ဝတ်ရုံနဲ့ ဓားမြောင်
Vol. 12 Ch. 177
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး..သူ့ကို သတ်ဖြတ်လိုတဲ့ အကြည့်တွေနဲ့ကြည့်နေခဲ့တဲ့ မုဆိုး မိန်းကလေးကို မကြည့်မိအောင် ကြိုးစားနေခဲ့ရတယ်..။သူ နားကြားတာတော့ မှန်ပါတယ်နော်..။
"အာ...တဆိတ်လောက်..။သူမကို လုံခြုံအောင် ထားထားပေးရမှာတဲ့လား.."
နစ်ဖီ ခေါင်းညိမ့်ပြလိုက်ပြီး ခနလောက်တွေဝေနေပြီးကာမှ သက်ပြင်းချလိုက်တယ်..။
"နင်က ရှင်းပြချက်ကို လိုနေပြီထင်တယ်.."
သူမက အနက်ရောင် မြို့တော်ရဲ့ မြေပုံကို မျက်မှောက်ကျုတ်ပြီး ကြည့်လိုက်တယ်..။သူမ ရဲ့အကြည့်တွေက..အလယ်ဗဟိုမှာ အဖြူရောင် ခြယ်ထားတဲ့ နေရာကို ဦးတည်နေခဲ့တာပါ..။
ရဲတိုက်ကြီး...။
ခနကြာပြီးမှ သူမ ပြောလိုက်တယ်..။
"ဂန်လောင်က ဘာလို့ ငါတို့ကို မသတ်သေးတာလဲလို့ နင်မေးခဲ့တယ်မလား..။ဒါက မေးခွန်းကောင်းပဲ..။သို့ပေမယ့်..အဖြေကတော့ ရှုပ်ထွေးတယ်.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခေါင်းခါယမ်းလိုက်ပြီး ဆန်နီကို ကြည့်လိုက်တယ်..။
"အဲတာက..ငါက သူ့ကို ပေါ်တင်စိန်ခေါ်မူ မပြုလုပ်သေးလို့ပဲ..။ပြီးတော့ ငါက အကျိုးအကြောင်း မဆီလျော်တာတွေကိုလည်း ဘာမှမလုပ်ခဲ့ဘူး..။ငါတို့လုပ်ခဲ့တာတွေက..အပြင်ဘက်က လူတွေရဲ့ ကောင်းကျိုးနဲ့ မေ့ပျောက်ကုန်းမြေပေါ်က လူသားတွေရဲ့ တည်ရှိမူကို ခိုင်မာစေမယ့် အရာတွေကိုပဲ..။တရားဝင်အနေနဲ့ သူက ငါ့ကို စွပ်စွဲ ဖို့ ဘာမှ ရှိမနေဘူး.."
ဆန်နီ ပြောလိုက်တယ်..။
"ဂန်လောင်က တကယ်ပဲ တရားမျှတမူကို လိုအပ်နေတာမဟုတ်ဘူး..။တကယ်လို့ သူသာ အကြောင်းပြချက်လို အပ်တယ်ဆိုရင် သူ့အတွက်က အလွယ်လေးပဲ.."
နစ်ဖီ မျက်မှောင်ကျုတ်လိုက်တယ်..။
"နင်ပြေတာ မှန်တယ်..။တကယ်လို့..သူသာ အခြေအနေကို အဆုံးသတ်ချင်ပြီး..ထိပ်တိုက်ရင်ဆိုင်ချင်တယ်ဆိုရင် အကြောင်းပြချက်တစ်ခုကို အေးအေးဆေးဆေး ဖန်တီးလို့ ရတယ်..။တစ်နည်းပြောရရင် သူက ဟာရုကို ညဘက်အချိန်ပို့ပြီး ငါ့ကို သတ်ခိုင်းလို့တောင် ရတယ်လေ..။ဒါပေမဲ့ သူ မလုပ်ခဲ့ဘူး..။ပြီးတော့..ဘာလိူ့လဲ ဆိုတာတော့ ငါတို့လည်း မသိဘူး.."
ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..
"နင် မသိဘူလား.."
