ပျောက်ဆုံးမူ ရှာဖွေခြင်း
Vol. 12 Ch. 178
မကြာခင်မှာပဲ နောက်ထပ်မြေပုံတစ်ခုက..စားပွဲပေါ်ကို ရောကိလာခဲ့တယ်..။ဒီတစ်ခုက မွန်းစတား သားရေ နဲ့ ပြုလုပ်ထားခဲ့တာပါ..။ပြီးတော့..နံရံပေါ်ကမြေပုံနဲ့စာရင် အချက်အလက်တွေလည်း ပိုပြီး နည်းပါးပါတယ်..။
ကောင်းပြီ..ဒါကတော့ နားလည်ပေးလို့ရပါတယ်..။ဘာလို့လဲ ဆိုတော့ ဒုတိယတစ်ခုက..အနက်ရောင် မြို့တော်ကို ..ဖော်ပြပေးထားတာမဟုတ်ပဲ..မေ့ပျောက်ကုန်းမြေတစ်ခုလုံးကို ဖော်ပြထားခဲ့တာပါ..။ဆန်နီ ..မြေပုံကို တိတ်ဆိတ်စွာကြည့်နေခဲ့တယ်..။
... ဟုတ်ယတ်..။နစ်ဖီက ဒီသုံးလ စလုံး လုံးဝ အချိန်ဖြုန်းမနေခဲ့ဘူး..။
သူမက ဒီ အချက်အလက်တွေကို ဘယ်ကနေ စုဆောင်းခဲ့တာလဲ ဆိုတာကို မသိပေမယ့်..သူထင်ထားတာ ထက်တောင် အချက်အလက်ပိုများပါသေးတယ်..။
အလယ်ဗဟိုမှာတော့ ကြက်သွေးရောင် ထိပ်ဖျားကို ဖော်ပြထားတဲ့ အနက်ရောင် အမှတ်သင်္ကေတ တစ်ခု ရှိနေခဲ့တယ်..။ဝင်္ကဘာက သူကနေ စတင်ပြီး..သွေး ရောင် သမုဒ္ဒရာကြီးတစ်ခုလို ..စီးဆင်းနေလာခဲ့တာပါ..။အရှေ့ဘက်မှာတော့..မှင်နဲ့ ခြစ်ထားတဲ့ သေးငယ်တဲ့ အဝိုင်းလေးရှိနေခဲ့တယ်..။ဒါကတော့..အဖြူရောင် တာဝါနဲ့ အနက်ရောင်မြို့တော်ကို ဖော်ပြထားတဲ့ ပုံပါပဲ..။
မြို့တော်က ..နောက်ထပ် ပိုကြီးတဲ့ စက်ဝိုင်းပုံစံ သင်္ကေတ ရဲ့ ထောင့်စွန်းမှာ ရှိနေခဲ့တာပါ..။ဆန်းကျယ်တဲ့ ချိုင့်ဝှမ်းကြီးကို မှတ်မိဖို့အတွက် ဆန်နီ အများကြီး အားမထုတ်လိုက်ရပေ..။ဘာပဲဖြစ်ဖြစ် သူက ဒီအရာကို အရိုးလှေကို အသုံးပြုရင်း အသက်လု ဖြတ်သန်းလာခဲ့ရတာပါ..။သို့ပေမယ့် အခု ကြည့်လိုက်တဲ့ အချိန်မှပဲ..ဒီ ချိုင့်ဝှမ်းကြီးက ဘယ်လောင်တောင်ကြီးမားလဲ ၊ မေ့ပျောက်ကုန်းမြေကြီးက ဘယ်လောက်တောင် ကျယ်ပြန့်လဲဆိုတာကို နားလည်ပါတော့တယ်..။
ကမ္ဘာမြေ ပေါ်မှာဆိုရင်..ဒါက တိုက်ကြီး တစ်တိုက်လောက်တောင် ကြီးမားမှာပါ..။
အိပ်မက်ကမ္ဘာကြီးရဲ့ များပြားလှတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုကတင် ဒီလောက်ကြီးနေရင်..အိပ်မက်ကမ္ဘာတစ်ခုလုံးက..သူတို့ရဲ့ ဂြိုလ်ထက်တောင် ပိုပြီး တော့ ကြီးမားနေတဲ့ပုံပါပဲ..။
မြေပုံပေါ်မှာ သူ နားမလည်တဲ့ တစ်ခြား အမှတ်အသားတွေလည်း ရှိနေပါသေးတယ်..။သူတို့ထဲက တစ်ချို့က သူ့ရဲ့ အာရုံစိုက်မူကို ရနေခဲ့တယ်..။
