← Chapters

ငါ နင့်ကို ရေချိုးစင်တာ ခေါ်သွားပေးမယ်

Vol. 95 Ch. 1417

ငါ နင့်ကို ရေချိုးစင်တာ ခေါ်သွားပေးမယ်

Vol. 95 Ch. 1417

သုတေသန စင်တာ၏ အပြင်ဘက်တွင်။

ချိန်ရှီသည် လူတိုင်းကို လိုက်ပါပို့ဆောင်ရင်း အပြင်သို့ ထွက်လာလေသည်။

သူ လင်းရီ၏ လက်ကို တွန့်ဆုတ်စွာ ဆုပ်ကိုင်ထားရင်း ကြည့်ရသည်မှာ လွှတ်မပေးချင်သည့်ပုံ ဖြစ်နေတော့သည်။

လင်းရီကတော့ ဤအဘိုးကြီး သူ့ကို ကောင်းမွန်စွာ ဆက်ဆံနေသည်မှာ လျန်ရူရွှယ်ကြောင့်မဟုတ်ဘဲ သူ၏ ခန့်ညား ချောမောသည့် ရုပ်ရည်ကြောင့်ဟု စပြီး သံသယ ရှိလာတော့၏။

ဂလု …

သူက ဟိုဒင်းများလား…

“ ဒါရိုက်တာလင်း… ငါ ဒီညတော့ လုပ်စရာ ကိစ္စလေးရှိလို့ အရင် လက်စဖြတ်လိုက်ဦးမယ်… နောက် ရက်အနည်းငယ်လောက်ကျရင် မင်းဆီ လာပြီး အတူသောက်မယ်…”

“ ဒါပေါ့ ဒါပေါ့… ဒါရိုက်တာချိန် စိတ်ရှိတဲ့အချိန် လာခဲ့လို့ရပါတယ်…” လင်းရီ အပြုံးတုလေး တစ်ခုဖြင့် ပြန်ပြောလိုက်သည်။

ဤ အဘိုးကြီးက အသက်သာ ကြီးလှပြီဖြစ်သော်လည်း သောက်ရေးအရာတွင်တော့ သူပင် သွားမယှဉ်ဝံ့ချေ။

အကယ်၍ သူသာ အလွန်အကျွံ သောက်မိပြီးနောက် လူမဆန်သည့် အရာများ ပြုခဲ့မည်ဆိုပါက ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ကို စိတ်ပျက်စေမိလိမ့်မည်။

ဒါမျိုးတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးမလား....

“ နင်လေး… ဒါရိုက်တာလင်းနဲ့ တခြားသူတွေက ပင်းချိန်ကို ခုမှ ပထမဆုံး အကြိမ် ရောက်ဖူးတာ… ငါလည်း အရိုးတွေက အိုနေပြီ… သူတို့ကို လိုက်ပြလို့ မသင့်တော့ဘူး… မင်းတို့ချင်းက လူငယ်တွေဆိုတော့ ဒါရိုက်တာလင်းနဲ့ ဒါရိုက်တာလီကို ပျော်ဖို့ကောင်းတဲ့ နေရာလေးတွေ လိုက်ပြပေးလိုက်… မင်းသူတို့ကို ကောင်းကောင်း ဧည့်ခံပေးရမယ်နော်…”

“ ဟုတ်ကဲ့ နားလည်ပါပြီရှင့်…”

အန်းနင် မငြင်းပယ်လိုက်ချေ။ လင်းရီ၏ အချိတ်အဆက်တို့က သာမန်မဟုတ်ကြောင်းကို သူမသိထားသဖြင့် သူ့အား ဧည့်ဝတ်ကျေပွန်ရမည့် အလုပ်ကို ကောင်းကောင်း လုပ်ရပေမည်။

နောက်ဆက်တွဲ ကိစ္စများကို စီစဉ်ပေးပြီးနောက် ချိန်ရှီသည် သူ၏ လုပ်လက်စ အလုပ်များ ပြုလုပ်ရန် ထွက်ခွာသွားခဲ့သည်။

“ ဒါရိုက်တာလင်း… ငါ နင်တို့ကို ဒီည မြောက်ပိုင်းက စားစရာတွေ မြည်းစမ်းကြည့်လို့ရအောင် ခေါ်သွားပေးမယ်…” အန်းနင် ပြောလိုက်သည်။

“ ခုမှ လေးနာရီပဲ ရှိသေးတယ်… ငါ ဗိုက်မဆာသေးဘူး..”

