← Chapters

အခွင့်အရေးကို ဆုပ်ကိုင်ခြင်း

Vol. 95 Ch. 1413

အခွင့်အရေးကို ဆုပ်ကိုင်ခြင်း

Vol. 95 Ch. 1413

“ ဟင်…”

သူမ ပါးစပ်အတွင်း၌ ဝါးလက်စ စပါဂတီ တစ်ချို့ ရှိနေပြီး လင်းရီကို ပါးလေးဖောင်းလျက် ကြောင်အမ်းစွာ ငေးကြည့်နေလေသည်။

“ အစ်ကိုရီ… ရှင် အရမ်းဆိုးတာပဲ… ကျွန်မကို လာစနေတယ်…”

လီစီကျင်း၏ မျက်နှာ ရှက်သွေးကြောင့် နီမြန်းသွားခဲ့၏။ ခေါင်းကို ငုံ့ထားရင်း သူမ ပန်းကန်ပြားပေါ်ရှိ ခေါက်ဆွဲကိုသာ ဆက်လက် စားသောက်နေကာ လင်းရီကို အချိန်အတော်ကြာသည်အထိ အကြည့်ချင်း မဆုံဝံ့ဘဲ ဖြစ်နေတော့သည်။

တစ်နာရီခန့် ကြာပြီးနောက် လူတိုင်း စားသောက်လို့ ပြီးသွားခဲ့ပြီး အနားယူရန်အတွက် အိပ်ခန်းကိုယ်စီသို့ ပြန်သွားခဲ့ကြလေသည်။

အပြင်သို့ ထွက်ပြီး ပင်းချိန်၏ ညအလှအပ မြင်ကွင်းကို စူးစမ်းချင်ကြသူ တစ်ချို့လည်း ရှိကြ၏။ ၎င်းတို့ကိုလည်း လီစီကျင်း မတားပေ။

သူမဘက်က သတိပေး စကား တစ်ချို့သာ ပြောပြီး ကျန်တာ များများစားစား မပြောခဲ့ချေ။

သူ့အခန်းထဲသို့ ပြန်ရောက်ပြီးနောက် လင်းရီသည် ကျီချင်းရန်နှင့် ခေတ္တ စကားပြောလိုက်ပြီး ရေမိုးချိုးရန် ရေချိုးခန်းထဲသို့ ဝင်လေသည်။

ထိုအခိုက်အတန့်၌ လျန်ရူရွှယ်ထံကနေ ဝီချက် ဗွီဒီယိုကော တစ်ခု ရောက်လာခဲ့၏။

“ ငါ နင့်ကို ဗွီဒီယိုကော ခေါ်မယ် လုပ်တိုင်း ဘာလို့ ရေချည်း ချိုးနေရတာလဲ ဟမ်… နင် တမင် လုပ်နေတာမလား…”

“ နှစ်ယောက်လုံး မြင်သင့်မြင်ထိုက်တာတွေ မြင်ပြီးပြီကို ဒီလို ပြောစရာ လိုလို့လား…”

“ အကောင်စုတ် … ငါ တကယ်ကြီး နင့်ကို ပြေးလာကန်ချင်နေပြီ…”

“ မဆိုးရဘူး မဆိုးရဘူး.. စကားကို ကောင်းကောင်းလေးပြော…” လင်းရီ ကိုယ်ကို ဟိုလှည့်ဒီလှည့် ပြုလိုက်ပြီး “ ငါ့ရဲ့ abs နဲ့ v-line ကို ကြည့်ကြည့်လိုက်… မမိုက်ဘူးလား…”

“ ကြည့်ရမှာ ပျင်းတယ်…”

“ ဒါကြောင့်မို့ အချစ်တွေ မှေးမှိန်ကုန်တာလေ မှန်လား…”

“ ငါသိသွားပြီ… နင်က အရမ်း ဒရာမာဆန်တဲ့လူပဲ…”

“ အဲ့လို မပြောရဘူး…. ငါက ဒီတိုင်း ပါရမီ နည်းနည်း ပါရုံပါပဲ…”