ကတ်စတာ ကို တစ်ချက်ကြည့်လိုက်ပြီး သူမ ခေါင်းခါယမ်းလိုက်တယ်..။
"ဒီမှာ ဖြစ်နိုင်ချေ တွေတော့ အများကြီးရှိတယ်..။သူက ဟာရု ငါ့ကို အနိုင်ယူနိုင်လိမ့်မယ်ဆိုတာ မသေချာလို့လည်း ဖြစ်နိုင်တာပဲ..။သူက ယုံကြည်မူ ရှိပြီး စိတ်ရှည်နေတာလည်းဖြစ်နိုင်တယ်..။ဘယ်လို ပဲ ဖြစ်ဖြစ် ဒီ လေးလအတွင်းမှာ ..ဂန်လောင်က ငါတို့ရဲ့ တည်ရှိမူကို..အနည်းနဲ့အများတော့ ဒေါသထွက်နေပြီ.."
ကတ်စတာ သက်ပြင်းချပြီး ထပ်ပြောလိုက်တယ်..။
"ဒါပေါ့..ငါတို့ကျော်ဖြတ်ရမယ့် စိန်ခေါ်မူတွေလည်း ရှိနေသေးတယ်..။တကယ်လို့ ငါတို့ ဒီအရာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို မသိရင် အခြေအနေတွေက ပိုပြီး ခက်ခဲသွားနိုင်တယ်.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခေါင်းညိမ့်လိုက်တယ်..။
"အမှန်ပဲ..။သူတို့က ငါတို့ကို စမ်းသပ်ဖို့ အကြိမ်အနည်းငယ် ကြိုးစားခဲ့ကြပြီးပြီ..။သွေးထွက်သံယ်ိုတော့ မဖြစ်ခဲ့ဘူးပေါ့..။ဒါပေမဲ့ အခြေအနေတွေက ပြောင်းလဲသွားတဲ့ ပုံပဲ..။ရဲတိုက်ထဲက စကားတွေ အရဆိုရင်တော့ ဂန်လောင်က ငါတို့ကို မကြာခင် ရှင်း
ပစ် တော့မှာ..။ဒီတစ်ကြိမ်မှာ သူက ငါ့ရဲ့ အပေါင်းအပါတစ်ယောက်ကို ပစ်မှတ်ထားထားတယ်..။တိုက်ခိုက်မူက ပြင်းထန်မှာဖြစ်ပြီး..ပစ်မှတ်ကတော့ အယ်ဖီ ပဲ.."
ဆန်နီ ..မုဆိုးမိန်းကလေးကို ကြည့်ပြီး မျက်ခုံးပင့်တင်လိုက်တယ်..။သူ့မှာ မေးခွန်းတွေ အများကြီးရှိနေပါတယ်..။
"ဘာလို့ သူမလဲ.."
ကတ်စတာ လက်သီးကို ဆုပ်ထားခဲ့ပြီး..
"ငါတို့အကုန်လုံးဖြစ်နိုင်တယ်..။ဒါပေမဲ့ အယ်ဖီက..အပြင်ဘက်ကို ထွက်လာတဲ့ အစောင့်တစ်ချို့နဲ့ ငြင်းခုန်မူ တစ်ချို့ဖြစ်ထားခဲ့တာ..။တိုက်ဆိုင်ချင်တော့ ဒီအစောင့်တွေက ပြီးခဲ့တဲ့ ညကပဲ ပျောက်သွားခဲ့တယ်လေ..။သူတို့ ဘာဖြစ်သွားခဲ့တာလဲ ဘယ်သူမှ မသိဘူး.."
' ...အိုး...'
ဒီလူတွေ ဘာဖြစ်သွားလဲဆိုတာကို ဆန်နီကတော့ ကျိန်းသေ သိပါတယ်..။ဘာပဲဖြစ်ဖြစ် ဒီလူတွေကို သူ သတ်လိုက်တာပါ..။
..သို့ပေမယ့် ကတ်စတာကတော့ ဒါကို သိစရာ မလိုအပ်ပေ..။
"တကယ်တော့..ငါ ဒီအကြောင်းကို တစ်ခုခု သိထားသလိုပဲ.."