“ ဒါရိုက်တာလင်း သွားချင်တဲ့ နေရာရှိလား… လိုက်ပြပေးမယ်လေ…”

“ မင်းတို့ရဲ့ အကြီးဆုံး ရေချိုးစင်တာက ဘယ်နေရာမှာလဲ.. ငါ အဲ့ကို သွားပြီး အတွေ့အကြုံကောင်းလေးတွေ ရချင်လို့..”

လီစီကျင်း ပါးစပ်ကို လက်ဝါးဖြင့် ကွယ်လျက် ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။ မည်သည့်နေရာသို့ပဲ ရောက်ရောက် အစ်ကိုရီရဲ့ ပထမ ဦးစားပေးက ရေချိုးစင်တာပင်။

‘ဟင်…’

“ ဒါရိုက်တာလင်း နင်ဘာပြောလိုက်တယ်… နင်က ရေချိုးစင်တာကို သွားချင်လို့ ဟုတ်လား…”

အန်းနင် သူမ နားကြား မှားသွားလေသလောဟုတောင် ထင်လိုက်မိသည်။

သူက အရမ်းလည်း ချောပြီး တမူထူးခြားသည့် အဆင့်အတန်းလည်း ရှိသည်။ သို့တိုင် အနှီလူချောလေးက ထင်မထားစွာဖြင့် ရေချိုးစင်တာသို့ အပျော်သွားရှာချင်နေသည်လော။

ဒီစကားက အစိုးရ အရာရှိ တစ်ယောက် ပြောသင့်တဲ့ စကားမျိုးတော့ မဟုတ်သေးဘူးနော်…

“ အင်း.. ငါက ဈေးအကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး ရေချိုးစင်တာကို သွားချင်တာ… မလာခင်ကတည်းကရင် မြောက်ပိုင်းရဲ့ ရေချိုးတဲ့ ဓလေ့ထုံးတမ်းနဲ့ တန်ဖိုးထားရတဲ့ အရာတွေကို အကောင်းဆုံး ခံစားဖို့ ဆုံးဖြတ်ပြီးသား…”

အန်းနင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရွံရှာသည့် အရိပ်အယောင် တစ်ချို့ ထွက်ပေါ်လာခဲ့သည်။

‘ လူက အချောလေးမို့ လူကောင်းလေးဆိုပြီး ထင်ထားတာ ဒီလောက်ထိ အကျင့်ပျက်နေတဲ့လူ ဖြစ်နေလိမ့်မယ်လို့တောင် မထင်ထားဘူး.. သူက အဲ့လိုနေရာမျိုးတောင် သွားနေတယ်ပေါ့… လူကောင်းမဟုတ်ဘူးဆိုတာ တအား သိသာတယ်…’

“ အားတော့ နာတယ် ဒါရိုက်တာလင်း… ငါက အဲ့လို နေရာမျိုးတွေ တခါမှ မရောက်ဖူးတော့ ဘယ်မှာမှန်းလဲ မသိဘူး…”

“ ရတယ်လေ… ငါ့ဘာငါပဲ ရှာပြီး သွားလိုက်တော့မယ်…”

လင်းရီ များများ စဉ်းစားမနေခဲ့ချေ။ သူ့နှာခေါင်းအောက်တွင် ပါးစပ်ပါသည်။ မေးပါများ စကားရ၏။ နေရာကောင်း တစ်ခုကို ရှာရန် ခက်ခဲလိမ့်မည်လို့ သူ မထင်ပေ။

မည်သို့ပင်ဆိုစေ ဤသည်က မြို့ကြီး တစ်မြို့ ဖြစ်ပြီး ဤနေရာ အကြောင်း ကောင်းကောင်း သိသည့်လူတစ်ယောက်တော့ ကျိန်းသေပေါက် ရှိလိမ့်မည်။

