← Chapters

သူရဲဘောကြောင်စွာ

Vol. 95 Ch. 1419

သူရဲဘောကြောင်စွာ

Vol. 95 Ch. 1419

သူတို့တွေ ရေချိုးစင်တာထဲ ရောက်တော့ လင်းရီ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် လိုက်ကြည့်လိုက်သည်။

မြောက်ပိုင်းဒေသက ရေချိုးသည့် ဓလေ့ထုံးတမ်းတို့ မွေးဖွားရာမြေ ဖြစ်ထိုက်ကြောင်းကို သူ ဝန်ခံလိုက်ရတော့၏။

၎င်းတို့၏ စီးပွားရေးက ရန်ကျင်းနှင့် ကျိုးဟိုင်လောက် မကောင်းမွန်သော်လည်းပဲ ရေချိုး စင်တာချင်း ယှဉ်မည် ဆိုလျှင်တော့ အဆိုပါ မြို့ကြီး နှစ်ခုထက်ကို အပြတ်သတ် သာလွန်နေသည်။

လင်းရီ နှုတ်ခမ်းကိုက်လျက် ကျေနပ်ပီတိတွေ ဖြစ်နေတော့သည်။ မြောက်ပိုင်းသို့လာသည့် သူ၏ခရီးက အလကား မဖြစ်တော့ချေ။

“ လက်မှတ် ဈေးနှုန်းတွေက ဘယ်လောက်လဲ…”

အန်းနင် ကောင်တာရှေ့တွင် မတ်တပ်ရပ်ပြီး မေးလိုက်၏။

“ ၉၈ ၊ ၁၅၈ နဲ့ ၂၂၈ ယွမ် အစားစား ရှိပါတယ်ရှင့်…” ကောင်မလေးကနေပြီး ပြောလိုက်သည်။

“ အတော်လေး ဈေးပေါတာပဲ… တခြား လက်မှတ်တွေရော မရှိဘူးလား…” လင်းရီ မေးလိုက်သည်။

ကောင်မလေးက လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး သူမတော့ တကယ့် ဆရာကြီးနှင့် ပက်ပင်းကြုံပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

“ ဒီ လက်မှတ် သုံးမျိုးက သာမန် ရေချိုးဖို့ အတွက်ပဲ ရည်ရွယ်တာပါ… တခြား ရွေးချယ်စရာ လက်မှတ်တွေလည်း ရှိပါသေးတယ်…”

“ တခြား လက်မှတ်တွေကရော…”

“ ၈၈၈၊ ၁၅၈၈၊ ၂၄၈၈ ယွမ်ဆိုပြီး အစားစား ရှိပါတယ်… “ ကောင်မလေးကနေပြီး ပြောလိုက်သည်။

“ အဲ့တာတွေ အပြင်ကို VIP လက်မှတ်ဆိုပြီး ၈,၈၈၈ ယွမ်တန်လည်း ရှိပါသေးတယ်ရှင့်….”

“ ဒါဆိုလည်း ၈,၈၈၈ တစ်ခုလောက်…”

“ ဟုတ်ကဲ့ လူကြီးမင်း… ကျေးဇူးပြုပြီး payment ကျူအာ ဖွင့်ပေးပါနော်… ကျွန်မ စကန် ဖတ်လိုက်ပါ့မယ်…”

“ အိုကေ…”

လင်းရီ သူ့ဖုန်းကို ထုတ်နေစဉ်မှာပဲ အန်းနင်လည်း ဖုန်းထုတ်လာခဲ့သည်ကို သူ မြင်တွေ့လိုက်ရသည်။

“ ငါ့ဥစ္စာ(ဟာ) ဖတ်လိုက်….”

