နေရောင်လိုက်သောသန့်စင်မြက်နှင့်အံ့ဩစရာလေအညွှန်းကိန်း! ၂
Vol. 44 Ch. 655
ဒီလိုထူးဆန်းတဲ့မြင်ကွင်းမျိုးမြင်ဖူးတာ ဒါပထမဆုံး။ ဒါသန့်စင်မြက်ရဲ့အလင်းအစာချက်နိုင်စွမ်းနဲ့ဆက်စပ်လိမ့်မည်ဟု သူချက်ချင်းခန့်မှန်းမိသည်။
…
အချိန်လွန်သည်နှင့်အမျှ ရွှေ့ပြောင်းစိုက်ထားသောသန့်စက်မြက်လည်း အလင်းအစာချက်ပြီး အထူးဓာတ်ငွေ့ထုတ်လွှတ်ပေး၍ အပန်းဖြေစံအိမ်၏လေသန့်စင်မှုက ဖြည်းဖြည်းအေးအေးပြောင်းလဲလာသည်။
အပြင်မြက်ခင်းက နေကိုမျက်နှာမူပြီး စံအိမ်အတွင်းအိုးစိုက်ပင်က မီးရောင်ကိုမျက်နှာမူသည်။
ညဘက်တွင်တောင် သန့်စင်မြက်က အပန်းဖြေစံအိမ်ထဲမှအလင်းရောင်နှင့် အလင်းအစာချက်နိုင်သည်။
အလင်းအစာချက်ခြင်းက ခရမ်းပြာရောင်နှင့်လိမ္မော်နီရောင်အပေါ်မှီခိုသည်။ အဖြူရောင်အလင်းတန်းတွင် ခရမ်းပြာရောင်နှင့်လိမ္မော်နီရောင်ပါသည်။ ဒီရောင်ခြည်နှစ်ခုပါသောအလင်းရောင်အလုံအလောက်ရသရွေ့ အပင်များက အလင်းအစာချက်နိုင်သည်။
မီးရောင်အများစုမှာ ဒီလိုအပ်ချက်နှင့်ကိုက်ညီတတ်သည်။ အပန်းဖြေစံအိမ်၏မီးလုံးများလည်း ထို့အတူပင်။
ထို့ကြောင့် အပန်းဖြေစံအိမ်တစ်ခုလုံး၏လေသန့်စင်မှုက တစ်ညအလွန်တွင် သိသိသာသာထူးခြားသွားသည်။
အခန်းထဲ၌_
တော်ဝင်ပညာရှင်လီက မနက်အစောကြီးနိုးလာပြီး အညောင်းဆန့်လိုက်သည်။
အပန်းဖြေစံအိမ်မှငါးကုထုံးကြောင့် သူ့ခန္ဓာကိုယ်ပြေလျော့ပြီး နံ့သာဖြူကြောင့် အိပ်ပျော်သည့်အတွက် မနက်အိပ်ရာနိုးလာတိုင်း အစာအိမ်ကင်ဆာဝေဒနာ လုံးဝမခံစားရတော့သလောက်ပင်။
ဒီလိုအပန်းဖြေစံအိမ်မှာနေရတဲ့ဘဝက သူလိုလူနာမျိုးအတွက် လုံးဝမင်္ဂလာတစ်ပါးဖြစ်သည်။

ဒီနေ့မနက်နိုးလာပြီး တစ်ခုခုထူးခြားနေကြောင်း သူသတိထားမိသည်။ အသက်ရှူရပိုကောင်းပြီး လန်းဆန်းသောခံစားချက်မျိုးဖြစ်နေသည်။ သူ့ခန္ဓာကိုယ်မွေးညင်းပေါက်အားလုံး ရှောရှောရှူရှူဖြစ်နေသလိုပင်။
သူကမျက်နှာသစ်ပြီး အခန်းအပြင်လမ်းလျှောက်ထွက်လာသည်။
အိုးစိုက်ပင်ရှေ့တွင် သွမ့်မုရွေ့ရန်တစ်ခုခုလုပ်နေသည်ကိုမြင်၍ တော်ဝင်ပညာရှင်လီက_
"ဒေါက်တာသွမ့်မု... ဘာလုပ်နေတာလဲ?''
