မင်္ဂလာလက်ဝတ်ရတနာသေတ္တာကြီးနှင့်အထူးမျိုးစေ့ကျောက်! ၂
Vol. 44 Ch. 649
ထိုစကားကြောင့် ဝန်ကြီးလုသက်ပြင်းချလိုက်သည်။
တခြားနည်းမရှိတော့။
ပါမောက္ခကူကဆက်ပြီး_
"အဓိကက တစ်ခုခုတော့မဟုတ်သေးဘူး... ငါးပုတ်သင်ဝါနဲ့လိပ်ရဲ့အာနိသင်တွေကို ကျုပ်တို့စမ်းသပ်ပြီးပြီ... ဒီပစ္စည်းတွေကအရမ်းနည်းတယ်ဆိုတော့ အာနိသင်အနည်းအကျဉ်းပဲပြလိမ့်မယ်... တော်ဝင်ပညာရှင်လီမှာ ဒီလိုချက်ချင်းအာနိသင်ပြတာ မဖြစ်နိုင်ဘူး... ပြီးတော့ ဒီငါးက စျေးကွက်ထဲမှာ သက်တမ်းအရင့်ဆုံးဖြစ်မယ်... ဒီထက်သက်တမ်းရင့်တဲ့ငါးကို သူဌေးချင်ဝယ်လို့ရမှာမဟုတ်ဘူး''
သူ့စကားကြောင့် ဝန်ကြီးလုရယ်လိုက်သည်။ ဒါတရုတ်တိုင်းရင်းဆေးနှင့်ဆိုင်ရမည်။ သူဌေးချင်က ငါးပုတ်သင်ဝါနှင့်လိပ်ကိုဆေးစွပ်ပြုတ်လုပ်ရင် အာနိသင်ပိုကောင်းသည်ဟုဆိုသည်။ ဒါကြောင့် တော်ဝင်ပညာရှင်လီမှာ အာနိသင်မြန်မြန်ဆန်ဆန်ပြတာဖြစ်မည်။ တရုတ်တိုင်းရင်းဆေးမှာ သူ့အကျိုးရှိသေးသည်။
ဝန်ကြီးလုက ဒါကိုအခိုင်အမာယုံကြည်ထားသည်။
ပါမောက္ခကူရဲ့စမ်းသပ်ချက်ကလည်း ဒါကိုအတည်ပြုထားသည်။
သူကဖုန်းထုတ်ပြီး ပင်လယ်နှင့်ငါးဖမ်းလုပ်ငန်းဌာနရုံးချုပ်ကိုဆက်လိုက်သည်။
မည်သို့ဆိုစေ ငါးပုတ်သင်ဝါနှင့်လိပ်က တော်ဝင်ပညာရှင်လီအတွက်အသုံးဝင်သောကြောင့် နည်းနည်းပါးပါးရအောင်လုပ်ပြီး တော်ဝင်ပညာရှင်လီပြန်ကောင်းအောင် သူဌေးချင်ကိုဆေးစွပ်ပြုတ်ဆက်လုပ်ခိုင်းမည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်လွန်သွားသည်။
အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က ရုံးခန်းစားပွဲတွင်ထိုင်ပြီး သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကို လုံးဝအာရုံစိုက်ထားသည်။
သူ့ဂိမ်းဇာတ်ကောင်ကို ရေကန်သတ္တုတွင်းသွားစေသည်။
သူ့ဇာတ်ကောင်အဆင့်တက်ပြီးနောက် နွေဦးသတ္တုတွင်းအပြင် ရေကန်သတ္တုတွင်းပါပွင့်လာသည်။
နွေဦးသတ္တုတွင်းတူးတုန်းက သူကံမကောင်း။ ၅ လွှာတူးပြီး အခွံမာချက်နည်းစာအုပ်သာရသောကြောင့် ရေကန်သတ္တုတွင်းတူးဖို့မလောတော့။
သူဒီနေ့အားလပ်နေ၍ သူ့ဂိမ်းဇာတ်ကောင်ကို ရေကန်သတ္တုတွင်းတူးစေသည်။
(ဂုဏ်ယူပါတယ်... ရွှေသတ္တုတူးဖော်ရရှိပါတယ်!)
…
(ဂုဏ်ယူပါတယ်... ကြေးနီသတ္တုတူးဖော်ရရှိပါတယ်!)
