← Chapters

ရှင်းလင်း လာခြင်း

Vol. 12 Ch. 176

ရှင်းလင်း လာခြင်း

Vol. 12 Ch. 176

သူရောက်ရှိလာတာကို အခန်းထဲက လေးယောက်စလုံးက မတူညီတဲ့ ပုံစံနဲ့ တုန့်ပြန်ခဲ့ကြပါတယ်..။

နစ်ဖီကတော့ ခါတိုင်းလိုပဲ မပြောင်းလဲစွာ ရှိနေခဲ့တယ်..။သို့ပေမယ့်..သူမရဲ့ တည်ငြိမ်တဲ့ မျက်လုံးတွေရဲ့ နက်ရှိုင်းတဲ့ အစိတ်အပိုင်းထဲမှာ..စိုးရိမ်ပူပန်မူတွေ ရှိနေတယ် ဆိုတာကိုတော့ ဆန်နီ သတိထားမိနိုင်ခဲ့ပါတယ်..။

ကတ်စတာက သူ့ကို ချိုသာတဲ့ အပြုံးနဲ့ နှုတ်ဆက်လာခဲ့ပေမယ့်..ဒီနောက်မှာတော့ အေးစက်မူတွေ ဖုံးကွယ်နေခဲ့တယ်..။ကြည့်ရတာတော့ ခန့်ညားတဲ့ ဆက်ခံသူက သူပြန်လာတာကို သိပ်ပြီး ပျော်ရွှင်ပုံမရပါဘူး..။သူ့က ငါ့ကို နစ်ဖီ ရဲ့ အာရုံစိုက်မူအတွက် ပြိုင်ဖက်လို့ သဘောထားနေတာလား..ဒါမှမဟုတ် နောက်ထပ် ရှိနေသေးတာလား..။

ဘယ်ဟာပဲဖြစိဖြစ် ဒါက ဆန်နီရဲ့ ပြသနာ မဟုတ်ပေ..။သူက ဒီနေရာကို အပြီးပြန်လာဖို့ ..အစီစဥ် မရှိပါဘူး..။ကတ်စတာ တစ်ယောက်တည်း အာရုံစိုက်ခံရမူတွေ အပြည့်အဝ ယူထားလိူ့ ရပါတယ်..။

အယ်ဖီကတော့ သူ့ကို အံ့ဩသင့်တဲ့အကြည့်နဲ့ကြည့်လာခဲ့တယ်..။

"ငတုံး လေး..။နင် တကယ်ပဲ အသက်ရှင်နေသေးတာလား.."

ဆန်နီ သူ့ကို မျက်တောင်ခတ်ကာ စိုက်ကြည့်နေပြီးကာမှ ..ပြောလိုက်တယ်..။

"စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်.."

သူမ ခေါင်းခါယမ်းလိုက်ပြီး..

"မဟုတ်ဘူး..မဟုတ်ဘူး..။ဒီတိုင်း..နင်က ဘယ်လို သောက်ကျိုးနဲ..အပျက်အဆီးထဲမှာ သုံးလတောင် အသက်ရှင်နေနိိုင်တာလဲ.."

သူ ပြုံးလိုက်တယ်..။

"ဘာ ပြောနိုင်ဦးမှာလဲ..။ငါ့မှာက ဆရာကောင်းတစ်ယောက်ရှိတယ်လေ.."

အယ်ဖီက အနက်ရောင်မြို့တော်ထဲက အခြေအနေတွေကို သူ့ကို သင်ကြားပေးခဲ့တဲ့သူ ဖြစ်တာကြောင့် ဒီ ချီးမွှမ်းမူက သူမကိုပဲ တိုက်ရိုက်ရည်ညွှန်းထားတာပါ..။သို့ပေမယ့် မုဆိုး မိန်းကလေးကတော့ ရိုးရှင်းစွာပဲ ခေါင်းခါယမ်းလိုက်တယ်..။

"ငါ့ ရဲ့ ဘယ်တပည့်ကမှ..အပျက်အဆီးထဲမှာ သုံးလလောက် နေရလောက်အောင် တုံးအနေမှာ မဟုတ်ဘူး..။ဒီလို..ပုံပျက်ပန်းပျက်..ပြန်ရောက်လာဖို့ဆိုရင် ပြောနေစရာ တောင်မလိုဘူး.."

