← Chapters

ပင်လယ်ရဲ့ ကျယ်ပြောမှုကို အမြင်နဲ့ တိုင်းလို့မရဘူး

Vol. 95 Ch. 1416

ပင်လယ်ရဲ့ ကျယ်ပြောမှုကို အမြင်နဲ့ တိုင်းလို့မရဘူး

Vol. 95 Ch. 1416

တုယွီ့မင် မျက်ဝန်းကြီးများ ပြူးကျယ်သွားခဲ့ပြီး ပါးစပ်လည်း ပွင့်ဟလျက်သား ဖြစ်သွားခဲ့တော့၏။ အချိန်အတော် ကြာသည်ထိတိုင်အောင် ကြက်သေသေနေမိလေသည်။

သူ ဓာတ်ခွဲခန်းထဲကနေ အပြင်သို့ ထွက်လာကတည်းက တံခါးပေါက်ဝ ဘေးတွင် ရပ်နေပြီး ရင်ဘက်ကြီး တစ်ခုလုံးလည်း လေးလံနေကာ သူ ဘာမှားယွင်းသွားလဲဆိုတာကို စဉ်းစားရကြပ်နေခဲ့၏။

အကယ်၍ ပြဿနာ ရှိခဲ့သည် ဆိုပါက သူ့ဘက်က ပြေရာပြေကြောင်း ရှင်းပြပြီး ဒါရိုက်တာချိန်နှင့် ပြန်ပြီး အဆင်ပြေချင်သည်။

သို့သော် အလုပ်ထုတ်ခံလိုက်ရလိမ့်မည်လို့တော့ မမျှော်လင့်ထားခဲ့ချေ။

သူ၏ လက်ရှိ အလုပ်အကိုင်က အစိုးရ ရာထူး တစ်ခု ဆိုသော်လည်းပဲ ချိန်ရှီ၏ အစွမ်းအစနှင့် အဆင့်အတန်းတို့က သူ့အား အလုပ်ထုတ်ပစ်ရန် စကားတစ်ခွန်းသာလျှင် လိုအပ်သည်။

“ ဒါရိုက်တာချိန်… ဘာကြောင့်လဲ ဆိုတာတော့ ကျုပ်သိချင်တယ်… ဘာလို့ ကျုပ်ကို အကြောင်းပြချက် မရှိ အလုပ်ဖြုတ်လိုက်ရတာလဲ…”

“ မင်းကများ ငါ့ကို လာမေးဝံ့နေသေးတယ်ပေါ့လေ… ကိုယ့်ဘာကိုယ်စဉ်းစား…”

ချိန်ရှီ အေးစက်စက် နှာမှုတ်ပြီးနောက် လင်းရီနှင့် ကျန်သူများကို ဆက်လက် ဦးဆောင်သွားခဲ့လိုက်သည်။

တုယွီ့မင်ကတော့ နေရာတွင် ဘာကြောင့်လဲဟူသည့် မေးခွန်းကိုသာ ထပ်ခါတလဲလဲ စဉ်းစားရင်း ချွေးတွေ ပြိုက်နေတော့၏။

“ ဒါရိုက်တာမြောင်… မသွားပါနဲ့ဦး..”

မြောင်လီကျွင်း ဓာတ်ခွဲခန်းထဲက ထွက်လာသည်ကို မြင်တော့ တုယွီ့မင် အနားသို့ ရောက်လာပြီး “ အခန်းထဲမှာ ခုလေးတင် ဘာတွေ ဖြစ်သွားခဲ့တာလဲ… ဘာလို့ ဒါရိုက်တာချိန်က ငါ့ကို အလုပ်ထုတ်လိုက်ရတာလဲ…”

“ ငါလည်း အကြောင်းအရင်း အတိအကျကိုတော့ မခန့်မှန်းတတ်ဘူး… ဒါပေမယ့် အဲ့ဒီ ဒါရိုက်တာလင်းဆိုတဲ့ တစ်ယောက်ရဲ့ အဆင့်အတန်းက ရိုးရှင်းတဲ့ပုံမပေါ်ဘူး.. သူ့စကားတွေကြောင့်မို့ ဒါရိုက်တာချိန်က နင့်ကို အလုပ်ဖြုတ်ပစ်လိုက်တာလို့ ပြောရင် ပိုမှန်လောက်မယ်…”