“ အိုကေ… နင်နိုင်တယ်…”

လျန်ရူရွှယ် မျက်လုံးလှန်ကြည့်လိုက်ပြီး “ အဲ့က အခြေအနေတွေ ဘယ်လိုရှိလဲ… နင် အဝတ်တွေရော လုံလုံလောက်လောက် ယူလာခဲ့လား…”

“ အကုန်ပါလာပြီးသားပဲ … ငါ လိုင်းပေါ်ကနေ သားမွေးဘောင်းဘီ တစ်ထည်တောင် ဝယ်လိုက်သေးတယ်… ဒါပေမယ့် ကျန်းစု၊ ကျယ်ကျန်းနဲ့ ကျိုးဟိုင် ဒေသတွေကိုကျ အလကား မပေးပို့ပေးဘူးတဲ့… စိတ်တိုဖို့ ကောင်းချက်… ငါတော့ မင်းရဲ့ သက်ဆိုင်ရာ ဌာနတွေ ဒီကိစ္စ တစ်ခုခု လုပ်ဖို့ သင့်ပြီလို့ ထင်တယ်နော်…”

လျန်ရူရွှယ် ဒေါသလည်းထွက်သလို ရယ်လည်း ရယ်ချင်နေမိသည်။ သူမ ဤ လူပြက်ကို ထိန်းလို့ မနိုင်ချေ။

“ နင်တို့ လေယာဉ်ပေါ်က ဆင်းတော့ လာကြိုပေးတဲ့ လူရော ရှိလား….”

“ ဝမ်ယွင်ကျန်းရဲ့ အတန်းဖော် သူငယ်ချင်း တစ်ယောက် ဒီမှာ ရှိတယ်… သူက သုတေသန ဌာနမှာ ဌာန ဒါရိုက်တာ ဖြစ်နေတာ… သူငါတို့ကို လာကြိုပေးတယ်…”

“ အဆင်ပြေသားပဲ…”

လျန်ရူရွှယ် ဆံပင်ကို ဖြီးသပ်လိုက်ပြီး “ ငါ အခုလေးတင် ပင်းချိန်က အခြေအနေတွေ မေးကြည့်ပြီးတာ ဒါရိုက်တာချိန်က ဖုန့်ထျန်း စီရင်စုကို အလုပ်ကိစ္စနဲ့ ရောက်နေတာတဲ့… မနက်ဖြန်မှ ပြန်လာခဲ့မှာ… အချိန်ကျလာရင် ငါသူ့ကို နင့်ဆီ လာတွေ့ဖို့ ပြောလိုက်မယ်.. နင် တောင်းဆိုစရာ ရှိရင် သူ့ကိုသာ ပြောလိုက်… သူ နင်နဲ့ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်…”

“ ကျေးဇူးတင်လိုက်တာ အတွင်းရေးမှူးလျန်ရယ်… ကျိုးဟိုင်ရောက်ရင် ကျိန်းသေပေါက် ပြန်ပေးဆပ်မှာပါ..”

“ ငါ့ကို အသားယူဖို့ အမြဲတမ်း ချောင်းနေတော့တာပဲ…”

“ ဟင်း… ငါ့ကို မလှောင်ရယ်ပါနဲ့…” လင်းရီ ပြောလိုက်ပြီး “ ပြန်ပေးဆပ်တဲ့ အနေနဲ့ မင်းရဲ့ လိပ်ပြာလေးကို တယုတယ ပြုစုပေးပါရစေ…. တကယ်ပါ … ဒါ ငါ့ရဲ့ စေတနာ သန့်သန့်နဲ့ပါ..”