ရုတ်တရက် ကိုင် က အရူးတစ်ယောက်လို ပြုံးလာပြီး ပြောလိုက်တယ်..။
'ဒီအရူးကို ပါးစပ်ဖွင့်ဖို့ ဘယ်သူက မေးလိုက်လို့လဲ '
သူ လေးသည်တော်ကို စူးရှတဲ့ အကြည့်တွေနဲ့စိုက်ကြည့်ပြီး ပါးစပ်ပိတ်ဖို့ ကြိုးစားပေမယ့်..ဒါက နောက်ကျသွားခဲ့ပါပြီ..။ကိုင်က..သူ ဘယ်လိုပြန်ပေးဆွဲခံရတယ် ၊ ရေကန်ထဲ ထည့်ခံရတယ် ၊ပြီးတော့ ထူးဆန်းတဲ့လူတစ်ယောက်က ဘယ်လိုလာကယ်တယ်ဆိုတာကို တက်ကြွစွာပဲ ပြောလာခဲ့တယ်..။
ကံကောင်းချင်တော့ ..သူက ဒီ ပြန်ပေးဆွဲသမားတွေကို အနက်ရောင် သူရဲကောင်းက သတ်လိုက်တယ်လို့ပဲ ထင်နေပြီး..ဘုရားကျောင်းထဲရောက်အောင် ဆန်နီက တမင် ခေါ်လာခဲ့တယ် ဆိုတာတော့ မသိထားခဲ့ပါဘူး..။သူက ဒီလူတွေရဲ့ ခေါင်းဆောင်ကို အရင်ဆုံး သတ်ခဲ့တာပါ..။
တကယ်လို့ ကိုင်သာ..အမှန်အတိုင်းသိခဲ့မယ် ဆိုရင် အခြေအနေက အတော် ရှက်ဖို့ ကောင်းမှာ အသေအချာပါပဲ..။
သူ စကားပြောပြီးသွားတဲ့ နောက်မှာတော့ ကတ်စတာက သက်ပြင်းချလိုက်တယ်..။
"ဒီ အဖိုးတန် တဲ့ အချက်အလက် အတွက် ကျေးဇူးပါ..။စိတ်မကောင်းစရာက ဘာမှ ပြောင်းလဲ မသွားခဲ့ဘူး..။အယ်ဖီက အန္တရာယ်ရှိနေတုန်းပဲ..။ရဲတိုက် အရှင်က သူမကို ..အကြောင်းပြချက် အနေနဲ့ အသုံးချပြီး..နစ်ဖီ သူ့ကို စိန်ခေါ်လာအောင် ဖိအားပေးတော့မှာ..။တကယ်လို့ သူမက စိန်ခေါ်ခဲ့ရင် သူက သူမကို သတ်လိမ့်မယ်..။တကယ်လို့ မစိန်ခေါ်ဘူးဆိုရင် အယ်ဖီက သေရပြီးတော့ ငါတို့ရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းသွားလိမ့်မယ်..။ဘယ်အခြေအနေပဲဖြစ်ဖြစ် သူ့ဘက်က အနိုင်ပဲ.."
ဆန်နီက..အယ်ဖီကို တစ်ချက်လှမ်းကြည့်လိုက်တယ်..။သူမ ပုံစံက အေးဆေးသာ ရှိနေခဲ့ပြီး ရဲတိုက်အရှင်က သူမကို သတ်ဖို့လုပ်နေတာတောင် သိပ်ဂရုမစိုက်တဲ့ ပုံပါပဲ..။အမှန်တော့ သူမက အခုချိန်မှာပဲ ကတ်စတာ ကို လုံးဝ ဂရုမစိုက်ပဲ..သူမ သွားကြားထဲမှာ ညှပ်နေတဲ့ အသားစ ကို ထုတ်ယူဖို့ပဲ ပိုစိတ်ဝင်စားနေခဲ့တာပါ..။
'ဘယ်လို ငမိုက်သားလဲ..'