အနက်ရောက်မြို့တော်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ချိုင့်ဝှမ်း ကြီးရဲ့ တစ်ဖက်မှာတော့ ဝိဥာဥ် သစ်ပင်တည်ရှိတဲ့ နေရာကို အမှတ်အသားပြထားခဲ့တယ်..။အရှေ့ဘက်ကို တည့်တည့်ဆက်သွားလိုက်ရင်..အနီရောင်မျဥ်းနဲ့ အမှတ်အသားလုပ်ထားခဲ့ပါတယ်..။
နောက်ထပ် အနီရောင် အမှတ်အသားတစ်ခုကတော့ အနက်ရောင်မြို့တော်ရဲ့ အရှေ့ဘက်နားက ချိုင့်ဝှမ်းကြီးထဲမှာပါ..။တတိယ အမှတ်အသားကတော့..မြောက်ဘက်ကို တစ်လလောက် သွားမှ ရောက်နိုင်လောက်တဲ့ နေရာဖြစ်ပြီး ရယ်စရာ အရိုးခေါင်း ပုံစံ သင်္ကေတ လုပ်ထားခဲ့တယ်..။စတုတ္ထတစ်ခုကတော့..အပျက်အဆီးနဲ့ ကြက်သွေးရောင် ထိပ်ဖျားကြီးရဲ့ ကြားထဲမှာပါ..။ငါးခုမြောက်ကတော့ တောင်ဘက်မှာ ရှိနေခဲ့ပြီး..ပေါင်းကူး တံတားတစ်ခုပုံစံ သင်္ကေတ လုပ်ထားခဲ့ပါတယ်..။
နောက်ဆုံး အနီရောင် အမှတ်အသားကတော့ တောင်ဘက်အဆုံး ဝင်္ကပါ ရဲ့ အကျော်မှာ ဖြစ်ပြီး..သားရေပြားရဲ့ အဆုံးမှာ ပြုလုပ်ထားခဲ့ပါတယ်..။သူ့အနားမှာတော့ သင်္ကေတ နှစ်ခု ရေးဆွဲထားခဲ့တယ်..။တစ်ခုက သရဖူ ပုံစံ ဖြစ်ပြီး နောက်တစ်ခုကတော့..ဘာဖြစ်မလဲဆိုတဲ့ မေးခွန်း ပုံစံ သင်္ကေတ ပါ..။(???)
ဒီအမှတ်သား တွေက ဘာကို ကိုယ်စားပြုထားတာလဲ ဆိုတာကို ဆန်နီ ချက်ချင်းနားလည်လိုက်တယ်..။
သူတို့က မေ့ပျောက်ကုန်းမြေကြီးပေါ်က သူရဲကောင်း ခုနှစ်ဖော်ရဲ့ ကြီးမားတဲ့ ရုပ်ထုတွေပါ..။သူတို့က..အမှောင်ထုကို နိမ်နင်းပြီး..ကြယ်အလင်း စစ်သည်တွေကို ဖန်တီးဖို့ ဆိုးဆိုးဝါးဝါး ကျိန်စာ ဆိုခဲ့ကြပါတယ်..။
ဝိဥာဥ် သစ်ပင်ရဲ့ အရှေ့ဘက်မှာ ရှိနေတဲ့ သူရဲကောင်း ရုပ်ထုကိုတော့..သူ အိပ်မက်ကမ္ဘာထဲကို ပထမဆုံးစရောက်လာတော့..အကာအကွယ်အဖြစ် အသုံးပြုခဲ့ပါတယ်..။မြို့ရဲ့ နံရံနားမှာ ရှိနေတဲ့ ရုပ်ထုကြီးကတော့..သူတို့ကို အဲ့နေညက အနက်ရောင် ဒီရေကနေ ကယ်တင်ခဲ့တဲ့ လက်တစ်ဖက်မြှောက်ထားတဲ့ အမျိုးသမီး ရုပ်ထုပါ..။
နောက်ထပ် လေးခုကလည..ခေါင်းပြတ် ရုပ်ထုကြီးတွေကို..အမှတ်အသား ပြုလုပ်ထားတဲ့ ပုံပါပဲ..။
ဒါပေမဲ့ ခုနှစ်ခုမြောက်ကရော ဘယ်မှာလဲ..။
မျက်မှောင်ကျုတ်လိုက်ရင်း..ဆန်နီ မြေပုံကို စိုက်ကြည့်ကာ ပြောလ်ိုက်တယ်..။
"ဒီတော့..တည့်တည့်ပဲ ပြောတော့မယ်..။နင်က အနက်ရောင် မြို့တော်ထဲကနေ ထွက်ပြီး..ဝင်္ကပါ ကို ဖြတ်သန်းမယ်..၊မေ့ပျောက်ကုန်းမြေကြီးရဲ့ အစွန်းတွေကို ရောက်မယ် ၊ ပြီးတဲ့ အချိန်ကျရင် ပြန်လာမယ် လို့ ပြောချင်တာလား.."
