← Chapters

မင်္ဂလာလက်ဝတ်ရတနာသေတ္တာကြီးနှင့်အထူးမျိုးစေ့ကျောက်!

Vol. 44 Ch. 648

မင်္ဂလာလက်ဝတ်ရတနာသေတ္တာကြီးနှင့်အထူးမျိုးစေ့ကျောက်!

Vol. 44 Ch. 648

ရုံးခန်းထဲ၌_

ဝန်ကြီးလုလည်းဖုန်းချပြီး အံ့အားသင့်နေသည်။

သူဌေးချင်ရဲ့လိပ်နဲ့ငါးပုတ်သင်ဆေးစွပ်ပြုတ်က တော်ဝင်ပညာရှင်လီရဲ့အစာအိမ်ကင်ဆာကို ကုနိုင်တယ်တဲ့လား?

မယုံနိုင်စရာ။

ဒီနှစ်ခုမှာ ဒီလိုအာနိသင်မျိုးတကယ်ရှိရင် အစာအိမ်ကင်ဆာက သေလုမြောပါးရောဂါဖြစ်ပါ့မလား?

ခဏအကြာ သွမ့်မုရွေ့ရန်ထံမှ တော်ဝင်ပညာရှင်လီ၏စမ်းသပ်ချက်နှစ်ခုကိုရသည်။

ဝန်ကြီးလုက ဆေးစစ်ချက်ကိုနားမလည်သောကြောင့် ဆေးပညာသုတေသနပါမောက္ခတစ်ဦးကိုမေးသည်_

"ပါမောက္ခကူ... တော်ဝင်ပညာရှင်လီရဲ့စမ်းသပ်ချက်နှစ်ခုကိုတစ်ချက်ကြည့်ပေးပါဦး''

ပါမောက္ခကူမှာ တော်ဝင်ပညာရှင်လီ၏တိုင်းရင်းဆေးကုသမှုအတွက်တာဝန်ယူထားရသူဖြစ်၍ တော်ဝင်ပညာရှင်လီ၏အခြေအနေကိုအပြောပြနိုင်ဆုံးပင်။

ပါမောက္ခကူက တော်ဝင်ပညာရှင်လီ၏စမ်းသပ်ချက်ကိုကြည့်ပြီး တအံ့တဩနှင့်_

"တော်ဝင်ပညာရှင်လီရဲ့အခြေအနေက တိုးတက်လာတယ်... ကျုပ်ဆေးကြောင့်လား? မဟုတ်သေးဘူး... ကျုပ်ဆေးမှာ ဒီလိုအာနိသင်မျိုးမရှိဘူး!''

သူ့ဆေးအကြောင်း သူအသိဆုံး။ အလွန်ဆုံး အခြေအနေပိုဆိုးမလာအောင် ဆွဲထားရုံသာရသည်။ တော်ဝင်ပညာရှင်လီတိုးတက်လာတာ သူ့ဆေးကြောင့်ဟုမပြောရဲ။

ဝန်ကြီးလုကရှင်းပြသည်_

"တော်ဝင်ပညာရှင်လီက လိပ်နဲ့ငါးပုတ်သင်ဝါဆေးစွပ်ပြုတ်တစ်မျိုးကိုသောက်ခဲ့တယ်... အဲဒီလိပ်နဲ့ငါးပုတ်သင်ဝါက ကင်ဆာအတွက်အာနိသင်ရှိတယ်''

ထိုစကားကြောင့် ပါမောက္ခကူကချက်ချင်းခေါင်းခါလိုက်ပြီး_

"မဖြစ်နိုင်ဘူး... လိပ်နဲ့ငါးပုတ်သင်ဝါက ကင်ဆာအတွက်အာနိသင်ရှိတယ်ဆိုတဲ့အကြောင်း အကြီးအကျယ်သတင်းလွှင့်ထားပေမဲ့ ကျုပ်တို့ခေါင်းစဉ်တစ်ခုမက စမ်းသပ်ပြီးပြီ... လုံးဝအာနိသင်မရှိဘူး''

"အင်တာနက်ပေါ်က ကောလာဟလတွေက ရှေးတရုတ်တိုင်းရင်းဆေးမှတ်တမ်းတွေကို ကုန်သည်တွေက တမင်သက်သက်ဝါဒဖြန့်ပြီးကြော်ငြာတာ... ပြည်သူကိုလှည့်စားပြီး စျေးတင်တာ''

ဝန်ကြီးလုက_

"ဆေးစွပ်ပြုတ်လုပ်တဲ့သူဌေးချင်က တရုတ်တိုင်းရင်းဆေးကျွမ်းကျင်တဲ့သူပဲ... အားဖြည့်ဆေးရည်ကို ခင်ဗျားကြားဖူးတယ်မလား? အဲဒါသူ့ကြောင့်ပဲ''

"သက်တမ်းတစ်ခုအထိရှိတဲ့လိပ်နဲ့ငါးပုတ်သင်မှ အာနိသင်ထိရောက်မယ်လို့ ဆရာဝန်ကပြောတယ်... သာမန်လိပ်နဲ့ငါးပုတ်သင်က အာနိသင်မရှိဘူး... ဒီတော့ တော်ဝင်ပညာရှင်လီရဲ့အစာအိမ်ကင်ဆာကိုကုသဖို့ လိပ်နဲ့ငါးပုတ်သင်ဝါအလုံအလောက်လိုသေးတယ်''

ဒီ*ကောင်!

