မင်္ဂလာလက်ဝတ်ရတနာသေတ္တာကြီးနှင့်အထူးမျိုးစေ့ကျောက်! ၃
Vol. 44 Ch. 650
စိန်လက်စွပ်မှတ်ချက်က ချင်လင်ထင်ထားတဲ့အတိုင်း။ ကျောက်စိမ်းလို အဆင်း +၁၊ အနုပညာ +၁ ရှိသည်။ ဒီအရည်အသွေးနှစ်ခုက လက်တွေ့ဘဝမှကျောက်မျက်ထက်အများကြီးသာသည်။
ထို့အပြင် အရည်အသွေးနှင့်သန့်စင်မှု +၁ က တန်ဖိုးနှင့်တိုက်ရိုက်ဆက်စပ်နေသည်။
စိန်တန်ဖိုးဖြတ်ရန် လူရှာစရာမလို။
စျေးကွက်တန်ဖိုးအရ လက်ရှိခေတ်ရေစီးကြောင်းနှင့်အရည်အသွေးမြင့်စိန်များမှာ ယွမ် ၅၀၀၀၀ မှ ၁၀၀၀၀၀ ဝန်းကျင်ရှိသည်။
သူ့စနစ်အရည်အသွေး ၁ က ယွမ် ၁၀၀၀၀၀ တန်သည်။
ဤသည်က ကျောက်မျက်ကုမ္ပဏီ၏ရောင်းစျေးပင်။ ဘယ်နေရာမဆို လက်မှတ်မရှိဘဲရောင်းလျှင် ပျက်စျေးပေးလိမ့်မည်။
သို့သော် သူကရောင်းဖို့အစီအစဉ်မရှိ။ ကျောက်မိုချင်းကိုပေးဖို့ဖြစ်၍ အစစ်ဖြစ်ရင်အဆင်ပြေပြီ။
ထို့ကြောင့် စိုက်ပျိုးရေးခြံအိမ်ထဲသို့ စိန်လက်စွပ်ယူသွားပြီး သေတ္တာကြီးတစ်လုံးဆီလျှောက်သွားကာ သေတ္တာဖွင့်၍ စိန်လက်စွပ်သိမ်းထားလိုက်သည်။
ထိုသေတ္တာတစ်ခုလုံး မျက်စိကျိန်းလောက်စရာကျောက်မျက်ရတနာများပြည့်နေလေသည်။
ပုံစံအမျိုးမျိုးမရေတွက်နိုင်အောင်ထပ်ထားပြီး အားလုံးကဒီဇိုင်းမတူချေ။ ချင်လင်က လိုင်းပေါ်တွင် ဒီဇိုင်းဆွဲမည့်သူခန့်ထားသည်။
စနစ်ထုတ်ကုန်က လက်ရာမြောက်ပြီးလှပသည်။ မြင်မြင်ချင်း လုံးဝသဘောကျစေသည်။
လက်ရာမြောက်သည့်အပြင် လက်ဝတ်ရတနာအတော်များများတွင် သူနှင့်ကျောက်မိုချင်း၏အမည်နှင့်ရက်စွဲများပါသည်။
ထိုရက်စွဲများအားလုံးမှာ သူနှင့်ကျောက်မိုချင်းကြုံတွေ့ခဲ့သောအဓိပ္ပါယ်ရှိနေ့ရက်များဖြစ်သည်။
ထိုလက်ဝတ်ရတနာများကို သူတူးဖော်ရရှိခဲ့သောကျောက်မျက်များနှင့်လုပ်ထားပြီး ကျောက်မိုချင်းကိုခန်းဝင်ပစ္စည်းအဖြစ်ပေးရန်စီစဉ်ထားသည်။
ဒီလက်ဝတ်ရတနာသေတ္တာကို အမျိုးသမီးတိုင်းအားကျရလိမ့်မည်။
ချင်လင်ကဂိမ်းထဲမှထွက်လာရာ တံခါးခေါက်သံကြားရသည်။
တံခါးဖွင့်လိုက်သောအခါ တော်ဝင်ပညာရှင်လီ၏ကိုယ်ရေးဆရာဝန်သွမ့်မုရွေ့ရန်ကိုတွေ့ရသည်။ သူကနည်းနည်းလောနေပုံနှင့် ဝင်လာ၏။
"ဘာဖြစ်လို့လဲ ဒေါက်တာသွမ့်မု?''
