← Chapters

ရေထဲမှထွက်သည်နှင့် ကပ်ဆိုက်ခြင်း

Vol. 23 Ch. 311

ရေထဲမှထွက်သည်နှင့် ကပ်ဆိုက်ခြင်း

Vol. 23 Ch. 311

ဝုန်း ...

ရေကန်အတွင်းရှိ ရေထုမှာ ကြမ်းတမ်းသော မူလချီလိုင်းများကြောင့် လှိုင်းတံပိုးများထကာ ယိမ်းထိုးနေခဲ့သည်။ ထိုတိုက်ခိုက်မှုက ရေထဲတွင် ပေတစ်သောင်းအချင်းရှိ ရေထုကြီးကို ဆုတ်ဖြဲ သွားခဲ့သောကြောင့် ထိုနေရာတွင် ကြီးမားသော တွင်းနက်ကြီးအသွင် ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ ရေများကို စုပ်ယူ လိုက်သောကြောင့် ဧရာမ ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာပေသည်။

ဇူယွမ်က အဝေးတစ်နေရာတွင် ရပ်နေခဲ့ပြီး တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။

၎င်းသည် ထန်ထန်နှင့် ပေရှစ်ရာကျော်သည့် ရေသားရဲကြီးတို့ အကြားမှ တိုက်ပွဲဖြစ်သည်။

သာမန်အားဖြင့် ပြောရလျှင် ရေနေသားရဲ တစ်ကောင်သည် ထိုကဲ့သို့ အရွယ်အစား အရှည်သို့ ရောက်သွားပါက တပည့်ခေါင်းဆောင် တစ်ယောက်ဖြစ်ရန် အရည်အချင်း ပြည့်မီနေသည့် မူလစဦး သတ္တမအဆင့်များ အတွက်ပင် အလွန်အမင်း အန္တရာယ်များပေသည်။

သို့သော်လည်း ထိုကဲ့သို့ အစွမ်းရှိသည့် သတ္တဝါကြီးမှာ ယခုအခြေအနေတွင် အလွန်အမင်း သနားဖွယ်ရာ ကောင်းနေပေသည်။ ၎င်းသည် ယနေ့တွင် သူထက်ပို ကြောက်မက်ဖွယ် ကောင်းသော အကောင်နှင့် ကြုံတွေ့နေရပေပြီ ...

ထန်ထန်မှာ ပေရှစ်ရာ သားရဲလောက် ကြီးမားသော အရွယ်အစား မရှိသော်လည်းပဲ ရေသားရဲနှင့် ရင်ဆိုင် လိုက်တိုင်းတွင် ဖိနှိပ်ထားနေဆဲဖြစ်ပြီး  သူအား လုံးဝ တွန်းလှန်နိုင်ခြင်း မရှိသေးပေ။ ထိုအပြင် ထိုအကောင်ကို ထန်ထန်ကစားနေသည်မှာ သိသာလှပေသည်။

“သည်ကောင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ”

ဇူယွမ်က စုတ်သပ်သပ်ကာ ချီးမွမ်းလိုက်သည်။ တိုက်ပွဲ၏ ရလဒ်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။

အဆုံးသတ်တွင်လည်း မျှော်လင့်ထားသလိုပင် ဖြစ်သည်။ မိနစ်အနည်းငယ် အကြာတွင် ထန်ထန်မှာ ကစား၍ ပြီးသွားသဖြင့် သူလက်သည်းမှာ ကန်လန့်ဖြတ် ကုတ်ချက်တစ်ချက်က အနက်ရောင် အလင်းတန်း အသွင်ဖြင့် ထွက်ပေါ်လာခဲ့သည်။

ဘုန်း ...