“ လူကြီးမင်းလင်းမှာ အဲ့ဒါ အပြင်ကို တခြား သွားချင်တဲ့ နေရာတွေရော မရှိဘူးလား…”

သူမစိတ်ထဲရှိ လင်းရီ၏ ပုံရိပ်က အနည်းငယ် ကျဆင်းသွားသော်လည်းပဲ သူမ၏ တာဝန်က လင်းရီကို ဧည့်ဝတ်ကြိုဆိုပေးရန်ပင်။

လုံးဝကြီး မလိုအပ်သရွေ့တော့ သူမ၏ ရန်လိုမှုကို ပြသ၍ မဖြစ်ပေ။

“ ရတယ်… လုံလောက်ပါပြီ…” လင်းရီ ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်ပြီး “ ရေချိုးစင်တာမှာ အစားအသောက်တွေလည်း ရောင်းတယ်လေ… ပြီးရင် ငါ့ကောင်မလေးနဲ့ စကားပြောလိုက်မယ်.. တခြား ဘာမှမလိုအပ်တော့ဘူး…”

“ နင့်မှာ ကောင်မလေး ရှိတယ်ပေါ့…”

အန်းနင်၏ အတွေးစိတ်ကူးတို့က ဟိုး ကြိုးအဆုံးထိ ရောက်နေပြီ ဖြစ်၏။ ကောင်မလေး ရှိသည့် လူတစ်ယောက်က ရေချိုးစင်တာသို့ သွားချင်နေသည်လော။

အကျင့်ပျက်လွန်းပေစွ၊ အကျင့်ပျက်လွန်းပေစွ။

“ တခြား ဘာမှ မရှိတော့ဘူးဆိုရင် လူကြီးလင်းက ကျွန်မကို ဒီည မလိုဘူးမလား…”

“ အာ…”

လင်းရီ အန်းနင်ကို သုံးလေးကြိမ်ခန့် အစုံအဆန် ကြည့်လိုက်၏။

သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ဆိုးလှသည်တော့ မဟုတ်ချေ။ တစ်ခု နှမြောဖို့ ကောင်းသည်က C cup သာလျှင် ရှိပြီး သူ၏ အနိမ့်ဆုံးထားရှိသည့် စံချိန်စံနှုန်းကို မမီချေ။

“ မလိုပါဘူး… သွားပြီး မင်း လုပ်စရာတာ ရှိတာ လုပ်ပါ…”

“ ဒါဆို မနက်ဖြန်မှ တွေ့ကြတာပေါ့…”

အန်းနင် စိတ်သက်သာရစွာဖြင့် တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်မိသည်။ ညတွင် ကြိုဆိုဧည့်ခံပေးစရာ မလိုသည်က ကောင်း၏။ သူက အင်မတန် ချောမောခန့်ညားသော်လည်းပဲ စရိုက်လေးက မကောင်းလှချေ။ သူ့ကို မည်သို့ ကြိုဆိုဧည့်ခံပေးရမှန်းပင် သူမ မစဉ်းစားတတ်တော့ချေ။

ခရိတ်ခ်…..

အန်းနင် သူမ၏ ကားသော့ဖြင့် ထွက်ခွာတော့မည့် အချိန်မှာပဲ Lexus တစ်စင်းက သူမရှေ့သို့ ထိုးရပ်လာလေသည်။

ရှေ့ဆုံး ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့်လူကို မြင်တော့ အန်းနင် မျက်မှောင်ကြုတ်မိသွားခဲ့ပြီး ပို၍ပင် ရွံ့ရှာ စက်ဆုပ်သွားခဲ့တော့သည်။

သို့သော် အပိုစကားတော့ မဆိုချေ။ သူမ ကားပါကင် ထိုးထားသည့် နေရာသို့ ဒေါက်လှမ်းကျဲကျဲဖြင့် ဆက်လျှောက်သွားလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ကျော့ချွင်လီက ကားကို ပြန်မောင်းလာပြီး အန်းနင်၏ သွားလမ်းကို ပိတ်ပင်လိုက်၏။

လင်းရီနှင့် လီစီကျင်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ကားထဲရှိ လူက နည်းနည်းလေး ရမ်းကားလွန်းသည်ဟု ခံစားနေရလေသည်။

