← Chapters

ကွာဟမှု

Vol. 95 Ch. 1423

ကွာဟမှု

Vol. 95 Ch. 1423

လင်းရီ၏ အဖြေကို ကြားတော့ အန်းနင် ရုတ်ချည်းဆိုသလို စိတ်ထဲ ထိတ်လန့်လာကာ မလွယ်ကူသယောင် ခံစားလာခဲ့ရသည်။

“ ဒါဆို နင် ဘာလဲ ဆက်လုပ်မှာ… ဒါက မြောက်ပိုင်းနော်.. ကျိုးဟိုင်မဟုတ်ဘူး…”

လင်းရီ သူမ၏ မျက်လုံးကို မှိတ်ထားရင်း ဆက်လက် အနားယူနေသည်။

“ အေးဆေးပါ… ဒီတိုင်း လူမိုက်တစ်အုပ်လောက်လေးကို သူတို့မှာ အရေအတွက်ကလွဲလို့ ဘာမှရှိတာ မဟုတ်ဘူး.. ဘာကိစ္စ ကြောက်နေရမှာလဲ…”

“ နင်က တစ်ယောက်ချင်း တိုက်ခိုက်တဲ့ နေရာမှာ အားကောင်းရင် အားကောင်းမယ်.. ဒါပေမယ့် ပြဿနာက သူတို့မှာ အရေအတွက်က တော်တော့်ကို များတာနော်… ကျားတစ်ကောင်တောင် ဝံပုလွေ တစ်အုပ်ကို မယှဉ်နိုင်တာ နင် ဒါကိုတော့ နားလည်မှာပါ…”

“ ငါ ဒီတိုင်း သူတို့ကို ရှင်းရမှာ ပျင်းနေလို့… ငါသာ လုပ်ချင်ရင် ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ အကုန်ဖမ်းခိုင်းလိုက်လို့ရတယ်… “ လင်းရီ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဟွာရှ စိုက်ပျိုးရေး ဝန်ကြီးဌာနမှာ ပင်းချိန် စိုက်ပျိုးရေး သုတေသန စင်တာရဲ့ အဆင့်အတန်းနဲ့ အင်ဂျင်နီယာ အကယ်ဒမီမှာ ပညာရှင် တစ်ယောက် ဖြစ်တဲ့ ချိန်ရှီရဲ့ အဆင့်အတန်းနဲ့ ဆိုရင် စီမံအုပ်ချုပ်ရေး ရာထူးအရ သူက အနည်းဆုံးတော့ ဒါရိုက်တာ အဆင့် ရာထူးပဲ… အဲ့တာတောင် သူ့လိုလူက ငါ့ကို ရိုရိုကျိုးကျိုး ဆက်ဆံရတယ်ဆိုတော့ ဒီလို နယ်ခံ လူမိုက်လောက်လေးကို ငါ မကိုင်တွယ်နိုင်ဘူးလို့ မင်းထင်လား…”

လင်းရီ၏ စကားလုံးများက အန်းနင်ကို သူ၏ အထောက်အထား အပေါ် ပြန်ပြီး အကဲဖြတ်သွားစေခဲ့သည်။

ဤလူရဲ့ အထောက်အထားက စိတ်ကူးမယဉ်နိုင်လောက်သည်အထိ ရောက်ရှိနေတာမျိုး ဖြစ်နိုင်လေသည်။

သို့သော် သူက အသက် ၂၀ ကျော် အစိပ်လောက်သာ ရှိဦးမည် ဖြစ်ပြီး သူမထက်တောင် နည်းနည်း ငယ်ရွယ်နေသေးသည်။

ဒီလောက် အသက် ငယ်ငယ်လေးနဲ့ ဒီလောက် အမြင့်အထိ ဘယ်လိုရောက်အောင် တက်လာခဲ့တာလဲတဲ့…

အန်းနင် တိတ်ဆိတ်သွားခဲ့ပြီး မသိလိုက်စွာဖြင့် လင်းရီနှင့် နီကျန်းရန်ကို နှိုင်းယှဉ်လိုက်မိသည်။