လက်သည်းရာ ငါးခုသည် ရေထုကို ဖြတ်သန်းသွားခဲ့ပြီး နက်ရှိုင်းသော ရေကန်၏ အောက်ခြေသို့ပင် ဖြောင့်ဖြောင့်တန်းတန်း တိုးဝင်သွားခဲ့သည်။

ပေရှစ်ရာခန့်ရှိ သားရဲကြီးမှာ ကြမ်းတမ်းစွာ တုန်ခါသွားပြီး ရေအောက် ကြမ်းပြင်သို့ကျကာ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့သည်။

ဇူယွမ်မှာလည်း ရွေ့လျားလာခဲ့ပြီး သူ၏လက်မောင်းအိုးကို ဝှေ့ယမ်းကာ ရေထဲသို့ မြင့်တက်လာခဲ့သည့် ဦးခေါင်းအရွယ်ရှိ မူလသားရဲ အဆီအနှစ် သလင်းကျောက်ကို သိမ်းဆည်းလိုက်သည်။ ရွှေရောင် အရည်များက ထိုအထဲတွင် စီးဆင်းနေခဲ့ပြီး အစောပိုင်းက ရရှိခဲ့သည့် မည်သည့် မူလနဂါးအဆီအနှစ် သလင်းကျောက်ထက်မဆို ပိုမို ထူထဲနေပြီး ဇူယွမ်အား တပ်မက်မှုများ တောက်လောင်စေပေသည်။

သူက မူလနဂါးအဆီအနှစ် သလင်းကျောက်ကို သိမ်းဆည်းလိုက်ပြီးနောက် ထန်ထန်ကို ပြောလိုက်သည် “ဒါကို ငါအရင် သိမ်းထားလိုက်မယ်၊ နောက်မှ ခွဲယူကြတာပေါ့”

ထန်ထန်မှာ မည်သည့် ကန့်ကွက်မှုမှ မပြုလုပ်ချေ။ သည်နေ့တွင် သူစားသောက်ခဲ့သော မူလ နဂါးအဆီအနှစ်များမှာ လွန်စွာ များပြားနေပြီဖြစ်သည်။

ဇူယွမ်က အပျင်းကြော ဆန့်လိုက်သည်။ များစွာသော အမဲလိုက်မှုများပြီးနောက် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည် “ပြန်ပြီး အားဖြည့်ဖို့နဲ့ အနားယူဖို့ နေရာရှာပြီးမှပဲ ဆက်ကြတာပေါ့”

ဇူယွမ်အား တကယ့်ကို အသုံးမကျသောကောင် ဟူသော ဟန်ပန်မျိုးနှင့် ထန်ထန်က အထင်အမြင်သေးစွာ လှမ်းကြည့်လိုက်သည်။

ဇူယွမ်မှာ ထိုအကြည့်ကို ဂရုစိုက်မနေတော့ချေ။ သူ့က တွေ့ရာလမ်းကြောင်း တစ်ခုကို ရွေးချယ်လိုက်ပြီး မူလချီများကို အသုံးပြုကာ ရေကြောရှုံ့လိုက်သည်။

***

မူလရေကန်၏ ကန်ရေပြင်ပေါ်ရှိ တစ်နေရာ။

ရေကန် မျက်နှာပြင်ပေါ်တွင် ထိုးထွက်နေသော တောင်ထွတ်ကြီးများ များစွာ ရှိနေပြီး ထိုတောင်များက တောင်ကြား ချိုင့်ဝှမ်းများကို ဖြစ်ပေါ်စေခဲ့သည်။ ချိုင့်ဝှမ်းတစ်ခု၏ အစွန်ရေစပ်တွင် ဝါးအိမ်တစ်လုံးက မြူထုထဲတွင် မြင်ရရုံမျှသာ ရှိနေခဲ့သည်။

လီချင်းချန်က ကမ်းပါးနံဘေးတွင် ရပ်နေခဲ့ပြီး ကွာဝေးသော နေရာတစ်ခုကို အားစိုက်ပြီး ကြည့်နေခဲ့သည်။ သည်အချိန်တွင် ခုန်းစိန်နှင့် ယဲ့ကယ်တို့မှာ ပေတစ်ထောင်ရှည်သည့် ရေနေသားရဲကို ရှာနေပြီဖြစ်သည်။

“သည် မျိုးမစစ်နှစ်ကောင်” လီချင်းချန်က သူမဘာသာ ရေရွတ်လိုက်သည်။

“အစ်မတော်ချင်းချန် တကယ်ပဲ ပေတစ်ထောင်ရှည်တဲ့ ရေနေသားရဲအတွက် မယှဉ်ပြိုင်တော့ဘူးပေါ့” သူမ၏ အနောက်တွင် နှင်းပဒုမ္မာတောင်ထွတ်ရှိ လှပသော တပည့်မအချို့ ရှိနေခဲ့သည်။

