နေရောင်လိုက်သောသန့်စင်မြက်နှင့်အံ့ဩစရာလေအညွှန်းကိန်း! ၃
Vol. 44 Ch. 656
ထိုအဆင့်ရှိသောလေအညွှန်းကိန်းနှင့် မြို့ကြီးများစွာရှိသည်။ ဥပမာဆိုရသော် တုန်းကွမ်း၊တုန်းရှန်နှင့်နန်ဟယ်ရှိမြို့ကြီးတချို့တွင် ဒီအဆင့်ရှိတတ်သည်။
ထိုမြို့ကြီးများတွင် အသက်ရှူလိုက်တိုင်း မော်တော်ကားနှင့်စက်ရုံများမှမီးခိုးငွေ့များပါလာသည်။
ဒီအဆင့်ကဆိုးဝါးနေပြီဖြစ်သော်လည်း ဒီထက်ဆိုးတဲ့အဆင့်ရှိသေးသည်။ ပေကျင်းတွင် အန္တရာယ်ရှိသောသတိပေးချက်များ ခဏခဏထုတ်ပြန်ရပြီး လေအညွှန်းကိန်း 150 ကျော်နှင့် မှိုင်းတိုင်းတိုင်းပုံပိုပေါက်သည်။
ဒီလေအရည်အသွေးသက်ရောက်မှုအကြောင်း သိချင်နေသူများ ပေကျင်းတွင်မှုန်မှိုင်းနေချိန်သွားပြီး အသက်ပြင်းပြင်းရှူကြည့်နိုင်သည်။ အဲဒီအခါ သိရလိမ့်မည်။
လီခိုင်က AQI စမ်းသပ်စက်နှင့် အပန်းဖြေစံအိမ်ထဲမြန်မြန်ဆန်ဆန်ရောက်ချလာသည်။
အပန်းဖြေစံအိမ်ထဲဝင်လိုက်သောခဏတွင် သူအံ့ဩသွားသည်။
သူကဉာဏ်လေးသူမဟုတ်၍ အပန်းဖြေစံအိမ်ထဲမှလတ်ဆတ်သောလေကို ချက်ချင်းခံစားမိသည်။
အပန်းဖြေစံအိမ်ထဲဝင်ဝင်ချင်း လတ်ဆတ်သောလေကကြိုဆိုနေသည်။
"ဒီထောင်ဝူ!''
လီခိုင်ကရေရွတ်ပြီး အပန်းဖြေစံအိမ်ထဲမှထွက်လာသည်။ ထိုခံစားချက်ပျောက်သွားပြီး ဆန့်ကျင်ဘက်အနေနှင့် ပြင်ပလေကမွန်းကြပ်နေ၏။
အပန်းဖြေစံအိမ်ထဲ ပြန်ဝင်လိုက်သည်။
လတ်ဆတ်သောလေရလာပြန်သည်။ အပန်းဖြေစံအိမ်အတွင်းနှင့်အပြင်လေက လုံးဝအဆင့်ကွာနေသလိုပင်။
ပန်းတံတိုင်းလေးပဲကာထားတာ၊ ကွာခြားချက်က ဒီလောက်များလား?
လီခိုင်ကဇဝေဇဝါနှင့် အပန်းဖြေစံအိမ်မှထွက်ပြီး AQI စမ်းသပ်ကိုဖွင့်လိုက်သည်။ ခဏအကြာ ဖန်သားပြင်ပေါ်တွင် နံပါတ်တစ်ခုပေါ်လာသည်: 59!
ဒါ ရုံချန်းရဲ့ပုံမှန်တန်ဖိုး။
အဆင့် 59 မှာ လေအရည်အသွေးကောင်းရုံအဆင့်ဆိုသော်လည်း မော်ဒန်ခေတ်တွင် လေကောင်းလေသန့်ရှိသောမြို့ဟုယူဆရမည်ဖြစ်သည်။
ပြီးတော့ အခုကချင်းလင်အပန်းဖြေစံအိမ်မှာ၊ စီရင်စုထဲရောက်ရင် 5-10 ထပ်တိုးလိမ့်မည်။
လီခိုင်က အပြင်ကလေအရည်အသွေးစစ်ဆေးကြည့်ပြီး အပန်းဖြေစံအိမ်ထဲဝင်စစ်ကြည့်သည်။ ကိရိယာပေါ်မှတန်ဖိုးက ခုန်တက်သွားပြီး နောက်ဆုံး တန်ဖိုးတစ်ခုမှာရပ်သွားသည်: 43!
"တကယ်?''