မနေ့က သူဌေးချင်ရွှေ့စိုက်ခိုင်းနေသောအိုးစိုက်ပင်များကို သူသတိရသွားသည်။ အရမ်းလှပြီး မြင်မြင်ချင်းအကြည့်မခွာနိုင်ဖြစ်စေသည်။
သွမ့်မုရွေ့ရန်က ချက်ချင်းပင်_
"တော်ဝင်ပညာရှင်လီ... ခံစားမိတယ်မလား? ကျွန်တော်တောင် ဒီမနက် အသက်ရှူရပိုကောင်းနေတယ်... အပန်းဖြေစံအိမ်ရဲ့လေက အတော်ကောင်းလာတဲ့ပုံပဲ''
"မင်းရော ခံစားမိလား?''
တော်ဝင်ပညာရှင်လီက တအံ့တဩနှင့်မေးသည်။
သွမ့်မုရွေ့ရန် ပြန်ဖြေသည်_
"ကျွန်တော်က ဆရာဝန်ပါ... ဒီအပိုင်းမှာ အာရုံခံကောင်းတယ်... ပြီးတော့ ဒီအိုးစိုက်ပင်နားကပ်ရင် လေပိုကောင်းမှန်းလည်းသတိထားမိတယ်... အခုအပြောင်းအလဲက ဒီအိုးစိုက်ပင်ကြောင့်ဖြစ်မယ်''
“???”
တော်ဝင်ပညာရှင်လီ မယုံနိုင်။
ဒီအိုးစိုက်ပင်တွေကြောင့် လေပိုကောင်းလာတာ?
အိုးစိုက်ပင်နားကပ်ကြည့်သောအခါ သူ့မျက်နှာမှာ တဖြည်းဖြည်းအံ့ဩပုံပေါက်လာသည်။
အိုးစိုက်ပင်နားကပ်ရင် လေကတကယ်ပိုကောင်းတာပဲ။
မနေ့ကရွှေ့စိုက်နေတဲ့အိုးစိုက်ပင်တွေအကြောင်းတွေးကြည့်မှ လေကဒီနေ့ပိုကောင်းနေသည်။
ကြည့်ရတာ ဒီအိုးစိုက်ပင်နှင့်တကယ်ဆက်စပ်နေလိမ့်မည်။

မယုံနိုင်စရာ။
တော်ဝင်ပညာရှင်တစ်ဦးဖြစ်၍ တရုတ်သိပ္ပံအကယ်ဒမီက ပေကျင်းလေသန့်စင်မှုအတွက် ဘယ်လောက်ရင်းနှီးမြှုပ်နှံထားလဲ သူသိသည်။
သို့ရာတွင် လက်ရှိမော်ဒန်ခေတ်စက်မှုလုပ်ငန်းနှင့်မော်တော်ကားဓာတ်ငွေ့များကြောင့် လေထိန်းသိမ်းမှုရလဒ်က အကန့်အသတ်ရှိနေသည်။
မှိုင်းတိုင်းတိုင်းမှုန်ဝေဝေမှာ မြို့တော်၏ပုံရိပ်လိုဖြစ်လာသည်။
အခု အိုးစိုက်ပင်တွေက လေသန့်စင်မှုအတွက်တကယ်ကောင်းစေတာလား?
"ပါမောက္ခလီခိုင်ရဲ့သုတေသနများလား?''
တော်ဝင်ပညာရှင်လီက ချက်ချင်းခန့်မှန်းကြည့်သည်။
ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်ပဲ ဒီလိုလုပ်နိုင်မှာ။
…
ချင်လင်က မနက်အစောကြီး ဂိမ်းပစ္စည်းများပို့ပြီးနောက် အပန်းဖြေစံအိမ်ရောက်လာသည်။ အရင်ဆုံး သန့်စင်မြက်ကိုသွားကြည့်လိုက်သည်။
အပန်းဖြေစံအိမ်ထဲဝင်လိုက်သောခဏ၌ လတ်လတ်ဆတ်ဆတ်လေက သူ့မျက်နှာကိုလာရိုက်ခတ်သည်။
ထူးခြားတဲ့လေပဲ။

သန့်စင်မြက်က သူထင်ထားသည်ထက်ပိုထိရောက်ပုံရသည်။
ချင်လင်ကချက်ချင်းပင် လီခိုင်ကိုဖုန်းဆက်ပြီး ဓာတ်ခွဲခန်းမှလေသန့်စင်မှုတိုင်းသောကိရိယာမှာလိုက်သည်။
လေသန့်စင်မှုကို အသက်ရှူပြီးအာရုံခံနိုင်သော်လည်း စမ်းသပ်ကိရိယာရှိလျှင် လေသန့်စင်မှုအဆင့်နှင့်လေအညွှန်းကိန်းကို တိတိကျကျသိရမည်။
လီခိုင်လည်း မနက်အစောကြီး ချင်လင်ဆီမှဖုန်းရပြီး နည်းနည်းဇဝေဇဝါဖြစ်နေသည်။
ညီလေးချင်က ဘာလို့လေအညွှန်းကိန်းကိရိယာလိုချင်တာလဲ?
