိဗ်က အသုံးမဝင်တဲ့ အရာတွေကို ရောင်းနေတယ်ဆိုတဲ့ အရိပ်အယောင်တွေလည်း ပါဝင်နေပါသေးတယ်..။

စတိဗ် သက်ပြင်းချလိုက်ပြီး..

"ပုံမှန်ဆိုရင်တော့ ငါ့ ရဲ့ ပစ္စည်းတွေ အတွက် ကာကွယ်ရမှာ ဆိုပေမယ့် ဒီတစ်ခုကိုတော့ သဘောမတူပဲမနေနိုင်ဘူး..။ဒီ အကာအကွယ်က ကြည့်လိူက်ရင် အတော် အံ့ဩဖို့ကောင်းပေမဲ့ ..အမှန်တော့ လုံးဝ အသုံးမဝင်ဘူးလေ..။ဒီအရာကို စျေးကွက်ထဲမှာ အတော်ကြာနေပြီ..။တကယ်တော့ ငါက

လာဘ်ကောင် အဖြစ်တောင် ထားထားခဲ့တာ..."

ဆန်နီ ခေါင်းကို ကုတ်လိုက်ပြီး..

"ဘယ်လိုဖြစ်ပြီး ဘယ်သူမှ မဝယ်ကြတာလဲ.."

ဘာလို့ မဝယ်ကြတာလဲ ဆိုတာ သူသိပေမယ့် စတိဗ်ရဲ့ ရှင်းပြမူကို နားထောင်ချင်ပါသေးတယ်..။ဒီကနေ တဆင့် လူသန်ကြီး ဘယ်လောက်အထိ အမြင်ရှိလဲဆိုတာကို သိရမှာပါ..။

စတိဗ် ပုခုံးတွန့်လိုက်ပြီး..

"ဘာလို့ ဘယ်သူမှ မဝယ်တာလဲ ဟုတ်လား..။ဒါက ကျောက်တုန်းနဲ့လုပ်ထားတယ်ဆိုတာ မင်းသတိထားမိလား..။တကယ့် ကျောက်တုံးအစစ်နဲ့လေ..။ဒါက အရမ်းလေးလွန်းလို့ ဒီအလေးချိန်ကို တီဆိုင် တောင် မ မနိုင်ဘူး..။နိုးထသူ တွေက လုပ်နိုင်လောက်ပေမယ့် ငါတို့က အိပ်စက်သူတွေလေ..။ဒီဟာကို ဝတ်ဆင်ထားတာက တောင်ကြီး တစ်တောင်ကို ထမ်းထားရသလိုဖြစ်နေလိမ့်မယ်..။ပြီးတော့ ဒီကျောက်တုံးက ချိုးဖျကိဖို့လည်း ခက်ခဲသေးတယ်.."

သူ အကာအကွယ်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

"တကယ်တော့ ဒီအကာအကွယ်က ဇာတ်လမ်းရှိတယ်..။ဒီအရာက..ရဲတိုက်မှာ မူလ ရှိခဲ့တဲ့ တပ်ဖွဲ့ထဲက အဖွဲ့ဝင် တစ်ယောကိပိုင်ဆိုင်ခဲ့တာလေ..။တစ်ချို့ဆိုရင် ပထမ ရဲတိုက် သရှင်ကိုယ်တိုင် ပိုင်ဆိုင်ခဲ့တာလို့တောင် ပြောကြတယ်..။အစတုန်းကတော့ ဒီအထဲမှာ အလေးချိန်ကို ပေါ့ပါးစေတဲ့ မှော်စွမ်းအင် တွေပါဝင်ခဲ့တယ်လေ.."

သူ အကာအကွယ်ကို သံသယနဲ့ ကြည့်လိုက်တယ်..။

"ဒါပေမဲါ သူတို့က ဒီမှာ အသက်ရှင်ကျန်ရှိတဲ့ ရှေးဟောင်းသားရဲတစ်ကောင် နဲ့ တိုကိခိုက်တဲ့ အချိန်မှာ အကာအကွယ်က ပြင်းပြင်းထန်ထန် ထိခိုက်ခံလိုက်ရတယ်..။တစ်ခုခုက အတော်မှားယွင်းသွားပြီး မှော်စွမ်းအင် ကျိုးပျက်သွားတာကြောင့် အသုံးမဝင်တဲ့ ကျောက်တုံးအဖြစ် ပြောင်းလဲသွားခဲ့ရတာပဲ..။ထိခိုက်မူက အရမ်းပြင်းထန်လို့ အခိုက်အတန့်ကတောင်..အဓိပ္ပါယ် ရှိရှိ လိုက်မမှီခဲ့ဘူး..။သူက ဒီအရာကို အမည်မသိ ..အမည်မသိလို့ပဲ ပြသနေခဲ့တာ.."

ဆန်နီ အသက်ကို ကြိုးစားပြီး ရူသွင်းနေခဲ့ရတယ်..။

ကျောက်တုံးသူတော်စင်ကိုလည်း အမည်မသိကပဲ ဖန်တီးထားခဲ့တာပါ..။သူမရဲ့ လက်နက်တွေကလည်း ဒီလိုပဲ ဆိုတာက အဓိပ္ပါယ်ရှိပါတယ်..။

ဘာပဲဖြစိဖြစ် ဒါက သိပ်ပြီးကိစ္စမရှိပေ..။ဒီ အကာအကွယ်က ဘာလို့ ကိုယ်တိုင် ပြန်မပြင်ဆင်နိုင်ပဲ ဒီတိုင်းရှိနေရတာလဲ ဆိုတာကို သူသိလိုက်ရပါပြီ..။

ဒါက အိပ်စက်သူ နဲ့ နိုးထသူတွေ ကြားထဲက ကွာခြားမူနဲ့ သက်ဆိုင်နေပါလိမ့်မယ်..။

အိပ်စက်သူတစ်ယောက်က စမ်းသပ်မူတွေကို ကျော်ပြီး ..ထွက်ပေါက်ကနေ ထွက်နိုင်ခဲ့ရင် စစ်မှန်တဲ့ နိုးထသူ တွေ ဖြစ်လာကြမှာပါ..။သူတို့ရဲ့ အိပ်မက်ကမ္ဘာထဲကို ဝင်တဲ့ နည်းလမ်းက ပြောင်းလဲသွားပြီး..သူတို့ရဲ့ ဒုတိယ စွမ်းရည် တွေလည်း ပွင့်ကြပါလိမ့်မယ်..။ပြီးတော့ သူတို့ရဲ့ အမြုတေလည်း နောက်တစ်ဆင့်ကို ရောက်ကြမှာပါ..။

ဒီအချိန်မှာ စွမ်းအင် အရည်အသွေးတွေက တိုးတက်လာမှာဖြစ်ပေမယ့်..ကွာခြားမူတွေက အရည်အသွေးတစ်ခု ဆီကနေ လာခဲ့တာပါ..။

All Chapters