နီကျန်းရန်ဆိုသည်မှာ ပညာတတ် မိသားစု အသိုင်းအဝိုင်းက ပေါက်ဖွားလာသူ တစ်ယောက်ပင်။ သူ့ ဆွေမျိုး မိဘများကလည်း အင်မတန် ချမ်းသာကြပြီး သူကိုယ်၌ကလည်း အတော်လေး အလုပ်ကြိုးစားသူ တစ်ဦး ဖြစ်သည်။

အတိတ်တွင်တုန်းက အန်းနင် ထင်ထားသည်မှာ နီကျန်းရန်က လုံလောက်အောင် ထူးချွန်နေသူတစ်ဦး ဖြစ်ထားပြီး ဟူ၍ပင်။

အကယ်၍ အခြား မတော်တဆမှုများ ရှိမလာဘူးဆိုပါက နောက်တစ်နှစ်တွင် ဆေးရုံ၏ တွဲဖက် ဒါရိုက်တာ ဖြစ်လာနိုင်သည်။

သူနှင့် ရွယ်သူများကြားတွင် နီကျန်းရန်နှင့် ယှဉ်နိုင်သူဟူ၍ မီးထွန်းရှာလျှင်တောင် ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပင်။ သို့သော် လင်းရီ၏ ပေါ်ပေါက်လာမှုက သူမ၏ အတွေးအမြင်များကို လုံးဝဥဿုံ ဆန်းသစ်သွားစေလေသည်။

၂၀ ကျော် လူတစ်ယောက်က သူ့မိဘများ၏ ပံ့ပိုးကူညီပေးမှု မပါဘဲနှင့် ယခုလို အမြင့်ထိ တက်ရောက်နိုင်ခဲ့သည်လော။

မယုံကြည်နိုင်စရာ ကောင်းလွန်းသည်ဟု အန်းနင် ခံစားလိုက်ရသည်။

“ မမ… မင်းငါ့ကို ဒီထက် စိုက်ကြည့်နေရင် ချစ်မိသွားဦးမယ်နော်… ကိုယ့်မှာ ကောင်လေး ရှိတယ်ဆိုတာလည်း သတိရဦး… ကိုယ့်စိတ်ကို ထိန်း…”

“ ဟင်….”

အန်းနင် ရှက်ရွံ့သွားခဲ့ပြီး သူမ၏ အကြည့်ကို အလျင်အမြန်ပဲ ပြန်လည်ရုတ်သိမ်းလိုက်၏။

“ ငါ ထင်တာ နင် မျက်လုံးမှိတ်ထားတယ်ပေါ့…”

“ မသိစိတ်ရဲ့ အမြင်နဲ့ ကြည့်နေတာလေ…”

“ မသိစိတ်ရဲ့ အမြင်လား…”

အန်းနင် စိတ်ထဲ ထားမနေတော့ပဲ လင်းရီကို တစ်ဖန်ပြန်ကြည့်လိုက်သည်။

“ နင် စိမ်လို့ ဝပြီမလား… အပြင်ထွက်ကြစို့..”

“ အင်း… သွားစို့လေ…”

နှစ်ယောက်သား ရေပူစမ်းထဲကနေ တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ရပ်လိုက်ကြ၏။

အန်းနင်က အရင်ဦးဆုံး ထွက်သွားလေရာ လင်းရီ သူမကို အကဲခတ်ရန် အခွင့်ကောင်း တစ်ခု ရရှိသွားခဲ့လေသည်။

အန်းနင်၏ ခြေတံများက ကြည့်ကောင်းလှသလို ဖြူသွယ် ရှည်လျားလှသည်။ သို့သော် ကျီချင်းရန်လောက်တော့ သွယ်လျခြင်း မရှိချေ။ ထို့ပြင် ဝမ်းဗိုက်၌ အဆီပို အနည်ငယ် ရှိပြီး အင်တာနက် ပေါ်ရှိ အမျိုးသားထု တော်တော်များများ နှစ်သက်ကြသည့် ခပ်ဝဝ ကောင်မလေး တစ်ယောက်ဟု သတ်မှတ်၍ရ၏။

အဆီပိုတို့က ရှိသင့်သည့် နေရာတွင် ရှိပြီး သွယ်လျသင့်သည့် နေရာ၌ ကြည့်ကောင်းစွာ သွယ်လျနေသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို အပြစ်ရှာချင်သည်ဆိုပါက အတော့်ကို ခက်ခဲလိမ့်မည်။ လင်းရီ ရိုးသားစွာဖြင့် သူမကို အမှတ်ပြည့်ပေးလိုက်၏။