"ငါ့ ပုံစံက အတော်ဆိုးနေလို့လား..'

ဆန်နီ ..စိတ်ထဲကနေ ကိုယ့်ကိုကို ပြန်ကြည့်လိုက်တယ်..။စုတ်ပြဲနေတဲ့ အဝတ်အစားတွေ ၊ ညစ်ပတ်နေတဲ့ ဆံပင်တွေ ၊ ကြီးမားတဲ့ အပြုံးတစ်ခု ၊ မျက်လုံးတွေ ထဲမှာပေါ်နေတဲ့..ရူးသွပ်မူတွေ ...မဟုတ်ဘူး..ငါ့ရဲ့ အသွင်အပြင်မှာ တစ်ခုခု မှားယွင်းတာ ရှိမနေဘူး..။အမှန်တော့..သူ့ရဲ့ ပုံစံက ကြည့်ရတာ အဆင်ပြေပါတယ်..။

သူ မျက်မှောင်ကျုတ်လိုက်ပြီး အယ်ဖီကို ကြည့်ကာ ပြောလိုက်တယ်..။

"ဟုတ်လား...။ကောင်းပြီလေ..နင့်ကိုကြည့်ရတာ အနည်းငယ် ဝ လာသလိုပဲနော်.."

မုဆိုး မိန်းကလေးဟာ..သူ့ကို အနည်းငယ် စိုက်ကြည့်နေပြီးကာမှ ​ရယ်မောလိုက်ပါတယ်..။

"မိန်းကလေးလည်း စာဖို့ လိုအပ်တယ်လေ.."

နောက်ဆုံးကျန်နေတာကတော့ ကတ်စီ ပါ..။

သူတို့အားလုံးထဲမှာ ကတ်စီကတော့ ပြောင်းလဲမူ အရှိဆုံးပါပဲ..။သူမရဲ့ ပုံပန်းသွင်ပြင်က ပြောင်းလဲမူ မရှိပေမယ့်..သူမကို ကောင်းကောင်းသိနေတဲ့ ဆန်နီ အတွက်တော့..ပြောင်းလဲမူတွေကို မြင်နေရပါတယ်..။

မျက်မမြင် မိန်းကလေးက ပိုပြီး ရင့်ကျတ်လာခဲ့တာလား..။သူမက ပိုပြီး အသက်ကြီးလာသလိုပါပဲ..။ဒီလူတွေနဲ့ နှစ်တွေအများကြီးရှိလာလေ သူမရဲ့ အပေါ်မှာ မမြင်ရတဲ့ ဖိအားတစ်ခု သက်ရောက်လာနေသလိုပါပဲ .။သူမရဲ့ အမူအရာတွေက ပိုပြီး တည်ငြိမ် နေခဲ့ပါတယ်..။ဒါက အေးစက်လု နီးပါးပဲ..။

"ပြန်ကြိုဆိုပါတယ် ဆန်နီ..။နင် အဆင်ပြေတာ တကယ်ကို ဝမ်းသာမိတယ်.."

ယဥ်ကျေးတဲ့ အပြုံးတစ်ခုကိုသာ ပြုံးပြခဲ့ပြီး သူမက တစ်ဖက်ကို လှည့်သွားခဲ့တယ်..။ဒါက သူ သူမဆီကနေ မျှော်လင့်ထားခဲ့တဲ့ ကြိုဆိုခြင်းမျိုး မဟုတ်ပါဘူး...။အနည်းဆုံးတော့ ကတ်စီက သူ့ကို ..ပွေ့ဖက်မယ်လို့ ထင်ထားမိခဲ့တာပါ..။ဒါက သူ့ ခေါင်းထဲမှာ အမြဲတမ်းဖြစ်နေခဲ့တဲ့ အရာပါပဲ..။

'သူမက ကိုင် ကြောင့် ရှက်ရွံ့နေတာ များလား '

သို့ပေမယ့် သူမ ဘာလို့ ဒီလိုဖြစ်နေရတာလဲ ဆိုတာကို ဆန်နီ သိပြီးနေခဲ့ပါပြီ..။သူက ဒီတိုင်း ဝန်မခံချင်ခဲ့တာပါ..။