“ ဒါ… ဒါ…. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူက ဒီတိုင်း ကောင်တီက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ တစ်ယောက်ပဲ မဟုတ်ဘူးလား… ဘာလို့ ဒါရိုက်တာချိန်က သူ့ကို အဲ့လောက်ထိ အရေးတယူ ပြုနေရတာလဲ…”

“ သူ့မှာ တခြား အချိတ်အဆက်တွေ ရှိလို့နေမှာပေါ့ …” မြောင်လီကျွင်း ပြဿနာ၏ သော့ချက်ကို ထောက်ပြလိုက်သည်။

“ စဉ်းစားကြည့်လေ… တကယ်လို့ သူသာ သာမန်လူတစ်ယောက် ဆိုရင် ယွမ် ၄၀,၀၀၀ ကို သာမန်လျှံကာ ထုတ်ပေးနိုင်မှာလား… သူ့မှာ တခြား အထောက်အထား တစ်ခုခုတော့ ရှိကို ရှိရမယ်… ဒါကြောင့်မို့ပဲ….”

“ ဒါက….”

တုယွီ့မင် ငိုချင်းချလုနီးနီး ဖြစ်သွားခဲ့တော့သည်။ နောင်တရလွန်း၍ အူများပင် စိမ်းပုပ်နေချေပြီ။ အကယ်၍များ ယခုလို ဖြစ်မည် ကြိုသိပါက သူတို့ကို ဝိုင်နှင့် အစားကောင်းကောင်း ဧည့်ခံပေးပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်ပေမည်။

မြောင်လီကျွင်းကတော့ မတတ်နိုင်စွာဖြင့် ခေါင်းခါရမ်းရင်း အဝေးသို့ ထွက်ခွာသွားခဲ့တော့၏။

လင်းရီ၏ ပုံရိပ်က သူမစိတ်ထဲ ဖြစ်ပေါ်လာကာ တီးတိုးရေရွတ်လိုက်သည်။

“ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရသလို ပင်လယ်၍ ကျယ်ပြောမှုကိုလည်း အမြင်သပ်သပ်နဲ့ တိုင်းတာလို့ မရဘူးပဲ…”

မွန်းလွဲပိုင်းတွင် ချိန်ရှီက လင်းရီကို အပြင်သို့ထွက်ပြီး နေ့လည်စာ လိုက်ကျွေးချင်သော်လည်း လင်းရီ သူ့ကို ငြင်းဆန်လိုက်၏။ သူ တစ်ဖက်သူကို ဒုက္ခ မပေးချင်ပေ။

ထို့ကြောင့် သုတေသန စင်တာရှိ ကန်သင်း၌သာ ရိုးရိုးရှင်းရှင်း စားသောက်လိုက်ကြသည်။ သို့သော် နှစ်ယောက်မှာ သောက်တာတော့ တော်တော် သောက်ဖြစ်ခဲ့ကြ၏။ ချိန်ရှီက သူသိမ်းထားသည့် ပုလင်းကောင်းများ ထုတ်ကာ လင်းရီနှင့် အဆက်မပြတ် ခွက်ချင်းတိုက်နေလေသည်။

ပျော်ပျော်ပါးပါး စားသောက်ကြပြီးနောက် မြောင်လီကျွင်းကနေ ဦးဆောင်၍ တုံးစန်းကောင်တီက ရွာသူရွာသားများကို သုတေသန စင်တာအတွင်းသို့ လိုက်လံပို့ဆောင်ပေးပြီး အလုပ်လုပ်ပုံများကို ရှင်းပြပေးသည်။

ထို့နောက် လေ့လာသင်ယူခြင်း၏ နောက်တစ်ဆင့်ကို တက်လှမ်းလေသည်။

ချိန်ရှီမှာ သဘောမနော အင်မတန် ကောင်းမွန်နေကာ သုတေသန စင်တာအတွင်းရှိ အရင်းအမြစ်များအားလုံးကို စိတ်တိုင်းကျ သုံးစွဲခွင့်ပြုထားပြီး လင်းရီကို အပြည့်အဝ ထောက်ခံ ပံ့ပိုးထားပေး၏။

သို့သော် မြေဆီလွှာ တည်ဆောက်ပုံနှင့် ဆားဒဏ် ခံနိုင်စွမ်းရှိသည့် သီးနှံများကတော့ လေ့လာရန် အချိန်တစ်ချို့ ယူရမည်။ ကျန်သည့် အခြား ကဏ္ဍများ အတွက်ကတော့ နောက်တစ်လကနေ လဝက်အတွင်း ဖြေရှင်းလိုက်၍ ရသည်။

