← Chapters

သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်က ဒီလောက်တောင်ပဲလား? ၃

Vol. 44 Ch. 647

သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်က ဒီလောက်တောင်ပဲလား? ၃

Vol. 44 Ch. 647

"သာမန်လိပ်တွေ ငါးပုတ်သင်တွေတော့မဟုတ်ဘူးပေါ့... သက်တမ်းရင့်မှရမယ်''

"အဲဒါကြောင့် ကျွန်တော့်အဆက်အသွယ်တွေကိုမေးပြီး တော်ဝင်ပညာရှင်လီအတွက် လိပ်နဲ့ငါးပုတ်သင်ရှာခဲ့တာ... အလုပ်ဖြစ်မယ်မထင်မိဘူး''

"ဒါပေမဲ့ ဒီလိပ်နဲ့ငါးပုတ်သင်ဝါကြီးက အရမ်းရှားတယ်... စျေးကွက်ထဲမှာ မတွေ့ရသလောက်ပဲ''

ဒါကလည်း သတိပေးချက်။

တော်ဝင်ပညာရှင်လီသာပြန်ကောင်းသွားရင် သူ့ဆေးစွပ်ပြုတ်က အစာအိမ်ကင်ဆာကုနိုင်တဲ့သတင်းပြန့်သွားပြီး အစာအိမ်ကင်ဆာရှိတဲ့ဩဇာရှိသူဌေးတွေရောက်လာလိမ့်မည်။

သူအစာအိမ်ကင်ဆာကုမစားချင်သလို တချို့လူတွေကိုဂရုလည်းမစိုက်ချင်။

ထို့ကြောင့် တရုတ်တိုင်းရင်းဆေးပညာရှင်၊ လိပ်နှင့်ငါးပုတ်သင်ဝါကြီးများကို ခုတုံးလုပ်ထားသည်။

လိပ်နဲ့ငါးပုတ်သင်ဝါကြီးမရှိဘဲ သူဘာမှမတတ်နိုင်ဘူးမလား?

ဒီတော့ သူတောင်းပန်လိုက်ရင် ပြီးပြီ။

လိပ်နဲ့ငါးပုတ်သင်ဝါကြီး ဘယ်အချိန်ပြန်ပေါ်လာမလဲက သူ့စိတ်အခြေအနေအပေါ်မူတည်သည်။

သူစိတ်ကောင်းဝင်နေရင် အချိန်မရွေးရမည်။ စိတ်မပါရင်တော့ ငါးလုံးဝမရပါပေါ့။

ချင်လင်၏စကားကို သွမ့်မုရွေ့ရန်နှင့်ထန်ရှိုးဝမ်ကယုံသည်။

ချင်လင်၏စကားနှင့်မျက်နှာထားက တစ်ထပ်တည်းကျနေသည်လေ။

ဆရာဝန်သုံးယောက်က ချင်လင်ကိုမနှောင့်ယှက်တော့။ သူတို့ကချက်ချင်း ဆေးကုခန်းထဲပြန်ပြီး လိပ်နှင့်ငါးပုတ်သင်ဝါကြီးအကြောင်းရှာကြည့်သည်။

ဒီအချက်မှန်မမှန် သူတို့သုံးယောက်အတည်​ပြုချင်သည်။

အစာအိမ်ကင်ဆာကို ဒီဆေးစွပ်ပြုတ်နဲ့တကယ်ကုနိုင်ရင် လုံးဝမယုံနိုင်စရာပင်။

အချက်အလက်အများကြီးရှာပြီးနောက် သူတို့သုံးယောက် တစ်ခုခုတွေ့လာသည်။

"လိုင်းပေါ်မှာ လိပ်နဲ့ငါးပုတ်သင်ဝါကြီးက ကင်ဆာအတွက်ထိရောက်တယ်ဆိုတဲ့အချက်အလက်တွေအများကြီးရှိတာပဲ''

ထန်ရှိုးဝမ်ပြောလိုက်သည်။

လင်းရန်ကအံ့ဩသွားပြီး_

"ဒါတွေကို အဓိပ္ပါယ်မရှိတာတွေလို့ထင်ခဲ့တာ... ကင်ဆာလူနာအတော်များများ လိပ်စွပ်ပြုတ်သောက်တာတွေ့ဖူးတယ်... ဒါပေမဲ့ လုံးဝအာနိသင်မပြဘူး''

