ပြန်ပေါင်းစည်းမူ
Vol. 12 Ch. 175
လမ်းတစ်လျောက်လုံးမှာတော့ ကိုင်က ထူးဆန်းစွာပဲ တိတ်ဆိတ်နေခဲ့တယ်..။ဆန်နီ မှာလည်း တွေးစရာ တွေ ရှိနေတာကြောင့်..သူ ဒါကို ဂရုမစိုက်ခဲ့ပါဘူး..။
သူတို့နေထိုင်ခဲ့တဲ့ နေရာကို ပြန်လာတဲ့ အချိန်မှာတော့..သူ မတွေ့ချင်တဲ့ အရာ ၊ မခံစားချင်တဲ့ အရာနဲ့..နောက်တစ်ကြိမ် ပြန်ကြုံမတွေ့ ချင်တဲ့ အရာတွေ အများကြီးရှိပါတယ်..။ကတိတွေကို ဂရုမစိုက်ပဲ သူ့ရဲ့ ဘုရညးကျောင်းဆီကိုပဲ ပြန်သွားရင်ကောင်းမလားလို့တောင် သူ တစ်ခနလောက်တွေးမိလိုက်တယ်..။
ဒါပေမဲ့ ဘာလို့ ဒီလိုလုပ်ရမှာလဲ..။သူက ဒီကို ပြန်လာချင်ပါတယ် လို့ ပြောနေတဲ့လူ မဟုတ်ပါဘူး..။နစ်ဖီကသာ သူ့ရဲ့ အကူအညီကို လိုချင်ခဲ့တာပါ..။
'မင်း ဂရုမစိုက်တဲ့ ပုံစံသာ ဟန်ဆောင်နေလိုက်..။ပြီးတော့..သူတို့ မင်းကို လုပ်စေချင်တဲ့ အရာတွေ အတွက်..အဖိုးအခကို တောငိးရမယ်..။အခု မင်းက အပြင်လူဖြစ်နေပြီဆိုတော့..မင်းရဲ့ ဝန်ဆောင်မူက စျေးပေါလို့ မဖြစ်ဘူး..'
ဟုတ်တယ်..ဒါက အကောင်းဆုံး ရွေးချယ်မူပဲ..။သူ စိတ်မဝင်စားတဲ့ ဘယ်အကြောင်းအရာ ကိုမှ သူ သဘောတူညီမှာ မဟုတ်ပါဘူး..။ပြီးတော့..ပြောင်းလဲနေတဲ့ကြယ်ပွင့်..နဲ့ သူ့ရဲ့လူတွေကို သူ့ကို ထောက်ပံ့ပေးနိုင်တဲ့ အရာတွေ အများကြီး ရှိနေပါသေးတယ်..။
အထူးသဖြင့် သူ့ဆီမှာ အရမ်းလုပ်ချင်နေတဲ့ အရာတစ်ခု ဖြစ်ပြီး..အဲတာကို သူတစ်ယောက်တည်း လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး..။သူတို့က ဒီကိစ္စအတွက် သူ့ကို ကူညီပေးတာဖြစ်နိုင်ပါတယ်..။
သူတို့ နေထိုင်ရာ နေရာကို ရောက်လာတဲ့ အချိန်မှာတော့ ကိုင်က ရုတ်တရက် လေးနက်တဲ့ အသံနဲ့ မေးလိုက်တယ်..။
"ဆန်နီ...မင်း ငါ့ကို ဘာလို့ အတူခေါ်လာတာလဲ..."
ဆန်နီ သက်ပြင်းချလိုက်တယ်..။ခန့်ညားတဲ့ လေးသည်တော်ကို ကြည့်လိုက်ပြီး..သူ တွေဝေစွာပြောလိုက်ပါတယ်..။
"ငါ အလိမ်ခံနေရလား ဆိုတာကို မင်းကို ကြည့်ပေးစေချင်လို့..."
ကိုင် မျက်မှောင်ကျုတ်လိုက်ပြီး..
"မိန်းကလေး နစ်ဖီက မင်းရဲ့ သူငယ်ချင်းလို့ ငါက ထင်နေတာ..။မင်းက ဘာလို့ သူမကို စိတ်ပူနေတာလဲ.."