နစ်ဖီ ပြုံးလိုက်တယ်..။
"အဲလို ပြောလို့ရတယ်.."
သူ သက်ပြင်းချလိုက်တယ်..။
"တကယ်လို့ ငါတိုဘက ဝင်္ကပါ ထဲမှာ လတွေ အများကြီး..ဖြတ်သန်းလာခဲ့ပြီးမှ ရှင်သန်နိုင်ခဲ့တာကို..ဘာလို့ ပြန်သွားနေဦးမှာလဲ.."
သူမ ရဲ့ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ခနလောက် စဥ်းစားနေပြီးကာမှ မြေပုံပေါ်က သင်္ကေတ တွေဖြစ်တဲ့..အနီရောင် အမှတ်အသား ၊ မေးခွန်းပုံစံ အမှတ်အသား ၊ သရဖူ အမှတ်အသားတွေကို ထောက်ပြလိုက်ပါတယ်..။
"ပထမဆုံးရဲတိုက်အရှင်သခင်က မေ့ပျောက်ကုန်းမြေကနေ ထွက်ဖို့ လမ်းရှာဖွေခဲ့ကြတယိ..။ဒီနေရာက သူတို့ ပျောက်ကွယ်သွားခဲ့တဲ့ နေရာပဲ..။ငါတို့ သိသလောက်ဆိုရင် အဲ့နေရာမှာ တောင်တန်းတစ်ခုက တောင်ဘက်ကို သွားတဲ့လမ်းကြောင်းကို တားဆီးထားတယ်..။သူတို့က တောင်တွေထဲကို ဝင်သွားပြီး ပြန်ထွက်မလာတော့ဘူး..။အဲဒီမှာ သေခြင်းတရားကပဲ ငါတို့ကို စောင့်နေလိမ့်မယ်.."
ဆန်နီ သူ့ခေါင်းရဲ့ နောက်ဘက်ကို ကုတ်လိုက်ပြီး..
"ဒီတော့ နင်က လမ်းကြောင်းရှာနေတာ မဟုတ်ပဲ..လွန်ခဲ့တဲ့ ၁၅နှစ်က ရဲတိုက်ကို အုပ်စိုးခဲ့တဲ့လူတွေရဲ့ အကြွင်းအကျန်တွေကို ရှာချင်တာပေါ့.."
