← Chapters

ကျိုးပျက် မှတ်

Vol. 12 Ch. 180

ကျိုးပျက် မှတ်

Vol. 12 Ch. 180

ဒီအရာက သူရဲတိုက်ကနေ ထွက်လာပြီး..ရက်သတ္တပတ် အနည်းငယ် အကြာမှာ ဖြစ်ပျက်ခဲ့တာပါ..။အဲ့တုန်းကတော့..ဆန်နီက အမှောင်ထုလွမ်းမိုးနေတဲ့ ကျိန်စာသင့် ညအချိန်တွေမှာ သွားလာရတာကို..စတင်ပြီး ယုံကြည်မူ ရှိနေတဲ့ အချိန်ပါပဲ..။သူက အပျက်အဆီးတွေ ကြားထဲမှာသွားလာပြီး..သားကောင် ရှာဖွေကာ..မွန်းစတားတွေ တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်နေခဲ့တယ်..။

ပြန်ကြည့်ရရင်..ဒီ အောင်ပွဲအနည်းငယ်က သူ့ကိုယ်သူ အထင်ကြီးသွားစေမိတဲ့ ပုံပါပဲ..။ဒါမှမဟုတ်..သူက အနက်ရောင်မြို့တော်ထဲမှာ တစ်ယောက်တည်း ရှင်သန်ဖို့အတွက်ကို သင့်တော်နေခဲ့တာပါ..။

အနက်ရောက်စစ်သည်နဲ့ ပထမဆုံစတွေ့တဲ့ အချိန်က သူ့ရဲ့ စိတ်တွေ လွတ်သွားတော့မလိုတောင် ဖြစ်သွားခဲ့ပါတယ်..။

ဆန်နီက ဒီ ပျက်ဆီးနေတဲ့ ဘုရားကျောငိးကို..မတော်တဆ ၊ သိချင်စိတ်နဲ့ ရောက်လာခဲ့တာ မဟုတ်ပေ..။သူက ဒီ ရှေးဟောင်း ဘုရားကျောငိးမှာ တစ်ခုခု ထူးခြားနေတာကို သတိထားမိပြီး..သေချာသုံးသပ်ပြီးကာမှ စူးစမ်းရှာဖွေဖို့ဆုံးဖြတ်ခဲ့တာပါ..။

ဘာလို့လဲဆိုတော့..သူမြင်တွေ့နေတဲ့ အရာက ..လျစ်လျူရူ ဖို့အတွက် ခဲယဥ်းနေလို့ပါပဲ..။

အာရုံတက်ချိန်မှာဆိုရင်..ဘုရားကျောင်းထဲကနေ မှိန်ပျော့ပျော့ ရွှေရောင် အလင်းရောင်တစ်ခု ထွက်ပေါ်နေတာကို သူ မြင်ရပါတယ်..။ဒီရွှေရောင် အလင်းရောင်က သူ နှစ်ခါမြင်ဖူးတဲ့..ရွှေရောင် အလင်းရောင် နဲ့ အတူတူပါပဲ..။

တစ်ကြိမ်က..ဆားငန်ရည် စက်ကိုသောက်ပြီးတဲ့ အချိန်မှာ သူ့ရဲ့သွေးထဲမှာတွေ့ခဲ့တာဖြစ်ပြီး..နောက်တစ်ကြိမ်က..ပြောင်းလဲနေတဲ့ကြယ်ပွင့် ရဲ့ သတိလစ်နေတဲ့ ခန္တာကိုယ်မှာတွေ့ခဲ့ရတာပါ..။

ခန့်မှန်းနေစရာတောင် မလိုပဲ..ဒီရွှေရောင် အလင်းတန်းက ဘာလဲဆိုတာကို ဆန်နီ သိနေခဲ့တယ်..။

ဒါက နတ်ဘုရား ရဲ့အလင်းရောင်ပါ..။

သူခိုးငှက်ထားရစ် ခဲ့တဲ့ နတ်ဘုရား..အစက်အပေါက် ကလေးကို ..ဆန်နီက သူ့ရဲ့ မျက်လုံးတွေနဲ့ မြင်ပြီးသေချာလေ့လာထားခဲ့ရပါတယ်..။

