← Chapters

လီခိုင် ဝန်လေးလာ! ၂

Vol. 44 Ch. 658

လီခိုင် ဝန်လေးလာ! ၂

Vol. 44 Ch. 658

ပြီးတော့ တော်ဝင်ပညာရှင်လီကိုကြည့်ရင်း သူမယုံနိုင်။

"AQI စက်လား? အခု အပန်းဖြေစံအိမ် လေအရည်အသွေးဘယ်လောက်လဲ?''

ပါမောက္ခရန်ကကောက်ယူပြီး စမ်းသပ်ကြည့်သည်။

တော်ဝင်ပညာရှင်လီလည်း အမှတ်တမဲ့လှမ်းကြည့်လိုက်သည်။

ခဏအကြာ စက်က နံပါတ်တစ်ခုကိုပြသည်: 1။

တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က စက်ပေါ်မှနံပါတ် 1 ကိုမြင်ပြီး အံ့အားသင့်သွားသည်။

သူတို့နှစ်​ဦးမှာ အပန်းဖြေစံအိမ်၏လေအရည်အသွေးအရမ်းကောင်းမှန်းသိသော်လည်း လေအညွှန်းကိန်း 1 သာရှိမည်ဟုမထင်မိပေ။

လေအရည်အသွေးအမြဲတမ်းသက်ရောက်မှုရှိနေသောမြို့ကခေါင်းဆောင်တွေသာ ဒီအကြောင်းသိရင် ရူးကုန်လိမ့်မည်။

"ပါမောက္ခလီခိုင်... ဒီအိုးစိုက်ပင်တွေက ပျိုးထောင်လို့ရပြီလား?''

တော်ဝင်ပညာရှင်လီ မမေးဘဲမနေနိုင်တော့။

"ဟဲ ဟဲ''

လီခိုင်မှာ ဘယ်လိုပြန်ဖြေရမှန်းတကယ်မသိ။

စောစောကမှ သူဒီအကြောင်းသိတာ၊ ပန်းပွားမြက်ရဲ့အခြေအနေက ဘယ်လိုမှန်းမသိသေး။

အခုရုတ်တရက် ဒီလိုအမေးခံလိုက်ရတော့ သူဘယ်လိုဖြေရမလဲ?

သူခဏခဏနာမည်ကောင်းယူထားပြီး အတွေ့အကြုံရှိ၍သာ တော်တော့သည်_

"တော်ဝင်ပညာရှင်လီ... ဒါတွေက စမ်းသပ်ပစ္စည်းပဲရှိသေးတယ်... ပြီးတော့ အပင်ကမကြီးသေးဘူး... ကျွန်တော် ဒုတိယအသုတ်စမ်းသပ်ပြီး လေသန့်စင်မှုကိုအတည်ပြုရဦးမယ်''

တော်ဝင်ပညာရှင်လီကခေါင်းညိမ့်ပြီး_

"အင်း... သိပ္ပံသုတေသနက ပိုပြီးအသေးစိတ်ဖို့လိုတယ်... တစ်ယောက်ယောက်သာ ဒီလိုရလဒ်မျိုးရရင် နေရာတကာလိုက်ကြေညာပြီးလောက်ရောပေါ့... သုတေသနရလဒ်မထွက်သေးရင်တောင် အပြင်လောကမှာသတင်းဖြန့်ပြီးလောက်ပြီ... ပါမောက္ခလီခိုင်က ဒီလိုတည်တည်ငြိမ်ငြိမ်နေနိုင်သေးတယ်... ဒီအခြေအနေနဲ့ အပြင်မှာသတင်းမထွက်သေးဘူး''

သူကိုယ်တိုင်တောင် မနေ့ကအထိ ဒီအကြောင်းမသိသေးတာ၊ အပြင်က ဘယ်လိုလုပ်သိမှာလဲဟု လီခိုင်ပြောပစ်ချင်သေးတော့?

"ဒါကြောင့်ပဲ ရှောင်လီက ဒီလိုအံ့ဩစရာရလဒ်တွေရခဲ့တာပေါ့''

ပါမောက္ခရန်က ချီးကျူးလိုက်သည်_

"ဒီနေ့ခေတ် လူငယ်သုတေသနသမားတွေက တယ်လည်းစိတ်မရှည်ကြဘူး... သူတို့သာ ရှောင်လီလိုတည်ငြိမ်နိုင်ရင်လေ...''