ဆန်နီ အရိပ်ကနေ တဆင့် ခေါင်းခါယမ်းပြီး တွေးလိုက်မိတာပါ..။
သူ နစ်ဖီနဲ့ ကတ်စတာ ဘက်ကိုလှည့်ပြီး ပြောလိုက်ပါတယ်..။
"နင်တို့က ဒါတွေကို ဘယ်လိုသိနေတာလဲ.."
တကယ်တော့ ဒီမေးခွန်းက..မလိုအပ်ပါဘူး..။သူက ဘာလဲဆိုတာတောင် ခန့်မှန်းမိပါတယ်..။ဂန်လောင်ရဲ့ အစီစဥ်တွေကို သိနေဖို့ဆိုရင် ရဲတိုက်ထဲမှာ သူတို့ရဲ့ သူလျိုုတွေ ရှိလောက်ပါတယ်..။ထပ်ပြောရရင် ဒီလို အချက်အလက်ပေးနိုင်ဖို့က..သူလျိုမှာ အဆင့်အတန်း တစ်ခုလည်း ရှိနေပါလိမ့်မယ်..။ဒါက ရဲတိုက်ရဲ့ အတွင်းပိုင်းလူထဲကတောင် ဖြစ်နေနိုင်ပါတယ်..။
နစ်က...အရာရှိတွေထဲက တစ်ယောက်နဲ့များ အလုပ်လုပ်နေတာလား..။
ဆန်နီ အခန်းထဲက ထိုင်ခုံ အရေအတွက် ကို ရေတွက်ကြည့်လိုက်တယ်..။ထိုင်ခုံက ခုနှစ်လုံးရှိပေမယ့် လူကတော့ ခြောက်ယောက်ပဲ ရှိပါတယ်..။
' စိတ်ဝင်စားရာပဲ. '
ကတ်စတာ တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"ငါတို့မှာ..သူလျို ရှိတယ်.."
ဆန်နီ ဒီကိစ္စကို ထပ်မမေးဖို့ ဆုံးဖြတ်လိုက်တယ်..။ပွင့်ပွင့် လင်းလင်းပြောရရင် ...သူ တကယ်ကို မသိချင်ပါဘူး..။သူမေးချင်တာဆိုလို့ နောက်ဆုံးမေးခွန်းတစ်ခုပဲ ရှိပါတယ်..။
"သိပြီ..။ကောင်းပြီလေ..ငါ နားမလည်တာ တစ်ခုတော့ရှိတယ်..။အယ်ဖီကို တစ်ပတ်တော့ လုံခြုံအောင် ထားပေးထားဖို့ ပြောတယ်မလား..။တစ်ပတ်နေရင်ရော ပြောင်းလဲသွားမှာ မို့လို့လား..။ဂန်လောင်က ရက်အနည်းငယ် ကြာတာနဲ့ ဆန်းကျယ်စွာ သတိမေ့တတ်တဲ့ လူမဟုတ်ဘူး လိူ့တော့ ထင်တယ်နော်.."
အခန်းထဲမှာ တိတ်ဆိတ်မူက ကြီးစိူးသွားခဲ့တယ်..။ဘယ်သူမှ အရင်ဆုံးစကား စပြီး မပြောချင်ခဲ့ကြပါဘူး..။
အချိန်တစ်ချို့ ကုန်သွားခဲ့တယ်..။နစ်ဖီကနောက်ဆုံးတော့ တိတ်ဆိတ်မူကို ဖြိုခွင်းလာခဲ့ပါတယ်..။သူမက အနောက်ကို မှီရင်း ပြတင်းပေါက်ကို ကြည့်ကာ..ပုံမှန်လေသံ အတိုင်းပြောလိုက်တယ်..။
"တစ်ပတ် ပြီးသွားရင်..ငါတို့က မြို့ကနေ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ.."
ဆန်နီ ထိုင်ခုံကနေ ပြုတ်ကျမလိုတောင်ဖြစ်သွားခဲ့တယ်..။
...ဒါက..သူ ကြားရဖို့ မျှော်လင့်ထားခဲ့တဲ့ အဖြေ မဟုတ်ခဲ့ပါဘူး..။