နစ်ဖီ ရော..သူရောက နတ်ဘုရား ဆက်နွယ်မူတွေ ရှိနေကြတာကြောင့်..ဒီအဖြေ ရလာဖို့ဆိုတာက မခက်ခဲလှပါဘူး..။ထပ်ပြောရရင်..ရွှေရောင် အလင်းရောင်ကို မြင်နိုင်တဲ့..သူ့ရဲ့ စွမ်းရည်ကလည်း ဒါကို ထောက်ပံ့ပေးထားပါသေးတယ်..။

ဒါကြောင့်..ဆားငန်ရည်စက် လို နောက်ထပ်ရတနာ တစ်ခုကိုများ ရှာတွေနိုင်မလားဆိုပြီး..ဆန်နီက ဘုရားကျောင်းထဲကို ဝင်လာခဲ့တယ်..။ယင်းနောက် သူ့ရဲ့ ကြီးကျယ်ခမ်းနားမူကို အံ့ဩသင့်သွားခဲ့ရပါတယ်..။

နောက်တစ်စက္ကန့်မှာပဲ..အနက်ရောင် စစ်သည်တော်က သူ့ရဲ့ ဓားနဲ့..ထိုးဖောက်ဖို့ သူ့ဆီကို ပြေးဝင်လာခဲ့တယ်..။

ဒီ နတ်ဆိုးကြီးက..သူ့အရိပ်ရဲ့ အမြင်အာရုံကနေ ဘယ်လို ရှောင်တိမ်းနိုင်တာလဲ..။သူ့ အနားကို အသံမထွက်ပဲ ဘယ်လိုကပ်လာတာလဲဆ်ိုတာကို ဆန်နီ မသိခဲ့ပါဘူး..။သူ သိတာဆိုလို့..ဒီ အနက်ရောင် သားရဲကြီးက..ရုတ်တရက် ဘုရားကျောင်းရဲ့ အမှောင်ထဲကနေ ထွက်လာပြီး .သူ့ကို ထိုးဖောက်လာခဲ့တယ် ဆိုတာပါပဲ .။

သားရဲကြီးရဲ့ မထိုးဖောက်နိုင်လောက်တဲ့..ခေါင်းစွပ်ရဲ့ နောက်မှာတော့..မီးတောကိ နှစ်ခု တောက်လောင်နေတာကို မြင်နေခဲ့ရတယ်..။ဒီ အရာတွေကို ကြည့်လိုက်ရင် ဆန်နီက..သေဆုံးခြင်း မျက်လုံးတွေကို ကြည့်နေသလိုတောင် ခံစားနေရပါတယ်..။

ဆန်နီက အံ့ဩသင့်မူနဲ့ ကြုံတွေ့ခဲ့ရတယ် ဆိုပေမယ့်လည်း..သူ့ခန္တာကိုယ်က မသိစိတ်အလျောက် ရွေ့လျားသွားခဲ့တယ်..။မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့မူတွေက အလဟသ ဖြစ်မသွားခဲ့ပါဘူး..။

အဆုံးမှာတော့..ဒီအလိုအလျောက် တုန့်ပြန်မူကပဲ သူ့ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်ဆိုတာကို ဆန်နီ အသွေးအသား ထဲကနေ သိလိုက်ရပါတယ်..။ဘာလို့လဲ ဆိုတော့ သူ့ရဲ့ လျင်မြန်တဲ့ တုန့်ပြန်မူက.. အရိုးဓားကြီး သူ့ကို နှစ်ပိုင်းဖြတ်မယ့် အရာကနေ ကာကွယိပေးခဲ့တာကြောငိ့ပါ..။

