← Chapters

လွတ်လပ်စွာ စျေးဝယ်ခြင်း

Vol. 12 Ch. 174

လွတ်လပ်စွာ စျေးဝယ်ခြင်း

Vol. 12 Ch. 174

အိပ်စက်သူတွေက..ဝိဥာဥ် အမြုတေ နဲ့ ဆက်နွယ်ပြီး စွမ်းရည်တွေ ရရှိသလိုပဲ..နိုးထသူတွေကလည်း ဝိဥာဥ် အဆီအနှစ်တွေကနေ ..ရရှိကြတာပါ..။သူတို့ရဲ့ ခန္တာကိုယ်ထဲကို..စီးဝင်စေခြင်းအားဖြင့်..ဒီစွမ်းအင်တွေကို ပိုသက်ရောက်အောင် အသုံးပြုနိုင်သလို..ပိုပြီး အကျိုးရှိကြပါလိမ့်မယ်..။

ခန္တာကိုယ်ထဲကို ဝိဥာဥ်အဆီအနှစ်တွေ စီးဝင်စေတာက..မှတ်သားမူတစ်ခုရဲ့..အထွတ်အထိပ် စွမ်းအင်ကို အသုံးချနိုင်ဖို့ အတွက် အရမ်းကို အရေးပါပါတယ်..။ဒီအချက်အပြင်..ကလန်တွေက သူတို့ရဲ့ မျိုးဆက်တွေကို ဘာလို့ အင်အားကောင်းတဲ့ လက်နက်တွေ မထည့်ပေးလိုက်တာလဲ ဆိုတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိပါသေးတယ်..။

ဒါက ဘာလို့လဲဆိုတော့ ရိုးရှင်းစွာပဲ သူတို့က အင်အားကောင်းတဲ့ လက်နက်တွေကို အသုံးမပြုနိုင်ကြသေးလို့ပါ..။ဂန်လောင်တောင်မှ သူ့ရဲ့ အထွတ်အထိပ် အဆင့် အကာအကွယ်ကို..သူ့ရဲ့ ခံနိုင်ရည် အား နဲ့ အသုံးပြုနေခဲ့ရပါတယ်..။နိုးထသူ တစ်ယောက်ရဲ့ လက်ထဲမှာသာ..ဒီ ရွှေရောင် အကာအကွယ် ရှိနေမယ်ဆိုရင် ပိုပြီးတော့..အားကောင်းလာမှာ အသေအချာပါပဲ..။

သူ့ရဲ့ ကျောက်တုံးသူတော်စင်ကတဆင့် ရထားတဲ့ အတွေ့အကြုံအရဆိုရင်..ဒီ အကာအကွယ်ကလည်း ထူးဆန်းတဲ့ သားရဲဆီကနေ လာခဲ့တယ် ဆိုတာကို သူသိထားပါတယ်..။တစ်ခြား မှတ်သားမူတွေနဲ့ မတူတာက ဒီအရာက ကိုယ့်ကိုကို ပြန်လည်ပြုပြင်နိုင်စွမ်းမရှိတာကြောင့်..အဓိက စွမ်းရည် ပျက်ဆီးသွားတဲ့ အချိန်မှာ ကျောက်တုံးတစ်တုံး သာသာပဲ ရှိနေတော့တာပါ..။

ဒီတော့ အကာအကွယ် ထိခိုက်ခံရပြီဆိုရင်..ဝိဥာဥ် အဆီအနှစ်နဲ့ ပြလည် နှိုးထစေပြီး..သူ့ရဲ့ အစစ်အမှန်ပုံစံကို ပြန်လည်ပြုပြင်ခိုင်းဖို့လိုအပ်ပါလိမ့်မယ်..။သို့ပေမယ့်..မေ့ပျောက်ကုန်းမြေပေါ်က ဘယ်အိပ်စက်သူကမှ ဝိဥာဥ် အဆီအနှစ်လမ်းကြောင်းတွေ မဖန်တီးနိုင်တာကြောင့်..ဒီကလူသားတွေအတွက်..အသုံးမဝင်တဲ့ အရာတစ်ခု ဖြစ်နေခဲ့ပါတယ်..။

'ဘယ်လောက် ရှက်ဖို့ကောင်းလဲ...ဒီအရာကို အရူးတွေဆီက တန်ဖိုးအနည်းငယ်နဲ့ ဝယ်ပြီး ငါ့ရဲ့ အရိပ်ကို ကျွေးလို့ ရပြီ...'

