လီခိုင် ဝန်လေးလာ! ၃
Vol. 44 Ch. 659
ဘာပဲဖြစ်ဖြစ် ညီလေးချင်လိုသာမန်လူက ဒီလိုမျိုးစိတ်ပြောင်းပန်းပွားမြက်ကိုဖန်တီးနိုင်တာ အရမ်းကံကောင်းတာပဲ။
ဒီနယ်ပယ်ထဲက ကျွမ်းကျင်သူအနေနဲ့ ဘာမျိုးစိတ်မှမပြောင်းနိုင်သူတွေအများကြီးရှိနေတာ သူရှက်မိသည်။
သူ့ကံက ဒီလောက်မကောင်း။
အနည်းဆုံး ဒီထဲကတစ်ပင်နှစ်ပင်တော့ မျိုးစိတ်ပြောင်းတာရှိကောင်းပါရဲ့။ ဘာပဲဖြစ်ဖြစ် ညီလေးချင်က ဒီလိုထူးခြားတဲ့မျိုးစိတ်ထုတ်လုပ်ထားပြီးပြီပဲ။
ထိုအကြောင်းတွေးရင်း လီခိုင်ကမျှော်လင့်ချက်နှင့် သီးနှံကိုကြည့်လိုက်သည်။ ထို့နောက် သီးနှံများကိုလိုက်ကြည့်ပြီးစူးစမ်းသည်။ မျိုးပြောင်းသောသီးနှံရှိမရှိပါ တစ်ချက်ကြည့်ချင်သည်။
အရင် မျိုးပြောင်းတဲ့အလှအပသခွားသီးလို၊ သခွားသီးရဲ့မျက်စိရှက်စရာပုံစံက လုံးဝသာမန်မဟုတ်ပေ။
လီခိုင်က ပတ်ပတ်လည်လိုက်ကြည့်ရာ နည်းနည်းထူးခြားနေသောဆီးပင်များ(ကိုလာသီး၊ ဆီးပင်နှင့်တူ)ကိုတွေ့သည်။
ဒီဆီးပင်များကိုမှတ်တမ်းတင်ထားသော်လည်း ဘာမျိုးစိတ်မှန်း သူမသိချေ။ အပင်က အလွန်တိုတောင်းပြီးသေးသော်လည်း နည်းနည်းထူးဆန်းသောကြောင့် မှတ်တမ်းတင်ထားခဲ့သည်။
တခြားမျိုးစိတ်များကိုလည်း ထို့အတူပင်။
သို့ရာတွင် ဒီဆီးပင်တွေပန်းပွင့်တာ အခုတကယ်မြင်ရပြီ။
ဒါမဖြစ်သင့်။ အခုမှ ၁ နှစ်ပဲရှိသေးသည်။ ဆီးပင်က ဒီလောက်မြန်မြန်နဲ့ ပန်းပွင့်ပြီးအသီးတင်တာမဖြစ်နိုင်။ နောက်ပြီး လလည်းမမှန်။
"ဆီးပင်မျိုးစိတ်ပြောင်းသွားတာများလား?''
လီခိုင်မျှော်လင့်နေသည်။ သူကဆီးပင်ကိုကောင်းကောင်းဂရုစိုက်ပြီး ဓာတ်ပုံရိုက်ယူထားဖို့စီစဉ်လိုက်သည်။
ထိုအတွေးနှင့် လီခိုင်ကစတိုခန်းထဲသွားပြီး သူ့ကိရိယာများထုတ်လာသည်။ ထို့နောက် ဓာတ်ခွဲခန်းအကူအား အထူးပျိုးထောင်သူခေါ်ပြီး သူ့လက်ထဲမှမျိုးစေ့များစိုက်ခိုင်းလိုက်သည်။
ပန်းပွားမြက်ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ကြောင်းအတည်ပြုပြီးရင် တရုတ်ပြည်လေထုပြဿနာအတွက် ရလဒ်ကောင်းဖြစ်လာမည်။
လီခိုင်က သူ့အကူနှင့်မျိုးစေ့များစိုက်နေစဉ် ချင်လင်လည်း ရုံးစားပွဲတွင်ထိုင်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်နေသည်။
သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားပြီး သန့်စင်မြက်မျိုးစေ့များဝယ်စေသည်။ ထို့နောက် အဆင့် ၃ မြေတွင်စိုက်လိုက်သည်။
အရည်အသွေး ၂ သန့်စင်မြက်ကို လီခိုင်သုတေသနလုပ်ရန်ပေးဖို့အပြင် ချင်းလင်စံအိမ်တွင်ရွှေ့စိုက်ဖို့လည်း စီစဉ်ထားသည်။
ချင်းလင်စံအိမ်၏လေအရည်အသွေးကို အပန်းဖြေစံအိမ်လောက်ကောင်းဖို့မျှော်လင့်မထားသော်လည်း အနည်းဆုံး အဆင့်မြင့်မြင့်ထိန်းထားချင်သည်။