အဲဒီအစား ..ဒီအရာက သူ့ရဲ့ ရင်ဘတ်ကို ထိုးခွဲသွားခဲ့တယ်..။

သူ့ရဲ့ ဝမ်းဗိုက်က ဆိုးဆိုးဝါးဝါးနာကျင်သွားခဲ့တာကြောင့်..ဆန်နီ အောက်ကို ငုံ့ကြည့်လိုက်တယ်..။အောက်မှာတော့ သူ့ရဲ့ ဗိုက်က ဟက်တက် ကွဲနေပြီး အစာအိမ်ကနေ သွေးတွေ ဒလဟော စီးကျလာနေခဲ့ပါတယ်..။သူ့ရဲ့ အူတွေကတော့..ဆိုးဝါးတဲ့ ဒဏ်ရာကြီးကနေ တဆင့် မြင်နေရပြီး..အပြင်ကို ထွက်ကျဖို့ါတွက်တောင် အဆင်သင့်ဖြစ်နေခဲ့တယ်..။

သူ့ရဲ့ အသားတွေ တစ်စစီ ဖြစ်သွားလို့ ခံစားနေရတဲ့ နာကျင်မူထက်..သူ့ ဝမ်းဗိုက်ထဲက အရာတွေ အပြင်ကို ထွက်ကျတော့မလိုဖြစ်နေတာကို မြင်နေရတာက ပိုပြီး ထိပ်လန့်ဖို့ကောင်းပါတယ်..။

လက်တစ်ဖက်နဲ့ ဒဏ်ရာကို ဖိထားရင်း နောက်ပြန်လဲကျသွားတဲ့ ဆန်နီဟာ..အဝေးကို တွားသွားဖို့ ကြိုးစားနေခဲ့တယ်..။သို့ပေမယ့် အနက်ရောင် စစ်သည်က..သူ့ရဲ့ အရိုးဓားကြီးကို မြှောက်ပြီး နောက်ဆုံး ရိုကိချက်ကို ထုတ်လွှတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

စက္ကန့်အနည်းငယ်လောက် အရာအားလုံးက အေးစက်သွားခဲ့တယ်..။ဆန်နီ အစီစဥ်တွေ ချမှတ်ဖို့ အချိန်မရှိသလို တွေးနေဖို့လည်း အချိန်မရှိတော့ပေ..။သူသိတာဆိုလို့..သူ့ တွားသွားပြီး ထွက်ပြေးဖို့အတွက် အခွင့်အရေး ဖန်တီးဖို့ပါပဲ..။

သူ အသုံးပြုနိုင်တဲ့ မှတ်သားမူတွေကလည်း တစ်ခုမှ အသုံးမဝင်ခဲ့ပါဘူး..။အရမ်းကို ထက်မြက်တဲ့..

သန်းခေါင်းယံ အမြုတေနဲ့ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ကလည်း..အကူညီမပေးနိုင်ခဲ့ပေ..။သူ့ရဲ့ ​အရေးပါတဲ့ အဆင့်ငါး အကာအကွယ်ကလည်း..အရိုးဓားတွေကို ခနလောက်တောင် တားဆီးမပေးနိုင်ခြင်း မရှိခဲ့ပါဘူး..။

အရိပ်ရဲ့ အားဖြည့်မူနဲ့ဆိုရင်တောင်မှ သူတို့က ဘုရားကျောင်းက..ကြောက်မက်ဖွယ် နတ်ဆိုးအတွက် ဘက် မဟုတ်ခဲ့ပေ..။

အဆုံးမှာတော့..ဆန်နီသူ့လက်ကို ဆန့်တန်းလိူက်ပြီး..သာမနိပုံစံ ရှိတဲ့ ကျောက်တုံးလေးကို ဘုရားကျောင်းထဲကို ထုတိလွတ်လိုက်ပါတယ်..။အရိပ်က ကျောက်တုံးကို ရစ်ပတ်သွားခဲ့ပြီး စွမ်းရည် တိုးမြင့်ပေးနေခဲ့တယိ..။

ခနအကြာမှာတော့ ကျောကိတုံးက ဆန်နီ နောကိဆုံးသတ်ခဲ့တဲ့သားရဲအတိုင်း အူသံထွက်လာခဲ့တယ်..။အရိပ်ရဲ့ အားဖြည့်မူကြောင့် ဒီအော်သံက နံရံတွေကိုတောငိ တုန်ခါစေပြီး ဖုန်မှုန့်တွေကို လေပေါ်လွင့်ပျံခဲ့ပါတယ်..။