ချင်လင်ကဇဝေဇဝါနှင့်မေးသည်_
"တော်ဝင်ပညာရှင်လီ တစ်ခုခုဖြစ်လို့လား?''
သွမ့်မုရွေ့ရန်က ခေါင်းခါပြီး_
"သူဌေးချင်... တော်ဝင်ပညာရှင်လီအကြောင်းမဟုတ်ပါဘူး... ဝန်ကြီးလုက အစာအိမ်ကင်ဆာအတွက်ထိရောက်တဲ့ငါးပုတ်သင်နဲ့လိပ်ရှာတွေ့ထားလို့ ပို့ပေးလိုက်တယ်... သူက သူဌေးချင်ကို တော်ဝင်ပညာရှင်လီအတွက် ဆေးစွပ်ပြုတ်လုပ်ပေးပါတဲ့''
သွမ့်မုရွေ့ရန်ကပြောရင်းဆိုရင်း သူဌေးချင်ကိုလေးစားသလိုကြည့်နေသည်။ ဝန်ကြီးလုက တရုတ်သိပ္ပံအကယ်ဒမီမှဆေးပညာပါမောက္ခများကို သက်တမ်းရင့်လိပ်နှင့်ငါးပုတ်သင်ဝါက အစာအိမ်ကင်ဆာအတွက်အမှန်တကယ်ထိရောက်ခြင်းရှိမရှိ အတည်ပြုခိုင်းထားပြီးပြီ။ သို့ရာတွင် အာနိသင်အားကောင်းဖို့က သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်အပေါ် မူတည်နေသေးသည်။
ဒီဆေးစွပ်ပြုတ်သုံးပြီး အစာအိမ်ကင်ဆာကိုကုနိုင်ရင် ဘယ်ဆရာဝန်မဆို အထင်ကြီးမိကြောင်းပြောရလိမ့်မည်။
အစာအိမ်ကင်ဆာရှိတဲ့သူဌေးတွေတောင် ငြိမ်ငြိမ်နေနိုင်မည်မဟုတ်။ သက်တမ်းရင့်လိပ်နဲ့ငါးပုတ်သင်ဝါကို သူတို့မဝယ်နိုင်တာတော့ နှမြောစရာ။
ဝန်ကြီးလု ဒီအကြောင်းသိရင် သီးသန့်ပင်ရင်းထားပြီး ဒီပစ္စည်းတွေပိုပြင်ဆင်ခိုင်းလိမ့်မည်။ စျေးကွက်ထဲပေါ်လာတာနဲ့ ထိပ်ဆုံးကဘယ်သူဝယ်နိုင်မလဲ?
ဘာပဲဖြစ်ဖြစ် အရေအတွက်ကန့်သတ်ထားပြီ။ အထက်ကပိုဝယ်လေ အပြင်မှာဝယ်ရခက်လေလေပင်။
ဒီပစ္စည်းတွေရှိရင် ဘယ်ခေါင်းဆောင်မှအစာအိမ်ကင်ဆာဖြစ်မှာမကြောက်တော့။ သူဌေးချင်ကိုဆေးစွပ်ပြုတ်လုပ်ခိုင်းဖို့ အပန်းဖြေစံအိမ်ကိုလူလွှတ်ပြီး ငါးနှင့်လိပ်ပို့မည်။
သွမ့်မုရွေ့ရန်စကားကြားပြီး ချင်လင်ကြောင်သွားသည်။
ဝန်ကြီးလုက သူ့ကိုပြဿနာရှာနေတာမလား?
သူ့ရဲ့ငါးပုတ်သင်ဝါနဲ့လိပ်အာနိသင်က ဂိမ်းထဲကအရည်အသွေး ၂။ အပြင်ကသူတို့ယူလာတဲ့ဟာတွေက အာနိသင်တချို့ရှိတယ်ဆိုပေမဲ့ စနစ်ထုတ်ကုန်တွေလိုမှ အာနိသင်မရှိဘဲ။
တော်ဝင်ပညာရှင်လီမှာ အလားတူအာနိသင်မျိုးမပြရင် ပေါ်ကုန်မှာမလား?