သို့ရာတွင် ညီလေးချင်ကဖုန်းဆက်မှတော့ သူလည်း ဓာတ်ခွဲခန်းထဲတွင် လေအညွှန်းကိန်း AQI စမ်းသပ်ကိရိယာကိုရှာလိုက်သည်။
အခု ချင်းလင်ဓာတ်ခွဲခန်းတွင် ကိရိယာအများကြီးရှိနေပြီ။ လေအညွှန်းကိန်း AQI စမ်းသပ်ကိရိယာအပါအဝင် အခြေခံကိရိယာမျိုးစုံရှိသည်။
စမ်းသပ်နေရာ၏လေအညွှန်းကိန်းကိုစမ်းသပ်ရန် ရှန်လီကိုဝယ်ခိုင်းထားပြီး စျေးသိပ်မကြီး။
နောက်ပြီး AQI မှာ လေအညွှန်းကိန်းစမ်းသပ်ပေးသော နေ့စဉ်လေသန့်စင်မှုစမ်းသပ်နေကျကိရိယာမျိုးဖြစ်သည်။
အညွှန်းကိန်းကို 0-~ တန်ဖိုးအဖြစ်ဖော်ပြနိုင်ပြီး တိတိကျကျအဆင့်သတ်မှတ်ချက်ရှိသည်။
0-50 မှာ လေအရည်အသွေးကောင်းသည်။ အခြေခံအားဖြင့် လေညစ်ညမ်းမှုကင်းစင်ပြီး လူအားလုံးနေထိုင်ဖို့သင့်လျော်သည်။ ထိုအရည်အသွေးမျိုးက ကျေးရွာများ၊သဘာဝတောနက်များတွင်သာရှိသည်။
မနှစ်က လေအရည်အသွေးအကောင်းဆုံးမြို့မှာ လေအညွှန်းကိန်း 55 ရှိပြီး တောင်များပတ်လည်ဝိုင်းနေသောမြို့ကြီးတစ်မြို့ဖြစ်သည်။
လမ်းပေါ်ကားတွေရောက်ပြီး စက်ရုံတွေလည်ပတ်ပြီဆိုတာနှင့် လေသန့်စင်မှုက ဇိမ်ခံစရာတစ်ခုလိုဖြစ်လာသည်။
တစ်နည်းဆိုသော် နိုင်ငံထဲတွင် လေအရည်အသွေးကောင်းကောင်းရနိုင်သော မြို့ကြီးပြကြီးဟူ၍မရှိပေ။
50-100 မှာ လေအညွှန်းကိန်းကောင်းပြီး လေအရည်အသွေးက လက်ခံနိုင်ဖွယ်ရာရှိသည်။ တချို့သောလေထုညစ်ညမ်းမှုများသည် ကျန်းမာရေးချို့တဲ့သူအပေါ်တွင်သာ အနည်းငယ်သက်ရောက်မှုရှိပြီး အသက်ရှင်နေထိုင်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။
နိုင်ငံအတွင်းမြို့ကြီးအများစု၌ လေသန့်စင်မှုက ဤအဆင့်တွင်ရှိသည်။
တစ်နည်းဆိုရသော် လူနေမှုဘဝကိုကျေနပ်ပြီး ကျန်းမာရေးဂရုစိုက်ဖို့မေ့လျော့တတ်သည်။ မြို့ကြီးမှာနေသရွေ့ ငွေကုန်ကြေးကျမရှိဘဲကျန်းမာရေးထိန်းသိမ်းချင်သည်ဆိုပါက ဟာသဖြစ်နေမည်။
101-150 မှာ အနည်းငယ်လေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်။ လက္ခဏာပြသောလူဦးရေ နည်းနည်းတိုးလာသည်။ ကျန်းမာသောလူထုတွင် လှုံ့ဆော်မှုလက္ခဏာများပြပြီး အသက်ကြီးသူများ၊ ကလေးသူငယ်များ၊ အသက်ရှူလမ်းကြောင်းရောဂါနှင့်တခြားရောဂါရှိသူများမှာ အခန်းပြင်ပ၌ပြင်းပြင်းထန်ထန်ရေရှည်လှုပ်ရှားမှုပြုခြင်းကိုလျှော့ချရမည်။ မဟုတ်ရင် အလွန်အန္တရာယ်များလိမ့်မည်။