ဆန်နီ ရယ်မောလိုက်တယ်..။
သူမ က သူငယ်ချင်းတစ်ယောက်လား..။သူတို့ နှစ်ယောက်က အမှန်တကယ်ပဲ ဘာတွေလဲ ဆိုတာကိုတောင် သူ မသိတော့ပါဘူး..။အဆိုးဆုံးအနေနဲ့..သူတို့ဘယ်လိုတွေ ဖြစ်လာကြမလဲ ဆိုတာကိုတောင် မသိနိုင်ပေ..။
"သူမက မင်းရဲ့ သတိကို အမြဲတမ်း လက်မလွတ်သင့်တဲ့ သူငယ်ချင်း မျိုးပဲ.."
သူ ခနလောက်တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်..။
"ကတ်စတာ ဆိုတဲ့ ငနဲ တစ်ယောက်လည်း ရှိသေးတယ်..။အထူးသဖြင့် သူက ငါမယုံကြည်ရတဲ့ လူတစ်ယောက်ပဲ.."
လေးသည်တော်ဟာ မျက်ခုံးပင်လိုက်ပြီး..
"ငါကတော့ ကတ်စတာ ရဲ့ ကောင်းကြောင်းတွေပဲ ကြားနေရတာပါ..။ဘာလို့ သူက အထူးသဖြင့် ဖြစ်ရတာလဲ.."
ဆန်နီဟာ သူ့ကို တစ်ချက်လှမ်းကြည့်ပြီး မျက်နှာပျက်သွားခဲ့တယ်..။အရိုးသားဆုံးပြောရရင် သူ့ရဲ့ ရန်လိုမူတွေကို ရင်ဆိုင်ရဖို့အတွက် ကတ်စတာက ဘာမှ ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာ မရှိပါဘူး..။သို့ပေမယ့် ဂုဏ်ယူရတဲ့ ဆက်ခံသူ က ဆန်နီကို ရင်းနှီးတဲ့ ခံစားချက်တွေကို ပေးစွမ်းနေခဲ့ပါတယ်..။
သူက အရမ်းကိုပြီးပြည့်စုံနေခဲ့တာပါ..။ဆန်နီရဲ့ အတွေ့အကြုံအရဆိုရင်..ဆိုးယုတ်တဲ့ ရည်ရွယ်ချက် ရှိတဲ့လူတွေပဲ..ဒီလို အပြစ်ကင်းအောင် နေထိုင်နိုင်ပါလိမ့်မယ်..။
"သူ့က ငါ့ကို ကျောချမ်းစေတယ်.."
ဒီအဖြေကို ကျေနပ်သွားပုံရတဲ့ ကိုင်က..ပုခုံးကို တွန့်လိုက်ပြီး ဆန်နီ နောက်ကနေ လိုက်သွားခဲ့တယ်..။
သူ ထွက်သွားပြီးကတည်းက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အမဲလိုက်အဖွဲ့က အတော်လေးကို ပြောင်းလဲနေခဲ့ပါပြီ..။သူတို့ အရင်က နေထိုင်ခဲ့တဲ့ နေရာက သိပ်မဆိုးဘူးလို့ ပြောလို့ရပေမယ့်..အခုဆိုရင် ပိုပြီးတော့တောင် အားကျဖို့ကောင်းနေခဲ့ပါပြီ..။
သူ့ မျက်လုံးကို ဖမ်းစားစေတဲ့ အရာက..နေထိုင်တဲ့နေရာရဲ့ အရွယ်အစားက ပိုပြီး ကြီးမားလာတာပါပဲ..။သူ မရှိတဲ့ အချိန်အတော်အတွင်းမှာ..အဆောက်အဦးအသစ်တွေကို ဘေးဘက်မှာရော ၊ အပေါ်ဘက်မှာရော တိုးချဲ့ ဆောက်လုပ်ထားပါတယ်..။အခုတော့ ဒါက အပြင်ဘက် လူနေရပ်ကွက်ရဲ့ အကြီးဆုံး အဆောက်အဦး တစိခုတောင်ဖြစ်နေခဲ့တယ်..။