သို့ရာတွင် သွမ့်မုရွေ့ရန်က_

"အဓိပ္ပါယ်မရှိတာမဟုတ်လောက်ဘူး... သူဌေးချင်ပြောသလိုပဲ... သက်တမ်းရတဲ့ကောင်တွေမှ ထိရောက်တာဖြစ်မယ်... သာမန်အကောင်တွေက လုံးဝအာနိသင်မရှိဘူး... လျှို့ဝှက်တရုတ်တိုင်းရင်းဆေးသတင်းကို ငါစုံစမ်းပြီးပြီ... တစ်ယောက်ကပြောတယ်... ဆေးဖက်ဝင်အစားအစာက ဧကရာဇ်ရဲ့အစာအိမ်နာကိုကုသခဲ့တယ်တဲ့... အစာအိမ်နာကိုဖော်ပြထားချက်က အစာအိမ်ကင်ဆာနဲ့အတော်လေးတူတယ်''

"ဒါ အကြောင်းရင်းဖြစ်နိုင်တယ်''

ထန်ရှိုးဝမ် ခေါင်းညိမ့်လိုက်သည်_

"ဒါပေမဲ့ လိပ်နဲ့ငါးပုတ်သင်ဝါကြီးသက်တမ်းက ဘယ်လောက်လို့ပြောဖို့ခက်တယ်''

ဒါက တကယ်ပြဿနာ။

သူတို့သုံးယောက်ကချက်ချင်း လိပ်နဲ့ငါးပုတ်သင်ဝါကြီး၏တန်ဖိုးကိုစုံစမ်းကြည့်ပြီး သုံးယောက်လုံးလန့်သွားသည်။

လိပ်ခွံမပါသော သဘာဝသက်တမ်းရင့်လိပ်တစ်ကတ်တီကို ယွမ်သုံးလေးထောင်ပေးရသည်။

ငါးပုတ်သင်ဝါကြီးက ပိုစျေးကြီးပြီး မယုံချင်စရာကောင်းနေသေးတော့။

စျေးအကြီးဆုံးက ၅၀၀ ဂရမ်ကို ယွမ်တစ်သောင်းကျော်ပေးရသည်။

ဒါ သာမန်လူစားနိုင်တာမျိုးမဟုတ်။ အထူးသဖြင့် ဒီလိုသက်တမ်းရင့်သောအကောင်မျိုးက အလွန်ရှားသည်။

ဒီကောင်က အစာအိမ်ကင်ဆာကုနိုင်တဲ့သတင်းသာပြန့်သွားရင် တန်ဖိုးထပ်တက်လာဦးမည်။

ထို့ကြောင့် လိပ်နှင့်ငါးပုတ်သင်ဝါကြီးက အာနိသင်ရှိမရှိ သူတို့မဆုံးဖြတ်နိုင်တော့။ သူတို့မှာပိုက်ဆံမရှိ၍ မဖြည့်ဆည်းပေးနိုင်။

သွမ့်မုရွေ့ရန်ကချက်ချင်းပင် လူရှင်းသောနေရာတန်းသွားပြီး ဝန်ကြီးလုကိုဖုန်းဆက်လိုက်သည်။

လိပ်နှင့်ငါးပုတ်သင်ဝါကြီး အာနိသင်ရှိမရှိ သူတို့မဆုံးဖြတ်နိုင်သော်လည်း တရုတ်သိပ္ပံအကယ်ဒမီမှာနည်းလမ်းရှိရမည်။

တရုတ်သိပ္ပံအကယ်ဒမီကလိုအပ်ရင် အစိုးရအကူအညီနဲ့ မရနိုင်တာမရှိ။

တရုတ်သိပ္ပံအကယ်ဒမီ၌_

ဝန်ကြီးလုလည်း ရုံးခန်းထဲတွင် ခေါင်းဆောင်၏ပြောကြားချက်ကိုနားထောင်ရင်း စိတ်ခံစားချက်ကောင်းနေသည်။

