လီခိုင် ဝန်လေးလာ!
Vol. 44 Ch. 657
လီခိုင်က လေအရည်အသွေးစမ်းသပ်စက်ပေါ်မှနံပါတ်ကိုကြည့်ပြီး ချင်လင်ဆီချက်ချင်းဖုန်းဆက်လိုက်သည်။
သူက အရူးမဟုတ်။ လေအရည်အသွေးကိုပုံမှန်လို့ထင်နေရင် သူပုံမှန်မဟုတ်တော့။
ရုံးခန်းထဲ၌_
ချင်လင်က လီခိုင်ဆီမှဖုန်းရပြီး အလောတကြီးမေးသံကြားရသည်။ အပန်းဖြေစံအိမ်ထဲက လေအရည်အသွေးပုံမှန်မဟုတ်ကြောင်း လီခိုင်သတိထားမိပြီမှန်း သူသိလိုက်သည်။
လီခိုင်ဘယ်ရောက်နေလဲမေးပြီး သူကဖုန်းချလိုက်သည်။ ထို့နောက် စားပွဲပေါ်မှမျိုးစေ့အိတ်ကို အံဆွဲထဲထည့်ထားခဲ့သည်။
ထိုအိတ်ထဲတွင် သန့်စင်မြက်မျိုးစေ့များပါသည်။
သန့်စင်မြက်၏အာနိသင်များကိုသိပြီးနောက် ပထမဆုံးသူတွေးမိသည်က ပျိုးထောင်၍ရမရဆိုတာပင်။
မျိုးစေ့က အဆင့် ၃ မြေလိုအပ်သော်လည်း အပြင်မှာအထူးမြေကြီးနှင့်စိုက်ရင်တောင် အရည်အသွေးက အတော်ကျဆင်းသွားဦးမည်။
သို့ရာတွင် ဒီသန့်စင်မြက်ကိုစိုက်ပြီးပျိုးထောင်နိုင်ပါက အရည်အသွေး ၁ ဆိုရင်တောင်၊ ဒါမှမဟုတ် သာမန်အဆင့်ပဲဆိုရင်တောင်၊ သန့်စင်နိုင်သောအရည်အသွေးအလွန်အားနည်းဦးတော့၊ ပစ္စည်းကောင်းဖြစ်နေဦးမည်။
ဘာပဲဖြစ်ဖြစ် တွက်ချေကိုက်သောသန့်စင်မှုဖြစ်သည်။ သူစိုက်ထားသရွေ့ အာနိသင်နည်းနည်းပဲရှိရင်တောင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ထားသောစုပေါင်းအာနိသင်က အလွန်အားကောင်းလိမ့်မည်။
ထို့အပြင် ဆက်တိုက်လေသန့်စင်ပေးပြီး ကုန်ကျစရိတ်က မမြင့်။
ဒီတော့ စျေးကွက်ကြီးတယ်ဆိုတဲ့သဘောပင်။
သို့ရာတွင် အရင်ဆုံး ဒီကိစ္စကိုအစ်ကိုလီဆီလက်လွှဲပေးပြီး လှည့်စားရဦးမည်။
ခဏအကြာ_
ချင်လင်က ရုံးခန်းထဲမှထွက်လာပြီး အပန်းဖြေစံအိမ်ထဲတွင် လီခိုင်နှင့်တွေ့သည်။
"ညီလေးချင်... ဘယ်လိုဖြစ်တာလဲ?''
လီခိုင်က ချင်လင်ကိုမြင်လျှင် စူးစမ်းမေးလိုက်သည်။
"အစ်ကိုလီ... ကျွန်တော်နဲ့လိုက်ခဲ့''
ချင်လင်က လီခိုင်ကိုနှုတ်ဆက်ပြီး ရွှေ့ပြောင်းစိုက်ထားသောသန့်စင်မြက်ခင်းဆီခေါ်လာသည်။ ထို့နောက် သူက_
"အစ်ကိုလီ... ဒီမြက်တွေကြောင့်လေ''
"ဒါပန်းပွားမြက်လား? မျိုးစိတ်ပြောင်းထားတာလား?'''