အန်းနင်လည်း လင်းရီ၏ အကြည့်ကို မသိစိတ်က အာရုံခံမိသော်ငြား အတွေးတော့ မလွန်မိချေ။

နွေရာသီ၌ သူမ ယခုလောက်သာ ရှည်သည့် စကတ်အတိုများ ဝတ်ဆင်ဖူးသဖြင့် ဤသည်က ဘာမျှ မဟုတ်ချေ။

အကယ်၍ သူမသာ အကြည့်ခံရသည်ကို ရှက်ကြောက် ဖြစ်နေမည်ဆိုပါက စကတည်းက ဤနေရာသို့ မလာသင့်ပေ။ ထို့ကြောင့် ယခု အချိန်ကျမှ ဖုံးကွယ်နေလို့လည်း အသုံးမဝင်ချေ။

အခြားအချက်များကို မဆိုးထားသေးနှင့်၊ လင်းရီ၏ ချောမောခန့်ညားမှု တစ်ခုတည်းနှင့်ပင် လူချောလေး၏ အာရုံကို သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ဆွဲဆောင်နိုင်သည်မှာ နှစ်သက်ကျေနပ်ဖို့ ကောင်းလှပေသည်။

“ မင်း ဘယ်လဲ သွားနေတာ…” လင်းရီ နောက်ကနေ မေးလိုက်သည်။

အန်းနင် နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး “ ငါတို့ သွားပြီး အနှိပ်ခံကြမလို့ မဟုတ်ဘူးလား..”

“ ဒါဆို တဘက် ပတ်လေ… မင်းရဲ့ ပေါင်တုတ်တုတ်ကြီးတွေကို လူတကာ မြင်အောင် ပြပြီး လမ်းလျှောက်မလို့လား… ဂရုစိုက်ဦးလေ…”

“ နင့်ပေါင်ပဲ တုတ်တုတ်ကြီးတွေ… ဟွန့်… ငါ ဝတ်ချင်တာ ဝတ်မှာပေါ့…”

“ ဒီလိုဝတ်မယ်ဆို မရဘူး… မင်း လိုက်မနေနဲ့တော့…”

“ အာ…”

အန်းနင် ခေတ္တ တုံ့ဆိုင်းသွားခဲ့ရပြီး “ တစ်ယောက်မှ ဒီလို မဝတ်ကြဘူးလား…”

“ လူတိုင်းက တဘက် တစ်ထည်နဲ့ နေကြတာ…”

အန်းနင် တစ်ဖန် ရှက်ရွံ့သွားရပြန်ပြီး “ ငါက ဒီကို ခုမှ ရောက်ဖူးလို့လေ… ဟုတ်ပြီလား… အဲ့လို ဝတ်ရမှန်း ငါမှမသိတာ…”

“ မင်း spa သွားရင်ကော တဘက်နဲ့ မသွားဘူးလား..”

“ အား…. နားလည်ပြီ…”

အန်းနင် တဘက်တထည် ထုတ်ယူလိုက်ပြီး သူမ၏ ခါးကို ပတ်၍ လင်းရီနှင့် အတူ သီးသန့်ခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

အနှိပ်သည် ကောင်မလေး နှစ်ယောက်ကတော့ ဤသို့ ထိပ်တန်း အလှလေးကို ဤနေရာသို့ ခေါ်လာနိုင်သည့် လင်းရီ၏ အစွမ်းအစကို အံ့အား မချီးမွမ်းဘဲ မနေနိုင်ချေ။

ကုတင် ပေါ်တွင် လဲလျောင်းနေသည့် အန်းနင်ကတော့ မျက်လုံးစုံမှိတ်ထားပြီး အထိအတွေ့တွင် သာယာနေကာ အနှိပ်ခံရသည်က အတော်လေး သက်တောင့်သက်သာ ရှိသည်ဟု ခံစားနေရ၏။

ထို့ပြင် သူမတို့ဘေးတွင်လည်း အသီးနှင့် သောက်စရာများ ချထားပေးသေးသည်။ ယခုလို အနှိပ်မျိုးဆိုလျှင်တော့ ထွေထူး ကိစ္စကြီးတစ်ခု ဖြစ်မည်လို့ သူမ မထင်မိပေ။