ဒီအရာက ပြန်ပြင်လို့ရသေးလား မရတော့ဘူးလားဆိုတာကို ဆန်နီ စိတ်မဝင်စားတော့ပါဘူး..။သူ ဂရုစိုက်တာက..ဒီ တက်ရောက်မူ အကာအကွယ်ကို

ကျောက်တုံးသူတော်စင် က စားသုံးနိုင်တော့မှာပါ..။ဒီအရာက သူမနဲ့ အရင်းအမြစ်တူတာကြောင့် အမှတ် အပိုရတာတောင်ဖြစ်နိုင်ပါတယ်..။

သို့ပေမယ့်..သူမက တူညီတဲ့ အရင်းအမြစ်ကဆိုရင် ဝါးမြိုဖို့ ငြင်းဆန်မှာလားလို့ သူတွေးမိလိုက်တယ်..။သို့ပေမယ့် သူမက အရိပ်ဖြစ်နေပြီ ဖြစ်တာကြောင့် ဒါတွေကို သိတော့မှာ မဟုတ်ပါဘူး..။သူ့ စိတ်ဆန္ဒက သူမရဲ့ စိတ်ဆန္ဒပဲ မဟုတ်ဘူးလား..။

အခု ကျန်တာဆိုလို့..သူလိုအပ်နေတာတွေကို ဝယ်ဖို့ပါပဲ..။

ဆန်နီ ပြောလိုက်တယ်..။

"ဒီတော့..ဒါက..အာ...ဒီတိုင်း အလှဆင်ထားတာပေါ့..။ဘယ်လောက်တောင် ..ဆိုးလိုက်လဲ.."

ဆန်နီ ခေါင်းခါယမ်းပြီး..အကာအကွယ်ဆီ အကြည့်ကို ကြိုးစားလွှဲကာ ဆက်ပြီး လှည့်ပတ်ကြည့်လိုက်ပါတယ်..။

ဆယ်မိနစ်လောက်ကြာပြီးတဲ့ နောက်မှာ..သူက ကိုင်ဆီကို လျောက်သွားလိုက်ပြီး..အထုပ်တစ်ထုပ် ကမ်းပေးလိုက်တယ်..။ယင်းနောက် သူလိုချင်တဲ့ မှတ်သားမူ တွေ ရဲ့ နာမည်တွေကို ပြောပြလိုက်ပါတယ်..။

ခန့်ညားတဲ့ လူငယ်လေးဟာ မျက်တောင် အနည်းငယ် ခတ်ပြီး ပြောလာခဲ့တယ်..။

"ခနလေး..မင်းက နောက်နေတာမဟုတ်ဘူးလား..။မင်း တကယ် မှတ်သားမူ ဆယ်ခုတောင် ဝယ်ချင်တာလား..."

ဆန်နီ သူ့ကို မျက်မှောင်ကျုတ်ကြည့်ကာ ပြောလိုက်တယ်..။

"မင်း အသံကို တိုးထား..။လူတွေက ဒီဟာကို မင်းအတွက် ဝယ်တယ်လို့ သိထားဖို့လိုအပ်တယ်..မှတ်ထားပါ..."

ကိုင် တွေဝေနေပြီးကာမှ သတိပေးလိုက်တယ်..။

"ဆန်နီ..သူငယ်ချင်း..တစ်မျိုးတော့ မထင်ပါနဲ့..။ဒါပေမဲ့ မှတ်သားမူတွေက ဘယ်လောက် ကုန်ကျမယ်ဆိုတာကိုတော့ မင်းသိတယ်မလား.."