အနက်ရောင် စစ်သည်က ရပ်တန့်လိုက်ပြီး..အော်သံထွက်လာတဲ့ နေရာကို လှမ်ကြည့်လိုက်ပါနယ်..။သူ့ကြည့်ရတာ ခနလောက် တွေဝေသွားတဲ့ ပုံပါပဲ..။

အချိန်ကို ဖြုန်းမနေတော့ပဲ..ဆန်နီဟာ သူ့ရဲ့ ဆိုးဝါးတဲ့ ဒဏ်ရာကြီးကို တင်းတင်းကြပ်ကြပ်ဖိထားကာ ခြေထောက်ကို အားယူထပြီး ထွက်ပြေးဖို့ လုပ်လိုက်ပါတယ်..။သူ့ရဲ့ သွေးအိုင်ထဲမှာ ချော်လဲ မတတ်ပါပဲ..။နာကျင်မူကြောင့် ညဥ်းညူရင်း..ဘုရားကျောင်းပျကိရဲ့ ဝငိပေါက်က်ို ရောကိအောင်ကြိုးစားလိုက်ပါတယ်..။

ဆန်းကျယ်စွာပဲ..သူ လုပ်နိုင်ခဲ့တယ်..။အနက်ရောင် စစ်သည်ကတော့..ဒဏ်ရာအပြင်းအထန် ရနေတဲ့ လူသား နောက်ကို လိုက်နေရင်း..တံခါးဝ နားရောက်တဲ့ အချိန်မှာ ရပ်တန့်လိုက်ပါတယ်..။သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ မီးတောက်တွေ တောက်လောင်နေခဲ့တယ်..။

ယင်းနောက်..သိပ်မထူးခြားစွာပဲ..နောက်ပြန်လှည့်လိုက်ပြီး အမှောင်ထဲကိုဖြည်းညှင်းစွာ ပြန်ဝင်သွားခဲ့ပါတယ်..။

***

အချိန်တစ်ချို့ကြာပြီးတဲ့နောကိမှာတော့..ဆန်နီဟာ..သူ့ကိုယ်သူ..အနက်ရောင်မြို့တော် အတွင်းပိုင်းထဲက ..မြောင်းတစ်ခုထဲမှာ ရောက်နေတာကို တွေ့လိုက်ရတယ်..။သူက မြောင်းထဲကို လာမယ့်လမ်းက်ို ရှာတွေ့ခဲ့ပြီး တွားသွားဝင်လာခဲ့တာပါ..။ဒီကနေတဆင့် ညအချိန်မှာသွားလာနေတဲ့ မွန်းစတားတွေကို ရှောင်နိုင်ဖို့ မျှော်လင့်နေခဲ့ပါတယ်..။

သူက..နာကျင်မူတွေ ၊ ကြောက်ရွံ့မူတွေ ၊ မယုံကြည်နိုင်မူ တွေနဲ့ ပြည့်နှက်နေခဲ့တယ် .။

ဒါက...ဒါက..အရာအားလုံးရဲ့ အဆုံးသတ်များဖြစ်နေမလား..။

ဒါက..သူ သေဆုံးရမယ့် အခြေအနေမျိုးလား..။

သူ အော်ငိုပြီး အကူအညီတောင်းချင်ပေမယ့်..ဘယ်သူမှ လာမှာမဟုတ်ဘူးဆ်ိုတာကို သိထားပြီးသားပါ..။

သူ ..ဒီတိုင်း ငိုချလိုက်ချင်ပေမယ့်လည်း..အကြောင်းပြချက် တစ်ချို့ကြောင့် သူ နှုတ်ခမ်းကနေ ရယ်မောသံတွေသာ ထွက်ပေါ်လာခဲ့ပါတယ်..။

ရယ်ရတယ်...ဒါက သောက်ကျိုးနဲအောင် ရယ်ရတယ်..။

မြို့ပြင်မှာနေတဲ့ သူ့လို ကြွက်တစ်ကောင်က..မြောင်းတစ်ခုထဲမှာ သေခါနီး ဆဲဆဲဖြစ်နေတာ..။