သန့်စင်မြက်က အချိန်တိုအတွင်းဖြစ်လာသည်။ ချင်လင်က အဆင့် ၃ မြေကွက်တွင်စိုက်ပြီးနောက် နေ့လယ်ပိုင်းတွင်ရသည်။
တစ်ဝက်ကိုအိုးစိုက်ပင်အဖြစ်သိမ်းပြီး ကျန်တစ်ဝက်ကို ရွှေ့ပြောင်းမြက်အဖြစ်ယူသည်။
ရိတ်သိမ်းပြီးနောက် သူ့ BMW ကိုဂိုဒေါင်ဆီမောင်းလာသည်။
ဒီတစ်ခါ အဆင့် ၃ မြေကရိတ်သိမ်းမယ့်သန့်စင်မြက်တစ်သုတ်ကို သူ့ထရပ်ကားလေးနဲ့တစ်ခေါက်တည်းမပို့နိုင်၍ သန့်စင်မြက်အားလုံး ဂိမ်းအပြင်၊ဂိုဒေါင်အပြင်ထုတ်ပြီးနောက် ကျောက်လီယွမ်ကိုဖုန်းဆက်လိုက်သည်။
ပစ္စည်းများ စံအိမ်ပို့ပြီးလျှင် လီခိုင်နှင့်ယွီရွှေ့ကိုဖုန်းဆက်ခေါ်လိုက်သည်။ လီခိုင်ကိုသန့်စင်မြက်တချို့ပေးပြီး ကျန်သန့်စင်မြက်များကို ချင်းလင်စံအိမ်ရုံးပိုင်းနှင့်တည်းခိုခန်းများအလှဆင်ရန် ယွီရွှေ့လက်ထဲအပ်လိုက်သည်။
သန့်စင်မြက်ရရချင်း လီခိုင်ကအရင်ဆုံး သုတေသနဓာတ်ခွဲခန်းအကူကိုဖုန်းဆက်သည်။
သုတေသနအကူများ ဓာတ်ခွဲခန်းရောက်သောအခါ လေ့လာရန်ပန်းပွားမြက်တချို့တွေ့သောကြောင့် နည်းနည်းစူးစမ်းလိုက်ကြသည်။
"ပါမောက္ခလီခိုင်... ဒါပန်းပွားမြက်လား... ကြည့်ရတာ နည်းနည်းထူးဆန်းနေတယ်!''
"ပါမောက္ခလီခိုင်သုတေသနလုပ်ချင်တဲ့ဟာပဲ... သေချာပေါက်ထူးဆန်းမှာပေါ့!''
"ဟုတ်ပါ့... ပါမောက္ခလီခိုင်ရဲ့သုတေသနက ဘယ်လိုလုပ်တူမှာလဲ?''
“……”
လီခိုင်ကအချိန်ဖြုန်းမနေ။ သုတေသနသမားများကို အထူးမြေကြီးနှင့်စမ်းသပ်စိုက်ခင်းထဲ သန့်စင်မြက်ရွှေ့စိုက်ခိုင်းသည်။ ထို့နောက် နေရာအသီးသီးတွင် လေအရည်အသွေးစမ်းသပ်ရန် AQI စမ်းသပ်စက် ၁၀ လုံးကျော်တပ်ဆင်ခိုင်းသည်။
လေသန့်စင်မှုအာနိသင်နှင့်အတိုင်းအတာကို သူကြည့်ချင်သည်။
ထိုပစ္စည်းများကို ရှန်လီက ရုံချန်းသဘာဝပတ်ဝန်းကျင်ရုံးမှသီးသန့်ငှားရမ်းလာခြင်းဖြစ်သည်။
အစပိုင်း ထိုကိရိယာများပေါ်မှနံပါတ်က သာမန်နံပါတ် 59 ပင်။
သို့ရာတွင် အချိန်လွန်သည်နှင့်အမျှ ချင်းလင်ဓာတ်ခွဲခန်းမှသုတေသနသမားများ အံ့ဩလာသည်။
"လေအညွှန်းကိန်း ကျလာပြီ''
သုတေသနသမားတစ်ယောက်က တအံ့တဩပြောလိုက်သည်။
အမှန်ပင် ကိရိယာများပေါ်တွင်နံပါတ်က အစမှတ် 59 မှကျလာသည်။
အချိန်လွန်သည်နှင့် နံပါတ်ကျဆင်းနှုန်းကပိုပိုမြန်လာပြီး ပန်းပွားမြက်နှင့်နီးလေလေ ကျဆင်းနှုန်းပိုမြန်လေလေဖြစ်သည်။
လေအရည်အသွေးကောင်းသည်ဟု သူတို့စပြီးခံစားလာရသည်။
သုတေသနသမားများ လုံးဝအံ့ဩသွားသည်။
"ဒီပန်းပွားမြက်က တကယ်လေသန့်ပေးတာလား?''
သုတေသနသမားတစ်ယောက် ရေရွတ်လိုက်သည်။
နောက်တစ်ယောက်ကလည်း အံ့ဩသံနှင့်_
"သန့်စင်ပေးတဲ့အာနိသင်က ထိရောက်လွန်းတယ်နော်? လေအညွှန်းကိန်းကျတာ အရမ်းမြန်တယ်''
အဟုတ်ပဲ။
လီခိုင်က သန့်စင်မှုအာနိသင်ကိုကိုယ်တိုင်စမ်းသပ်ကြည့်ပြီး သူ့မျက်နှာတွင်အံ့ဩမှုကအတိုင်းသား။
ဒီသန့်စင်ပေးတဲ့အာနိသင်က လုံးဝဘုရားပေးတဲ့ဆုပဲ။
……