လီခိုင်အံ့ဩသွားသည်။ ဒါကြောင့် ဒီလောက်ကွာတာကိုး။
အပန်းဖြေစံအိမ်အတွင်း လေအရည်အသွေးမြင့်ပြီး အပြင်လေအရည်အသွေးက ကောင်းရုံမျှသာရှိသည်။
နောက်ပြီး 43 နဲ့ 59 ကြား 16 သာကွာသော်လည်း မြို့ကြီးမှာငွေသုံးပြီး ဒီ 16 မှတ်ကွာအောင်လုပ်ရင် ဒေါ်လာဘီလီယံချီကျလိမ့်မည်။
ကျန်းမာရေးစင်တာ ဒါမှမဟုတ် ဆေးရုံပတ်လည်မှာ ဒီလိုလေအညွှန်းကိန်းမျိုးရှိရင် ကြွားလို့ရပြီ။
အခု ညီလေးချင်ရဲ့အပန်းဖြေစံအိမ်လေအရည်အသွေးက ဒီလောက်အဆင့်ကို တကယ်ရောက်နေပြီပဲ။
မယုံနိုင်စရာ။
အဓိကက ဒီအပန်းဖြေစံအိမ်ကို သူရောက်ဖူးသည်။
အရင်က အပန်းဖြေစံအိမ်ရဲ့လေအရည်အသွေးက ဒီလောက်ကောင်းလို့လား?
လီခိုင်က သံသယနှင့် အပန်းဖြေစံအိမ်ထဲလျှောက်ဝင်လာသော်လည်း စံအိမ်နားရောက်လေလေ လေအရည်အသွေးပိုကောင်းလေလေမှန်း သူခံစားမိသည်။
သန့်စင်မြက်အိုးစိုက်ပင်နှင့်ရွှေ့ပြောင်းမြက်ကို အပန်းဖြေစံအိမ်ပတ်လည်တွင်ရွှေ့စိုက်ထားပြီး စံအိမ်အထဲတွင်လည်း အိုးစိုက်ပင်များရှိသောကြောင့် လေအရည်အသွေးက အပန်းဖြေစံအိမ်အလယ်တွင် အကောင်းဆုံးဖြစ်သည်။
သူဝင်လိုက်သောအခါ အသက်ရှူရသောခံစားချက်နှင့်မွေးညင်းပေါက်များပြေလျော့သွားသည်ကိုတောင် ခံစားမိသည်။
လေအရည်အသွေးက ဘယ်လောက်များကောင်းတာလဲ?
လီခိုင်က သူ့လက်ထဲမှ AQI စမ်းသပ်စက်ကိုအမှတ်တမဲ့ဖွင့်လိုက်သည်။ နံပါတ်ကထပ်ခုန်တက်ပြီး နောက်ဆုံး မယုံနိုင်စရာကောင်းသောနံပါတ်တွင်ရပ်သွားသည်: 3။
လေအညွှန်းကိန်းက 3 တည်း?
"နောက်နေတာလား?''
လီခိုင်ရေရွတ်လိုက်သည်။
လူတွေစုဝေးတဲ့နေရာမှာ ဒီလေအညွှန်းကိန်းကမဖြစ်နိုင်။ ဒါ လူသူနည်းပါးတဲ့တောကြိုအုံကြားမှာပဲဖြစ်နိုင်တာ။
အခု လေအညွှန်းကိန်းက သူ့မျက်စိရှေ့မှာ!
လီခိုင်က AQI စမ်းသပ်စက်တစ်ခုခုဖြစ်နေသလားဟုပင် သံသယဝင်မိသည်။ သူကအမှတ်တမဲ့စက်ကိုပြန်ဖွင့်ပြီး စမ်းသပ်ကြည့်ပြန်သည်။
မကြာမီ ကိရိယာပေါ်မှနံပါတ်က ခုန်တက်သွားပြန်သည်။
ခဏအကြာ နံပါတ်ရပ်သွား၏: 2။
နံပါတ်ကိုကြည့်ရင်း လီခိုင်မှာပါးစပ်အဟောင်းသား။
ပိုတောင်နိမ့်သွားပြီ။
လုံးဝ နောက်နေတာမဟုတ်ဘူးနော်?
သို့ရာတွင် သူ့အသက်ရှူရပုံနှင့်ပြေလျော့နေသောမွေးညင်းပေါက်များက အမှန်ဖြစ်ကြောင်းပြောနေသည်။
နောက်ဆုံး လီခိုင်ကမနေနိုင်တော့ဘဲ ဖုန်းထုတ်ပြီး ချင်လင်ကိုဆက်လိုက်သည်။ ဖုန်းဝင်ဝင်ချင်း သူကအလောတကြီးနှင့်_
"ညီလေးချင်... မင်းအပန်းဖြေစံအိမ်မှာဘာလုပ်ထားတာလဲ?''