မျိုးဆက်သစ်
Vol. 12 Ch. 179
အပြင်ဘက်ရောက်တဲ့အချိန်မှာတော့ ဆန်နီဟာ အယ်ဖီ နဲ့ ကိုင် ကို အချိန်တစ်ချို့ယူပြီး ရှာလိုက်ရတယ်..။သူတို့က အဆောက်အဦးထဲက..စားသောက်ခန်းထဲမှာဖြစိပြီး..ရှိနေခဲ့ကြတာပါ..။
ကတ်စီ ရဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရပေ..။သို့ပေမယ့်..ကတ်စတာကတော့ ..သူ့ကို ဒုတိယထပ်ကို တက်တဲ့ လှေကားကနေ ..အကဲခတ်နေတာကို သတိထားမိပါတယ်..။
'သူမက ငါ့ကို ရှောင်နေတာလား..'
အနည်းငယ် စိတ်ပျက်မူနဲ့ အတူပဲ..ဆန်နီဟာ..အယ်ဖီတို့နှစိယောက်ရဲ့ အနားမှာရှိတဲ့ ထိုင်ခုံမှာ ဝင်ထိုင်ပြီး သူတို့ကို ကြည့်လိုက်တယ်..။
"ဘာလဲ..မင်းတို့နှစ်ယောက်က သိနေတာလား.."
ကိုင် ပြုံးလိုက်ပြီး..
"မုဆိုး မိန်းကလေး အသီနာကို ဘယ်သူက မသိပဲနေမှာလဲ..။ငါတို့က..အာ...အရင်တုန်းက အနည်းငယ် ငြိ ခဲ့ကြသေးတယ်.."
ဘယ်လို ငြိ တာကို ပြောနေတာလဲဆိုတာကိုတောင် ထပ်မမေးချင်တော့ပဲ..ဆန်နီ သက်ပြင်းချကာ ပြောလိုက်တယ်..။
"မင်းရဲ့ ထူးခြားတဲ့ အားနည်းချက်ကိုရော..သူမက သိထားသေးလား.."
ခန့်ညားတဲ့ လူငယ်လေးဟာ..အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာပြောလိုက်တယ်..။
"အဲလို ထင်တာပဲ..။ငါက ဒါကို လျိုဝှက်မထားဘူးလေ.."
ကောင်းတယ်..။ဒီကမ္ဘာပေါ်မှာ..သူတိူ့ရဲ့ အားနည်းချက်ကို လူတိုင်းကို လျောက်ပြောတတ်တဲ့ ထူးဆန်းတဲ့ လူနှစ်ယောက်နဲ့ သူ တွေ့နေရတာပါ..။
....ကောင်းပြီ..တကယ်လို့ သူ့မှာသာ ကိုင်လို အားနည်းချက် ရှိနေရင်လည်း..အများကြီး စိုးရိမ်နေဖို့ မလိုအပ်တော့ပါဘူး..။
'ကံကောင်းတဲ့ ခွေးသားလေး..'
ဘာမှ ဟန်ဆောင်နေစရာ မလိုတော့တာကြောင့်..ဆန်နီ ရိုးရှင်းစွာပဲ မေးလိုက်တယ်..။
"ကောင်းပြီလေ..အခန်းထဲက တစ်ယောက်ယောက်က လိမ်နေသေးလား.."
အယ်ဖီ ပြုံးလိုက်ပြီး..
"အာ...ဒီတော့ ဒါကြောင့် နင် ..နိုက်ကို ခေါ်လာခဲ့တာပေါ့..။အတော် သံသယများတာပဲလား.."