နှစ်နာရီ နီးပါးလောက် ကြာပြီးနောက် သူတို့ နှစ်ယောက်သည် ရေချိုးစင်တာထဲက လန်းဆန်းတက်ကြွစွာဖြင့် ထွက်လာခဲ့ကြ၏။

ညလေညင်းတို့က အန်းနင်၏ ရှည်လျားသည့် ဆံနွယ်များကို တိုက်ခိုက်သွားပြီး ပျံ့ကျဲ့သွားသည့် ဆံစလေးများအား သပ်သပ်ရပ်ရပ် ဖြစ်အောင် မပြုဘဲ မနေနိုင်ချေ။ လင်းရီ ကြည့်ရင်းဖြင့် အမျိုးသမီးတို့၏ အလှကို ချီးမွမ်းမိ၏။ ဤပိုးသားဆံနွယ်တို့ကလည်း လှခြင်းကို ထပ်ပိုးတိုးစေသည့် အင်္ဂါရပ်တစ်ခုပင်လော။

အန်းနင် ဆံစများကို စုစည်း၍ မြင်းမြီးပုံစံ ချည်နှောင်ထားလိုက်သည်။ ယင်းက သူမကို ပို၍ အရပ်ရှည်သွားစေပြီး ခပ်မိုက်မိုက် အယ်လ်ဖာ ကောင်မလေး သဖွယ် ဖြစ်သွားစေသည်။

“ နင့်မှာ တခြား ဘာအစီအစဉ်တွေ ရှိသေးလဲ.. ငါလိုက်ပို့ပေးမယ်…”

“ ငါ ဘာမှ လုပ်စရာ မရှိတော့ဘူး… ပြန်ပြီး အိပ်တော့မှာ…”

“ သွားပြီး သောက်ကြရင်ကော…”

အန်နင် ရှေ့တန်းတန်းသို့ ကြည့်လိုက်ပြီး လင်းရီကို တမင်တကာ အကြည့်ချင်း မရင်ဆိုင်ချေ။

ကြည့်ရသည်မှာ သူမက လင်းရီနှင့် အတူ သောက်ချင်နေသော်လည်း မျက်နှာချင်းဆိုင်ပြီး ပြောရမှာကို ရှက်ရွံ့နေဟန်တူသည်။

ယခုလိုကျတော့ သူမ ငြင်းဆန်ခံလိုက်ရလျှင်ပင် အရှက်ရစရာ မလိုတော့ချေ။

“ စောနက ကိစ္စကို စိတ်ထဲက မထုတ်နိုင်သေးဘူးလား…”

“ ငါက နင့်အတွက် အဲ့လောက်ထိ စိတ်ဓာတ်မပြတ်သားနိုင်တဲ့ လူစားမျိုး ဖြစ်နေတယ်လို့ နင်ထင်လို့လား…” အန်းနင် ထူးမခြားနား အမူအရာဖြင့် ပြန်မေးလိုက်ပြီး “ ဒီတိုင်း အိမ် မပြန်ချင်ရုံပဲ… နင် တခြား ဘာမှ စီစဉ်ထားတာ မရှိဘူးဆိုရင် အရက် မသောက်ရလည်း အဆင်ပြေတယ်…”

“ မင်းက ဒီလိုတွေ ပြောနေတယ်ဆိုတော့ ဒီည မင်းကို မူးအောင်တိုက်ပြီး ဟိုတယ် ခေါ်သွားလို့ရတယ်ဆိုပြီး အထာတွေ ပေးနေတာလား ဟမ်…”

အန်းနင် မရယ်မောဘဲ မနေနိုင်ချေ။ သူမ၏ ရွှေရင် အစုံမှာ လှုပ်ခါနေပြီး ချိုသာလှသည့် သူမ၏ အသံကို လေညင်းတို့က သယ်ဆောင်သွားခဲ့၏။

“ နင့် လေသံ နားထောင်ကြည့်တာနဲ့တင် နင်က ဝါရင့် သမ္ဘာရင့် အကောင်စုတ် အကြီးစားကြီးဆိုတာ ပြောနိုင်တယ်… ဒါပေမယ့် ငါ့ကို မူးအောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး…”