အထဲမှာတော့ လူတွေ အများကြီးက များပြားလှတဲ့ အလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့ကြတယ်..။ဆန်နီ အထဲက အခြေအနေတွေကို မြင်ပြီး..ခနတာလောက် အေးခဲသွားခဲ့တယ်..။
သူက ရဲတိုက်ထဲကို မတော်တဆ ပြန်ရောက်သွားတယ် လို့တောင်..ထင်လိုက်မိပါတယ်..။အထဲပိုင်းမှာက ကျောက်တုန်းကြမ်းပြင်တွေမှာ နွေးထွေးတဲ့ ကော်ဇော တွေကို ခင်ထားခဲ့ပြီး..များပြားလှတဲ့ ပန်းချီကားတွေကိုလည်း နံရံတွေမှာ ချိတ်ဆွဲထားခဲ့ပါသေးတယ်..။မဟုတ်ဘူး..အဓိက ပြောင်းလဲနေတာက ဒီကလူတွေ ပြုမူနေကြတဲ့ ပုံစံပဲ..။
သူတို့ရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်မဲ့မူတွေဆိုတာ မရှိတော့ပေ..။အဲဲဒီအစား..ခွန်အားနဲ့ တက်ကြွမူတွေ ရောက်လာခဲ့ကြပါပြီ..။ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
'ဂန်လောင်က ဘာလို့ ဒီအရာတွေကို အဆုံးမသတ်သေးတာလဲ..'
သူ့ အမြင်အရဆိုရင်တော့..နစ်ဖီ ရဲ့ တည်ရှိမူက ဖျက်ဆီး ခံရသင့်နေပါပြီ..။ဒီအရာတွေက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..။
သူ့ရဲ့ အတွေးတွေကို..မိန်းမငယ်လေး တစ်ယောက်ရဲ့ နှုတ်ဆက်မူက ကြားဖြတ်ဝင်လာခဲ့တယ်..။
"ကြိုဆိုပါတယ်...တစ်ခုခု များ ကူညီပေးရမလား.."
ဆန်နီဟာ ..ပြုံးနေတဲ့မိန်းကလေးကို ကြည့်ပြီး သူသိတဲ့ လူများဖြစ်နေမလားလို့ စဥ်းစားနေခဲ့တယ်..။သူ့စိတ်ထဲကို ဘယ်သူမှ ရောက်မလာခဲ့ပါဘူး..။သူ့ရဲ့ သုန်မုန်နေတဲ့ အမူအရာကို ဖယ်ရှားဖို့ကြိုးစားလိုက်ရင်း ပုံမှန်လေသံနဲ့ပြန်ဖြေလိုက်တယ်..။
" နစ် က..ငါ့ကို စောင့်နေတယ်.."
မိန်းမငယ်လေးဟာ မျက်တောင်ခတ်လိုက်တယ်..။
"အာ...တောင်းပန်ပါတယ်..။နစ် က ဘယ်သူ လဲရှင့်.."
ဆန်နီ ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်..။
"တောငိးပန်ပါတယ်..။မိန်းကလေး နစ်ဖီ က စောင့်နေလို့ပါ..။သိတယ်မလား...အင်မော်တယ် မီးတောက်ကလန် ရဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်..လေ.."
မိန်းမငယ်လေးရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်..။
"အိုး..သိပါပြီ..။လမ်းပြပေးပါရစေ.."