မွန်းလွဲ ညနေ လေးနာရီအချိန်တွင် အလုပ်များအားလုံး အဆင့်သင့် ဖြစ်ပြီး နေ့ခင်းပိုင်း လှုပ်ရှားမှုတို့ကလည်း ဆုံးခန်းတိုင်လာခဲ့၏။

မနက်ဖြန် နှောင်းပိုင်းတွင်တော့ အခြားသော လယ်ယာစိုက်ပျိုးရေး နည်းစနစ်များနှင့် တိရစ္ဆာန် မွေးမြူးရေး နည်းလမ်းများအား သင်ယူရန် စီစဉ်ထားလေသည်။

တစ်ချိန်တည်းတွင် Lexus 570 တစ်စင်းက သုတေသန စင်တာ အပြင်ဘက်တွင် ပါကင်ထိုးထားလျက် ရှိ၏။ ပြတင်းပေါက် နှစ်ဖက်လုံးကို ဖွင့်ထားပြီး ကားထဲတွင် လူနှစ်ယောက် ထိုင်နေသည်။

ဒရိုင်ဘာ ထိုင်ခုံတွင် ထိုင်နေသည့် လူက ဆံပင်အတိုနှင့် လူတစ်ယောက်ပင်။ သူက တစ်ကိုယ်လုံး လုံခြုံတင်းကြပ်စွာ ဝတ်ဆင်ထားသော်လည်းပဲ လက်ဖမိုးတွင် တက်တူးများ ထိုးထားသည်ကိုတော့ မြင်တွေ့နိုင်သည်။

ရှေ့ခန်း ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့်သူက စွန်းမန်ကျား ဖြစ်၏။

မောင်းသူနေရာတွင် ထိုင်နေသည့် လူကတော့ သူ၏ လူယုံတော် ၊ ကျိုးချွမ်းလီပင်။

“ အစ်ကို ငါတို့က အဲ့လူကို စုံစမ်းစစ်ဆေးဖို့ ဒီရောက်လာခဲ့တာမလား… ငါ ဒီတိုင်း လူနည်းနည်းလောက် ခေါ်သွားလိုက်ရင် ရပြီကို ဘာလို့ လူကိုယ်တိုင် လိုက်လာခဲ့ရတာ… မင်းအချိန်တွေ ဖြုန်းတီးသလို ဖြစ်တာပေါ့…”

“ ငါလည်း ဘာမှလုပ်စရာ မရှိဘူးလေ… ဒါကြောင့်မို့ လာကြည့်လိုက်တာ..” စွန်းမန်ကျား ပါးစပ်တွင် စီးကရက် တစ်လိပ်ကို မီးညှိထားရင်း သုတေသန စင်တာ၏ ဝင်ပေါက်ဝသို့ မျက်ခြေမပြတ် စောင့်ကြည့်နေလျက် ရှိ၏။

“ ပြီးတော့ ခုတလော ငါ ဒီမှာ အလုပ်လုပ်နေတဲ့ မိန်းမတစ်ယောက်ကို တော်တော်လေး စိတ်ဝင်စားနေတာကြောင့်လည်း ပါတယ်…. အဲ့ကောင်မက တစ်ခုခုတော့ တစ်ခုခုပဲ… အထူးသဖြင့် သူ့တင်တွေ ခြေထောက်တွေ.. တော်တော်လေး ကိတ်တယ်… ငါ သွားရည်ယိုနေတာ တော်တော်လေး ကြာပြီ…”

“ ဆာတယ်ဆိုရင်လည်း စားလိုက်ပေါ့… ဘာလုပ်ဖို့ စောင့်နေတာ…”

“ ငါ လှုပ်ရှားပြီးတာ ကြာပြီပေါ့… ဒါပေမယ့် ဟိုက ငါ့ကို လျစ်လျူရှုထားပြီး မသတီတဲ့ အကြည့်နဲ့တောင် ကြည့်သွားသေးတယ် ထွီး… ခွေးမကများ…”

“ ကျွတ် ကျွတ် ကျွတ်… ကြားရတာတော့ တော်တော် ဒေါသကြီးမယ့်ပုံပဲ…”

“ မြောက်ပိုင်းက မိန်းကလေးတွေထဲ ဒေါသမကြီးတဲ့လူ ဘယ်သူရှိလို့…”

“ မင်း တဖက်သူရဲ့ နောက်ခံကိုကော စုံစမ်းကြည့်ပြီးပြီလား… တော်နေကြာ လက်ထပ်ပြီးသား ဖြစ်နေလိမ့်မယ်..”