“ သေလိုက် သေလိုက် အဲ့မှာ လဲသေလိုက်…” လျန်ရူရွှယ် မျက်နှာနီရဲစွာဖြင့် လင်းရီကို ကြိမ်းမောင်းလိုက်ပြီး “ နင်လုပ်တာနဲ့ ငါမေးမယ့်ဟာတွေတောင် မေ့ကုန်တော့မယ်... ငါနင့်ကို မေးချင်တာ နင်အဲ့မှာ ထူးဆန်းတဲ့ တစ်ယောက်ယောက်နဲ့ တွေ့မိသေးလားလို့…”

“ ထူးဆန်းတဲ့ လူလား…” လျန်ရူရွှယ်ရဲ့ စကားက လင်းရီကို ချက်ချင်း နိုးကြားသွားစေခဲ့သည်။

သူက မြောက်ပိုင်းကို ယခုညနေလေးတင်မှ ရောက်တာ ဖြစ်ပြီး မည်သို့သော ထူးဆန်းသည့်လူနှင့် ကြုံဆုံနိုင်မည်နည်း။

အကယ်၍ တစ်ခုခု ထူးဆန်းတာရှိပါက အစောပိုင်းတွင် အင်မတန် ဟိတ်ဟန်များလှသည့် လူကြီးမင်း စွန်း ဆိုသူသာ ဖြစ်ပေလိမ့်မည်။

“ အမ်ဟမ့်…. တစ်ခုခု ဖြစ်နေလို့လား…”

“ မဟုတ်ဘူး…” လျန်ရူရွှယ် ပြောလိုက်ပြီး “ အဓိကက မြောက်ပိုင်းဒေသဆိုတာ ဝမ်မိသားစုရဲ့ ပိုင်နက်မို့လေ… နင်လည်း နှစ်ဖက်က အခြေအနေတွေကို သိရဲ့သားနဲ့… သူတို့ နင် အဲ့ကို ရောက်နေမှန်း သိသွားပြီး ပြဿနာ ရှာမှာကို စိုးရိမ်လို့လေ….”

“ ဝမ်မြန်ရဲ့ မိသားစုလား….”

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်သည်။ “ သူတို့တွေက ထိပ်ဆုံးမှာ ရပ်တည်နေတဲ့လူတွေ မဟုတ်တော့ဘူးဆိုပေမယ့် ရန်ကျင်းက မိသားစုကြီး ငါးခုထဲက တစ်ခုတော့ ဖြစ်နေသေးတုန်းပဲ… နင် သူတို့ကို လျှော့မတွက်လိုက်နဲ့…”

“ အင်းပါ… ငါနားလည်ပါတယ်…”

“ ဒါဆိုလည်း နင့်ဘာနင် ကြည့်နေတော့…”

လျန်ရူရွှယ် ပြောပြီးနောက် ဖုန်းချသွားခဲ့ပြီး လင်းရီလည်း ဆက်လက် ရေချိုးလေသည်။ ထို့နောက် အိပ်ရာသို့ ပြန်ကာ အိပ်စက် အနားယူလိုက်သည်။

..........

လင်းရီ လေဆိပ်ကနေ ထွက်ခွာပြီး နာရီဝက်လောက်ကြာတော့ Bombardier 6000 သည် ပင်းချိန် လေဆိပ်သို့ ဆင်းသက်လာခဲ့၏။

ရှေ့ဆုံးကနေ ဦးဆောင် ထွက်လာခဲ့သူက အသက်လေးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း လူကြီး တစ်ယောက်ဖြစ်သည်။ သူက အားကောင်းမောင်းသန် ကြွက်သားဗလတို့နှင့် လေကာ အင်္ကျီကို ဝတ်ဆင်ထားလျက်ရှိသည်။ မေးစေ့တွင်လည်း ကျင်စွယ် ငုတ်တိုတစ်ချို့ ကျိုးတို့ကျဲတဲ ရှိနေကာ အဝေးကနေ လှမ်းမြင်ကြည့်မည် ဆိုပါက သိပ်သည်းလှသည့် ဖိနှိပ်နေမှု အရှိန်အဝါ တစ်ခုကို ခံစားနိုင်လေသည်။

ထိုလူ၏ နာမည်က စွန်းမန်လုံပင်။ သူက ဟွာရှ မြောက်ပိုင်း စီရင်စု သုံးခုရှိ မြေအောက် အင်အားစုများ၏ ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သူနှင့် ရင်းနှီးသူတစ်ချို့ကတော့ မြောက်ပိုင်း၏ ကြီးမြတ်သူဟု ခေါ်ဆိုကြလေ့ရှိကာ သူ၏ ကြီးကျယ်ခမ်းနားလှသော ကိစ္စအမှုတို့က လူတို့ ယမကာ မှီဝဲပြီးနောက် အမြည်းပြောစရာ အကြောင်းအရာတစ်ရပ် ဖြစ်လာခဲ့လေသည်။

