နံပါတ်တစ်လက်ဖက်ရည်နဲ့ယှဉ်နိုင်တယ်!
Vol. 44 Ch. 660
ရက်ပိုင်းကုန်လွန်ပြီးနောက်_
ဆင်ခြေဖုံးနေရာမှဂိုဒေါင်တွင် သန့်စင်မြက်အိုးစိုက်ပင်များ၊ရွှေ့ပြောင်းမြက်များပြည့်နေလေပြီ။
ချင်လင်က သန့်စင်မြက်အိုးတချို့ကိုင်လျက်သားနှင့်ပေါ်လာသည်။
သူ့လက်ထဲမှသန့်စင်မြက်အိုးများကိုချပြီး သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ထို့နောက် ကျောက်လီယွမ်ကိုဖုန်းဆက်ပြီး သန့်စင်မြက်များလာသယ်ခိုင်းလိုက်သည်။
ဒါတွေကို ချင်းလင်စံအိမ်မှာအလှဆင်ပြီး လေအရည်အသွေးကောင်းအောင်လုပ်ဖို့စီစဉ်ထားသည်။
နောက်ရက်များ၌ အဆင့် ၃ မြေတွင် သန့်စက်မြက်များဆက်စိုက်သည်။
ကျောက်လီယွမ်ကို စံအိမ်သို့သန့်စင်မြက်သယ်ခိုင်းပြီး ယွီရွှေ့ဆီအပ်ကာ ချင်လင်ကအပန်းဖြေစံအိမ်ရုံးခန်းထဲပြန်လာသည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်၍ နေ့စဉ်တာဝန်များကိုစလုပ်သည်။
ဒီနေ့ သူ့ကံအတော်ကောင်းနေသည်။ ပြန်ပေါ်လာသောသစ်ပင်များခုတ်ပြီး တောင်တန်းထွက်ကုန်များစစ်ဆေးရာ ဒီနေ့အသစ်ထွက်နေသောထုတ်ကုန်များကိုအမှန်ပင်တွေ့လိုက်ရသောကြောင့် သူအံ့ဩသွားသည်။
(ဂုဏ်ယူပါတယ်... အူလုံလက်ဖက် ၃၀ ကတ်တီရပါတယ်!)
……
(ဂုဏ်ယူပါတယ်... အူလုံလက်ဖက် ၃၀ ကတ်တီရပါတယ်!)
…
အူလုံလက်ဖက်ပဲ။
အရင်သူရတဲ့အရည်အသွေး ၂ အူလုံလက်ဖက်ခြောက်က ၁၀ ကတ်တီကျော်။
နှစ်ဝက်ကျော်ပြီဖြစ်၍ အတော်သောက်ကောင်းလိမ့်မည်။

ဒီတစ်ခါ နောက်ဆုံးတစ်ခေါက်နှင့်အတူတူပင်။ အူလုံလက်ဖက်ကတ်တီ ၁၂၀ ကျော်ရသည်။
လက်ဖက်ခြောက်လှော် ၂၀% ရနိုင်သည်။
နောက်ပြီး အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်တွင် ကင်ဆာကာကွယ်နိုင်သောအာနိသင်ရှိကြောင်း ချင်လင်သတိရသည်။ ဒီတော့ တော်ဝင်ပညာရှင်လီကိုပေးနိုင်သည်။
ထိုလက်ဖက်ကြောင့် ချင်လင်ကဂိုဒေါင်ပြန်သွားပြီး ဂိမ်းထဲဝင်၍ အူလုံလက်ဖက်၏မှတ်ချက်ကိုကြည့်လိုက်သည်:
(ရှားပါး-သဘာဝအူလုံလက်ဖက်: အရည်အသွေး ၂)
(သဘာဝအတိုင်းပေါက်သောအူလုံလက်ဖက်မျိုးဖြစ်သည်။ လက်ဖက်ထဲတွင်အကောင်းဆုံးဖြစ်သော်လည်း အလွန်ရှားပါးပြီး ပြန်ပေါ်နှုန်းနည်းသည်။ လက်ဖက်ခြောက်လှော်ပြီး လက်ဖက်ရည်နှပ်သောက်နိုင်သည်။ အာနိသင်များစွာရှိသည်:
လက်ဖက်နံ့ +၂၊ လျှာပေါ်စွဲကျန်ခြင်း +၂၊ ခံတွင်းရှင်းခြင်း +၂၊ အစာကြေစေခြင်း +၂၊ လန်းဆန်းစေခြင်း +၂၊ ကင်ဆာကာကွယ်ခြင်းနှင့်ကုသခြင်း +၁)
ကင်ဆာကာကွယ်ခြင်းနှင့်ကုသခြင်း +၁ အရည်အသွေး။ ဒါက အရည်အသွေး ၂ ငါးပုတ်သင်နှင့်လိပ်၏အာနိသင်ထက်မလျော့။
ကြာပြီဖြစ်၍ သူမေ့လုနီးနီးဖြစ်နေပြီ။
ဒီပစ္စည်းတွင် အရည်အသွေး ၂ ငါးပုတ်သင်နှင့်လိပ်၏အရည်အသွေးများပေါင်းစပ်ထားသည်။
ဒါလုံးဝ ဘုရားပေးတဲ့ဆုပဲ ဟုတ်တယ်မလား?