“ ဒါ… ၊ ဘာကိစ္စ မင်းပိုက်ဆံကို သုံးရမှာလဲ… အားနာဖို့ကောင်းလိုက်တာ…”

“ ဒါရိုက်တာချိန်က ဒီလိုလုပ်ပေးဖို့ ပြောထားတာ… ဒါကြောင့်မို့ ငါ ပိုက်ဆံ ရှင်းလိုက်မယ်…”

လင်းရီ ယွမ် ထောင်ဂဏန်း အနည်းငယ်ကို ခေါင်းထဲ သိပ်ထားမနေဖြင့် သူမကို ဆက်ပြီး တားမြစ်မနေတော့ချေ။

သို့သော် ကောင်မလေးကနေ စကန် ဖတ်တော့မည့် အချိန်မှာပဲ သူ ရုတ်ချည်းဆိုသလို တံခါးဝကနေ အသံတစ်သံ ထွက်လာသည်ကို ကြားလိုက်ရသည်။

“ မိန်းကလေးအန်း… ဒီမှာ လာတွေ့တယ်ဆိုတော့ တော်တော်လေး တိုက်ဆိုင်တာပဲနော်….”

စွန်းမန်ကျားနှင့် ကျော့ချွင်လီတို့ကို မြင်သော် အန်းနင် ရွံရှာသည့် အမူအရာနှင့် ဖြစ်သွားခဲ့၏။

“ နင်တို့ကောင်တွေ တော်တော်ဇွဲကောင်းကြတာပေါ့… နင်တို့ကိုယ်နင်တို့ စိတ်ရှုပ်စရာကြီးတွေလို့ မခံစားမိကြဘူးလား…”

“ ငါတော့ ထိုက်တန်တယ်လို့ ထင်တယ်…”

“ နင်နင်… သူတို့က ဘယ်သူတွေလဲ… မင်းကို လိုက်နှောင့်ယှက်နေတဲ့ နှစ်ယောက်ဆိုတာ သူတို့လား…”

နီကျန်းရန်၏ မျက်လုံးတို့က ရက်စက် ကြမ်းတမ်းမှုတို့ဖြင့် ပြည့်နှက်နေပြီး သဘောထား တိုက်ဆိုင်မှု တစ်ခုလောက်လေး မရှိလျှင်ပင် တိုက်ခိုက်တော့မည့် ပုံစံ ဖြစ်နေသည်။

ယခုလို အချိန်ရောက်တော့မှ အန်းနင်လည်း ဆက်ပြီး ဖုံးကွယ်နေစရာ အကြောင်း မရှိဟု မြင်မိ၏။

“ သူတို့ပဲ…”

အတည်ပြုပြီးနောက် နီကျန်းရန်သည် သူ၏ ငယ်သူငယ်ချင်း နှစ်ယောက်နှင့်အတူ ရှေ့သို့ တက်လာခဲ့၏။ သူတို့ကြားတွင် မီတာဝက်လောက်သာ ဝေးကွာတော့လေသည်။ နီကျန်းရန် ရှေ့သို့ တစ်လှမ်းထပ်တိုးပြီး သူတို့ နှစ်ယောက်ကို နောက်သို့ တွန်းထုတ်လိုက်သည်။

“ မင်းတို့ လမ်းဘေးလူမိုက်တွေ လွန်မလာနဲ့… မင်းတို့ ငါ့ကောင်မလေးကို ထပ်ပြီး နှောက်ယှက်ဝံ့နေဦးမယ်ဆိုရင် မင်းတို့ကို သတ်ပစ်မယ်…”

နှစ်ယောက်လုံး ဒေါသမထွက်သွားကြပေ။ ထိုအစား ကျယ်လောင်စွာ ဟားတိုက်ရယ်မောနေကြ၏။

“ အစ်ကို… ငါတို့တော့ တကယ်ကြမ်းတဲ့ကောင်နဲ့ လာဆုံနေတာပဲ… သူပြောတာ မင်းကို သတ်မယ်တဲ့…” ကျော့ချွင်လီ အကြောက်အလန့် ကင်းစွာ ပြောလိုက်သည်။

“ ကြောက်လိုက်တာ … ကြောက်ဖို့ ကောင်းလိုက်တာ… မင်းကြည့်… ငါ သွေးဖိအားတောင် မြင့်လာသလိုပဲ…”

“ မင်းတို့ ကြောက်တယ်ဆိုလည်း ထွက်သွားလိုက်တော့… ငါ့ကောင်မလေးကို ထပ်ပြီး နှောင့်ယှက်ဝံ့နေမယ်ဆိုရင် မင်းတို့ကို အလွှတ်မပေးဘူး…”