ဆန်နီ ပြန်ဖြေနေမယ့်အစား အထုပ်ကို လက်ဟန် ပြလိုက်တယ်..။

"ဖွင့်ကြည့်လိုက် အရူး..."

လေးသည်တော်ဟာ သက်ပြင်းချလိုက်ပြီး အထုတ်ကို ဖွင့်ကြည့်လိုက်တယ်..။

.ယင်းနောက် ..သူ လွတ်ကျတော့မလိုတောင် ဖြစ်သွားခဲ့ပါတယ်..။

အိတ် ထဲမှာတော့..အမြုတေတွေ ဒါဇင်နဲ့ချီပြီး တောက်ပနေခဲ့တယ်..။အနည်းဆုံးတော့ ဒီအထဲမှာ ပအခု ၇၀ ဝန်းကျင်တော့ ရှိမှာပါ..။

ကိုင်ရဲ့လက်တွေက တုန်ရီနေခဲ့တယ်..။သူ ခေါင်းကိုမော့ပြီး ဆန်နီကို စိုက်ကြည့်ကာ ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ မေးလိုက်တယ်..။

"ဆန်...ဆန်နီ...။မင်း ဒီအမြုတေတွေကို ဘယ်ကနေ ရခဲ့တာလဲ..."

အမြုတေ ၇၀ ဆိုတာက..အနက်ရောင်မြို့တော်ထဲက လူတွေ တစ်သက်လုံး မြင်ခဲ့ဖူးတာထက်တောင် ပိုများပါတယ်..။ဒီအထုပ် ထဲမှာ ရှိနေတဲ့ ပမာဏက..သွေးချောင်းစီးနိုင်တဲ့ အခြေနေ အနည်းငယ်ကို ဖြစ်လာနိုင်ဖို့ တောင် လုံလောက်တယ် ဆိုရင်လည်း မမှားပါဘူး..။

ဆန်နီ သူ့က်ို ကြည့်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။

"မင်းဘာကိုဆိုလိုတာလဲ..။ဒီဟာတွေက ငါ့ရဲ့ အိပ်ခန်းထဲမှာ စုထားတာလေ..။ငါ ထပ်ပြီးယူလာမလိုပဲ..ဒါပေမဲ့ အိတ်က မဆန့်တော့လို့.."

ကိုင် ဒီဟာတွေကို ကြည့်ရင်း သတိလစ်မလိုတောင်ဖြစ်နေခဲ့တယ်..။ယင်းနောက် သူ ရှက်ရွံ့သွားခဲ့ပါတယ်..။

'အာ...ငါက အစတုန်းက ချမ်းသာတာကို ကြွားပြီး သူ့ကို အမြုတေ ဆယ်ခု ပေးမယ်လို့ ကတိပေးခဲ့တာလေ..'

ဆန်နီ စိုက်ကြည့်နေတဲ့ အချိန်မှာပဲ လေးသည်တော်ရဲ့ မျက်နှာပေါ်မှာ အရိပ်တစ်ခု ဖြတ်သွားခဲ့တယ်..။သူက အသံကို တိုးထားပြီး ပြောလာခဲ့ပါတယ်..။

"ခနလေး..ဆန်နီ..။မင်းက အိပ်ခန်းလို့ ပြောလိုက်တာလား.."

ဆန်နီ မျက်ခုံးပင့်တင်လိုက်တယ်..။

"သေချာတာပေါ့ ..။ဘာဖြစ်လို့လဲ.."

ကိုင်က မျက်လုံးတွေကို ပိတ်လိုက်ပြီး..

"ဒီတော့ မင်းက ဘုရားကျောင်းပျက်ထဲမှာ တကယ်နေနေတာပေါ့.."

ဒီအချက်နဲ့ ပတ်သက်ပြီးတော့ သူက ငြင်းစရာဘာအကြောင်းမှ မရှိပေ..။

"ဒါ အမှန်ပဲ.."