ဒါက အမြင်ကြောင့်ပါပဲ..။အဲဒီသောက်ကျိုးနဲ အမြင်။

ဒီခံစားချက်တွေကို ခေါင်းထဲကနေ မောင်းထုတ်ဖို့ကြိုးစားရင်း သူ ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ကာ..ကိုင် ကိုလည်း ထိုင်ဖို့ အချက်ပြလိုက်တယ်..။

"ဒီတော့...မင်းတို့က ဘာတွေ ဆွေးနွေးချင်ကြတာလဲ"

နစ်ဖီ နဲ့ ကတ်စတာ တို့က အကြည့်ချင်း ဖလှယ်လိုက်ကြတယ်..။ဘာမှ မပြောရသေးခင်မှာပဲ ကတ်စတာက တံခါးနားကို ကပ်သွားပြီး ပိတ်ထားလိုက်တယ်..။ပြီးတာနဲ့ သူက ..အရိုးပုလွေ နဲ့တူတဲ့ မှတ်သားမူ တစ်ခုကို စားပွဲပေါ်တင်ထားလိုက်ပါတယ်..။ချက်ချင်း အခန််းထဲက တည်ရှိမူ တစ်ချို့က ပြောင်းလဲသွားခဲ့ပါပြီ..။

ဆန်နီ မျက်ခုံးပင့်တင်လိုက်ပါတယ်..။

"ဒါက ဘာများလဲ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့် ဘေးနားက ထိုင်ခုံမှာ ထိုင်နေခဲ့ ခန့်ညားတဲ့လူငယ်လေးက ပြောလိုက်တယ်..။

"ဒီမှတ်သားမူက တိတ်ဆိတ်မူတွေကို ဖန်တီးနိုင်စွမ်းရှိတယ်..။ငါတို့ပြောနေတဲ့ အရာတွေကို အခန်းအပြင်က ဘယ်သူမှ ကြားနိုင်မှာမဟုတ်ဘူး.."

အာ...။ဒီအချက်တစ်ခုတည်းနဲ့တင် သူတို့က ရဲတိုက် အရှင် ဂန်လောင် ရဲ့အကြောင်းကို ပြောကြတော့မယ် ဆိုတာကို သိဖို့ လုံလောက်နေပါပြီ..။ရုတ်တရက် ဆ်ိုသလိုပဲ..ဆန်နီဟာ သူ့ကိုယ်သူ တစ်ခြားနေရာမှာ ရောက်နေတာ ဖြစ်ချင်ခဲ့ပေမယ့်..ဒီအခန်းထဲကနေ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ပေ..။

သူ သက်ပြင်းချလိုက်တယ်..။

"ဒီတော့..ရဲတိုက်အရှင် က နောက်ဆုံးမှာ နင်တို့ကို ရှင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီပေါ့..။ငါ မအံ့ဩဘူးလားလို့ တော့ မမေးနဲ့..။တကယ်လို့ တစ်ခုခုဆိုရင်..သူ ဘာမှ မလုပ်ပဲ နေတာကမှ ထူးဆန်းနေမှာ.."

အယ်ဖီ တခစ်ခစ် ရယ်မောလိုက်တယ်..။

"အိုး..သူ့ ပုံစံအတိုင်းပဲ.."

နစ်ဖီဟာ..သူမကို တိတ်ဆိတ်အောင် တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ဆန်နီ ဘက်ကို ပြန်လှည့်လိုက်တယ်..။

"နင်ပြောတာ မှန်တယ်..။ရဲတိုက်အရှင်က တကယ်ပဲ လှုပ်ရှားတော့မှာ..။ငါတို့က သူ့ရဲ့ အရင်တိုက်ခိုက်မူ တွေကို တောင့်ခံနိုင်ခဲ့တယ် ဆိုပေမယ့်..အဲတာတွေက အစမ်းသဘောမျိုးပဲ ရှိသေးတယ်..။ငါတို့ ရဲ့ ခွန်အားကို စမ်းသပ်ဖို့ နည်းနည်း ဆွပေးထားတာပဲ..။အခုတော့ သူတို့က အဆုံးသတ်ဖို့ အတွက် အဆင်သင့်ဖြစ်နေပြီ..။ဒါကြောင့်ပဲ ငါတို့က နင့်ရဲ့ အကူညီကို လိုအပ်နေတာ.."

ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..

"ငါ့လို ပိုးဟတ် တစ်ကောင်က..အင်မော်တယ်မီးတောက် ကလန်က မြင့်မြတ်တဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ.."

အယ်ဖီ က သူနဲ့ နစ်ဖီကို ထူးဆန်းစွာကြည့်လိုက်ပြီး..လည်ချောင်းရှင်းကာ ပြောလိုက်တယ်..။

"စိတ်တော့မရှိပါနဲ့ မင်းသမီးလေး..။ဒါပေမဲ့ ဆန်နီ ပြောတာက မှန်ပါတယ်..။ဒီ မှင်စာလေး က ဘာများ..အာ..စော်ကားတာ မဟုတ်ပါဘူး , ဆန်နီ လုပ်နိုင်တာကို ငါတို့ မလုပ်နိုင်တာ ဖြစ်နိုင်လို့လား..။ငါပြောချင်တာက..သူက ကောင်းမွန်တဲ့ ထောက်လှမ်းသူ ဆိုတာတော့ မှန်ပါတယ်..ဒါပေမဲ့..."

"ဟေး..ဒါက စော်ကားနေတာ ပဲ လေ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ..ပြုံးလိုက်ပြီး ဆန်နီ ကို ကြည့်လိုက်တယ်..။

"သူ့ရဲ့ ပုံစံကြောငိ့ အထင်မမှားလိုက်နဲ့ အယ်ဖီ..။ဆန်နီက သွေးကြောင်ပြီး အားနည်းသလို ပြုမူနေပေမယ့် အမှန်တော့..သူက ..ဒီအနက်ရောင် မြို့တော်ထဲမှာ ငါ ထိပ်တိုက် ရင်ဆိုင်ပြီး မတိုက်ခိုက်ချင်ဆုံး လူပဲ..။သူက လူတိုင်းထင်ထားတာ ထက် ပိုပြီး အန္တရာယ်များတယ်..။ဟုတ်တယ်မလား..ဆန်နီ..."

သူ့ မျက်နှာပေါ်က အပြုံးက..အေးခဲသွားခဲ့တယ်..။အတော်ကြာအောင် တိတ်ဆိတ်သွားပြီး လူတိုင်းက သူ့ကို စိုက်ကြည့်နေခဲ့ကြပါတယ်..။နောက်ဆုံးမှာတော့ ဆန်နီ သက်ပြင်းချလိုက်ပြီး..

"အိုး ကောင်းပြီ..။ငါ့ရဲ့ လျို့ဝှက်ချက်ကတော့ ပေါ်သွားပြီထင်တယ်..။အားလုံး အံ့ဩသင့်သွားကြတယ်မလား..။ငါက တကယ်တော့ အားနည်းတဲ့ လူတစ်ယောက် မဟုတ်ဘူး..။ဘယ်သူက ဒီီလိုထင်ထားမှာလဲ.."

ယင်းနောက် သူ အယ်ဖီကို စိုင်ကြည့်လိုက်ပြီး လှောင်ပြောင်တဲ့ လေသံနဲ့ပြောလိုက်တယ်..။

"အိုး..ငါ မှားသွားတာ..။တကယ်တော့ နင်က လွဲပြီး ဒီအရာကို အားလုံးသိထားကြတယ်..။ကြည့်ရတာတော့ နင်က..."

သို့ပေမယ့် နစ်ဖီက သူ့ကို ဖြတ်ပြောလိုက်တယ်..။

"ဒါကြောင့်ပဲ..သူက ..အပျက်အဆီးထဲမှာ..သုံးလကြာအောင် ရှင်သန်နေနိုင်ခဲ့တာလေ..။ဒါက သူ ဝင်္ကဘာထဲမှာ နှစ်လ ကြာအောင် ရှင်သန်ခဲ့သလိုပဲ..။ဆန်နီက တကယ်ကို ထူးချွန်တဲ့ တိုကိခိုက်ရေးသမား တစ်ယောက်ဆိုတာ သိထားရမယ်.."

'ဝိုး..သူမက ..ငါ့ကို မြှောက်ပင့်ချင်နေတာလား..'