သူ့ဘေးတွင်တော့ ကပ်လျက် လိုက်ပါလာသည့် လူနှစ်ဦး ရှိ၏။

တစ်ယောက်က သူနှင့် သက်တူရွယ်တူ လူတစ်ဦး ဖြစ်သည်။ သို့သော် သူက အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထား၏။ ယခုလို အေးစိမ့်လှသည့် ရာသီဥတုတွင် အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားသည်က လူကြီးလူကောင်းဆန်ပြီး အေးစက်သည်ဟု ပြော၍ရသည်။

သို့သော် နှမြောဖို့ကောင်းစွာဖြင့် သူ၏ ငေါထွက်နေသည့် ဘီယာဗိုက်ကြီးက ခန့်ညားလှသည့် ဟန်ပန်ကို ပျက်စီးသွားစေခဲ့သည်။

ထိုအမျိုးသား၏ နာမည်က လျိုတယန့်ကျွင်း ဖြစ်ပြီး သူက ရန်ကျင်းကပင်။ စီးပွားရေး လုပ်ငန်းကိစ္စ တစ်ခု ဆွေးနွေးရန်အလို့ငှာ စွန်းမန်လုံကနေပြီး ပင်းချိန်မြို့သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

ကျန်တစ်ယောက်ကတော့ သူတို့ နှစ်ဦးနှင့် နှိုင်းစာမည် ဆိုပါက အနည်းငယ် အရွယ်ငယ်သည်။ အသက် သုံးဆယ်ခန့်လောက်သာ ရှိဦးမည် ဖြစ်ပြီး အတွင်းက ပိုးသားမွှေးခံသည့် အနက်ရောင် လေကာ အင်္ကျီကို ဝတ်ဆင်ထားခဲ့သည်။ သူက စွန်းမန်လုံနှင့် ရုပ်ချင်း နည်းနည်းဆင်သည်။

ထို အမျိုးသား၏ နာမည်က စွန်းမန်ကျား ဖြစ်ပြီး သူကတော့ စွန်းမန်လုံ၏ ညီငယ်ဖြစ်သည်။

ဤနှစ်များ တစ်လျှောက်တွင် သူ့အစ်ကိုကြီး နံဘေး၌ ကပ်နေရင်း အဖွဲ့အစည်းထဲ၌ ဒုတာဝန်ခံ တစ်ယောက် ဖြစ်လာခဲ့လေသည်။

“ နောက်ဆုံးတော့ ဆင်းပြီး ကိုယ်လက်လှုပ်ရှားလို့ ရသွားပြီ…” လျိုတယန့်ကျွင်း ကိုယ်ကို ဟိုလိမ်ဒီလိမ်ပြု၍ အကြောဆန့်လိုက်သည်။ ဝေဟင်ထက်၌ တစ်နာရီလောက် ကြာအောင် လေယာဉ်စီးခဲ့ရပြီး သူ့အတွက်တော့ ကျင့်သားမရသေးချေ။

“ ငါလည်း ဒီ စပရိုက် အသေးလေးကို မျှော်လင့်မထားမိခဲ့ဘူး…” စွန်းမန်လုံ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီတိုင်း အသေးအဖွဲ့ ပြဿနာလေးပါ … မြို့ပြင်က လူတွေက ဒီက စည်းမျဉ်းတွေကို မသိတာ ထုံးစံပဲ… ဒီတော့ ငါတို့က ဘယ်လို နေထိုင် ပြုမူရမလဲဆိုတာကို သင်ပြပေးရမှာပေါ့….”