ဆန်နီဟာ..သူ လမ်းတွေကို သိတယ်လို့ ပြန်ပြောလိုက်ချင်ပေမယ့်..အမှန်အတိုင်းပြောရရင် လမ်းတွေကို မှတ်မိသေးရဲ့လားတောင် မသေချာတော့ပါဘူး..။ဒီ ခြံဝန်းထဲမှာ အရာအားလုံးပြောင်းလဲနေတာကြောင့် ဘယ်နေရာမှာ ဘာရှိလဲဆိုတာကို မသိတော့ပေ..။
လမ်းတစ်လျောက်မှာတော့...သူနေခဲ့တဲ့ အခန်းကျဥ်းလေးကို ဖြတ်လျောက်လာခဲ့ကြတယ်..။အခန်းဝကို ရောက်တဲ့ အချိန်မှာ..ဆန်နီ အထဲကို လှမ်းကြည့်လိုက်တာကြောင့်..တစိယောက်ယောက် နေနေတယ်ဆိုတာကို သိလိုက်ရပါတယ်..။
အမှန်တော့..ပိုင်ရှငိအသစ်ရဲ့ အသုံးအဆောင် ပစ္စည်းအနည်းငယ်ကို မြင်ပြီး သူ မှတ်မိနေပါတယ်..။ဒါတွေက ကတ်စတာ ရဲ့ ဟာတွေပါ..။သူ့ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့တယ်..။
ကြည့်ရတာတော့ သူ့နေရာကို..ဟန်လီ ကလန်ရဲ့ မျိုးဆက်သစ် လေးက အစားထိုးသွားတဲ့ ပုံပါပဲ..။ကောင်းပြီ..ဘာပဲဖြစ်ဖြစိပေါ့..။သူ့ရဲ့ ဇိမ်ကျတဲ့ ဘုရားကျောင်းထဲက လျိုဝှက်ခန်းနဲ့စာရင် ဒီ အခန်းကျဥ်းလေးက သက်သောင့်သက်သာ မရှိလှပေ..။
နောက်ဆုံးမှာတော့..မိန်းမငယ်လေးက..သူတို့ ခန်းမအဖြစ် အသုံးပြုခဲ့ကြတဲ့ နေရာကို ရောက်လာခဲ့ပါတယ်..။အခုအချိန်မှာတော့ ..ဒီအခန်းကို တစ်ခြားနေရာတွေ နဲ့ သီးခြားဖြစိနေအောင် ထူထဲတဲ့ သစ်သား နံရံကြီး နဲ့ ပိုင်းခြားထားခဲ့ပါတယ်..။သစ်သားနံရံမှာ တံခါးတစ်ချပ်ပါရှိနေခဲ့တယ်..။
ဆန်နီ အသက်ကို ပြင်းပြင်း တစ်ချက် ရူလိုက်ပြီး အထဲကို လျောက်ဝင်သွားခဲ့ပါတယ်..။
သူ အရင်တုန်းက အချိန်တွေကိုတောင် ပြန်ပြီး သတိရနေမိတာပါ..။
...သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ပေါင်းစည်းမူမှာ..ပေါ့စတား တစ်ယောက်ပါ ရှိနေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ..။
အခန်းအတွင်းမှာတော့..ပြတင်းပေါက်ကနေ တဆင့် အနက်ရောင် မြို့တော်ရဲ့ ရင်သပ်ရူမောဖွယ် မြင်ကွင်းကို မြင်နေခဲ့ရပါတယ်..။ဘေးနားက နံရံပေါ်မှာတော့..အပျက်အစီး မြေပုံတစ်ချပ်ရှိနေပြီး..အသုံးဝင်တဲ့ အမှတ်အသားတွေ အများကြီးကို ပြုလုပ်ထားခဲ့တယ်..။ဒီအရာတွေက အရင်ကထက်ပိုပြီး သိပ်သည်းလာသလိုပါပဲ..။
ပြတင်းပေါက်နားမှာတော့ ကြီးမားတဲ့ သစ်သား စားပွဲတစ်လုံးရှိနေခဲ့ပြီး..လက်လုပ် ထိုင်ခုံ ခုနှစ်လုံး ရှိနေခဲ့တယ်..။လတ်တလောမှာတော့ ..ဒီထိုင်ခုံတွေမှာ နှစ်ယောက်သာ ထိုင်နေခဲ့ပါတယ်..။