နစ် ခေါင်းညိမ့်လိုက်တယ်..။
"သူတို့ရဲတိုက်ကနေ ယူ သွားတဲ့ ပစ္စည်းတစ်ခု ရှိတယ်..။တကယ်လို့ ငါတို့တွေ့မယ် ဆိုရင်..ငါတို့က ဂန်လောင်ကို တိုက်ခိုက်ဖို့ အခွင့်အရေး ရှိနိုင်တယ်လေ.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။သူမက သူ့ကို အကုန်မပြောပြဘူးလို့ သူ ခံစားနေရပါတယ်..။ဖြစ်နိုင်တာက..သူတို့ကြားထဲမှာကျန်နေတဲ့ ယုံကြည်မူ နည်းနည်းလေးက..လျိုဝှက်ချက်တွေကို မျှဝေဖို့အထိ မလုံလောက်တဲ့ ပုံပါပဲ..။ဒါမှမဟုတ် သူမက အခန်းထဲက တစ်ခြားတစ်ယောက်ယောက်..မကြားစေချင်တာလဲ ဖြစိနိုင်ပါတယ်..။
သို့ပေမယ့် သူ ဂရုမစိုက်ပေ..။ဒါက သူမရဲ့ ကိစ္စပါ..။ဆန်နီရဲ့ တည်ရှိမူက ဒီမှာ ကြေးစားသက်သက်ပါပဲ..။သူ့ရဲ့ အကျိုးအမြတ်ကသာ ထိုက်တန်နေသ၍ သူက ဘာမေးခွန်းမှ မေးနေမှာမဟုတ်ပေ..။
ဒါပေါ့...အဖြေတွေကို မသိထားဘူးဆိုတော့ သူ သတ်ခံရမှာကိုလည်း ကြောက်စရာ မလိုတော့ပါဘူး..။
သူ့ရဲ့ တွေဝေမူကို ခံစားနေရတာကြောင့် နစ်ဖီက ထပ်ပြောလိုက်တယ်..။
"တောင်တန်းဆီကို သွားတဲ့လမ်းက နင်ထင်သလောက် အန္တရာယ် မများဘူး..။ငါတို့ အဲဒီကို လုံလုံခြုံခြုံ ရောက်နိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်..။ဒါပေမဲ့ ငါ တို့ အဲဒီကို ရောက်တာနဲ့ နင့်ရဲ့စွမ်းရည်တွေကို လိုအပ်လာပြီ..။ငါတို့နဲ့အတူ နင့်ကို ခေါ်သွားတာက ကိစ္စတွေကို ပိုပြီး ..လွယ်ကူလာလိမ့်မယ်.."
ဆန်နီ သူမကို သံသယနဲ့ကြည့်လိုက်ပြီး..
"နင်က ဒါတွေ အကုန် ဘယ်လိုသိနေတာလဲ..။အနက်ရောင် မြို့တော်ထဲမှာ ..အဲဒီကနေ အသက်ရှင်ပြန်လာတဲ့လူ ရှိနေလို့လား.."
နစ်ဖီ ပုခုံးတွန့်လိုက်တယ်..။
"မရှိဘူး..ဒါပေမဲ့ ပုံပြင်တွေရှိတယ်လေ..။တစ်ချို့က သက်သေတွေနဲ့ရေးထားတာ..။ဒါပေမဲ့ ဒီဟာအများစုကို ငါတို့က ကတ်စီရဲ့ အမြင်ကနေ ရထားကြတာပဲ.."
သူမက မျက်မမြင်မိန်းကလေးကို နွေးထွေးတဲ့ အကြည့်နဲ့ကြည့်လိုက်တယ်..။
"ကတ်စီက ငါတို့ကို အများကြီး ကူညီပေးခဲ့တယ်.."