“ မင်းရဲ့ နည်းလမ်းတွေကို ငါသိတယ်..” လျိုတယန့်ကျွင်း ပြောလိုက်ပြီး “ ခုက အခြေအနေတွေ မတူတော့ဘူး… အစိုးရက စည်းမျဉ်းတွေကို အတော်လေး တင်းကြပ်နေတာ… ဒီခုက ထမင်းတစ်နပ်လောက် ဖိတ်ကျွေးလိုက်ရင်ကို အားလုံးနီးပါးက အဆင်ပြေသလို ရှိနေပြီ… လွန်လွန်ကြူးကြူး လုပ်စရာတွေလည်း မလိုတော့ဘူး…”

“ ဟားဟား… မင်း ပြောချင်တာကို ငါသိတယ်…” စွန်းမန်လုံ စီးကရက် တစ်လိပ် မီးညှိလိုက်ပြီး “ ဒါပေမယ့် မင်းက မြောက်ပိုင်းကို ရောက်လာရင်တော့ ငါစွန်းမန်လုံ ချမှတ်ထားတာကို လိုက်နာရမှာပဲ… ငါတို့ စကားကောင်းကောင်းလေး ပြောရမယ်… “

“ အစ်ကို… ငါ လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်…”

စွန်းမန်လုံ ခေါင်းညိမ့်လိုက်သည်။ “ သွားစို့… အရင်ဆုံး တည်းဖို့ နေရာသွားရှာလိုက်ရအောင်… တခြား ကိစ္စတွေအတွက်ကတော့ အချိန်ရမှပဲ ကိုင်တွယ်ကြတာပေါ့…”

ထိုညတွင် …. လျိုတယန့်ကျွင်းကို ကြိုဆိုရန်အတွက် စွန်းမန်လုံကနေပြီး သိုးတစ်ကောင်လုံကို ကင်ခိုင်းလိုက်သည်။ ထို့နောက် ရေချိုးစင်တာသို့ သွား၍ အပန်းဖြေလေသည်။ မနက် နာရီ တစ်ချက်ထိုး အချိန်ကျတော့မှ ဟိုတယ်သို့ ပြန်ပြီး အနားယူကြ၏။

“ အစ်ကို … ငါ လေဆိပ်ကနေ သတင်း တစ်ချို့ ရထားတယ်…” စွန်းမန်ကျား ဟိုတယ်၏ ဘုရင်ခန်းထဲတွင် ပြောလိုက်သည်။

“ ဘယ်သူတဲ့တုန်း…”

“ သူလည်း မရိုးရှင်းဘူး…” စွန်းမန်ကျား ပြောလိုက်ပြီး “ Gulfstream G650 တစ်စင်းက ငါတို့ရှေ့ကနေ ဆင်းသွားခဲ့တယ်.. အဲ့ လေယာဉ်ရဲ့ ပိုင်ရှင်က ကျိုးဟိုင်မှာ ရှိတဲ့ လင်းယွင်အုပ်စုက… ဒါပေမယ့် ကုမ္ပဏီရဲ့ ဥက္ကဌကပဲ အသုံးပြုပိုင်ခွင့် ရှိတယ်…”

“ လင်းယွင် အုပ်စု…..”

စွန်းမန်လုံ ရေရွတ်လိုက်ပြီး “ အဲ့တာ လီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်ခဲ့တဲ့ ကုမ္ပဏီမလား…”

“ ဟုတ်တယ်… အဲ့တာ သူတို့ပူဲ….” စွန်းမန်ကျား ပြောလိုက်ပြီး “ အဲ့တာကပဲ ချစ်ပ် နယ်ပယ်ရဲ့ လက်ဝါးကြီးအုပ်ထားမှုကို ချိုးဖောက်နိုင်လိုက်တာကြောင့် လူတွေကြားထဲမှာ ဂုဏ်သတင်း တော်တော်လေးမွှေးတယ်… Semiconductor နယ်ပယ်ထဲမှာလည်း လွှမ်းမိုးမှုတွေ တော်တော်လေး ရှိထားတယ်…”

“ လေယာဉ်ပေါ်က လူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ ဖြစ်နိုင်လောက်လား…”

“ အဲ့တာကတော့…..”