“ ငါ ပတ်မေးကြည့်ပြီးပြီ…” စွန်းမန်ကျား ပြောလိုက်ပြီး “ ကောင်မလေးက အပျို… ဒါပေမယ့် ရည်းစားရှိတယ်… ဒါပေမယ့် ပိုတောင် ကောင်းသွားသေး… သူနဲ့ ကစားလို့ ပိုကောင်းသွားတာပေါ့ ဟီးဟီးဟီး….”

“ မင်း အဲ့လို အရာမျိုးတွေ ကြိုက်တတ်မှန်း ငါသိပါတယ် အစ်ကိုရာ …”

“ မင်း မျက်လုံးတွေက ကောင်းတယ်… ငါ ခဏ တစ်ရေးအိပ်လိုက်ဦးမယ်… အဲ့နှစ်ယောက် ထွက်လာရင် ငါ့ကို နှိုးလိုက်…”

“ မြန်မြန် မြန်မြန် … မအိပ်နဲ့တော့… သူ အပြင်ထွက်လာနေပြီ…”

ကျိုးချွမ်းလီ သူ့လက်ထဲရှိ စီးကရက်တိုကို ကောက်ပစ်လိုက်ပြီး “ အဲ့လူက ဗွီဒီယိုထဲက တစ်ယောက်နဲ့ တော်တော်လေး တူတာပဲ.. ပြီးတော့ သူ့ဘေးက ရွာသားအုပ်စုနဲ့ဆိုတော့ ခေါင်းဆောင်ကို မလေးမစား လုပ်သွားတဲ့ကောင်ပဲ ဖြစ်ရမယ်…”

စွန်းမန်ကျား ခေါင်းညိမ့်လိုက်၏။ “ အဲ့ကောင်ပဲ ဖြစ်ရမယ်.. သူ့ကြည့်ရတာ ဒီကို တစ်ခုခု လာလုပ်တဲ့ ပုံစံပဲ….”

“ အစ်ကို သူ့ဘေးမှာ ကောင်မလေး တစ်ယောက် ပါလာတာပဲ… ဒေါင်ကောင်းကောင်း အကိတ်ကြီးဆိုတော့ ငါ့အစ်ကိုပြောတာ အဲ့ကောင်မလေးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား…”

“ အင်း…သူပဲ… သူက ဒါရိုက်တာရဲ့ အတွင်းရေးမှူးလေ… ကြည့်လို့ကောင်းတယ်မလား…”

“ ကြည့်လို့ကောင်းတာထက်ကို ပိုတာပေါ့… လုံးဝကို စပယ်ရှယ် အကောင်းစားပဲ…” ကျိုးချွမ်းလီ မနာလို အားကျနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါ့အစ်ကို မျက်လုံးတွေလည်း တော်တော်ကောင်းတာပဲ.. ငါဆို ဒီလောက် နေ့တိုင်း လမ်းပတ်လျှောက်နေတာတောင် ဒီလောက်လှတဲ့ ကောင်မလေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး…”

“ မင်းမျက်လုံးက ဒါတွေမှ မမြင်တတ်တာ…”

ကျိုးချွမ်းလီ ရယ်သွမ်းလိုက်ပြီး “ အစ်ကို… ငါတို့ အခု ဘယ်လိုလုပ်ကြမှာ.. သူ ဘယ်သူလဲဆိုတာ အတည်ပြုပြီးပြီဆိုတော့ သွားပြီးတော့ ရိုက်လိုက်ကြမလား…”

“ မလုပ်ဘူး…” စွန်းမန်ကျား ပြောလိုက်ပြီး “ ငါ ပြန်သွားပြီး သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌလားဆိုတာ အတည်ပြုရဦးမယ်… တကယ်လို့ သူသာ ဖြစ်နေမယ်ဆိုရင် ငါတို့ လက်လွတ်စပယ် လှုပ်ရှားလို့ အဆင်မပြေဘူး…”

“ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ဒီကိစ္စကို ဖြေရှင်းရမှာက ဖြေရှင်းရမှာပဲလေ… သူက ခေါင်းဆောင်ကို မလေးမစား လုပ်ထားတာ ငါတို့ သက်တောင့်သက်သာ ထွက်သွားခွင့် ပေးလိုက်လို့ မဖြစ်ဘူး…”