ဆန်နီ စဥ်းစားဖို့ လိုအပ်လာပါပြီ..။တကယ်လို့ ပြောင်းလဲနေတဲ့ကြယ်ပွင့်သာ ဒီအစီစဥ်ကို ချထားတာ ဆိုရငိ..ဒါက ဖြစ်နိုင်တယ်လို့ ဆိုလိုတာပါ..။ဒါပေါ့..အန္တရာယ်တွေကလည်း စောင့်ကြိုနေပါလိမ့်မယ်..။မေ့ပျောက်ကုန်းမြေပေါ်က ဘယ်အရာကမှ လွယ်ကူပြီး လုံခြုံနေမှာမဟုတ်ပေ..။သို့ပေမယ့်..အခွင့်အရေး တွေဆိုတာကလည်း အရမ်းကို ရှားပါးပါသေးတယ်..။
ဆန်နီလည်း တကယ်ကို သန်မာတဲ့ တပ်ဖွဲ့တစ်ဖွဲ့နဲ့ ..ဒီနေရာကနေ ထွက်ခွာချင်စိတ်တောင် ပေါက်လာခဲ့တယ်..။အနက်ရောင်မြို့တော်ရဲ့ အပြင်ဘက်..မှာရှိတဲ့ အိပ်မက်ဆိုးသားရဲတွေက..အထဲက သားရဲတွေထက်စာရင် အဆင့်နိမ့်ကြပါတယ်..။သူ့အတွက် အမဲလိုက်ရဖို့ အခွင့်အရေးများတာကြောင့် အရိပ်အပိုင်းအစတွေလည်း ပိုပြီး စုဆောင်းနိုင်ပါလိမ့်မယ်..။ကျောက်တုံး သူတော်စင်ကို ကျွေးဖို့အတွက်လည်း..မှတ်သားမူ တွေကို ရနိုင်ဦးမှာပါ..။
အထူးသဖြငိ့..နစ်ဖီ ၊ အယ်ဖီ နဲ့ ကတ်စတာ တို့ကို သန်မာတဲ့ တိုက်ခိုက်ရေးသမားတွေကလည်း သူ့ဘေးနားမှာ ရှိနေပါသေးတယ်..။ထပ်ပြောရရင်..ကတ်စီက သူတို့ရဲ့ အန္တရာယ်တွေကို သတိပေးနေတာကြောင့်..အလကားနေရင်း တိုက်ခိုက်နေစရာ မလိုပါဘူး..။
သူမရဲ့ ဆန်းကျယ်မူ နဲ့ အမြင်အာရုံ တွေက သူတို့ရဲ့ အသက်ကို ဘယ်နှစ်ကြိမ်လောက် ကယ်တင်ခဲ့သလဲ ဆိုတာတောင် မသိတော့ပေ..။
ကြောက်စရာ အကောင်းဆုံးတွေဖြစ်နဲ့ ဝင်္ကဘာအကြောင်းတွေ ၊ ကျိန်စာသင့် အနက်ရောင် ဒီရေ အကြောင်းကို ကြိုမြင်နေတဲ့လူက သူတို့ဘက်မှာ ရှိနေပါတယ်..။
ဒီတော့ သူက ဒီအကြံဥာဏ်ကို ချက်ချင်း မငြင်းဆန်ခဲ့ပေ..။ဘာလို့လဲ ဆိုတော့ သူက နောက်ထပ်..အစားထိုးအနေနဲ့လည်း..တောငိးဆိုရဦးမှာပါ..။
ဒါပေမဲ့...သူ စဥ်းစားရမယ့် အရာကလည်း ထပ်ပြီး ရှိနေပါဿးတယ်..။
ဆန်နီ အခန်းထဲက လူတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်တယ်..။
"အာ..ငါ နစ်ဖီနဲ့ နှစ်ယောက်ထဲ ပြောစရာ ရှိတယ် ..။ကျေးဇူးပြုပြီး..."
သူတို့ ထဲက အများစုက သူ့ကို မျက်တောင်မခတ်ပဲ ကြည့်နေခဲ့တယ်..။အထူးသဖြင့် ကတ်စတာကတော့ ဖြစ်ပျကိနေတာတွေကို ပျော်ရွှင်ပုံမရပါဘူး..။
'သူ နဲ့ နစ် က ဘာတွေလဲ...။သူက ဘာလို့ ပိုင်စိုးပိုင်နင်း ဖြစ် နေတာလဲ...."
သို့ပေမယ့် ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူတို့ကို ကြည့်လိုက်တဲ့ အချိန်မှာပဲ..သူတို့က မတ်တတ်ထရပ်လိုက်ပြီး အခန်းထဲကနေ တစ်ယောက်ချင်းစီ ..ထသွားခဲ့ကြပါတယ်..။
***
မကြာခင်မှာပဲ ဆန်နီ နဲ့ နစ်ဖီသာ ကျန်နေခဲ့တော့တယ်..။
သူ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်ပါတယ်..။သူ့အသံက ကြမ်းတမ်းပြီး အက်ကွဲနေခဲ့တယ်..။
"နစ်...ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ..။ဘာလို့ ငါ့ကို ပြန်ဆွဲခေါ်နေရတာလဲ..။ဒီအရာကြီးက ဘယ်လို အဆုံးသတ်မယ် ဆိုတာကို နင်မသိဘူးလား.."