စွန်းမန်ကျား စက္ကန့်အနည်းငယ် ကြာအောင် တုံ့ဆိုင်းသွားခဲ့ပြီး “ အဲ့လို ဖြစ်မယ်ထင်တယ်.. ဒါပေမယ့် ဟုတ်လောက်မယ်လို့လည်း မမြင်မိဘူး… တော်တော်လေး ပြောရခက်တယ်…”

“ စောင့်ကြည့်ရေး ကင်မရာကနေ ကြည့်တာကတော့ ဟုတ်မယ့်ပုံ ပေါ်တယ်… ဒါပေမယ့် သူ့ဘေးကနေ လိုက်ပါလာတဲ့ လူတွေက ရွာသား တစ်အုပ်စု ဖြစ်နေတယ်… လေဆိပ်ကနေ ထွက်သွားပြီးတော့လည်း သာမန် ဘက်စ်ကား တစ်စင်းပေါ် တက်သွားသေးတယ်… ကုမ္ပဏီကြီး တစ်ခုရဲ့ ဘော့စ်သာဆို အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး… ဒါကြောင့် တော်တော်လေးကို ဝေခွဲရခက်နေတာ…”

“ ဟင်… မင်း သေချာလား…”

“ အင်း … သေချာတယ်… ငါ တိပ်မှတ်တမ်းကနေ အဲ့ လယ်သမား တစ်အုပ်စုကို ကြည့်ခဲ့တာ… သူတို့ ဘက်စ်ကားပေါ် တက်သွားခဲ့ကြတာပဲ…” စွန်းမန်ကျား ပြောလိုက်ပြီး “ ပြီးတော့ ဘက်စ်ကားကိုလည်း စစ်ဆေးခဲ့သေးတယ်… အဲ့တာက ပင်းချိန် စိုက်ပျိုးရေး သုတေသန စင်တာက ကားဖြစ်နေတယ်…”

စွန်းမန်လုံ မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်ထဲ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေတော့၏။

“ စကားမစပ် မင်းခု လက်ရှိ အဲ့ဒီ စိုက်ပျိုးရေး သုတေသန စင်တာမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဖြစ်နေတယ်မလား…”

“ အဲ့ခွေးမအကြောင်း မပြောစမ်းနဲ့…. ကောင်မက တော်တော် အရှက်မဲ့တာ…” စွန်းမန်ကျား စီးကရက်ကို မီးညှိရင်း ပြောလိုက်ပြီး “ တစ်နေ့ ငါ့ကို ဒေါသထွက်အောင် လာလုပ်လို့ကတော့ ဆေးကျွေးပြီး ဘာက ပျော်စရာကောင်းလဲ သိအောင် ပြပေးလိုက်မယ်….”

“ မင်း အဆင်ပြေသလိုသာလုပ်…” စွန်းမန်လုံ ဂရုမစိုက်စွာ ပြောလိုက်ပြီး “ ငါ့ထက် အရင် လေယာဉ်ဆင်းရဲတဲ့လူ ဘယ်သူလဲဆိုတာ အရင် အတည်ပြုလိုက်ကြတာပေါ့… တကယ်လို့ အဲ့လူက တကယ်ကြီး လင်းရီ ဖြစ်နေတယ်ဆိုရင် မင်းသူ့ကို ဖိတ်ခေါ်ခဲ့လို့ရတယ်… ငါ သူနဲ့ တကယ်ကြီး တွေ့ချင်နေတာ…”

“ ငါတော့ ခက်ခဲတော့မယ် ဆိုတဲ့ ခံစားချက်တွေ ရနေတယ်….”

စွန်းမန်ကျား ပြောလိုက်ပြီး “ သူက မင်း ဘယ်သူဆိုတာကို သိတယ်… ဒါတောင် မင်းထက်အရင် လေယာဉ်ဆင်းသွားခဲ့သေးတယ် ဆိုတော့ သူ့လို လူစားမျိုးတွေက ပြောရဆိုရ အတော်လေး လက်ပေါက်ကပ်တဲ့ လူစားမျိုးတွေ…”

All Chapters