ဆန်နီ ဒီမေးခွန်းကို..လျစ်လျူရူချင်ပေမယ့်လည်း သူ့ရဲ့ အားနည်းချက်က ကိုင် ထက်တောင်မှ ပိုပြီး တင်းကြပ်ပါသေးတယ်..။
"ငါထင်တာတော့..ငါက သာမန်လူတွေထက်တောင်မှ သံသယ များသေးတယ်..။ငါ ဆိုလိုတာက..အလွန်အကဲ သဘောမျိုးပေါ့.. "
ဒီလိုပြောပြီးတာနဲ့ သူက ခန့်ညားတဲ့ လေးသည်တော်ကို မျှော်လင့်ချက်နဲ့ကြည့်လိုက်တယ်..။ကိုင် ခနလောက် တွေဝေနေပြီးကာမှ..
"ဘယ်တစ်ယောက်ကမှ အလိမ်အညာ မပြောခဲ့ဘူး..။မင်းရဲ့ မိတ်ဆွေတွေက အရမ်းကို ရိုးသားကြတယ် ဆန်နီ..."
'အ်ိုး..မင်းက သနားစရာ သိုးငယ်လေးပဲ..'
ရိုးသားမူကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ မသိတာကြောင့် ဆန်နီ ခေါင်းခါယမ်းပြီး အသံနိမ့်ကာ မေးလိုက်တယ်..။
"ကတ်စတာ တောင်မှပဲလား.."
ကိုင်က ခေါင်းညိမ့်လိုက်တယ်..။
"ဟင့်အင်..သူလည်းပဲ ရိုးသားတယ်.."
ဆန်နီ မှားနေတာ များလား..။ကတ်စတာက တကယ်ပဲ ရိုးသားပြီး..ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်လား..။သူ့ရဲ့ မယုံကြည်မူက ယုတ္တိ မရှိဖြစ်နေတာလား..။
မသေချာ မူတွေနဲ့ အတူပဲ ဆန်နီက ခနလောက် တွေးလိုက်ပြီး အယ်ဖီ ဘက်ကို လှည့်လိုက်တယ်..။
"နစ် နဲ့ ငါ နဲ့က နောက်တစ်ပတ် နေမှ စကားထပ်ပြောကြမှာ..။အဲ့ဒီအချိန်အထိတော့ နင်က ငါ့ရဲ့ ကာကွယ်မူ အောက်မှာပဲ..."
မုဆိုး မိန်းကလေးက တခစ်ခစ် ရယ်မောလိုက်ပြီး..
"အိုး...ဒီစကားက ငါ့ကို လုံခြုံသွားသလို တောင် ခံစားရတယ်..။ကျေးဇူးပါ ကောင်လေး.."
သူ မျက်နှာ ရှုတ်မဲ့သွားခဲ့တယ်..။
"စိတ်မပူနဲ့..။ငါ့ပုံစံက ဘာမှ မဟုတ်ပေမဲ့..ငါ့ရဲ့ အိမ်နီးချင်းကို မြင်ရလိမ့်မယ်. "
ကိုင် က သူ့ရဲ့ သောက်စရာကို ဆုပ်ကိုင်ထားရင်း အနည်းငယ် ဖြူဖျော့သွားခဲ့တယ်..။တစ်ခုခုကို သတိရသွားတာကြောင့် ဆန်နီ သူ့နောက်ကျောကို ပုတ်ပြီး ပြောလိုက်ပါတယ်..။
"ဘာပဲဖြစ်ဖြစ် ကူညီပေးတဲ့ အတွက် ကျေးဇူးပါ..။ငါတို့ရဲ့ အပေးအယူက ပြီးသွားပြီ..။သိပ်မကြာခင် ပြန်တွေ့ကြတာပေါ့.."
သူက ဒီငနဲကို နည်းနည်းတောင် သတိရနေမှာမဟုတ်ပါဘူး..။ရုပ်ရည် အရယှဥ်ကြည့်မယ် ဆိုရင် သူက အစောကတည်းကကို ရှုံးနိမ့်နေပါပြီ..။ကိုင်ရဲ့ ဘေးနားမှာ ရှိနေရတာက သူက တကယ့်ကို...အာ.....ပုံမှန်ထက် အထက်ပေါ့..."