"အင်း''

တော်ဝင်ပညာရှင်လီက ခေါင်းညိမ့်လိုက်ပြီး_

"သူတို့က ပါမောက္ခလီခိုင်ရဲ့သုတေသနစိတ်ထားကိုအတုယူသင့်တယ်''

ဪ ဪ။

လီခိုင်မှာ စကားဆက်မပြောရဲတော့။ သူတို့နှစ်ယောက်ကို 'မချီးကျူးကြပါနဲ့တော့'ဟု ထိုင်ရှိခိုးချင်စိတ်ပေါက်လာပြီး တိတ်တိတ်သာနေရသည်။

သူ့ကျောပေါ်မှာ တစ်ခုခုထမ်းပိုးထားရသလို ပိုပြီးဝန်လေးလာသည်။

တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကြောင့် လီခိုင်မှာအကြပ်ရိုက်နေ၏။

သူတို့နှစ်​ယောက်ထွက်သွားမှသာ သက်ပြင်းရှည်ကြီးချနိုင်တော့သည်။

ဒီနှစ်​ယောက်က သူ့ကိုအလက်ဇန္ဒားလုပ်ပြီးပြောနေကြတာ၊ သူ့မှာတော့ ကမ္ဘာကြီးကိုလှည့်စားပြီး ကျော်ကြားလာသလိုလို။

"ညီလေးချင်... ဒီမျိုးစိတ်ပြောင်းပန်းပွားမြက်ကို ဘယ်မှာစိုက်ခဲ့တာလဲ?''

လီခိုင်မှာ မတတ်သာဘဲမေးရတော့သည်။ သူသုတေသနလုပ်ရဦးမည်။ မဟုတ်လို့ ဒီလိုသာဆက်သွားနေရင် တော်ဝင်ပညာရှင်လီထပ်မေးတဲ့အခါ လေဘယ်လိုသန့်စင်မှန်းတောင်မသိဘဲ အတော်ရှက်စရာကောင်းလိမ့်မည်။

ချင်လင်ရဲ့သန့်စင်မြက်က ဂိမ်းထဲမှာစိုက်ခဲ့ခြင်းဖြစ်၍ ဘယ်သူ့ကိုမှပြောလို့မဖြစ်_

"အစ်ကိုလီ... အစက ဒီအပင်မှာ ဒီလိုအာနိသင်ရှိမှန်းမသိလို့ ကျွန်တော်အကုန်ရှင်းပစ်တာ... အခု အပန်းဖြေစံအိမ်ထဲရွှေ့စိုက်တာတွေပဲရှိတယ်''

"အကုန်ရှင်းပစ်တယ်?''

လီခိုင်မှာ ပါးစပ်အဟောင်းသား။

ဒါ ဘုရားပေးတဲ့ဆုကို အလဟဿလုပ်ပစ်တာမလား?

ဒီနား တော်ဝင်ပညာရှင်လီမရှိ၍သာ တော်တော့သည်။ မဟုတ်ရင် သိပ္ပံသုတေသနအပေါ်ထားတဲ့ သူ့ရဲ့လေးလေးနက်နက်စိတ်ထားကြောင့် နှလုံးရောဂါရသွားနိုင်သည်။

အကုန်ရှင်းလိုက်တာတဲ့လား?

ဒီလိုအောင်မြင်မှုမျိုးရဖို့ သုတေသနရံပုံငွေဘယ်လောက်ကုန်ကျတယ်ဆိုတာ သိရဲ့လား?

သူနည်းနည်းရင်နာသွားသည်။

ရွှေ့စိုက်တဲ့အပင်တွေသာမရှင်ခဲ့ရင် လုံးလုံးဆုံးရှုံးရလိမ့်မည်။

အထူးမြေကြီးရှိတယ်ဆိုရင်တောင် ဒီလိုလက်လွတ်စပယ်မလုပ်သင့်ဘူးလေ။

"ဒါပေမဲ့ ကျွန်တော်မျိုးစေ့ကောက်ထားတာရှိတယ်''

ချင်လင်က အမြန်ပြောလိုက်သည်။

"မျိုးစေ့ရှိတယ်?''