“ သူ့အတွက် ဘာက ကောင်းလဲ သိလား အရင် ကြည့်ကြတာပေါ့….” စွန်းမန်ကျား ပြောလိုက်ပြီး “ ငါ့အစ်ကိုရဲ့ ဒေါသက တော်တော်လေး ကောင်းမွန်လာပြီ… သူသာ သူ့ကိုယ်သူ အပြစ်ပေးတဲ့ အနေနဲ့ သုံးပုလင်း သောက် တောင်းပန်ပြီး ရိုးသားလေးနက်မှု တချို့ ပြသမယ်ဆိုရင် သူ ဒီကိစ္စ ထပ်ပြီး ဇာချဲ့နေမှာ မဟုတ်ဘူး…”

“ အဲ့ဒါ သူ့ကို သက်တောင့်သက်သာ လွှတ်ပေးလိုက်တာနဲ့ အတူတူပဲလေ…”

စွန်းမန်ကျား နှုတ်ခမ်းကိုက်လိုက်ပြီး “ ဒါပေမယ့် သူ့ရဲ့ မောက်မာတဲ့ အကျင့်စရိုက်နဲ့ဆိုရင် ငါတော့ သူ အဲ့လိုလုပ်မယ် မထင်ဘူး..”

“ ဒီကလည်း သူ့လို လူစားမျိုးတွေကိုပဲ တီးချင်တာ…” ကျော့ချွင်လီ ပြောလိုက်ပြီး “ ငါတို့နဲ့ တွေ့ရင် နဂါးဆို ခွေထားပြီး ကျားဆိုရင် ဝပ်နေရမယ်… သူ့လည်ပင်းပေါ် ဓားလေး တင်ထားလိုက်တာနဲ့ ငါ သူ့ကို အိပ်မက်ဆိုးတွေ မက်တဲ့အထိ လုပ်ပစ်လိုက်နိုင်တယ်…”

“ အဲ့လိုတွေ လျှောက်မလုပ်နဲ့… ငါတို့က အခု စီးပွားရေး သမားတွေ ဖြစ်နေပြီ…” စွန်းမန်ကျား အပြုံးလေးဖြင့် ပြောလိုက်သည်။

လင်းရီက လင်းယွင်အုပ်စု၏ ဥက္ကဌ ဖြစ်မှန်း သူတို့ သိထားကြသော်လည်း စွန်းမန်ကျား လေးလေးနက်နက် သဘောမထားချေ။

ဤသည်က ဘာကြောင့်လဲဆိုတော့ ယခင်ကလည်း ယခုလို ပြုလုပ်ခဲ့ဖူးသောကြောင့် ဖြစ်လေသည်။ အနှီ ကျော်ကြားသည့် သူဌေးကြီးများက ဤနေရာသို့ မောက်မောက်မာမာဖြင့် အခြေအနေကို လေ့လာရန် ရောက်လာတတ်ကြ၏။ သူတို့သိသာဆိုလို့ တပါးသူအပေါ် ကိုယ့်အောက် နိမ့်ကျသူဆိုပြီး အထင်အမြင်သေးခြင်းပင်။

သို့သော် စွန်းမန်လုံကို မြင်တွေ့ပြီးနောက် သူတို့အားလုံး အမြီးလေးတွေ ကုပ်ကုန်ကြ၏။

တစ်ချို့ဆိုလျှင် ကျင်ငယ်ထွက်ကြသည်အထိပါ ကြောက်လန့်သွားကြပြီး လေပင် မလည်ဝံ့ကြချေ။

“ သူ့ကို ဘာမှ လုပ်လို့ မရဘူးဆိုတော့ အခု ဘာလဲ လုပ်ကြမှာ…” ကျိုးချွမ်လီ မေးလိုက်ပြီး “ ဒီတိုင်း ထိုင်ပြီး သူ့ကို ကြည့်နေရမှာလား ဟုတ်လား…”

အလှမ်းသိပ်မဝေးသည့် နေရာရှိ အန်းနင်ကို ကြည့်ရင်း စွန်းမန်ကျား ပြုံးလျက် မေးစေ့ကို ပွတ်သပ်လိုက်သည်။

“ လာလက်စနဲ့တော့ အနည်းဆုံး သွားပြီး နှုတ်ဆက်သင့်တာပေါ့… တစ်စုံတစ်ယောက်နဲ့ ဘာညာ ဘာညာ ဖြစ်သွားနိုင်မလားဆိုတာ ဘယ်သူက ပြောနိုင်မှာ…”

All Chapters