“ ဘာတွေ မိမိုက်သလို လာလုပ်နေတာလဲ…” စွန်းမန်ကျား ကျီစယ်ချင်နေသည့် လေသံဖြင့်‌ ပြောလိုက်ပြီး “ မင်းတို့ကောင်တွေက ငါ့ပိုင်နက်ထဲ ရောက်လာတယ်ဆိုမှတော့ ငါကနေပြီး စရိတ်ခံပေးသင့်တာပေါ့… အဲ့တာမှားသလား…”

ထိုစကား ကြားတော့ နီကျန်းရန်နှင့် ကျန်နှစ်ယောက်တို့၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

“ မင်းဘာပြောလိုက်တယ်… ဒါက မင်းပိုင်နက် ဟုတ်လား…”

စွန်းမန်ကျား ပခုံးတွန့်ပြလိုက်၏။

“ ငါက ဒီရေချိုးစင်တာရဲ့ သူဌေးပဲ… ငါ မဟုတ်ဘူးဆိုရင် မင်းမို့လို့လား…”

“ ဒါ… ဒါက…..”

နီကျန်းရန်၊ အန်းနင်နှင့် ကျန်နှစ်ယောက်လည်း စွန်းမန်ကျား မည်သူဆိုတာကို သိတော့ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြ၏။

သူတို့ တွေးထင်ထားသည်မှာ ထိုနှစ်ယောက်က အနည်းငယ် ကြွယ်ဝချမ်းသာသည့် လူရမ်းကားများဟုသာ ထင်မှတ်ထားခဲ့သော်လည်း ဒီရေချိုးစင်တာကြီး တစ်ခုလုံးက ၎င်းတို့ အပိုင် ဖြစ်နေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပေ။

ယခုလို စီးပွားရေး လုပ်ငန်းကြီးကို ဦးစီးနိုင်ဖို့ ဆိုသည်က သူတို့နှစ်ဦး၏ အထောက်အထားများသည်လည်း လုံးဝ ရိုးရှင်းမည့်ပုံ မပေါ်ချေ။

ထိုအကြောင်းတွေးမိတော့ နီရန်ကျန်းနှင့် သူ့ဘော်ဒါနှစ်ယောက်၏ အရှိန်အဝါတို့ ချက်ချင်း အားနည်းသွားခဲ့ကြသည်။ ယခင်ကလောက် ကြီးစိုးနိုင်စွမ်း မရှိကြတော့ချေ။

မသိစိတ်က ရှေ့ရှိ ဤလူနှစ်ယောက်ကို အပြစ်မပြုသည်က အတန်တန် မှာကြားနေသည်။

ကျော့ချွင်လီ မျက်ခုံးပင့်၍ နီကျန်းရန်ကို ကြည့်လိုက်သည်။ ထို့နောက် မျက်နှာကို အသာလေး ခပ်ဆတ်ဆတ် သုံးလေးကြိမ်လောက် ရိုက်ရင်း ပြောလိုက်၏။

“ မင်း ခုလေးတင် တအားတွေ မိမိုက်နေတာ မဟုတ်ဘူးလား… တအားတွေ ကြီးစိုးပြနေတာ မဟုတ်ဘူးလား… ဘာလို့ အခု ဘာမှ ထပ်မလုပ်တော့တာလဲ … ဘာလို့လဲ… မင်းတို့ဘက်မှာ လူများတိုင်းနဲ့ ငါတို့က ကြောက်မယ်လို့ မင်းထင်နေတာလား…”

ထိုသို့ ပြောပြီးနောက် ကျော့ချွင်လီ ဟိန်းဟောက်လိုက်၏။

“ လူတွေ ဘယ်ရောက်ကုန်တာလဲ… ဒီမှာ ပြဿနာ ရှာချင်နေတဲ့ကောင်တွေ ရောက်နေတာ မင်းတို့ မမြင်ကြဘူးလား…”

ထိုသို့ ပြောပြီးနောက် မကြာမီမှာပဲ လူအများအပြား နေရာစုံကနေ ပြေးထွက်လာပြီး လင်းရီနှင့် ကျန်သူများကို ဝန်းရံ ပိတ်ဆို့ထားလိုက်ကြသည်။