ထို့နောက် ချင်လင်က လက်ဖက်ကတ်တီ ၁၂၀ ကျော်ကိုအိတ်ကြီးနှစ်အိတ်ခွဲထည့်ပြီး ဂိမ်းအပြင်ထုတ်ကာ အပန်းဖြေစံအိမ်ဆီယူလာသည်။
ချင်လင်က အိတ်ကြီးနှစ်အိတ်နှင့်အပန်းဖြေစံအိမ်ထဲဝင်လာရာ ငါးကုထုံးမှထွက်လာသောပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီကိုတွေ့သည်။
သူတို့နှစ်ယောက်မှာ ငါးကုထုံးလုပ်ပြီး အခြေအနေကောင်းနေပုံရသည်။
အထူးသဖြင့် တော်ဝင်ပညာရှင်လီမှာ အများကြီးပိုကောင်းလာပုံရှိသည်။
အရည်အသွေး ၂ လိပ်နှင့်ငါးပုတ်သင်စားခဲ့သည်မှာ အချိန်တစ်ခုရောက်လာပြီဖြစ်၍ သူ့အစာအိမ်ကင်ဆာက အတော်တိုးတက်လာသည်။
"သူဌေးချင်... အလုပ်ရှုပ်နေတာလား?''
ပါမောက္ခရန်က အိတ်ကြီးနှစ်အိတ်နှင့်ချင်လင်ကိုမြင်ပြီး နှုတ်ဆက်လိုက်သည်။

"ကျွန်တော်လက်ဖက်တွေရခဲ့တာနဲ့ အူလုံလက်ဖက်ခြောက်လုပ်မလို့''
ချင်လင်ကပြုံးပြီး ရှင်းပြလိုက်သည်။
"သူဌေးချင်ရုံးခန်းထဲက အူလုံလက်ဖက်ခြောက်မျိုးလား?''
ပါမောက္ခရန်မျက်လုံးများအရောင်တောက်သွားသည်။
သူအရင်က အူလုံလက်ဖက်ရည်သောက်ဖူးသည်။
တကယ်အံ့ဩစရာ!
အဲဒီလောက်ကောင်းတဲ့လက်ဖက်ရည်မျိုး လုံးဝမသောက်ဖူး။
"အဲဒါမျိုးပါပဲ... ကျွန်တော်လှော်မလို့... ပြီးရင် လူကြီးမင်းတို့အတွက် ယူလာခဲ့ပေးမယ်''
ချင်လင်က တော်ဝင်ပညာရှင်လီကိုလက်ဖက်ခြောက်ပေးဖို့ပြင်နေသည်။
အခု ဆင်ခြေရှာစရာမလိုတော့။
တော်ဝင်ပညာရှင်လီ နည်းနည်းစိတ်ဝင်စားသွားသည်။
သူဌေးချင်ရဲ့အူလုံလက်ဖက်ရည်က အရမ်းအရသာရှိကြောင်း၊ တခြားလက်ဖက်ရည်မယှဉ်နိုင်ကြောင်း ပါမောက္ခရန်ပြောတာ သူကြားဖူးသည်။
သူလည်း လက်ဖက်ရည်ကြိုက်သူတစ်ဦးဖြစ်ပြီး ရုံးကနှစ်ပင်မှတဟုန်ပေါင်လက်ဖက်ရည်တောင်သောက်ဖူးသည်။
သူဌေးချင်ရဲ့အူလုံလက်ဖက်ရည်က တဟုန်ပေါင်လောက်ကောင်းပါ့မလား?