ဘယ်လောက်တောင် ကွက်တိကျတဲ့ အဆုံးသတ်မျိုးလဲ..။

သူ ဘာလို့ မရယ်ရမှာလဲ...။

ဒါတွေ အားလုံးက တကယ်ကို ရယ်စရာကြီးပါ..။

ရယ်စရာ အခြေအနေကပဲ..သူ့ကို သမုဒ္ဒရာကြီးလောက် ဝေဒနာ တွေ ပေးစွမ်းနေခဲ့ပါတယ်..။သူ လှုပ်ရှားလိုက်တဲ့ အချိန်တိုင်းမှာ..သူ့ရဲ့ ဝမ်းဗိုက်ကို မရေမတွက်နိုင်တဲ့..ဓားတွေနဲ့ ဖြတ်တောက်နေသလို ခံစားနေခဲ့ရတယ်..။

ဒါတောင်မှ သူ့ရဲ့ ရယ်မောနေမူက ရပ်တန့်မသွားခဲ့ပါဘူး..။

အရယ်ရဆုံး အရာကို ပြောပါဆိုရင်တော့..သူက အခုထိတောင် မသေနိုင်သေးတာပါပဲ..။

သူ ဘယ်လောက်ပဲ..သွေးတွေ ထွက်နေပါစေ..သူ့ရဲ့ အရှုံးမပေးတဲ့ သွေးတွေက အလျော့မပေးခဲ့ပေ..။

ဝီဗာ သွေးရဲ့ လမ်းညွှန်မူနဲ့အတူပဲ..ဒါက..သူ့ခန္တာကိုယ်ရဲ့ ဒဏ်ရာတွေကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေခဲ့တယ်..။သို့ပေမယ့် ဒဏ်ရာက အရမ်းကို ဆိုးဝါးလွန်းလှပါတယ်..။အရိပ်ရဲ့ အားဖြည့်ပေးမူနဲ့တောင် ဝီဗာရဲ့ သွေးက..ယှဥ်ပြိုင်ပြီး မပြင်ဆင်နိုင်ခဲ့ပေ..။

အဆုံးမှာတော့..သူက အဆုံးမရှိတဲ့ နာကျင်မူစက်ဝိုင်းထဲမှာ တဝဲလည်လည် ဖြစ်နေခဲ့ရတယ်..။သူက အသက်မရှင်နိုင်သလို ...သေလည်း မသေနိုင်ဖြစ်နေခဲ့တာပါ..။တစ်မိနစ် ပြီး တစ်မိနစ် ၊ တစ်နာရီ ပြီး တစ်နာရီ ၊ နာကျင်မူ တွေနဲ့ ဝေဒနာ တွေသာ သူ့ရဲ့ သိစိတ်ထဲမှာ ကျန်ရှိနေပါတော့တယ်..။

ဘယ်သူက မရူးသွပ်ပဲ နေနိုင်မှာလဲ..။

သူ့ရဲ့ ဝေဝါးဝါး အသိစိတ်ကနေ တဆင့်..ဆန်နီဟာ..နေထွကိလာတာတွေ ၊ ပြန်ဝင်သွားတာတွေကို သိနေခဲ့တယ်..။ဒီလို အကြိမ်အနည်းငယ်ဖြစ်ပြီးနောက်မှာတော့..သူ နောကိဆုံးမှာ တီးတိုး သက်ပြင်းချလိုက်ပါတယ်..။

တော်လောက်ပြီ..။သူ ထပ်ပြီး သည်းမခံနိုင်တော့ပါဘူး..။

ဒါက လက်လျော့ရမယ့် အချိန်ပါပဲ..။

သူ တကယ်ကို အကောင်းဆုံး ထွက်ပြေးခဲ့ပါတယ်..။

ဒါပေမဲ့ ဒီလိုနာကျင်မူတွေကို ဆက်တိုက်ကြီး ဘယ်သူတောင့်ခံနိုင်မှာလဲ..။

သူ သေချင်နေခဲ့ပါပြီ..။

သူက ဒီအတွက်..အဆင်သင့်...အဆင်သင့်...