လီခိုင်ကကြားကြားချင်း ဖြစ်နိုင်ခြေကိုစဉ်းစားကြည့်သည်။
ပန်းပွားမြက်လေးနည်းနည်းနဲ့ အပန်းဖြေစံအိမ်ရဲ့လေအရည်အသွေးဒီလောက်ကောင်းသွားတာ မဖြစ်နိုင်။
ဒီလိုအာနိသင်မျိုးရှိရင် လေအရည်အသွေးပြဿနာက ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်မှာမဟုတ်။
ဒါပေမဲ့ အထူးမြေကြီးနဲ့စိုက်ပြီး မြက်မျိုးစိတ်ဖန်တီးနိုင်ရင်ရော?
ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ဒီလိုမျိုးစိတ်ပြောင်းမြင်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်။
ညီလေးချင်မှာ တွင်းသုံးတွင်းရှိမှန်းသူသိသည်။ ဓာတ်ခွဲခန်းစမ်းသပ်စိုက်ခင်းအပြင် တခြားအထူးမြေကြီးတွေရှိသေးသည်။
ဒါပေမဲ့ ညီလေးချင်ရဲ့ကံက ဒီလောက်ကောင်းနိုင်လား?
ချင်လင်မညာမှန်း လီခိုင်လည်းသိ၍ အမှတ်တမဲ့ AQI လေအညွှန်းကိန်းစမ်းသပ်စက်ကိုဖွင့်လိုက်သည်။
ခဏကြာပြီးနောက်_
AQI စမ်းသပ်စက်ပေါ်တွင် ပေါ်လာသောနံပါတ်ကြောင့် သူလုံးဝအံ့ဩသွားသည်: 1။
လေအညွှန်းကိန်းက 0 က စပေမဲ့ လေအညွှန်းကိန်း 0 ရောက်ဖို့မဖြစ်နိုင်။
ဒီတော့ 1 က အောက်ခြေမျဉ်းပဲ။
"တကယ်မျိုးစိတ်ပြောင်းတာ''
ချင်လင်က ပြောလိုက်သည်_
"ဒီအပင်တွေက လေသန့်စင်ပေးနိုင်မှန်း မထင်မှတ်ဘဲသိလိုက်ရလို့ အစ်ကိုလီကိုခေါ်ပြီး ပျိုးထောင်လို့ရမလားကြည့်ခိုင်းတာ''
လီခိုင်က ကိရိယာချပြီး အပင်ရှေ့ငုတ်တုတ်ထိုင်ချ၍ စူးစမ်းလိုက်သည်။
ခဏအကြာ သူလည်းထူးခြားမှုကိုသတိပြုမိသည်_
"ပန်းပွားမြက်နဲ့နည်းနည်းကွာတယ်... အမြစ်နဲ့အဖူးက နည်းနည်းထူးခြားတဲ့ပုံပဲ! ပန်းပွားမြက်မှာ ဒီလိုအာနိသင်မျိုးရှိတာ အမြစ်နဲ့အဖူးကြောင့်ဖြစ်နိုင်တယ်''
ချင်လင်ကပြုံးပြီး ဘာမှမပြော။ ဒါသန့်စင်မြက်၏အလင်းအစာချက်မှုနှင့်ဆက်စပ်နေမှန်း သူသိသည်။ သို့ရာတွင် ဒီအချက်က သုတေသနသမားဖြစ်သောအစ်ကိုလီ၏ကနဦးဆုံးဖြတ်ချက်မျှသာ။
သူ့တွင်ပြင်ပအချက်အလက်များမရှိ၍ သူ့ကိုယ်ပိုင်အသိပညာနှင့်သူတွေးမိသောဖြစ်နိုင်ခြေအပေါ်မူတည်ပြီး တစ်ဆင့်ချင်းဆုံးဖြတ်ရသည်။
ထိုစဉ် တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ရောက်ချလာသည်။
သူတို့မျက်နှာပေါ်တွင် အံ့ဩနေသောအကြည့်များနှင့်။
တော်ဝင်ပညာရှင်လီက အိုးစိုက်ပင်၏ထူးခြားမှုကိုသိပြီးနောက် ချက်ချင်းပါမောက္ခရန်ကိုသွားရှာခဲ့သည်။ ပါမောက္ခရန်ကလည်း အစောကြီးနိုးနေပြီး အပန်းဖြေစံအိမ်၏လေအရည်အသွေးကိုသတိပြုမိပြီးဖြစ်သည်။
အခု သူတို့နှစ်ဦးက လေအရည်အသွေးကိုအိုးစိုက်ပင်ကြောင့်မှန်းသိလိုက်ရတော့ မအံ့ဩဘဲနေမလား?