ဤမြင်ကွင်းက နီကျန်းရန်၊ အန်းနင်နှင့် ကျန်သူများကို ထိတ်လန့်တုန်လှုပ်သွားစေလေသည်။

သူတို့အားလုံးက သာမန်လူများ ဖြစ်ကြပြီး ယခုလို မြင်ကွင်းမျိုးကို ယခင်က မမြင်တွေ့ဖူးကြချေ။

“ မင်းက ငါ့အစ်ကိုကြီးကို တိုက်ခိုက်ချင်နေတာ မဟုတ်လား… အခု မင်းကို အခွင့်အရေး ပေးလိုက်မယ်… လုပ်လေ…”

“ မင်း နိုင်ရင် ဘယ်သူကမှ မင်းရဲ့ ကောင်မလေးကို ထပ်မနှောင့်ယှက်စေရဘူး…”

ကျော့ချွင်လီကို မြင်တော့ ဤတစ်ကြိမ်တွင် နီကျန်းရန်၏ ခြေထောက်များ တုန်ယင်နေလျက် ရှိတော့သည်။

ပုံမှန် သူ့တွင် စကေဘာ ဆောင်ထားလေ့ ရှိသော်လည်းပဲ ချွေးစေးတို့က မျက်နှာထက် စီးကျလာနေလေသည်။

ဝှစ်….

ကျော့ချွင်လီ နီကျန်းရန်ကို ပိတ်ကန်လိုက်ပြီး သကောင့်သားလည်း ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။

“ မင်းရဲ့ ခုနက မောက်မာမှုတွေ အကုန် ဘယ်ရောက်ကုန်ပြီလဲ… မင်း ငါ့အစ်ကိုကြီးကို သတ်မယ် ဖြတ်မယ်နဲ့ လုပ်နေတာ မဟုတ်ဘူးလား… ငါ မင်းကို အခွင့်အရေးပေးနေတယ်… ဒါပေမယ့် မင်းက အလကားပဲ… အသုံးမကျဘူး…”

“ ကျန်းရန်….”

အန်းနင် ရှေ့သို့ အလျင်စလို ပြေးလာပြီး နီကျန်းရန်ကို ထူပေးလိုက်သည်။ သကောင့်ထားမှာ ချောင်းသုံးလေးကြိမ်ခန့် ဆိုးလိုက်ရပြီး ကျော့ချွင်လီကို မကျေမချမ်း ဒေါသထွက်စွာ ကြည့်နေတော့၏။ သို့သော် စကားတစ်ခွန်းတော့ မဟဝံ့ချေ။

“ နင်တို့ကောင်တွေ ဒါ ဘာလုပ်နေတာလဲ… လွန်မလာနဲ့… နင်တို့ ဥပဒေကို လိုက်နာရကောင်းမှန်း မသိဘူးလား..” အန်းနင် စူးစူးဝါးဝါး အော်ဟစ် ပြောဆိုလိုက်သည်။

ထိုအခိုက်အတန့်တွင် သူမမှာ နီကျန်းရန်ထက်ပင် ရဲဝံ့သတ္တိကောင်းနေတော့၏။

“ ဥပဒေလား…”

ကျော့ချွင်လီ အပြုံးလေးဖြင့် ပြန်မေးသည်။

“ ဟားဟား……”

အနားတစ်ဝိုက်ရှိ လူများအားလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။

“ ငါ ပြောလိုက်မယ်… ငါ့ အစ်ကိုက ဥပဒေပဲ…. သူ့စကားကို လိုက်နာရင် မင်းက ဥပဒေကို လိုက်နာတာပဲ…”

နီကျန်းရန် ရင်ဘက်ကို လက်ဖြင့် ဖိလျက် နာကြင်စွာဖြင့် ချောင်းသုံးလေးကြိမ်ခန့် ဆိုးရင်း “ မင်းတို့ကိုယ်မင်းတို့ အာဏာရှင်ကြီးလို လုပ်မနေကြစမ်းနဲ့… မင်းတို့က ဒီတိုင်း လူမိုက် အုပ်စု အသေးစားလေး တစ်ခုပဲ … မင်းတို့ကိုယ် မင်းတို့ စွန်းမန်လုံထက် သာတယ်များ ထင်နေလား..”