ခန့်ညားတဲ့ လေးသည်တော်လေးဟာ သူ့ကို အနည်းငယ်ကြာအောင်ကြည့်ပြီးမှ ကြိုးစားပြီး ပြုံးလိုက်တယ်..။
"ဟုတ်တယ်..မင်းရဲ့ အပေါင်းအပါဖြစ်ရတာ တကဟ်ကောင်းတယ် ဆန်နီ..။ရိုးရိုးသားသား ပြောရရင် မင်းနဲ့ ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေက..အာ...မမေ့နိုင်စရာပဲ.."
ပြီးတာနဲ့ သူ အယ်ဖီ ဘက်ကို လှည့်ပြီး စကားအနည်းငယ် ပြောကာ ထွက်သွားခဲ့ပါတယ်..။
သူတို့ နှစ်ယောက်တည်း ကျန်နေခဲ့ပါပြီ..။
မုဆိုးမိန်းကလေးဟာ..ထူးဆန်းတဲ့ အမူအရာ နဲ့ကြည့်ပြီး မေးလာခဲ့တယ်..။
"ဒီတော့ ငါတို့ဘယ်ချိန်သွားကြမလဲ.."
ဆန်နီ တွေဝေမနေခဲ့ပေ..။
"အခုပဲ..။အရိူးသားဆုံးပြောရရင် ငါက အပျက်အဆီးထဲကို ပြန်သွားချင်နေပြီ..။ဒီနေရာက...ငါ့ကို ကြက်သီး ထစေတယ်.."
အယ်ဖီ သူ့ကို ထူးဆန်းစွာကြည့်ပြီး ပုခုံးတွန့်လိုက်တယ်..။
"
"ကောင်းပြီလေ ပြသနာမရှိဘူး..။ဒီကြောက်စရာ နေရာကို စွန့်ခွာပြီး ကျိန်စာသင့် အပျက်အဆီးထဲကို သွားပုန်းကြတာပေါ့..။အနည်းဆုံးတော့ အဲဒီမှာဆိုရင် လုံခြုံသလို ခံစားရလိမ့်မယ်.."
***
အချိန်တချို့ကြာပြီးတဲ့ နောက်မှာတော့..သူတို့ကလမ်းတွေထဲမှာ..ဂရုတစိုက်လျောက်သွားနေခဲ့ကြတယ်..။နေ့ဘက်မှာ သွားလာရတာ အသားမကျတာကြောင့် သူက အနည်းငယ် စိတ်ဖိစီးနေခဲ့တယ်..။
ကံကောင်းချင်တော့ သူတို့နှစ်ယောက်က အတွေ့အကြုံ ရှိ မုဆိုးတွေဖြစ်တာကြောင့် ကောင်းကောင်း ပူးပေါင်းနိုင်ခဲ့ကြပါတယ်..။သုံးလလောက်ခွဲခွာခဲ့ရပေမယ့်လည်း ဆန်နီက..အယ်ဖီနဲ့ အတူတူ အထစ်အငေါ့မရှိပဲ...အတူတူ အလုပ်လုပ်နိုင်ခဲ့တယ်..။
တစ်နေရာအရောက်မှာတော့..မုဆိုးမိန်းကလေးက သူ့ကို စိုက်ကြည့်ပြီး မေးလာခဲ့တယ်..။
"ဒါပေမဲ့ အလေးအနက် ပြောရရင် နင်ဘယ်လို အသက်ရှငိနေခဲ့တာလဲ ဆန်နီ.."