သည်နေရာက လီချင်းချန် အပိုင်စားရထားသော နေရာဖြစ်ပြီး အခြားတပည့်များမှာ သူမ၏ ခွင့်ပြုချက်ရမှာသာ ဝင်ရောက်နိုင်ပေသည်။

သူမနှင့် နီးစပ်သော တပည့်မအချို့က သူမကိုရင်ဆိုင်ရန် ခုန်းစိန်နှင့် ယဲ့ကယ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုကို သိရှိသွားခဲ့ကြပြီ ဖြစ်သည်။

လီချင်းချန်၏ လှပသော မျက်နှာလေးမှာ တည်ငြိမ်နေခဲ့ပြီး ပြန်ပြောခဲ့သည် “ငါမနိုင်နိုင်ပဲနဲ့ ဘာကြောင့် ငါ့ကိုယ်ငါ တွန်းအားပေးရမှာလဲ”

ခုန်းစိန်တစ်ယောက်တည်း ဆိုပါက သူမအနေဖြင့် အဆုံးစွန်အထိ တိုက်ခိုက်သွားမည် ဖြစ်သော်လည်း ယဲ့ကယ်ပါ ပါဝင်လာသောအခါ သူမနေဖြင့် အနိုင်ရနိုင်ချေ မရှိတော့ချေ။ ထို့အတွက်ကြောင့် သူမအနေဖြင့် ခေါင်းမာနေရန် မလိုအပ်တော့ပေ။

သို့သော်လည်း သူမအနေဖြင့် သည်ရလဒ်ကို အနည်းငယ် လက်ခံနိုင်ခြင်း မရှိပေ။

“ယဲ့ကယ်က တကယ်ကို ရွံစရာကောင်းတာပဲ။ ငါတို့လည်း သူနဲ့ ဘာပြဿနာမှ ဖြစ်ဖူးတာ မဟုတ်ပဲနဲ့” အမျိုးသမီး တပည့်တစ်ယောက်က မှတ်ချက်ချလိုက်သည်။

“အရှုံးက အရှုံးပဲ။ သည်အဓိပ္ပာယ်က ငါက ခုန်းစိန်လို အဆင်သင့် မပြင်ဆင်နိုင်သေးဘူးလို့ ဆိုလိုတာပဲ” လီချင်းချန်က ခေါင်းခါယမ်းလိုက်သည်။ သူမအနေဖြင့် နောက်ထပ် စကားပြောဆိုလိုခြင်း မရှိတော့ပေ “နင်တို့တွေ ဒီအချိန်မှာ မူလနဂါးအဆီအနှစ် သလင်းကျောက်ကို သွားရှာနေသင့်တယ်”

အမျိုးသမီး တပည့်များလည်း တစ်ယောက်နှင့် တစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ခေါင်းညိတ်ကာ ထွက်ခွာသွားလိုက်ကြသည်။

ယခုအချိန်တွင် ပြန်လည်အေးချမ်း စိတ်ငြိမ်သွားပြီ ဖြစ်သည်။ လီချင်းချန်က ခေါင်းမော့လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူမက သေးသွယ်သော လက်ချောင်းလေးများကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ သူမ၏ စိတ်ထဲတွင် အခဲမကျေသေးသည်မှာ အသေအချာပင် ဖြစ်သည်။ တကယ်တော့ သူမလည်း သည်နေ့အတွက် အချိန်အတော်ကြာ ကြိုတင် ပြင်ဆင်ခဲ့ပေသည်။

နူးညံ့သော ရွေ့လျားမှုနှင့်အတူ သူမက ချောက်ကမ်းပါးဆီသို့ ဆင်းလိုက်ပြီးနောက် တောင်ကြားအတွင်းရှိ ရေပူစမ်းများ ထွက်နေသော နေရာအနီးတွင် ရပ်တန့်လိုက်သည်။ သည်နေရာက သူမကိုယ်တိုင် လူတိုင်းကို ကန့်သန့်ထားသည့် နေရာဖြစ်ပြီး နှင်းပဒုမ္မာတောင်ထွတ်မှ တပည့်များသည်ပင်လျှင် သူမ၏ အခွင့်မရှိဘဲ မဝင်ရောက်နိုင်ပေ။