“ ကားပေါ်တက် … ငါတို့တွေ အပြင်ရောက်လာပြီ ဆိုမှတော့ တစ်ရက်တစ်လေလေးလောက်တော့ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးပေးသင့်တာပေါ့…”

လင်းရီ မျက်လုံးလှန်ကြည့်လိုက်ပြီး အနည်းငယ် ပြောစရာ စကား ကင်းမဲ့နေတော့သည်။

“ ဘာလို့ ငါ့ကို အဲ့လို လာကြည့်နေတာလဲ…”

“ မင်းက တစ်ဆိတ်ကို တစ်အိတ် ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတာပဲလို့…” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း သောက်မှာနဲ့ စိတ်ကို အလွှတ်ပေးမှာ ဘာဆိုင်လို့… “

“ အလုပ်ကြောင့်မို့ ငါက နည်းနည်းလေးပဲ သောက်လို့ရတယ်.. ပြီးတော့ ဘားမှာဆိုလည်း အခြေအနေတွေက နည်းနည်း ရှုပ်ထွေးတတ်တော့ အချိန်တိုင်းလိုလို သတိနဲ့ကိုယ်နဲ့ ကပ်ထားရတယ်လေ… ဒါကြောင့်မို့ များများစားစား မသောက်နိုင်ဘူး… အမြဲလိုလို နည်းနည်းလေး သောက်ပြီးတာနဲ့ ငါ တော်ပြီ…”

“ ဒါပေမယ့် နင်ပါ ငါနဲ့အတူ လိုက်လာမယ်ဆိုတော့ ထွေထူး ဂရုစိုက်နေစရာ မလိုတော့ဘူးလေ…”

“ ငါ့ကို လူကြီးလူကောင်း တစ်ယောက်လို ဆက်ဆံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်… မင်းက ငါ့ကို အရှက်ရအောင် လာလုပ်နေတာပဲ…”

“ တကယ်တမ်းကျ… နင့်လိုလူစားမျိုးတွေက အပြောပဲ ရှိတာ… အခွင့်အရေး ပေးလို့ ရှိရင်တောင် နင်တို့ လုပ်ဝံ့ကြမှာ မဟုတ်ဘူး…”

“ မဟုတ်ပါဘူး… ဒီတိုင်း အဓိကက ငါ့မှာ အိုစီဒီ ရှိလို့….”

“ အိုစီဒီလား… ဘယ်လို အိုစီဒီမျိုးလဲ….”

“ ငါက D cup အောက်က မိန်းကလေးတွေကို စိတ်မဝင်စားဘူး…”

အန်းနင်၏ အမူအရာ အေးခဲသွားခဲ့သည်။

မူလတုန်းက သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ပတ်သက်၍ ယုံကြည်ချက် အပြည့် ရှိနေသော်လည်းပဲ လင်းရီ၏ ယခုလေးတင် ပြောလိုက်သည့် စကားလုံးတို့က သူမအတွက် အတော်လေးကို ပြင်းထန်လှ၏။

D cup အောက်က အမျိုးသမီးတွေကို လူသားလို့ ခေါ်ဖို့ မထိုက်တန်လို့လား…

“ ဒီတိုင်း စင်တီမီတာ နည်းနည်းလောက်လေးပဲ ကွာတာကို ရေးကြီးခွင်ကျယ် လုပ်စရာ လိုလို့လားဟယ်…”

“ အဲ့ဒီ စင်တီမီတာ နည်းနည်းလေးကို သွားပြီး အထင်မသေးလိုက်နဲ့… ဆံတစ်ဖျားစာ ကွာတာကလည်း လက်တွေ့ အခြေအနေတွေ့မှာ မိုင်ထောင်ချီ ကွာဝေးတာနဲ့ ညီမျှတယ်…”

လင်းရီ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး သူ့လေသံက အမျိုးသားရေးဆိုင်ရာ အရေးကြီး ကိစ္စတစ်ရပ်ကို ဆွေးနွေးနေသကဲ့သို့ တည်ငြိမ်လှသည်။

“ နောက်ပြီးတော့ သုံးဖက်မြင် ဖွဲ့စည်းပုံရဲ့ အမြင်သက်ရောက်မှုကလည်း မတူညီဘူး..”

အန်းနင် “ ??? “

All Chapters