သူ..သူမကို ထူးဆန်းစွာကြည့်ပြီး ပုခုံးတွန့်လိုက်ပါတယ်..။
"နင်ဘယ်လိုထင်လို့လဲ..။နင်သိတဲ့အတိုင်း ငါက အရိပ်တွေထဲမှာ ပုန်းကွယ်တာ တော်တယ်လေ..။ငါက နေ့ဘက်တွေမှာ အိပ်ပြီး ညဘက်မှ အမဲလိုက်တာ..။ငါ့ရဲ့သားကောင် မှာရှိတဲ့ အားနည်းချက်တွေကို မတိုကိခိုက်ခင် သေချာလေ့လာတယ်..။ငါ သတ်နိုင်မယ်လို့ မသေချာတဲ့ သားကောင်တွေကို တွေ့ရင်တော့ ထွက်ပြေးရတာပေါ့.."
သူမ အတော်ကြာအောင် အတွေးများလာပြီးမှ ပြောလိုက်တယ်..။
"ဒါက တကယ်ကို မှတ်သားလောက်စရာပဲ..။နင်က ပြောင်းလဲသွားပြီ..။နင်က..အခုဆိုရင် တကယ့် မုဆိုးတစ်ယောက်နဲ့ တူနေပြီ.."
ဆန်နီ ပြုံးလိုက်တယ်..။
"ကောင်းပြီ ငါလည်း ဒီီလိုမျှော်လင့်တာပဲ..။ငါက အိပ်မက်ဆိုးသားရဲ တွေကို ပိုသတ်နိုင်တာက တကယ်ဖြစ်သင့်တယ်လေ.."
သူမက ပြုံးလိုက်ပြီး..
"ဘယ်လောက်များလဲ"
:
ဒါက မေးခွန်းကောင်းပဲ..။ဆန်နီ မဖြေခင် တွေဝေနေခဲ့တယ်..။
"၆၀ ဝန်းကျင်လောက်ရှိမယ်..။ ဟုတ်တယ် အဲ့ထက်တော့ မပိုလောက်ဘူး.."
ဝင်္ကပါ ထဲမှာ သူသတ်ခဲ့တာတွေကိုပါ ထည့်တွက်လိုက်မယ် ဆိုရင် အရေအတွက်က တစ်ရာ ကျော်သွားပါလိမ့်မယ်..။
အယ်ဖီက သူ့ကို နက်မှောင်တဲ့ အမူအရာနဲ့ကြည့်လိုက်တယ်..။ဒီလောက်အများကြီးကို သုံးလ ထဲနဲ့ အမဲလိုက်ခဲ့တယ် ဆိုတာက တကယ်ကို မယုံနိုင်စရာပါပဲ..။
တကယ်တော့ ဒါက လုံးဝကို ရူးလောက်းစရာပါ..။အစစ်အမှန်ကမ္ဘာမှာဆိုရင် နိုးထမူအဆင့် အိပ်မက်ဆိုးသားရဲတွေက အိပ်စက်သူတွေအတွက် တိုက်ခိုက်ရ အရမ်းခက်ခဲတယ်လို့ပဲ သိထားကြပါတယ်..။တိုက်ပွဲမှာ..တစ်ကောင်လောက်ကို သတ်နိုင်ခဲ့တယ် ဆိုရင်ပဲ..သင့်တော်တဲ့ ဂုဏ်သတင်းကို ရနေကြပါပြီ..။တစ်ဒါဇင်လောက် သတ်ခဲ့တယ် ဆိုရင်တော့ ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်သွားမှာပါ..။
တကယ်လို့ ဆန်နီသာ ပြန်ရောက်သွားပြီး..ကျရှုံးမူအဆင့် သားရဲတွေကြားထဲမှာ..အကောင်တစ်ရာလောက် သတ်ခဲ့တယ်လို့ပြောမယ်ဆိုရင် သူ့နာမည်က ကမ္ဘာဂြိုလ်တစ်ခုလုံးတောင် ပျံ့နှံ့သွားလောက်ပါတယ်..။သူက မျိုးဆက်သစ်တွေကြားထဲမှာ သူမတူတဲ့ ဂျီးနီးယပ် တစ်ယောက်ဖြစ်လာမှာပါ..။