လီချင်းချန်က သူမ၏ ခါးစည်းကို ညင်သာစွာ ဖြေချလိုက်သည်နှင့် သူမ၏ အဖြူရောင်ဂါဝန်မှာ မြေပေါ်သို့ ပုံကျသွားခဲ့သည်။ မှိန်ဖျော့သော နေရောင်ခြည်၏ အောက်တွင် သိမ်မွေ့နူးညံ့ပြီး အချိုးအစားကျနသော ပုံရိပ်လေးမှာ အဝတ်အစားများ အောက်မှ ပေါ်ထွက်လာခဲ့သည်။

လည်တိုင် ကြော့ကြော့လေးမှ ဆင်းသက်လာခဲ့လျှင် တပ်မက်ဖွယ်ကောင်းသော ညှပ်ရိုးအစုံနှင့် နူးညံ့ပြီး ဖွံထွားသော တောင်ပူစာလေး နှစ်လုံး။ လက်တစ်ဖက်တည်းနှင့်ပင် ဖက်စာ မရှိလောက်အောင် သေးကျဉ်းသည့်ခါးနှင့် ရှည်သွယ်သော ခြေထောက်နှစ်ချောင်းက သူမ၏ ကျစ်လျစ်သွယ်လှပြီး တစ်သွေးတစ်မွေး ဖြိုးကြွယ်လှသော သူမ၏ အလှများကို ဖော်ပြနေသည်။ အခြားမိန်းကလေး တစ်ယောက်ပင်လျှင် ထိုမြင်ကွင်းအား တွေ့မြင်ပါက နှလုံးခုန်သံများ ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ပြင်းထန်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုကဲ့သို့ လူတိုင်း၏ ရမ္မက်ကို နိုးကြားစေနိုင်သော မြင်ကွင်းကြောင့် တောင်ကြားတစ်ခုလုံးမှာ တောက်ပလျက်ရှိသည်။

လီချင်းချန်က ညင်သာစွာပင် ရေပူစမ်းအတွင်းသို့ လျှောက်လှမ်းသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကို နွေးထွေးသော ရေထဲတွင် စိမ်နေခဲ့ပြီး အမြဲတမ်း တင်းမာနေသော သူမ၏ အေးစက်စက်မျက်နှာမှာ ပျော့ပျောင်းသွားပြီး သူမ၏ နီဆွေးသော နှုတ်ခမ်းများက သာယာကြည်နူးဟန်ဖြင့် ပြုံးယောင် သမ်းလျက်ရှိသည်။

“အာ…”

ငယ်ရွယ်မှု အလှများနှင့် တောက်ပနေသည့် ခန္ဓာကိုယ်လေးမှာ ရေမှ ရောင်ပြန်ဟပ်နေသော အလင်းတန်းများနှင့် ဖုံးကွယ်ထားခြင်း ခံထားရသည်။ လီချင်းချန်၏ သန်စွမ်းပြီး နက်မှောင်သော အနက်ရောင် ဆံကေသာများမှာ စမ်းချောင်းလေး၏ ရေမျက်နှာပြင်ပေါ်တွင် တင်ကျန်နေခဲ့ပြီး သူမက ကမ်းနဖူးတွင် မှီလျက်ရှိနေခဲ့ပြီး သူမ၏ စွဲမက်ဖွယ် ခန္ဓာကိုယ်လေးမှာ အပြည့်အ၀ အနားယူနေတော့သည်။

လီချင်းချန်က ဖြည်းညင်းစွာ ပြောလိုက်သည် “ခုန်းစိန်၊ ယဲ့ကယ် … နှင်တို့နှစ်ယောက်လုံး သေချာပေါက် အနာဂတ်မှာ ငါ့ကို ဒီအကြွေး ပြန်ဆပ်စေရမယ်”