နီကျန်းရန် စွန်းမန်လုံကို သိလည်း မသိသလို ၊ မြင်လည်း မမြင်ဖူးချေ။

သို့သော် တစ်ဖက်သူမှာ ဒေသတွင်း မြေအောက်လောက၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လူအများစု၏ ညနေပိုင်း ရေချိန်ကိုက်သည့် အချိန်တွင် သူ၏ လုပ်ရပ်များကို အချင်းချင်း စမြုံ့ပြန်ကြလေ့ရှိသည်။ ထို့ကြောင့်ပဲ နီကျန်းရန်မှာ တစ်ဖက်သူ၏ အကြောင်းကို ကြားဖူးနားဝ ဖြစ်နေသည်။

မည်သူကမျှ သူ့ကို အပြစ်ပြုရန် မစွမ်းသာကြချေ။

“ စွန်းမန်လုံ….”

လင်းရီ ရေရွတ်လိုက်သည်။

နာမည်က သူနှင့် အနည်းငယ် ရင်းနှီးနေပြီး တစ်နေရာတွင် ကြားဖူးသကဲ့သို့ ဖြစ်နေသည်။ သို့သော် မည်သည့်နေရာ၌လည်း ဆိုတာ စဉ်းစားမရ ဖြစ်နေခဲ့၏။

“ ဟားဟား… မင်းက စွန်းမန်လုံ အကြောင်း ပြောနေတာလား ဟုတ်လား…”

ကျော့ချွင်လီနှင့် ကျန်သူများမှာ ကျယ်လောင်စွာ ရယ်မောနေကြပြီး မျက်ရည်များ ထွက်ကျလာခဲ့သည်အထိပင်။

“ ဒီမျိုးမစစ်လေးက တကယ့်ကောင်ပဲကွ…. ငါမင်းကို ပြောပြမယ်… စွန်းမန်လုံဆိုတာ ငါ့အစ်ကိုကြီးပဲ… မင်းရှေ့မှာ အခု ရပ်နေတဲ့လူက သူ့ရဲ့ ညီလေး ၊ စွန်းမန်ကျား… မင်း အခု ဘာပြောချင်သေးလဲ…”

အံ့အားသင့်သွားခြင်း…

ထိတ်လန့်ကြောက်ရွံ့သွားခြင်း…

ကြက်သေသေသွားခဲ့ခြင်း ….

အန်းနင်၊ နီကျန်းရန်နှင့် ကျန်သူများအားလုံး စွန်းမန်ကျားကို ကြောက်လန့်စွာ ကြည့်လိုက်ကြ၏။

သူတို့တွေ စွန်းမန်လုံ၏ နာမည်ကို ကောင်းစွာ ရင်းနှီးကြသည်။

ထို့ပြင် ယခု သူ၏ ညီလေးက သူတို့အရှေ့တွင် အရှင်လတ်လတ်ကြီး မတ်တပ်ရပ်နေလေသည်။

နီကျန်းရန်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေပြီး ယခုတော့ သူ့ စိတ်ထဲ နောင်တတွေ တသီးကြီး ရနေမိတော့၏။

ဤပြဿနာကား ဖြေရှင်း၍ မရတော့ချေ။

ကျော့ချွင်လီ အနားသို့ လျှောက်လာပြီး နီကျန်းရန် အေးစက်စွာ ပြုံးလျက် ကြည့်လိုက်သည်။

“ မင်းမှာ တခြား မေးစရာ မေးခွန်းရှိရင် ငါ မင်းကို ဖြေပေးလို့ရတယ်… ဘယ်လိုပဲ ဖြစ်ဖြစ် ဘာမှမသိလိုက်ဘဲ သေသွားတာထက်စာရင် ပြည့်ပြည့်စုံစုံ နားလည်ပြီးမှ သေသွားတာက အဓိပ္ပာယ် ပိုရှိတာပေါ့…”

All Chapters