လီခိုင် မျက်လုံးကျယ်သွားပြန်သည်_

"ညီလေးချင်... မြန်မြန်... မျိုးစေ့ပေး... ငါပြန်ယူသွားပြီး သုတေသနလုပ်ဖို့စိုက်ကြည့်မယ်... အပန်းဖြေစံအိမ်ထဲရွှေ့မစိုက်ရသေးတဲ့ပန်းပွားမြက်ရောရှိသေးလား? အဲဒါလည်း နည်းနည်းပေး... ဘာလို့ဒီအပင်က လေသန့်စင်နိုင်တာလဲဆိုတာ လေ့လာကြည့်ရမယ်''

သူကဒီပြဿနာတွေ့သူမဟုတ်ရင်တောင် အပင်သုတေသနသမားအနေနှင့် မစူးစမ်းမလေ့လာဘဲမနေနိုင်ချေ။

နောက်ပြီး ရွှေ့စိုက်ထားတဲ့ပန်းပွားမြက်နဲ့မျိုးစေ့ကိုပေါင်းလေ့လာရင် ထင်မထားသောရလဒ်တွေထွက်လာနိုင်သည်။

"ဒီကိုရွှေ့မစိုက်ရသေးတဲ့ပန်းပွားမြက်အကျန်တွေသယ်လာပြီးရင် အစ်ကိုလီကိုဖုန်းဆက်လိုက်မယ်... အခု အစ်ကိုလီအတွက် မျိုးစေ့သွားယူလိုက်ဦးမယ်''

ချင်လင်လည်း ပြောလိုက်သည်။

မျိုးစေ့တွေက ပြင်ဆင်ထားပြီးသား။ ရွှေ့မစိုက်ရသေးတဲ့သန့်စင်မြက်က ဂိမ်းထဲမှာစိုက်ပြီး အစ်ကိုလီကိုပေးလို့ရသည်။

"ဟုတ်ပြီ... မျိုးစေ့အရင်ပေးလိုက်... အရင်ဆုံး မျိုးစေ့စိုက်ထားမယ်''

လီခိုင်က ခေါင်းညိမ့်လိုက်ပြီး_

"ပြီးရင် ဒီပန်းပွားမြက်က ဘာကြောင့်လေသန့်စင်နိုင်တဲ့အကြောင်းလေ့လာတာပေါ့''

ချင်လင်က လီခိုင်ကိုရုံးခန်းထဲခေါ်သွားပြီး စောစောကသူယူထားသော သန့်စင်မြက်မျိုးစေ့အိတ်ပေးလိုက်သည်။

လီခိုင်ကမျိုးစေ့ရလျှင် နည်းနည်းထုတ်ကြည့်ပြီး ပြန်ထည့်ကာ ခပ်သုတ်သုတ်ထွက်သွားသည်။ စမ်းသပ်စိုက်ခင်းထဲသွားပြီး မျိုးစေ့တွေစိုက်ချင်နေပြီ။

နောက်ပြီး မျိုးစေ့စိုက်ပြီးရင် ပန်းပွားမြက်ကဘယ်လိုလေသန့်စင်နိုင်တဲ့အကြောင်း လေ့လာရဦးမည်။

ဒီအတွက်နာမည်ခံဖို့က တကယ်မလွယ်။

ငါတော့ အလုပ်ရှုပ်ဦးမှာပဲ။

သိပ်မကြာမီ လီခိုင်က ချင်းလင်ဓာတ်ခွဲခန်းထဲမျိုးစေ့ယူလာကာ အရင်ဆုံးစိုက်ဖို့ပြင်လိုက်သည်။

လီခိုင်က စမ်းသပ်စိုက်ခင်းထဲတန်းသွားလိုက်သည်။ စမ်းသပ်စိုက်ခင်းထဲတွင် သူစိုက်ထားသောမျိုးစေ့အများစုက မှည့်တော့မည်။

ထို့ကြောင့် သူ့လက်ထဲမှမျိုးစေ့ကိုကြည့်လိုက်မိသည်။

ဒီစမ်းသပ်စိုက်ခင်းထဲမှာ မျိုးစေ့တွေအများကြီးစိုက်ခဲ့ပြီးပြီ။ တချို့တလေမျိုးစိတ်ပြောင်းရင်တောင် အကြီးအကျယ်ဖြစ်ဦးမည်။

All Chapters