ဒီနေ့သူ့ကံအရမ်းမကောင်းမှန်း သိသာသည်။
ရေကန်သတ္တုတွင်းဆဋ္ဌမအလွှာကုန်ခါနီးထိ မည်မည်ရရအသုံးဝင်တာ မတွေ့ချေ။
နောက်ဆုံးတစ်ခေါက်က ပင်လယ်ခွေးရိုးလို နောက်တစ်ရိုးထပ်ပေးလိုက်ပါတော့။ စိတ်မရှိရင် ဒါပစ္စည်းကောင်းပဲ။
(စိန်သတ္တုရသည့်အတွက် ဂုဏ်ယူပါတယ်... Sebara က ကျောက်မျက်ပုံသွင်းဝန်ဆောင်မှုအသစ်ဖွင့်ထားပါတယ်... Sebara ဆီယူသွားပြီး ကြည့်ခိုင်းနိုင်ပါတယ်!)
(စိန်သတ္တုရသည့်အတွက် ဂုဏ်ယူပါတယ်!)
မြေနှစ်ကွက်တူးပြီးနောက် ထိုအသိပေးစာပေါ်လာပြန်သည်။ ချင်လင်ကချက်ချင်း သူ့ကျောပိုးအိတ်ထဲကြည့်လိုက်သည်။
ထင်သည့်အတိုင်း အဖြူရောင်တလက်လက်နှင့်ကျောက်မျက်နှစ်ခုရှိနေသည်။
သို့ရာတွင် စိန်မှာ ကျောက်မျက်မျိုးဖြစ်ကြောင်း သူသတိရသည်။ မဖြတ်တောက်ရသေးခင် ကျောက်ရိုင်းတုံးဟုခေါ်သည်။
ဒီဂိမ်းအစီအစဉ်က ဆိုးဝါးလိုက်တာ။
အကုန်လုံးကို သတ္တုလို့ခေါ်နေတယ်။
သို့ရာတွင် ရေကန်သတ္တုတွင်း၌စိန်တုံးတူးဖော်ရရှိသည်မှာ အံ့ဩစရာမဟုတ်။
ဘာပဲဖြစ်ဖြစ် ရေကန်သတ္တုတွင်းမိတ်ဆက်မှာ ပင်လယ်အတိမ်ပိုင်းနှင့်ဆက်စပ်နေ၍ သမုဒ္ဒရာထဲတွေ့နိုင်သောပစ္စည်းများ ကျပန်းရနိုင်သည်တဲ့။
စိန်များကလည်း သမုဒ္ဒရာ၏ဝိသေသတစ်ခုဖြစ်သည်။ ၂၀၀၂ ခုနှစ်က နမီးဗီးယားစိန်တူးဖော်ရေးကုမ္ပဏီသည် သမုဒ္ဒရာထဲမှ သမုဒ္ဒရာစိန် ၁၆ သန်းကာရတ်ကိုတူးဖော်ရရှိခဲ့သည်။ ၂၀၂၂ တွင် ထိုထုတ်လုပ်ရေးမှာ အဆ ၁၀၀ တက်လာ၏။
သမုဒ္ဒရာထဲတွင် ဒီပစ္စည်းတွေအများကြီးရှိသည်။
အနောက်နိုင်ငံများက အရှေ့တိုင်းကျောက်စိမ်းကို ကမ္ဘာ့အကြီးဆုံးလိမ်လည်မှုအဖြစ်ဝေဖန်လေ့ရှိကြောင်း တချို့ကပြောကြသည်။ ကျောက်စိမ်းကို အနောက်တိုင်းစျေးကွက်တွင် လူကြိုက်နည်းသောကြောင့်ပင်။
တကယ်တော့ ကျောက်စိမ်းထက်စာရင် စိန်ကသာအကြီးဆုံးလိမ်လည်မှုဖြစ်သော်လည်း ယခု စိန်အလိမ်က အချစ်သင်္ကေတဖြစ်ပြီး ပိုအောင်မြင်နေသည်။
တစ်ခါတလေ စိန်လက်စွပ်မဝယ်နိုင်သောလူငယ်တစ်ယောက်မှာ လက်ထပ်ပွဲရှေ့ဆက်မရဘဲရှိတတ်သည်။
မတတ်နိုင်။ အမျိုးသမီးများက ဒီလိုအလိမ်များကိုသဘောကျသည်။ နောက်ပြီး စီးပွားရေးဖွံ့ဖြိုးလာမှုကြောင့် စိန်ဝယ်နိုင်သူတွေပိုပိုများလာသည်။
သူတို့မတတ်နိုင်ရင်တောင် အရစ်ကျပေးချေပြီး နောင်ရလာမည့်ငွေမှနည်းနည်းချင်းဖဲ့ဆပ်ရလိမ့်မည်။