“ ကံကောင်းချင်တော့ ငါလာတာ စောသွားလို့ပေါ့… မဟုတ်ရင် ဒီနေ့ မင်းနဲ့ တွေ့မှာတောင် မဟုတ်ဘူး…”

စွန်းမန်ကျား အပြုံးလေးဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူ လင်းရီကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး သူ၏ သွင်ပြင်ကို သူ့စိတ်ထဲ မှတ်သားထားလိုက်၏။

“ စိတ်မရှိပါနဲ့… ကျွန်မ ရှင်နဲ့ မသိဘူး..” အန်းနင် မသိကျေးကျွံ ပြုထားပြီး ပြောလိုက်သည်။

“ မင်း ဘယ်လိုတောင် ပြောရက်နိုင်တာလဲ…” စွန်းမန်ကျား ပြီတီတီနှင့် စနောက်လိုက်ပြီး “ ငါတို့ သုံးလေးကြိမ်လောက် တွေ့ဖူးတယ်လေ… ပြီးတော့ မင်းရဲ့ အိမ်လိပ်စာတောင် သိသေးတယ်… ဒါပေမယ့် ငါတို့ချင်း မသိဘူး ပြောနေတယ်ဆိုတော့ သူစိမ်းတွေလို လုပ်နေတာလား…”

“ ငါ့ရှေ့က ခုချက်ချင်း ထွက်သွားစမ်း… နင် ငါသွားမယ့်လမ်းကို လာပိတ်နေတယ်…”

အန်းနင် မျက်နှာပေါ်ရှိ ဒေါသရိပ်တို့က သိပ်သည်းသထက် သိသည်းလာပြီး သူမ၏ အမူအရာသည်လည်း အေးစက်လာခဲ့သည်။

ရှေ့ရှိ ဤလူများက လူရမ်းကားများဖြစ်ပြီး သူတို့နှင့် ကျိုးကြောင်းပြောဆိုနေလို့ ဖြစ်မည် မဟုတ်ချေ။ သူမ ဤနေရာကနေ အမြန် ထွက်သွားချင်သည်ကိုသာ သိ၏။

“ ဘာလို့ အဲ့လောက် ထွက်ပြေးချင်နေတာလဲ.. သွားပြီး ထမင်း အတူစားကြစို့လေ.. ငါ ဘွတ်ကင် ပေးထားပြီးပြီ…”

“ ငါ့မှာ အချိန်မရှိဘူး…”

“ မင်း နေ့တိုင်း အလုပ်ပြီးရင် အိမ်ကိုပဲ တန်းပြန်တာ မဟုတ်ဘူးလား… ငါ မင်းကို စောင့်ကြည့်နေတာ လဝက်လောက် ရှိပြီ… လူမှုရေးပွဲဆိုလို့ မင်း တစ်ခါပဲ သွားဖူးသေးတယ်… ရိုးသားလိုက်စမ်းပါ… လိမ်ညာနေလို့ အကျိုးမရှိပါဘူး…”

ကားထဲရှိ မသတီစရာ လူနှစ်ယောက်ကို မြင်တော့ အန်းနင်၏ ရင်ဘက်သည် ဒေါသကြောင့် နိမ့်ချည်မြင့်ချည် တုန်ခါနေသည်။

သူမ အိတ်ကို ချိန်ညှိလိုက်ရင်း နောက်သို့ ပြန်လျှောက်လာခဲ့ကာ လင်းရီကို ပြောလိုက်၏။

“ သွားစို့… ငါနင့်ကို အဲ့ဒီနေရာ ခေါ်သွားပေးမယ်…”

‘ ဟင်… သူက အသုံးချခံ လိုက်ရတာလား… ‘

လီစီကျင်းကတော့ ဘေးတွင် ကြိတ်ပြီးမှ ရယ်မောနေလျက် ရှိတော့၏။

ဘာလို့ ဒရာမာ ဇာတ်လမ်းအကွက်တွေက ငါ့ရဲ့ အပြင်လက်တွေ့ဘဝမှာ လာပြီး မြင်တွေ့ရတာလဲတဲ့…

ဒါပေမယ့် သူတို့ နှစ်ယောက်က ဒီလို အတူဆိုပြန်တော့လည်း လိုက်ဖက်သားပဲနော်… တွဲကြရင် ကောင်းမှာပဲ...