သူမက အရှုံးမပေးတဲ့ အမူအရာနဲ့ အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ ကြည့်နေခဲ့တယ်..။ယင်းနောက် သူမ ပြောလာခဲ့ပါတယ်..။
"ဘာလို့လဲဆိုတော့..ဒီကမ္ဘာပေါ်မှာ ငါ ယုံကြည်ရတဲ့လူက နှစိယောက်ပဲ ရှိလို့ပဲ..ဆန်နီ..။တစ်ယောက် ကတ်စီ ..။နောက်တစ်ယောက် နင်ပဲ..။ငါ့နောက်ကျောမှာ ရှိနေပေးဖို့အတွက် နင့်ကိုပဲ ယုံကြည်တယ်.."
သူ မတတ်နိုင်စွာပဲ ခါးသက်စွာ ရယ်မောလိုက်တယ်..။
"နင့် နောက်ကျောကို ကြည့်ပေးဖို့တဲ့လား..။နစ်..ငါတို့နှစ်ယောက်ရဲ့ အနာဂတ်မှာ ဘာတွေ စောင့်နေလဲ ဆိုတာကိုရော သိရဲ့လား..။ဒီဇာတ်လမ်းက ပျော်စရာ အဆုံးသတ် ဖြစ်လာမှာမဟုတ်ဘူးနော်..။ဒါက..ဝမ်းနည်းမူတွေ ၊ နာကျင်မူတွေ ၊ ဒေါသတွေပဲ ရှိနေရလိမ့်မယ်..။မှတ်မိတယ်မလား..."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခနလောက် တွေဝေနေခဲ့တယ်..။သူမရဲ့ မျက်နှာကတော့ တည်ငြိမ်ပြီး လေးနက်နေခဲ့ပါတယ်..။တိတ်ဆိတ်မူက ကြီးစိုးသွားတော့မယ့် အချိန်မှာပဲ သူမက ပြန်ဖြေလိုက်တယ်..။
"ဘဝက ဇာတ်လမ်း မဟုတ်ဘူး ဆန်နီ..။နင်သေတဲ့ အချိန်မှပဲ ဒီအရာက အဆုံးသတ်မှာ..။
သူ ..ပြုံးသာ နေခဲ့ပြီး ဘယ်လိုပြန်ဖြေရမလဲ ဆိုတာကို မသိတော့ပေ..။
"ဒီတော့..နင်ငါ့ကို ကူညီပေးမှာလား.."
ဆန်နီ သက်ပြင်းချပြီး မတ်တတ်ထရပ်ကာ..မေ့ပျောက်ကုန်းမြေကြီးရဲ့ မြေပုံကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်တယ်..။
"ငါ...မသိတော့ဘူး..."ငါ စဥ်းစားဖို့ အချိန်လိုတယ်..။ငါ အယ်ဖီကို ခေါ်သွားပြီး တစ်ပတ်လောက် လုံခြုံအောင် ထားပေးမယ်..။တစ်ပတ်ကြာပြီး ငါတို့ပြန်တွေ့ရင် အဖြေပြန်ပေးမယ်.."
သူမ ဒီအရာကို လက်ခံတဲ့ ပုံစံနဲ့ ခေါင်းညိမ့်လိုက်ပါတယ်..။
ဆန်နီ ကိုယ့်ကိုကို အေးဆေးတည်ငြိမ်အောင် တွန်းအားပေးလိုက်ပြီး တစ်ဖက်ကို လှည့်ကာ ထွက်သွားလိုက်ပါတယ်..။
သူ့နောက်က တံခါး ပြန်ပိတ်သွားတာနဲ့ သူ့အမူအရာက ပြောင်းလဲသွားခဲ့တယ်..။
'ချီးပဲ..ငါ့ရဲ့ အကျိုးအမြတ်ကို ဆွေးနွေးဖို့ မေ့သွားတယ်..'
သူ အခုချိိန်မှ..ပြန်ဝင်သွားပြီး ပြောရင် အတော် ကြည့်ရ ဆိုးနေမှာမဟုတ်ဘူးလား...။
ဟုတ်တယ်မလား...
အရိပ်ကတော့ မျက်နှာကို လက်နဲ့ အုပ်ထားပြီး သူ့ သခင်ရဲ့ တုံးအမူကို စိတ်ပျက်နေခဲ့ပါတယ်..။