သို့ရာတွင် ဝန်ကြီးလုက ပို့ခိုင်းလိုက်ပြီဆို၍ သူ့မှာရွေးချယ်စရာမရှိ။
ကြည့်ရတာ တခြားဟာနဲ့အစားထိုးမှဖြစ်တော့မည်။
နောက်တစ်နေ့တွင် ဝန်ကြီးလုပို့လိုက်သော ငါးပုတ်သင်နှင့်လိပ်က ချက်ချင်းရောက်ချလာသည်။
ချင်လင်က လက်ခံယူဖို့ ငါးကန်အကြီးကြီးပြင်ဆင်ထားရသည်။ သူကငါးပုတ်သင်နှင့်လိပ်ကိုငါးကန်ထဲထည့်ပြီး အပန်းဖြေစံအိမ်မှသူ့ရုံးခန်းထဲပို့ခိုင်းသည်။
နောက်ပြီး ထိုငါးပုတ်သင်နှင့်လိပ်က သေးသေးမဟုတ်။ ဂိမ်းထဲကအရည်အသွေး ၂ ထုတ်ကုန်လောက်နီးနီးရှိသည်။
ငါးပုတ်သင်နှင့်လိပ်ကိုသူ့ရုံးခန်းထဲရွှေ့ခိုင်းရတဲ့ဆင်ခြေက စျေးကြီးလို့၊ တော်ဝင်ပညာရှင်လီရဲ့ကျန်းမာရေးနဲ့ဆိုင်လို့၊ သူကိုယ်တိုင်စောင့်ရှောက်ရမည်ဟူ၍။
သူ့စကားကို ဘယ်သူမှသံသယမရှိ။
ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေက အပြင်မှာအနည်းဆုံး ယွမ် ၁၀၀၀၀၀ မှ ၂၀၀၀၀၀ ပေးရပြီး တော်ဝင်ပညာရှင်လီကိုကုဖို့သုံးခြင်းဖြစ်သည်။ သူဒီကိစ္စကိုအလေးအနက်ထားသည်ဟု အားလုံးကထင်ကြသည်။
ရုံးခန်းထဲပစ္စည်းများရွှေ့ပြီးမှသာ ချင်လင်သက်ပြင်းချနိုင်တော့သည်။ သူကဘာမှမပြောဘဲ ရုံးခန်းတံခါးလော့ချပြီး ငါးကန်နှင့်ဂိမ်းထဲဝင်လိုက်သည်။ ဝန်ကြီးလုပို့လိုက်သောငါးပုတ်သင်နှင့်လိပ်၏အရည်အသွေးကိုပါ တစ်ခါတည်းကြည့်လိုက်သည်:
(သဘာဝငါးပုတ်သင်ဝါကြီး: သာမန်)
(သဘာဝငါးပုတ်သင်ဝါဖြစ်သည်။ အသဲအားကောင်းစေခြင်း၊ ကျောက်ကပ်ကာကွယ်ပေးခြင်း၊ သွေးနှင့်ချီဓာတ်အားဖြည့်ပေးခြင်း၊ အမြင်ကောင်းစေခြင်း၊ စိတ်တည်ငြိမ်စေခြင်း၊ ယန်ဓာတ်ပျိုးခြင်းကိုကုသပေးခြင်း၊ ကင်ဆာကာကွယ်ပေးခြင်း အာနိသင်တချို့ရှိသည်!)