ခုံတစ်လုံးမှာတော့ အယ်ဖီက ထိုင်နေခဲ့ပြီး သူမရဲ့ ခြေထောက်တွေက..စားပွဲတွေပေါ်ကိုတင်ထားခဲ့တယ်..။သူမက အမြဲတမ်း သက်သောင့်သက်သာ နဲ့ စိတ်လွတ်လပ် နေခဲ့တာပါ..။သူမရဲ့ဘေးနားက ထိုင်ခုံမှာတော့..ချောမောတဲ့ မျက်မမြင်မိန်းကလေး တစ်ယောက်က..ခွက်တစ်ခွက် ကိုင်ထားရင်း ထိုင်နေခဲ့ပါတယ်..။ဒါကတော့ ကတ်စီပါ..။
နစ်ဖီ နဲ့ ကတ်စတာ တို့ကတော့ မြေပုံနားမှာ ရပ်နေရင်း..တစ်ခုခု အကြောင်းကို ဆွေးနွေးနေခဲ့ကြတယ်..။
သူတို့လေးယောက်က..အင်မော်တယ် မီးတောက် မုဆိုး အဖွဲ့ရဲ့ ပင်မ အဖွဲ့ဝင်တွေပါ..။
ဆန်နီ နဲ့ ကိုင်..အထဲကို ဝင်လာတဲ့ အချိန်မှာတော့ လူတိုင်းက လှည့်ကြည့်လိုက်ကြတယ်..။
ဆန်နီ က ရဲရင့်တဲ့ မျက်နှာအမူအရာ ဖန်တီးလိုက်ပြီး အားတင်း ပြုံးလိုက်တယ်..။
"အိုး..ရင်းနှီးတဲ့ မျက်နှာတွေချည်းပါပဲလား..။ဟိုင်း အားလုံးပဲ..။ငါ့ကို ဘယ်လောက်တောင် လွမ်းနေတယ်ဆိုတာကတော့ ပြောဖို့မလိူတော့ပါဘူး..။ဘာပဲဖြစ်ဖြစ်..ဒါက ကိုင်...။ကိုင် ..အားလုံးကို နှုတ်ဆက်လိုက်ဦး..။ဒါက ကတ်စီ ၊ ကတ်စတာ နဲ့ အယ်ဖီ ပဲ..။နစ်ဖီ ကိုတော့ မင်း သိထားပြီးပြီ..."
သူ့ကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပြီး..ခန်ညားတဲ့ လေးသည်တော်ဟာ..အနည်းငယ်ပြုကာ ဆွဲဆောင်နိုင်စွမ်းရှိတဲ့လေသံနဲ့ပြောလိုက်တယ်..။
"အာ...ဟဲလို..။မိန်းကလေး နစ်ဖီ ၊ ကတ်စီ ၊ ကတ်စတာ..၊ မုဆိုးမိန်းကလေး အယ်သီနာ ..။တွေ့ရတာ ဝမ်းသာပါတယ်.."
ကတ်စီ က တခစ်ခစ် ရယ်မောလိုက်ပြီး..
"ဟင်..ငါ တကယ်ကို မယုံကြည်နိုင်ဘူး..။ငါ့ နာမည်ကို နိုက်တင်ဂေး အဖွဲ့ရဲ့ နိုက် က ပြောနေသလို ခံစားရတယ်..။ရူးလောက်စရာပဲ ..ဟုတ်တယ်မလား.."
ကိုင်..မျက်တောင်ခတ်လိုက်ပြီး..
"အ်ိုး..ဆောရီး..။ငါက တကယ်ပဲ နိုက်တင်ဂေး အဖွဲ့ရဲ့ နိုက် ပါ.."
အယ်ဖီ ရှေ့ကို တိုးလိုက်ပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်တယ်..။
အဲ့အချိန်မှာတော့ ကတ်စီရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့ပါတယ်..။သူမက ထိပ်လန့်တဲ့ ပုံစံဖြစ်သွားခဲ့တယ်..။သူမလက်တွေက တုန်ရီလာပြီး..လက်ထဲမှာ ကိုင်ထားတဲ့ ခွက်က အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။
ကြမ်းပြင်နဲ့ ထိခါနီး ဖြစ်နေတဲ့ ခွက်ကို လှမ်းဖမ်းလိုက်ပြီး..အယ်ဖီက သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်တယ်..။
"အမြဲတမ်းပဲ...ဒီလိုမျိုးက အမြဲတမ်း ဖြစ်နေတာ.."
ဆန်နီ မျက်မှောင်ကျုတ်ပြီး..ချောမောတဲ့လေးသည်တော်ကို အထင်သေးစွာကြည့်လိုက်မိတယ်..။
' အိုး ..လုပ်စမ်းပါ..။ဒီလောက်အထိ တုန့်ပြန်ဖို့ တကယ်လိုအပ်လို့လား....'