သူမ၏ မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်ပြီး သက်သောင့်သက်သာ ဖြစ်မှုကို ညင်သာစွာ ခံစားနေခဲ့သည်။

တောင်ကြားတစ်ခုလုံးမှာ ငြိမ်သက်ကာ အေးချမ်းနေပြီး လေပြည်လေညင်းလေး များ၏ တိုးဝှေ့သံကိုသာ ကြားနေရပေသည်။

ရေပူစမ်း အတွင်းတွင် နတ်ဘုရားမ တစ်ပါးမှာ အိပ်မောကျနေခဲ့ပြီး အိပ်ပျော်နေလျက်ပင် တင့်တယ်လှပသော မြင်ကွင်းက နိုင်ငံကြီးများကို ပျက်စီးသွားနိုင်သည့် အလှတရားကို ဖော်ဆောင်လျက်ရှိသည်။

ပလုံ ...

အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီး နောက်တွင် စမ်းချောင်းလေး၏ မျက်နှာပြင်မှာ တစ်ခဏအတွင်း လှိုင်းငယ်လေးများဖြင့် ဂယက်ထလာခဲ့သည်။

လီချင်းချန်၏ ရှည်လျားသော မျက်တောင်ကော့လေးက လှုပ်ခတ်သွားပြီးနောက် သူမ၏ မျက်လုံးကို ပျင်းရိစွာဖြင့် ဖွင့်လိုက်သည်။ သူမက နိုးထလာခဲ့ပြီးနောက် သူမက ပုံမှန်ထက် နှေးကွေးသော တုံ့ပြန်မှုဖြင့်  အရှေ့တွင် ဖြစ်ပေါ်နေသော လှိုင်းဂယက်လေးများကို စိုက်ကြည့်လိုက်သည်။

ဗွမ်း ...

လှိုင်းများမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ပြီးနောက် ရေမျက်နှာပြင်တွင် ပုံရိပ်တစ်ခု ခုန်ထွက်လာခဲ့သည်။

“ဖူး … နောက်ဆုံးတော့ ငါတို့အပြင်ရောက်ပြီ”

အသံနှင့်အတူ ပျင်းရိနေသော သတ္တဝါတစ်ကောင်ကို ပခုံးပေါ်တင်ထားသော လူရိပ်တစ်ခုက ရေပြင်ပေါ်သို့ ရောက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သိသာစွာပင် ထိုသူတို့က ဇူယွမ်နှင့်ထန်ထန်တို့ ဖြစ်သည်။

ဇူယွမ်မှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေရင်းမှ ခဏအကြာတွင် ချက်ချင်းပင် အေးခဲသွားပြီး သူ၏မျက်လုံးအစုံမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။

သူ၏မြင်ကွင်းတွင် စမ်းရေအတွင်းရှိနေသော တင့်တယ်လှပသည့် ပုံရိပ်လေးတစ်ခု ပေါ်လာခဲ့သည်။

အကြည့်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆုံတွေ့မိသွားပြီး တစ်ခဏမျှ မှင်တက် နေမိခဲ့ကြသည်။

လီချင်းချန်မှာ ကြောင်အနေခဲ့ပြီးနောက် သူမ၏ မျက်လုံးများကို အဆက်မပြတ် ပွတ်သက်နေခဲ့သည်။ သည်မြင်ကွင်းက အလွန်ရှော့ခ်ရဖွယ်ရာ ကောင်းလွန်းသည့် အတွက် သည်အချိန်တွင် သူမအနေဖြင် ယောင်ယောင်ကန်းကန်း ဖြစ်နေခဲ့သည်။

သည်အချိန်တွင်လည်း ထပ်တူညီစွာပင် ဇူယွမ်က သူမ၏လှပသော မျက်နှာလေးကို တွေရှိသွားပြီ ဖြစ်သည်။

သူဦးခေါင်းထဲတွင် ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရပြီး ဦးခေါင်းခွံတစ်ခုလုံး ထုံထိုင်း၍ နေလေသည်။