သူက ဆန်နီကို စိတ်ဝင်စားတဲ့ အကြည့်တွေနဲ့ကြည့်ပြီး မေးလိုက်တယ်..။

"ဒါဆို ကျရှုံးမူအဆင့် သားရဲကရော..။ဘုရားကျောင်းပျက်ထဲမှာ တကယ်ပဲ ကျရှုံးမူ အဆင့် သားရဲ ရှိနေတာလား..."

ဆန်နီ သူ့ကို ရှုပ်ထွေးစွာကြည့်လိုက်ပြီး..

"အဲ့ခွေးသားလား..။အင်း..ရှိတယ်လေ..။ဘာဖြစ်လို့လဲ..."

ကိုင် ရဲ့ ပါးစပ်ကနေ တုန်လှုပ်တဲ့ အသံတစ်ခု ထွက်လာခဲ့တယ်..။သူ ခေါင်းခါယမ်းလိုက်ပြီး တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့် ပြန်ပိတ်သွားခဲ့ပါတယ်..။သူက နံရံကိုသာ အချိန်ကြာအောင် ကြည့်နေခဲ့တယ်..။

သူ့ကြည့်ရတာ ဒီကမ္ဘာကြီးရဲ့ ဘယ်အရာကမှ အဓိပ္ပါယ် မရှိဘူးဆိုတာကို နားလည်သဘောပေါက်သွားတဲ့ ပုံပါပဲ..။

ကိုင် အသိစိတ်ပြန်ဝင်လာတဲ့ အချိန်ရောက်မှာ သူ့ရဲ့ ဆွဲဆောင်မူ ရှိတဲ့အသံက အသက်မဲ့စွာပြန်ထွက်လာခဲ့ပါတယ်..။

"ငါ..ငါ မှတ်သားမူတွေ သွားဝယ်လိုက်ဦးမယ်.."

ဆန်နီ သူ့ကို တောက်ပစွာ ပြုံးပြလိုက်ပြီး

"အကောင်းဆုံးပဲ..။ကျေးဇူးပါ.."

ခေါင်းခါယမ်းရင်းနဲ့ပဲ..လေးသည်တော်ဟာ စတိဗ်ကို ခေါ်လိုက်ပြီး..ကျောက်တုံးအကာအကွယ် အပါအဝင် တစ်ခြား မှတ်သားမူတွေကို ဝယ်ယူလိုက်ပါတယ်..။

နာမည်တစ်ခုစီ ကို ပြောလိုက်တိုင်း ..စတိဗ်ရဲ့ အမူအရာက ပိုပိုပြီး ထူးဆန်းလာခဲ့တယ်..။အဆုံးမှာတော့ သူ မနေနိုင်တော့ပါဘူး..။

"..အာ...နိုက်..ဘော်ဒါ..။ငါက မိတ်ဆွေလေး ဆန်နီ နဲ့ မင်းရဲ့ အကြံဥာဏ်တွေကို အပြစ်ပြုတာတော့ မဟုတ်ဘူး..ဒါပေမဲ့ မင်းရွေးထားတဲ့ ဆယ်ခုက ဒီမှာရှိနေတဲ့ အဆိုးဆုံး ဆယ်ခုပဲနော်..။တကယ်လို့ တစ်ခြားတစ်ယောက်ယောက်ဆိုရင် ..ငါ ပျော်ပျော်ကြီးပေးလိုက်မိမှာ .။ဒါ..ဒါပေမဲ့ ငါမင်းအပေါ်ကို တော့ ဒီလို ကြီး မလုပ်နိုင်ဘူး..။ကျေးဇူးပြုပြီး..ပြန်ရွေးပါဦး..."

ကိုင် က ဆန်နီကို လှမ်းကြည့်လိုက်ပြီး ဘာလုပ်ရမလဲ ဆိုတာကို မေးလိုက်တယ်..။သူကလည်း သူ့ရဲ့ မိတ်ဆွေ အသစ်ကို အမှားလုပ်မိစေချင်ပုံ မရပါဘူး..။

ဆန်နီ ပြုံးလိုက်ပြီး..