ရုတ်တရက် ပါမောက္ခကူအသံတိတ်သွားသည်။

ဒီအကြောင်း သူသေချာမသိ။ ဘာပဲဖြစ်ဖြစ် အရင်သူစမ်းသပ်ခဲ့တဲ့လိပ်နဲ့ငါးပုတ်သင်ဝါက သက်တမ်းလုံလောက်လား မပြောတတ်။

ပြီးတော့ တော်ဝင်ပညာရှင်လီသက်သာလာတဲ့အချက်လည်းဖြစ်နေသည်။

"စမ်းသပ်ဖို့ သက်တမ်းရင့်တဲ့လိပ်နဲ့ငါးပုတ်သင်ဝါရှာမယ်''

ဝန်ကြီးလုက ပါမောက္ခကူ၏ပုံစံကိုကြည့်ရင်း ချက်ချင်းပြောလိုက်သည်_

"တကယ်ထိရောက်တယ်ဆိုရင် တော်ဝင်ပညာရှင်လီအတွက် ပါဝင်ပစ္စည်းအလုံအလောက်ဖြည့်ဆည်းပေးရမယ်''

ဒီတစ်ခေါက် ရုံချန်းသွားပြီး တရုတ်တိုင်းရင်းဆေးကိုပိုနားလည်ခဲ့သည်။

ရှေးတရုတ်တိုင်းရင်းဆေးမှတ်တမ်းတွေရှိပြီး နောက်မျိုးဆက်တွေက နားမလည်တာဖြစ်မည်။

တရုတ်ဆေးပညာအဖွဲ့အစည်းက အမှိုက်လိုလွှင့်ပစ်လိုက်သောဆေးအညွှန်းကို သူဌေးချင်က အူမကြီးကင်ဆာအတွက်ရှာတွေ့ခဲ့သည်။

ဝန်ကြီးလုက သက်တမ်းရင့်သောလိပ်နှင့်ငါးပုတ်သင်ဝါကြီးတန်ဖိုးကိုစုံစမ်းကြည့်ပြီး သူလည်း နည်းနည်းအံ့ဩသွားသည်။ စျေးအရမ်းကြီးနေသည်။ အထူးသဖြင့် ရှားလည်းရှားသည်။

ငါးပုတ်သင် ၅၀၀ ဂရမ်ကို ယွမ် ၁၀၀၀၀ တဲ့။ ရွှေချထားလို့လား? ပြီးတော့ သူဌေးတွေတောင်မဝယ်နိုင်တဲ့ငါးမျိုးပဲ။

သို့ရာတွင် တရုတ်သိပ္ပံအကယ်ဒမီအတွက်မူ အများကြီးပိုလွယ်သည်။

ဝန်ကြီးလုကချက်ချင်း ပင်လယ်နှင့်ငါးဖမ်းလုပ်ငန်းဌာနရုံးချုပ်ကိုဆက်သွယ်ပြီး သက်တမ်းရင့်လိပ်နှင့်ငါးပုတ်သင်ဝါရှာခိုင်းလိုက်သည်။

အစိုးရအာဏာကြောင့် မကြာမီ တရုတ်သိပ္ပံအကယ်ဒမီထဲသို့ လိပ်နှင့်ငါးပုတ်သင်ဝါထရပ်ကားတစ်စီးရောက်လာသည်။

ဝန်ကြီးလုက ပါမောက္ခကူကိုအမြန်ဆုံးစမ်းသပ်ခိုင်းသည်။ တော်ဝင်ပညာရှင်လီ၏အခြေအနေနှင့်ပတ်သက်နေပြီး အစာအိမ်ကင်ဆာသုတေသနအတွက်လည်း ကိုးကားချက်အဖြစ်အသုံးပြုကောင်းပြုနိုင်မည်။

ပါမောက္ခကူက လိပ်နှင့်ငါးပုတ်သင်ဝါရလျှင် သက်ဆိုင်ရာအချက်အလက်ကိုအမြန်စစ်ဆေးပြီး ဝန်ကြီးလုကိုဖုန်းဆက်လိုက်သည်။

ဝန်ကြီးလုက သတင်းရရချင်း ပါမောက္ခကူ၏ဓာတ်ခွဲခန်းထဲရောက်လာသည်။ ပလက်ဖောင်းပေါ်တွင် ဗိုက်ခွဲထားသောငါးပုတ်သင်ဝါ ၁၀ ကောင်ကျော်နှင့်လိပ် ၁၀ ကောင်ကျော်တွေ့သည်။