"...သူက ဒီတိုင်း..စဥ်းလဲတဲ့ လူယုတ်မာ တစ်ယောက်ပုံစံ ပေါက်နေတာ..။ဒါပေမဲ့ အဲတာကပဲ သူ့ကို ..ပိုပြီး အန္တရာယ်များစေတာ.."

'..အဲလိုတော့ မဟုတ်ဘူးလေ..'

အယ်ဖီကို ကြည့်နေရင်းက ဆန်နီ ပုခုံးတွန့်ပြီးပြောလိုက်တယ်..။

"နင်..သူမ ပြောတာ မယုံဘူးဆိုရင် နိုက်ကိုသာ မေးကြည့်လိုက်တော့..."

ရုတ်တရက် စကားဝိုင်းထဲကို ဆွဲခေါ်ခံလိုက်ရတာကြောင့်..ကိုင် က..ချောင်းဆိုးလိုက်ပြီး အနည်းငယ် တွေဝေကာ ပြောလိုက်ပါတယ်..။

"အာ...ဟုတ်တယ်..။ငါ အတည်ပြုပေးနိုင်တယ်..။သူက တကယ် လူ ယုတ်မာ တစ်ယောက်ပဲ.."

ဆန်နီ ရဲ့ မျက်နှာ ရှုတ်မဲ့သွားခဲ့တယ်..။

"အဲလို မဟုတ်ဘူးလေ..။မင်းကို ငါ ဘယ်လို ကယ်ခဲ့လဲ ဆိုတာကို သူတို့ကို ပြောပြလိုက်.."

ခန့်ညားတဲ့ လေးသည်တော်ဟာ မျက်တောင်ခတ်လိုက်ပြီး..ရိုးသားစွာကြည့်ကာ ထပ်ပြောလိုက်တယ်..။

"အိုး ဟုတ်သားပဲ..။အမှန်ပဲ..ပြီးခဲ့တဲ့ညက ဆန်နီက ငါ့ကို အပျက်အဆီးတွေထဲမှာ ကယ်တင်ခဲ့တာ..။သူကတကယ်ကို အံ့ဩဖို့ကောင်းပြီး အရင်းအမြစ်တွေ ကြွယ်ဝ တဲ့လူတစ်ယောက်ပဲ..."

ဆန်နီ အောင်ပွဲခံတဲ့ အမူအရာနဲ့ အယ်ဖီကို ကြည့်လိုက်တယ်..။သူ ဒီ မုဆိုးမိန်းကလေးကို ရန်မစ ချင်ပေမယ့် သူမက အရင် ..မှင်စာ လို့ ခေါ်ခဲ့တာပါ..။

"တွေ့တယ်နော်..နိုက်က ငါနဲ့တွေ့တာ တစ်ညတည်းရှိသေးပေမယ့်..သူတောင် ငါ ဘယ်လောက်အံ့ဩဖို့ကောင်းလဲ ဆိုတာ သိနေပြီ..။တစ်ဖက်မှာတော့ နင်နဲ့ငါက တစ်လလောက် အတူတူ အမဲလိုက်ခဲ့ကြတာလေ..။နင်က ဘာလို့ ဒီလောက်ထိ တုံးအရတာလဲ "

ဘာပဲဖြစိဖြစ်..သူက ..သူမနဲ့ အချိန်အကြာကြီး ရှိနေမှာ မဟုတ်ပါဘူး..။သူမကို ဒေါသထွက်ခိုင်းကြတာပေါ့...။

စနောကိတဲ့ အပြုံးတစ်ခုနဲ့ပဲ..ဆန်နီဟာ နစ်ဖီဘက်ကို လှည့်ပြီး ပြောလိုက်တယ်..။

"ဘာပဲဖြစိဖြစ်ပါ..။ငါ တကယ်ပဲ ဘာလုပ်ပေးဖို့ လိုအပ်တာလဲ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။

"ငါက..အယ်ဖီကို နင်နေတဲ့ နေရာကို ခေါ်သွားပြီး

တစ်ပတ်လောက်..ထားထားပေး စေ ချင်တာ.."

ဆန်နီ မျက်တောင် ခတ်လိုက်တယ်..။

မဖြစ်နိုင်တာ...

' ငါတော့ သေပြီ..'

All Chapters