ဒီစိန်အလိမ်က ကမ္ဘာ့အအောင်မြင်ဆုံးလိမ်လည်မှုဟုဆိုနိုင်သည်။
ဒေါ်လာ ၂၀၀၀၀ တန်စိန်ဝယ်ပြီး ရောင်းတဲ့အခါ ၅၀% စျေးလျှော့ရမည်မှန်း အတော်များများသိထားကြသည်။ သင့်ကိုအရေခွံခွာသောဖြစ်ရပ်မျိုးတောင် ကြုံချင်ကြုံရနိုင်သည်။
စိန်၏တန်ဖိုးထိန်းသိမ်းနှုန်းက အလွန်နိမ့်သည်။
စိန်ကအကြီးဆုံးလူလိမ်ဆိုလည်း ချင်လင်ဂရုမစိုက်။ ဘာပဲဖြစ်ဖြစ် ရထားမှတော့ အသုံးချရမည်။ နောက် ကျောက်မိုချင်းကိုပေးမည့်ကျောက်မျက်စာရင်းမှာ စိန်လက်ဝတ်ရတနာအဖြစ်ထပ်တိုးလိုက်မည်။
ထို့ကြောင့် ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်ကို Sebara ထံသွားစေသည်။
ကလစ်ခ်!
ထင်သည့်အတိုင်း Sebara က စိန်ပုံသွင်းရန် ရွေးချယ်မှုပေးသည်။
စနစ်ကထုတ်ပေးသောပုံတွင် စိန်လက်စွပ်နှင့်စိန်လည်ဆွဲများပါသည်။
ချင်လင်က စိန်လက်စွပ်ပုံသွင်းမည်ကိုရွေးလိုက်သည်။
ထို့နောက် စနစ်က နောက်ထပ်ရွေးချယ်စရာပေးသည်။
(စိန်လက်စွပ်သတ်မှတ်ချက်များကိုရွေးပါ:
၁ ကာရတ်၊ ၂ ကာရတ်၊ ၃ ကာရတ်!)
ချင်လင်အံ့ဩသွားသည်။
ရွေးစရာတွေအများကြီး။
ဘယ်လောက်ကြီးကြီးလုပ်ချင်လဲ သူသတ်မှတ်နိုင်တယ်တဲ့။
စိန်အလုံအလောက်ရှိနေသရွေ့ ဘတ်စကတ်ဘောလုံးလောက် စိန်လက်စွပ်လည်းလုပ်နိုင်တယ်ပေါ့?
ချင်လင်က ၂ ကာရတ်ကိုရွေးပြီး စမ်းကြည့်သည်။ စနစ်ကပစ္စည်းထည့်ဖို့ အသိပေးသည်:
(ပုံသွင်းလိုသောပုံစံနှင့်သတ်မှတ်ချက်အတွက် စိန်သတ္တု ၄ တုံးလိုအပ်ပါတယ်!)
ဟုတ်ပြီလေ!
ပစ္စည်းက မလောက်။
ထို့နောက် စိန် ၂ တုံးနှင့်လောက်သော ၁ ကာရတ်စိန်လက်စွပ်ကိုရွေးသည်။
သူက ပုံသွင်းမည်ကိုနှိပ်လိုက်သည်။
ခဏအကြာ အလွန်လက်ရာသေသပ်သောစိန်လက်စွပ်တစ်ကွင်း ဂိမ်းဇာတ်ကောင်အိတ်ထဲတွင်ပေါ်လာသည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံပြန်စေပြီး ရုံးခန်းတံခါးသော့ခတ်ကာ ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် စိန်လက်စွပ်၏မှတ်ချက်ကိုကြည့်လိုက်သည်:
(စိန်လက်စွပ်ပုံစံ ၀၃ - ၁ ကာရတ်: အရည်အသွေး ၁)
(လက်ရာမြောက်စိန်လက်စွပ်ဖြစ်သည်။ အလွန်လက်ရာသေသပ်သောပုံစံနှင့် အမျိုးသမီးများကြား အလွန်ရေပန်းစားသည်။ သန့်စင်သော၊ အတ္တကင်းသော၊ မပြောင်းလဲသောအချစ် (မပြောင်းလဲသောအချစ်ဟုတ်မဟုတ် စနစ်ကအာမမခံနိုင်): အဆင်း +၁၊ အနုပညာ +၁၊ အရည်အသွေး +၁!)