လီချင်းချန် …

တစ်နေ့တာမျှ ကောင်းကောင်း လျှောက်သွားပြီးနောက်မှာ သည်လို ရေပူစမ်းစိမ်နေသော လီချင်းချန်နှင့် ကြုံတွေ့ရလိမ့်မည်မှန်း သူ၏ စိတ်ကူးယှဉ် အိပ်မက်တွင်ပင် စိတ်မကူးဖူးပေ။

ဒါဘယ်လို ကံကောင်းမှုမျိုးကြီးလဲ…

သည်ကံကောင်းမှုက သူ့ကို သေစေနိုင်လောက်တဲ့ ကံကောင်းမှုပဲ။

“ဘုရားရေ။ သေစမ်း ...” ဇူယွမ်၏ အသံမှာ တုန်ယင်နေခဲ့သည်။

ထိုအခိုက်တွင် ဇူယွမ်မှာ လီချင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ထိန်လန့်ဖွယ် အေးစက်စက် ခံစားချက်ကို ခံစားမိလိုက်သည်။ ထိုထဲတွင် စစ်မှန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေပေသည်။

အလွန်အေးစက်နေသော အရှိန်အဝါများက ရုတ်တရက် သူ၏ နားများကိုပင် ကိုက်ခဲမှုကို ခံစားလိုက်ရပြီး မိန်းမောသွားခဲ့သည်။ ထန်ထန်က သူ့အား နာနာကျင်ကျင် တစ်ချက်ကိုက်လိုက်သော အခါတွင်မှ အသိစိတ် ပြန်ဝင်လာခဲ့သည်။

သူအသိစိတ် ပြန်ဝင်လာပြီးနောက်တွင် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပဲ ကြောက်လန့်တကြား အော်လိုက်သည် “ငါက ကန်းနေတာပါ။ ငါဘာကိုမှ မမြင်ခဲ့ပါဘူး…”

သူက အနောက်သို့ပင် တစ်ချက်မှ ပြန်မလှည့်ကြည့်တော့ပဲ ရေထဲသို့ ပြန်လည် ထိုးဆင်းသွားခဲ့သည်။

ဇူယွမ် ထွက်ပြေးသွားခြင်းက လီချင်းချန်ကို မသက်မသာ ခံစားရစေကာ သူမ၏ မျက်နှာပဲ ရေခဲလုနီးပါး အေးစက်နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေခဲ့သည်။ သူမ ရေပူစမ်းတွင် စိမ်နေချိန်အတွင်း တစ်စုံတစ်ယောက်မှာ ကောင်းကင်မှ ရုတ်တရက် ပေါ်လာမည်ဟု တစ်ခါမှာ မတွေးဖူးခဲ့ပေ။ သူမက အံကြိတ်လိုက်ပြီး သူမ၏ လက်အားဝှေ့ယမ်းလိုက်သည်နှင့် သူမ၏ ဂါဝန်မှာ စမ်းချောင်း၏ အစွန်နားမှ ပျံဝဲလာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံသွားခဲ့သည်။

ဝရုန်း ...

ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော မူလချီများက သူမ၏ ခန္ဓာကိုယ်အတွင်းမှ အတားအဆီးမရှိဘဲ ပေါက်ကွဲသွားခဲ့သည်။

ဘုန်း ...

သူမက အရှေ့သို့ ပျံသန်းလိုက်ပြီးနောက် ရေပြင်မှာ သူမ၏ ကြောက်မက်ဖွယ် ကောင်းသော မူလချီများကြောင့် တုန်ခါနေခဲ့ပြီး လျှပ်စီးကဲ့သို့သော အလျင်ဖြင့် ရေကန်ထဲသို့ ငုပ်လျှိုးလိုက်ပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒအပြည့်ဖြင့် ထွက်ပြေးသွားသည့် ဇူယွမ်နောက်သို့ လိုက်လိုက်သည်။

“နင့်ရဲ့ နှာဘူးကျမှုကြောင့် သေရမယ်”

အလွန်အမင်း အေးစက်သော အသံက ရေထုကို ဖြတ်၍ ထွက်ပေါ်လာခဲ့ပြီး ဖနှောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ပြေးနေသော ဇူယွမ်၏ အရိုးထဲသို့ပင် အေးစက်သွားစေခဲ့သည်။

All Chapters