“ ငါ သွားမယ့် နေရာ မင်းသိလို့လား…”

လင်းရီ ပြောလိုက်သည်။

“ ငါက ဒီမှာ နေလာတာ အနှစ် ၂၀ ကျော်ပြီ… ဘာလို့ မသိရမှာ…”

“ ဒါဆို မင်း မသိဘူး ဘာလို့ပြောလဲ…” လင်းရီ ပြောလိုက်ပြီး “ မင်း ဒါတော့ နည်းနည်းလေး များသွားပြီနော်… ငါတော့ မင်းရဲ့ လက်နက် နေရာကနေ မပါဝင်ပေးနိုင်ဘူး… တခြားတစ်ယောက်ပဲ သွားရှာလိုက်…”

“ ဒီ အချိန်ကြီး ဘယ်သူ့သွားရှာရမှာလဲ…”

“ ငါ့အထင် စာတိုက် အခန်း ထဲက လုံခြုံရေး အစောင့်လည်း မဆိုးဘူးလို့ ထင်တယ်.. တော်တော်လေး အားကိုးရမယ့် ပုံပေါ်တယ်… မင်းသူ့ကို သွားမေးကြည့်ပေါ့…”

ပြောပြီးနောက် လင်းရီ လှည့်ထွက်သွားလိုက်သည်။

သို့သော် ထိုအချိန်တွင် အန်းနင် သူ့ကိုနောက်သို့ ပြန်ဆွဲထားပြီး သူ၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်၏။

ဟစ်….

လင်းရီ ပင့်သက်ရှိုက်လိုက်မိသည်။

“ အပိုမပြောနဲ့… ငါ့နောက် လိုက်ခဲ့…”

သို့နှင့် လင်းရီသည် အန်းနင်၏ အော်ဒီကားလေးထဲ ပြန်ပေးဆွဲ ခံလိုက်ရပြီး ထွက်ခွာသွားသည့် ကားအင်ဂျင်သံသာလျှင် နောက်၌ ကျန်နေရစ်ခဲ့တော့သည်။

တုံးစန်းကောင်တီရှိ လူများက တဟားဟားနှင့် အကြီးအကျယ် သဘောတွေ ကျနေကြ၏။

“ လူချောဖြစ်ရတာ ကောင်းလိုက်တာနော်.. တွေ့တာတောင် တစ်ရက် မပြည့်သေးဘူး.. ကောင်မလေးက သူ့ကို အတင်းဆွဲခေါ်သွားပြီး စိတ်ဝင်စားနေပြီ…”

“ ငါတော့ ဒီည ဒါရိုက်တာလင်း ဟိုတယ် ပြန်လာမအိပ်နိုင်ဘူးဆိုတာ လောင်းရဲတယ်…”

“ မြို့ကြီးသူတွေက တော်တော်လေး ကြည့်ကောင်းတာပဲဟ…”

“ မင်းဘာတွေ လျှောက်ပြောနေတာ… ဒါရိုက်တာလီလည်း မဆိုးပါဘူးနော်…”

“ ရပြီ ရပြီ… စကားပြောနေတာတွေ တော်လိုက်ကြတော့…” လီစီကျင်း အခြားသူများ မှတ်ချက်ပြုသည်ကို စိတ်ဝင်စားမနေချေ။

လင်းရီ ထွက်ခွာသွားပြီးနောက် အုပ်စုကို ဦးဆောင်ရန်က သူမ၏ တာဝန်ဖြစ်လာခဲ့၏။

သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို မြင်တော့ စွန်းမန်ကျန်း၏ အမူအရာ မည်းခနဲ ဖြစ်သွားခဲ့သည်။

“ အစ်ကို… ငါ့အထင် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ဖြစ်ထားတယ်လို့ ထင်တယ်..” ကျော့ချွင်လီ အေးစက်စွာ ပြောလိုက်၏။

“ သူတို့နောက်ကို လိုက်….”

All Chapters