သို့ရာတွင် အူလုံလက်ဖက်ခြောက်ကို သူဌေးချင်ကိုယ်တိုင်လှော်မည်ဆို၍ သူအံ့ဩသွားသည်။
လက်ဖက်ခြောက်လှော်နည်းကို သူလည်းအနည်းအကျဉ်းနားလည်သည်။
ထိပ်တန်းလက်ဖက်ရည်ရချင်ရင် လက်ဖက်ခြောက်လှော်နည်းကို အတော်ကျွမ်းကျင်ထားရမည်။

ပါမောက္ခရန်သာ အူလုံလက်ဖက်ခြောက်အကြောင်းကြွားပြောတာမဟုတ်ရင် သူဌေးချင်က လက်ဖက်ခြောက်လှော်အရမ်းတော်တာဖြစ်မည်။
"သူဌေးချင်... လက်ဖက်ခြောက်ဘယ်လိုလှော်လဲ ကြည့်လို့ရလား?''
ပါမောက္ခရန်လည်း သူဌေးချင်ကိုယ်တိုင်လုပ်သောအူလုံလက်ဖက်ခြောက်ကို အရမ်းစိတ်ဝင်စားနေသည်။
တော်ဝင်ပညာရှင်လီလည်း ချင်လင်ကိုကြည့်လိုက်သည်။ သူလည်းကြည့်ချင်နေသည်။
"ရတာပေါ့''
ချင်လင်ကပြုံးပြုံးနှင့်ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် တခြားသူရှေ့မှာလက်ဖက်ခြောက်လှော်တာ ဒါပထမဆုံးမဟုတ်။
ချင်လင်ပြန်ဖြေသည်နှင့် ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီက စားဖိုဆောင်ထဲလိုက်လာသည်။
"သူဌေး... အကူအညီလိုလား?''
ဆရာလင်းက စားဖိုဆောင်ထဲတွင် ဆေးပင်များစီစဉ်နေသည်။ ချင်လင်ကအိတ်ကြီးနှစ်အိတ်နှင့်ဝင်လာ၍ သူကချက်ချင်းလှမ်းနှုတ်ဆက်သည်။
ဆေးပင်တွေက ဆေးစွပ်ပြုတ်လုပ်ဖို့ပဲပေါ့။
သူဌေးချက်နည်းအတိုင်း၊အစဉ်အတိုင်း တထပ်တည်းလိုက်လုပ်သော်လည်း သူဌေးလိုဆေးစွပ်ပြုတ်ရအောင်မလုပ်နိုင်။ မီးအပူချိန်နှင့်ဆေးပင်အချိုးအစားကို သူကောင်းကောင်းမထိန်းသိမ်းနိုင်သောကြောင့်ဟု သူထင်နေသည်။
ထို့ကြောင့် ပါဝင်ပစ္စည်းအချိုးအစားကို သူကလေ့ကျင့်နေသည်။
သူဌေးရဲ့ဆေးစွပ်ပြုတ်ကို အနှေးနှင့်အမြန် သူတတ်မြောက်လာမည်ဟု ယုံကြည်ထားသည်။
ချင်လင်က လက်ဖက်ခြောက်အိတ်ကြီးနှစ်အိတ်ချပြီး_
"ဆရာလင်း... ဒီလက်ဖက်ခြောက်တွေဆေးပေးပါ''
"အင်း!''
ဆရာလင်းခေါင်းညိမ့်လိုက်သည်။ သူကလက်ဖက်ခြောက်များကိုတစ်ချက်ကြည့်ပြီး ရေပုံးကြီးယူကာဆေးလိုက်သည်။
ချင်လင်ကမီးဖိုနားသွား၍ လက်ဖက်ရွက်များစလှော်သည်။
ဆရာလင်းက လက်ဖက်ရွက်များဆေးပြီး ဇလုံထဲထည့်ထားသည်။ ချင်လင်ကဇလုံယူလိုက်ရာ သူ့ကြွက်သားမှတ်ဉာဏ်ထဲမှလက်ဖက်ခြောက်လှော်နည်းက အမှတ်တမဲ့ထွက်လာသည်။
သုံးလေးကြိမ်ခါပြီးနောက် ဇလုံထဲမှလက်ဖက်ရွက်များက အိုးထဲလျှောကျကုန်သည်။ တစ်ထပ်တစ်ထပ်ကညီညာပြီး အတိမ်းအစောင်းမရှိသလောက်ပင်။
တော်ဝင်ပညာရှင်လီ ချက်ချင်းစိတ်ဝင်စားသွားသည်။
သူဌေးချင်ရဲ့လက်ဖက်ခြောက်လှော်နည်းက အရမ်းကောင်းတဲ့ပုံပဲ။
…
မကြာမီ_
လက်ဖက်ခြောက်အမွှေးနံ့ပြင်းပြင်းက စားဖိုဆောင်ထဲပြန့်သွားလေသည်။