"အဆိုးဆုံး လို့ ပြောလ်ိုက်တာလား..။ခင်ဗျား ကိုယ့်ပါးစပ်နဲ့ ကို ပြောလိုက်တာနော် ဟုတ်တယ်မလား..။ဒီက လူတိုင်းကြားလိုက်တယ်..။ဒီလိုဆိုရင်တော့ ကျုပ်တော့ကို စျေးလျော့ပေးဖို့သာ ပြင်ထားပေတော့..."

စတိဗ်ကတော့ သူ့ကို ကိုးရိုးကားရားနိုင်တဲ့ အကြည့်နဲ့ကြည့်နေခဲ့တယ်..။ယင်းနောက် သူပြောလိုက်ပါတယ်..။

"မင်း နားမလည်ဘူးထင်တယ်..။ငါ အဆိုးဆုံးလို့ပြောလိုက်တာက..ဒီ ဟာတွေက အမှိုက်တွေလို့ ဆိုလိုတာပဲ..။လုံးဝ အမှိုက်တွေ..။အမှိုက်ဆိုတာကိုတော့ မင်း နားလည်တယ် မလား..."

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..

"ကောင်းပြီ..စကားပုံတစ်ခုကို ခင်ဗျားကြားဖူးလား..။တစ်စုံတစ်ယောက်ရဲ့ အမှိုက်က တစ်ခြားတစ်ယောက်ရဲ့ မနက်စာပဲ..။ခနလေး..မဟုတ်သေးဘူး..တစ်ခြားလူရဲ့..ဘာလဲ...ရတနာလား..။ဟုတ်တယ် ရတနာ..။အဲလိုပဲ..."

***

ရဲတိုက်ထဲက ဘယ်သူမှ မရှိတဲ့လူသွားလမ်းတစ်ခုမှာတော့..ကိုင်ဟာ ဆန်နီရဲ့လက်ကို ကိုင်ထားခဲ့တယ်..။ခနအကြာမှာတော့ တောက်ပတဲ့ စွမ်းအင်တွေက သူတို့နှစ်ယောက်ကြားထဲကို စီးဆင်းသွားခဲ့ပါတယ်..။

ဆန်နီ ခေါင်းကို ငုံ့ပြီး တိတ်တဆိတ် နားထောင်နေခဲ့တယ်..။မကြာခင်မှာပဲ သူက အခိုက်အတန့်ရဲ့ ရင်းနှီးတဲ့ အသံကိုကြားလိုက်ရပါတယ်..။

[ သင် မှတ်သားမူ တစ်ခုကို ရရှိခဲ့ပါပြီ..]

[ သင် မှတ်သားမူ တစ်ခုကို ရရှိခဲ့ပါပြီ ..]

[ သင် မှတ်သားမူ တစ်ခုကို ရရှိခဲ့ပါပြီ ..]

ဆယ်ကြိမ်ဆက်တိုက် ကြေညာပြီးနောက်မှာတော့ ဒါက ပြန်ပြီး တိတ်ဆိတ်သွားခဲ့တယ်..။

ဆန်နီ ပြုံးလိုက်တယ်..။ဒီလိုနဲ့ပဲ သူ့ရဲ့ အရိပ်ကို ကျွေးဖို့..မှတ်သားမူ ဆယ်ခု ရခဲ့ပါပြီ..။သူက တက်ရောက်မူ အဆင့် ၆ ရှိတဲ့ အကာအကွဟ်ကို ရယ်စရာ ပမာဏဖြစ်တဲ့ အမြုတေ ၇ ခုနဲ့တောင် ရခဲ့ပါသေးတယ်..။

ဘယ်လိုစျေးလျော့မူမျိုးလဲ..။

'အာ..ချမ်းသာရတာက တကယ် ကောင်းတာပဲ..'

သို့ပေမယ့် မကြာခင်မှာပဲ သူ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့တယ်..။အဲဒီအစား သူ့မျကိလုံးထဲမှာ နက်မှောင်တဲ့ အမူအရာတွေ ပေါ်လာခဲ့ပါတယ်..။

အခုက နစ်ဖီ နဲ့စကားပြောဖို့ အချိန်ရောက်ပါပြီ..။

All Chapters