ခေါင်းဆောင်က ကျေနပ်အားရသံနှင့်_

"အားဖြည့်ဆေးရည်နဲ့အူလမ်းကြောင်းဆေးမှုန့်အတွက် မင်းကောင်းကောင်းလုပ်ခဲ့တာပဲ... သုတေသနရံပုံငွေအများကြီးသက်သာရုံတင်မကဘူး... အားဖြည့်ဆေးရည်ရဲ့ထူးခြားချက်က အတိုင်းထက်အလွန်ပဲ... အခုအစည်းအဝေးမှာ မင်းရဲ့တရုတ်တိုင်းရင်းဆေးအတွက်လျှောက်ထားချက်ကိုလည်း ခွင့်ပြုပေးလိုက်ပြီ''

ဝန်ကြီးလုလည်း ခေါင်းဆောင်ရုံးခန်းထဲမှထွက်လာပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။

တရုတ်တိုင်းရင်းဆေးအတွက်လျှောက်ထားချက်ကိုထောက်ခံပေးလိုက်ပြီ။ နောက် ဒီကဏ္ဍအတွက် သူအလုပ်လုပ်ရမည်။

တစ်ဖက်မှာ သူဌေးချင်ဆီ ခဏခဏသွားလည်ရမည်။ သူဌေးချင်က တရုတ်တိုင်းရင်းဆေးမှာထဲထဲဝင်ဝင်ရှိ၍ ရှေ့လျှောက် သူ့အကူအညီကိုလိုလိမ့်မည်။

သူ့ရုံးခန်းထဲပြန်ရောက်ရောက်ချင်း ဖုန်းမြည်လာသည်။

တော်ဝင်ပညာရှင်လီရဲ့ကိုယ်ရေးဆရာဝန်။

သူလည်း ချက်ချင်းဖုန်းကိုင်လိုက်သည်။

'တော်ဝင်ပညာရှင်လီရဲ့အခြေအနေ ပြောင်းလဲမှုတစ်စုံတရာရှိရင် ဖုန်းဆက်ပါ'ဟု သူမှာထားသောကြောင့်ပင်။

ဖုန်းဝင်သည်နှင့် သွမ့်မုရွေ့ရန်၏အလောတကြီးအသံကိုကြားရသည်_

"ဝန်ကြီးလု... အနှောင့်အယှက်ပေးမိတာ အားနာပါတယ်... ဒါပေမဲ့ တော်ဝင်ပညာရှင်လီရဲ့အခြေအနေကတိုးတက်လာလို့ အစီရင်ခံရဦးမယ်''

"သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်ကြောင့်လား?''

ဝန်ကြီးလုက သတိလက်လွတ်မေးလိုက်သည်။

တော်ဝင်ပညာရှင်လီကို ချင်းလင်အပန်းဖြေစံအိမ်ပို့ရတဲ့အကြောင်းရင်းက သူဌေးချင် တရုတ်တိုင်းရင်းဆေးဗဟုသုတကြွယ်ကြောင်း၊ ဆေးပြုတ်ရည်ကောင်းကြောင်း သူသိသောကြောင့်ပင်။ ဒါတွေက တော်ဝင်ပညာရှင်လီရဲ့အခြေအနေကိုအထောက်အကူဖြစ်လိမ့်မည်။

"အမှန်ပါပဲ... သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်ကြောင့်ဖြစ်နိုင်ပါတယ်''

သွမ့်မုရွေ့ရန် ပြန်ဖြေသံကြားရသည်။

ထိုစကားကြောင့် ဝန်ကြီးလုကချက်ချင်းမေးလိုက်သည်_

"ဘယ်လိုဖြစ်တာလဲ မြန်မြန်ပြောပြပါဦး''

သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်က တော်ဝင်ပညာရှင်လီကိုအထောက်အကူဖြစ်ဖို့ သူမျှော်လင့်ထားပေမဲ့...

တော်ဝင်ပညာရှင်လီသွားတာ ဘယ်လောက်ကြာသေးလို့လဲ?

သူ့အခြေအနေ တိုးတက်သွားပြီလား?

သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်က ဒီလောက်တောင်ပဲလား?

…

All Chapters