'မင်း...မင်း တကယ် အဆင်သင့်ဖြစ်ပြီလား..'

ဆန်နီ..ခနလောက် စဥ်းစားလိုက်ပြီးနောက်မှာ...ရုတ်တရက် အံကို ပြန်ကြိတ်ထားခဲ့တယ်..။

ချီးပဲ..မဟုတ်ဘူး..။

သူ အဆင်သင့်မဖြစ်သေးပေ..။

လက်လျော့ရမှာလား..။

ဘယ်တော့မှ ၊ ဘယ်တော့မှ..သူ ဘယ်တော့မှ လက်လျော့မှာ မဟုတ်ပါဘူး..။

ဒီကမ္ဘာကြီးက သူ့ကို ဝါးမြိုသွားတော့မယ့် အရာကို လက်မခံနိုင်ခဲ့ပေ..။ဒီအရာက သူ့ရဲ့ ဝိဥာဥ်ကို လုံးဝ အနိုင်မယူနိုင်သေးပါဘူး..။

'မဟုတ်ဘူး..ငါ မသေသေးဘူး..ငါက အသက်ရှင်ရဦးမှာ..။ငါက ရှင်သန်ရဦးမှာ..ငါက နောက်ဆုံးရှင်ကျန်သူ ဖြစ်ရမယ်..ဘယ်လိုကိစ္စပဲ ရှိရှိ...'

ဒီ အတွေးပေါ်လာတာနဲ့ သူ သန်းခေါင်းယံ အမြုတေကို ထုတ်လိုက်ပြီး လက်ကိုင်ကို နောက်ဆုံးကျန်တဲ့ ခွန်အားနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိူင်ထားခဲ့ပါတယ်..။

မှတ်သားမူ တိုးတက်ချက် : [ မကျိုးပျက်နိုင်မူ ]

ဖော်ပြချက် : [ ဒီဓားက ကျိုးပျက်မူကို ငြင်းဆန်ပြီး..အကြောင်းပြချက်များကျော်လွန်ကာ တောင့်ခံခဲ့သည်..။သူက ကိုင်ဆောင်သူ သေဆုံးကာနီး အချိန်တွင်..စွမ်းအားများကို ကြီးမားစွာ တိုးမြှင့်ပေးနိုင်သည်..။သို့ပေမယ့် ကိုင်ဆောင်သူက အရှုံးမပေးလိုသည့် စိတ်ရှိနေရန်လိုအပ်သည် ]

သူ့ရဲ့..ရက်စက်တဲ့ ကတိကို တုန့်ပြန်လာတဲ့ အလား ရှေးဟောင်းဓားဟာ နောက်ဆုံးမှာ သူ့ရဲ့ ဝိဥာဥ်ထဲမှာ ဖုံးကွယ်ထားတဲ့ စွမ်းအင်တွေ ပွင့်ထွက်လာခဲ့တယ်..။ချက်ချငိးဆိုသလိုပဲ များပြားလှတဲ့ စွမ်းအင်တွေက သူ့ ခန္တာကိုယ်ထဲမှာ ပြည့်လာခဲ့ပါတယ်..။

သန်းခေါင်းယံ အမြုတေက ဆန်နီကို ပေးလိုက်တဲ့ စွမ်းအားတွေက ဝီဗာသွေးရဲ့ ..ကုသမူ စွမ်းရည်ကို မြှင့်တင်ပေးလိုက်သလိုပါပဲ..။ဒါက သူ့ရဲ့ သေဆုံးခါနီး အခြေအနေကို ထိန်းပေးထားရုံတင်မကပဲ..သူ့ရဲ့ ပျက်ဆီးနေတဲ့ ခန္တာကိုယ်ကိုပါ..ပြင်ဆင်ပေးနေခဲ့ပါတယ်..။သူ သေခါနီးဖြစ်နေသ၍ ဒီစွမ်းအင်တွေက..