(လိပ်: သာမန်)
(အလွန်အာဟာရရှိသောတိရစ္ဆာန်ဖြစ်သည်။ အာဟာရပြည့်ဝ၍ အသားကိုဖြည့်စွက်စာအတွက်အသုံးပြုကြသည်။ မူးဝေခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ ယန်ဓာတ်ကျဆင်းခြင်း၊ ယင်ဓာတ်နှင့်အပူချိန်ကျခြင်းကိုသက်သာစေသည်။ နှလုံးသွေးပိတ်ဆို့ခြင်းကိုသက်သာစေပြီး သွေးလှည့်ပတ်မှုကောင်းစေခြင်း၊ ကျောက်ကပ်နှင့်အရိုးအားကောင်းစေခြင်း၊ ယန်ဓာတ်နှင့်ခါးကောင်းစေခြင်း၊ အစာအိမ်ကင်ဆာကိုကာကွယ်ဖိနှိပ်နိုင်သောအာနိသင်တချို့လည်းရှိသည်။)
သေချာတာပေါ့။ သူထင်ထားတဲ့အတိုင်း။ လက်တွေ့ဘဝက ငါးပုတ်သင်နဲ့လိပ်မှာ ဒီလိုအရည်အသွေးတွေရှိတယ်ဆိုပေမဲ့ ဂိမ်းအရည်အသွေး ၂ ကိုမမီ။
ငါးပုတ်သင်ဝါကြီးမှာ ကင်ဆာကာကွယ်ခြင်းအာနိသင်တချို့သာရှိသည်။
လိပ်တွင် ကင်ဆာကာကွယ်ဖိနှိပ်နိုင်သောအာနိသင်အနည်းငယ်သာရှိပြီး ကင်ဆာကုသရာတွင်သိပ်မထိရောက်နိုင်။
ထို့ကြောင့် အစားထိုးရဦးမည်။
ခဏအကြာ ချင်လင်ကငါးကန်နှင့်ရုံးခန်းထဲပြန်ရောက်လာသည်။ ငါးကန်ထဲမှာအရင်အကောင်များမဟုတ်တော့။ အားလုံး စနစ်၏အရည်အသွေး ၂ များဖြစ်သည်။
ကိစ္စပြီးလျှင် ချင်လင်ကရုံးခန်းထိုင်ခုံမှာပြန်ထိုင်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေ၏။
ရေကန်သတ္တုတွင်းဆဋ္ဌမအလွှာတူးပြီး ဘာမှမရတော့။ ဂိမ်းဇာတ်ကောင်ကို သတ္တမအလွှာထဲဝင်ပြီးဆက်တူးစေသည်။
ဒီတစ်ကြိမ် ပထမနေရာတူးပြီး ဂိမ်းထဲတွင်တမူထူးခြားသောမြင်ကွင်းပေါ်လာသည်။ ဇာတ်ကောင်ခြေထောက်နားတွင် လင်းလာသောမျိုးစေ့ပုံကျောက်တုံးကိုကောက်ယူလိုက်၏။
ပစ္စည်းကောင်းတစ်ခုခုတူးရပြီမှန်း ချင်လင်သိလိုက်သည်။ မျိုးစေ့ပုံကျောက်တုံးကိုမြင်ပြီး ဘာပစ္စည်းလဲ သူချက်ချင်းခန့်မှန်းမိသည်။
'စိုက်ပျိုးမွေးမြူရေးခြံပုံပြင်'ပုံစံအသစ်၏ဂိမ်းဖိုရမ်ထဲတင်ထားတာ သူမြင်ဖူးသည်။
(ဂုဏ်ယူပါတယ်... အထူးမျိုးစေ့ကျောက်တူးဖော်ရရှိလိုက်ပါပြီ!)
တကယ် ဒီပစ္စည်းပဲ။
ဒီအထူးမျိုးစေ့ကျောက်က ဂိမ်းထဲတွင်အထူးကျောက်ဖြစ်သည်။ ထူးထူးခြားခြားအာနိသင်မရှိသော်လည်း မျိုးစေ့ဆိုင်သွားပြီး ဆိုင်ပိုင်ရှင်ကိုလွှဲပေးနိုင်သည်။ ထို့နောက် မျိုးစေ့ဆိုင်က နာမည်ပြောင်နှင့်အထူးမျိုးစေ့တစ်မျိုးကို ကျပန်းဖွင့်ပေးလိမ့်မည်။
တစ်နည်းဆိုသော် နောက်ထပ်အထူးမျိုးစေ့ကိုသူရယူနိုင်ပြီ။