ထိုငါးပုတ်သင်ဝါနှင့်လိပ်တွေက အရွယ်အစားမတူ။

ငါးပုတ်သင်ဝါအကောင်ကြီးက ကတ်တီ ၂၀ ခန့်ရှိပြီး အကောင်သေးက ၁၀ ကတ်တီခန့်သာရှိမည်။

ကြော်ငြာအားကြောင့် ဒီအကောင်တွေသက်သက်တင် အပြင်စျေးကွက်ထဲမှာ အတော်အတန်ပေးရလိမ့်မည်။

"ဝန်ကြီးလု... ရောက်ပြီလား!''

ပါမောက္ခကူက ဝန်ကြီးလုကိုမြင်ပြီးနှုတ်ဆက်သည်။

"စမ်းသပ်ချက်အဖြေရော?''

ဝန်ကြီးလုက ချက်ချင်းမေးသည်။

"အဖြေဒီမှာပါ''

ပါမောက္ခကူက ဝန်ကြီးလုဆီစမ်းသပ်ချက်ကမ်းပေးရင်း_

"ဒါတွေက ဒီငါးပုတ်သင်ဝါနဲ့လိပ်တွေရဲ့တစ်ရှူးအသားစစမ်းသပ်ချက်အဖြေတွေပါ''

ဝန်ကြီးလုက ချက်ချင်းယူကြည့်လိုက်သည်။

ပါမောက္ခကူ၏စမ်းသပ်ချက်က အလွန်အသေးစိတ်ကျသည်။ အစာအိမ်ကင်ဆာအတွက်ထိရောက်သောပစ္စည်းတိုင်းကို တိတိကျကျအမှတ်အသားပြုထားပြီး အကြောင်းအရာလည်းပါသည်။

ငါးနှင့်လိပ်နံပါတ်တောင် ရှင်းရှင်းလင်းလင်းစာရင်းပြုစုထားသည်။

ဝန်ကြီးလုက ငါးနှင့်လိပ်၏စမ်းသပ်ချက်များကိုကြည့်လိုက်ရာ ထိုငါးပုတ်သင်ဝါနှင့်လိပ်မှာ အစာအိမ်ကင်ဆာအတွက်လုံးဝအသုံးမဝင်ကြောင်းတွေ့ရသည်။

သို့ရာတွင် ၂၀ ကတ်တီရှိသောငါးပုတ်သင်ဝါကိုကြည့်လိုက်သောအခါ သူ့မျက်လုံးများဝင်းလက်သွားသည်။ စမ်းသပ်ချက်ရလဒ်တွင် ကင်ဆာအတွက်အာနိသင်ရှိသောပစ္စည်းပမာဏအနည်းငယ်ပါနေသောကြောင့်ပင်။

ပါမောက္ခကူက ရှင်းပြသည်_

"ဝန်ကြီးလု... ဒီငါးပုတ်သင်ဝါနဲ့လိပ်အများစုမှာ အစာအိမ်ကင်ဆာအပေါ်အာနိသင်မရှိပါဘူး... ဒါပေမဲ့ ကတ်တီ ၂၀ ကျော်တဲ့ငါးပုတ်သင်ဝါနဲ့ သက်တမ်းရင့်တဲ့လိပ်တွေမှာတော့ ကင်ဆာအတွက်အာနိသင်ရှိတဲ့ပစ္စည်းတွေ စပြီးပါလာပါတယ်... ကြည့်ရတာ လူကြီးမင်းချင်ပြောတာ မှန်တဲ့ပုံပါပဲ... အာနိသင်ရှိဖို့ အချိန်တစ်ခုယူရပါတယ်''

"ဒီပစ္စည်းတွေကို ပုံတူကူးလို့ရလား?''

ဝန်ကြီးလုက အလောတကြီးမေးသည်။

ပါမောက္ခကူကခေါင်းခါပြီး_

"ဒီပစ္စည်းက လိပ်နဲ့ငါးပုတ်သင်ဝါကြီးထွားလာတဲ့တလျှောက်မှာ တဖြည်းဖြည်းပေါ်လာတဲ့ပုံပဲ... ဒီပစ္စည်းအကြောင်း သိပ်မလေ့လာရသေးဘူး... တကယ်လို့ ပုံတူကူးချင်တယ်ဆိုရင် ထပ်လုပ်ရဖို့များတယ်... ငွေကုန်ကြေးကျများမယ်... ပြီးတော့ အစာအိမ်ကင်ဆာသုတေသနမှာ ရံပုံငွေတွေအများကြီးမြှုပ်နှံထားတာ... တဝက်တပျက်နဲ့ လက်မလျှော့နိုင်ဘူး''

All Chapters