ဝီဗာသွေးကို အားဖြည့်နေမှာဖြစ်ပြီး နောက်တစ်ကြိမ် စက်ဝန်းတစ်ခု ဖန်တီးနေဦးမှာပါ..။

မြင့်မြတ်တဲ့ စက်ဝန်းတစ်ခု..။ရှင်သန်ဖို့ လက်မလျော့တဲ့ စက်ဝန်းတစ်ခု..။

ဒါက..အနက်ရောင်စစ်သည် နဲ့..စတွေ့တဲ့ အချိန်တုန်းက ဆန်နီ ရှင်သန်နိုင်ခဲ့တဲ့ ပုံပါ..။

သို့ပေမယ့်..သူ့ ခန္တာကိုယ် အပြည့်အဝ ပြန်ကောင်းလာတဲ့ အချိန်မှာတော့..သူ့ စိတ်ထဲက ဒဏ်ရာက ကျန်ရစ် နေတုန်းပါပဲ..။ရက်တွေကြာပြီးတဲ့နောက်မှာတော့ ဆန်နီ နောက်ဆုံးမှာ..မြောင်းထဲကနေ တက်လာနိုင်ခဲ့တယ်..။သူ့ပုံစံကတော့ အရင်ကနဲ့မတူတော့ပါဘူး..။

ပြီးတော့..အနက်ရောင် စစ်သည် သူ့အပေါ်မှာတင်နေတဲ့ အကြွေးကို သူ ဘယ်တော့မှ မေ့မှာမဟုတ်ပေ..။

တစ်ရက်မှာတော့..ဘယ်လောက်ပဲ စွန့်စားရပါစေ ဒီခွေးသားကို သူ သတ်မှာပါ..။

...အခုတော့..အယ်ဖီ နဲ့အတူ ..ဘုရားကျောင်းဆီကို လျောက်လာရင်းနဲ့..အဲဒီနေ့ရက်က နီးကပ်လာသလို ဆန်နီ ခံစားနေရပါတယ်..။

ဖြစ်နိုင်တာက..သူ နစ်ဖီ ..ရဲ့ စူးစမ်းရှာဖွေမူကို တကယ် လိုက်သင့်တဲ့ပုံပါပဲ..။

သူမသာ ကူညီပေးမယ်ဆိုရင် သူ ဒီအကြွေးကို ပြန်ဆပ်နိုင်ပါလိမ့်မယ်..။

ဒီမှာက တွေးစရာ အများကြီး ရှိနေပါပြီ..။

အယ်ဖီ ရဲ့ အသံက သူ့ရဲ့ ဒီအတွေးတွေ အားလုံးကို မောင်းထုတ် ပစ်လိုက်တယ်..။

"အာ...ဆန်နီ...။နင် အဆင်ပြေရဲ့လား..။

သူ မှတ်ဥာဏ်တွေကို မောင်းထုတ်လိုက်ပြီး အနည်းငယ် တွေဝေနေပြီးမှာ ပြုံးလိုက်တယ်..။

"ဒါပေါ့..အဆင်ပြေပါတယ်..။စကားမစပ် ငါတို့ ရောက်ပြီ..။ငါ့ရဲ့ ..နိမ့်ကျတဲ့နေရာလေးက နေ ကြိုဆိုပါတယ်.."

မုဆိုးမိန်းကလေးဟာ..ခမ်းနားထည်ဝါတဲ့ ဘုရားကျောင်းကို သံသယနဲ့ကြည့်လိုက်တယ်..။

"ဒီမှာလား..။နင်က ဒီမှာနေတာလား..."

ဆန်နီ သူ့ရဲ့ ပထမဆုံး အိပ်မက်ဆိုးကိူတောင် အမှတ်ရလိုက်ပြီး ပုခုံးတွန့်လိုက်ပါတယ်..။

"ငါ ဘာပြောနိုင်ဦးမှာလဲ..။ငါ့မှာ ရှေးဟောင်းဘုရားကျောင်းတွေနဲ့ ပတ်သက်လာရင် အားနည်းချက်တစ်ခု ရှိတယ်.."

All Chapters