ပါမောက္ခလီခိုင် တစ်ခုခုလုပ်ထားပြန်ပြီ။
ဘာပဲဖြစ်ဖြစ် သူက ဒါမျိုးတွေဖန်တီးပြီး အချိန်နှင့်အမျှအားလုံးကိုအံ့ဩအောင်လုပ်နေကျ။
အနားရောက်လာသောအခါ လီခိုင်က ပန်းပွားမြက်ရှေ့တွင်ငုတ်တုတ်ထိုင်ပြီး သေချာစူးစမ်းနေသည်ကိုတွေ့ရသည်။ တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က တစ်ယောက်ကိုတစ်ယောက်အသံတိတ်ကြည့်လိုက်ပြီး အချင်းချင်းသဘောပေါက်သွားကြသည်။
ထင်တဲ့အတိုင်း!
"သူဌေးချင်... ရှောင်လီ''
ပါမောက္ခရန်ကလျှောက်လာပြီး နှုတ်ဆက်သည်။
တော်ဝင်ပညာရှင်လီက လီခိုင်ဆီတည့်တည့်လျှောက်လာပြီး_
"ပါမောက္ခလီခိုင်... အံ့ဩစရာဖန်တီးထားပြန်ပြီပေါ့''
"ပါမောက္ခလီခိုင်''
ပါမောက္ခရန်က သံယောင်လိုက်သည်_
"တကယ်အံ့ဩစရာနော်... ဒီလိုလေမျိုးမရတာ အတော်ကြာပြီ''
“???”
လီခိုင်မှာ သေချာစူးစမ်းနေရင်း ရုတ်တရက်သူတို့နှစ်ဦးပြောတာကြားပြီး နည်းနည်းကြောင်သွားသည်။
ဘာတွေဖြစ်နေတာလဲ?
ဒါ သူနဲ့ဘာမှမဆိုင်။
လီခိုင်ကအမှတ်တမဲ့ ချင်လင်ကိုကြည့်ပြီးမေးမည်အပြု...
ချင်လင်က လီခိုင်အား 'အစ်ကိုလီ... နာမည်ခံလိုက်လေ' ဆိုသောအကြည့်မျိုးနှင့်ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။
ထို့နောက် သူကပြုံးပြီး တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်အား_
"တော်ဝင်ပညာရှင်လီ ပါမောက္ခရန်... လူကြီးမင်းတို့လည်း သိတာလား? အစ်ကိုလီက လက်ရှိဒီပန်းပွားမြက်တွေရဲ့အခြေအနေကိုလေ့လာနေတာ''
တော်ဝင်ပညာရှင်လီကပြုံးပြီး_
"မင်းက မနက်အစောကြီး လေအရည်အသွေးကိုသတိထားမိတယ်ဆိုတော့ ဒါပါမောက္ခလီခိုင်လုပ်ထားတာမှန်းသိလို့ဖြစ်ရမယ်... ပါမောက္ခလီခိုင်က အံ့ဩစရာပဲ''
လီခိုင်မှာ စိတ်ဖိအားတက်လာသည်။
ဒါ သူနဲ့လုံးဝမဆိုင်။
ဒါ အထူးမြေကြီးကြောင့် မျိုးစိတ်ပြောင်းတာ။
ဒါပေမဲ့ စောစောကညီလေးချင်ရဲ့အကြည့်ကို သူမြင်သည်။ အထူးမြေကြီးအကြောင်းပေါ်မသွားအောင် သတိပေးနေတာဖြစ်မည်။