ဒါတောင်မှ အမှောင်မြို့တော်ထဲမှာ ..သူ့လိုလူတွေက ဒါဇင်နဲ့ချီပြီး ရှိနေပါသေးတယ်..။ထပ်ပြောရရင် အယ်ဖီ ကိုယ်တိုင်ကလည်း သားရဲတွေ ရာနဲ့ချီပြီး သတ်ဖြတ်ထားခဲ့တာပါ..။အပြင်ဘက် နေအိမ်တွေမှာလည်း ဒီလို မှတ်တမ်းနဲ့ မုဆိုးတွေ ရှိနေပါသေးတယ်..။ဂျူဘိုင် သေဆုံသွညးတယ် ဆိုရင်တောင် သူတို့ရဲ့ အရေအတွက်က မနည်းလှပါဘူး..။
ရဲတိုက်ထဲမှာဆိုရင်လည်း..ဂန်လောင် ကိုယ်တိုင် နဲ့ သူ့ရဲ့ အရာရှိငါးယောက် ၊ လမ်းပြတွေ ၊ အတွေ့အကြုံရှိတဲ့ မုဆိုးတွေနဲ့..အစောင့်အကြပ် လက်တစ်ဆုပ်လောက်က..တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်အောင်မြင် ခဲ့ကြတာပါ..။သူတို့ အကုန်လုံးက အိပ်စက်သူ တစ်ယောက် မရောက်နိုင်လောက်တဲ့ အဆင့်အတန်း မျိုးတွေမှာချည်း ပါပဲ..။
မေ့ပျောက်ကုန်းမြေက တကယ်ကို စိတ်ဝင်စားစရာ နေရာမျိုးပဲ..။
တကယ်လို့ နစ်ဖီ ရဲ့ အစီစဥ်သာ အောင်မြင်ပြီး သူတို့ထဲက အချို့ကို အပြင်ကမ္ဘာဆီ ခေါ်သွားနိင်ခဲ့ရင် ကမ္ဘာကြီးက ဘယ်လိုသုံးသပ်ကြမလဲ..။သူတို့ရဲ့ အဆင့်အတန်းတွေကို မပေးခင်မှာ ဒီဟာကြီးက မဖြစ်နိုင်ဘူးလို့ ပြောကြမှာလား..။
အခိုက်အတန့်က သူမကို ပြောင်းလဲနေတဲ့ကြယ်ပွင့်လို့ ပေးလိုက်တာ ဒီအကြောင်းပြချက်ကြောင့်လား..။နစ် က ပြောင်းလဲမူတွေလုပ်ဖို့ ကံ ပါလာရုံသာမကပဲ..ဒါတွေကိုပါ ကူညီပေးရမယ့် သူ တစ်ယောက်လား။
ဒီအတွေးတွေနဲ့ အတူပဲ ဆန်နီ အပျက်အဆီးတွေထဲမှာ လမ်းလျောက်နေခဲ့တယ်..။မကြာခင်မှာပဲ ရင်းနှီးတဲ့ ဘုရားကျောင်းပုံရိပ်က သူ့မြင်ကွင်းထဲကို ရောက်လာခဲ့ပါတယ်..။
ဒါကိုကြည့်ပြီး ဆန်နီ ပုခုံးတွန့်လိုက်တယ်..။
သူဘယ်လို ရှင်သန်ခဲ့လဲ ဆိုတာကို အယ်ဖီကို ရိုးရိုးသားသားပဲ ပြောပြခဲ့ပါတယ်..။
သို့ပေမယ့် သူဘယ်လောက်ထိ သေဖို့ နီးကပ်ခဲ့သလဲ ဆိုတဲ့အရာကိုတော့ မပြောခဲ့ပေ..။
ဘုရားကျောင်းထဲကို ပထမဆုံးစရောက်လာတုန်းက မှတ်ဥာဏ်တွေ နဲ့ နောက်ဆက်တွဲတွေက တကယ်ကို သူ မလိုချင်တဲ့ အရာတွေပါပဲ..။