← Chapters

ဒီ အရက်က အတော်ပြင်းတယ်

Vol. 95 Ch. 1424

ဒီ အရက်က အတော်ပြင်းတယ်

Vol. 95 Ch. 1424

“ မင်းက ဒါလေးတောင် မသိဘူးပေါ့… တော်တော် ရိုးအတာပဲ…”

အန်းနင် အချိန်အတော်ကြာသည်ထိတိုင်အောင် တွေးတော စဉ်းစားကြည့်သည်။ သို့တိုင် ဘာကို ဆိုလိုချင်နေမှန်း နားမလည်နိုင်ပဲ ရှိနေသည်။

“ နင် ဘာတွေ ပြောနေတာလဲ… လူစကားပြောလေ… လူစကားပြောမှ ငါက နားလည်မှာပေါ့… အဲ့တာက ဘာနဲ့ သွားဆိုင်လို့…”

“ ဟမ့်…” လင်းရီ ပြောလိုက်ပြီး “ မင်း ကောက်ညင်းလုံးကို တူနဲ့ ညှပ်ဖူးလား…”

“ ဒါပေါ့…”

“ တူ ဘယ်နှစ်ချောင်းနဲ့လဲ…”

“ နှစ်ချောင်းလေ… ဒါပေါ့… မေးနေစရာ လိုသေးလို့လား…”

“ ဒါဆို မင်း ကောက်ညင်းလုံး နှစ်လုံးကို တူတစ်ချောင်းတည်းနဲ့ ညှပ်ဖို့ ကြိုးစားကြည့်ဖူးလား…”

ပြောပြီးနောက် လင်းရီ အော်ဒီကားလေးထဲသို့ ဝင်သွားလိုက်သည်။

အန်းနင် နောက်ဆုံးတော့ သူ ဘာကို ဆိုလိုချင်နေလဲဆိုတာ နားလည်သွားခဲ့ပြီး သူမ မျက်နှာတစ်ခုလုံး နီရဲတက်လာသည်။

“ သေလိုက်လေ… ငါက ညှပ်ဖူးရမှာလား..”

ကားထဲတွင်တော့ နှစ်ယောက်မှာ ရောက်တတ်ရာရာ စကားတွေ ပြောဆိုနေကြသည်။

သို့သော် သူမ ထိုင်ခုံ ခါးပတ်ကို ပတ်သည့် အခါ၌ အန်းနင်မှာ သူမ၏ တစ်စုံတစ်ရာသော သာလွန်ကြီးမြတ်မှုကို ဖော်ပြရန် အလို့ငှာ တောင်ပို့ကြီး နှစ်ခုကြားတွင် ခါးပတ်ကြိုးတန်းလိုက်ပြီး တစ်စုံတစ်ခုကို အတည်ပြုချင်နေဟန်ပင်။

သို့သော် လင်းရီကတော့ ကြည့်ရန်ပင် စိတ်ပါနေခြင်း မရှိချေ။

လင်းရီမှာ သစ္စာတရား ကြီးမားလှသူပင်။ အကယ်၍ D cup မဟုတ်ဘူးဆိုပါက သူ လုံးဝ စိတ်မဝင်စားချေ။

သို့သော် လူဆိုသည်မှာလည်း ထူးဆန်းသည့် သတ္တဝါများ ဖြစ်ကြ၏။ အထူးသဖြင့်တော့ အမျိုးသမီးများပင်။

အကယ်လို့ ခင်များက ထို အချင်းအရာကို မသိမသာ ခိုးကြည့်မည် ဆိုပါက မျက်နှာ ဖြတ်ရိုက်ခံရပြီး ကမ္ဘာကြီး တစ်ခုလုံးလည်း ခင်များက မည်သို့သော လူစားမျိုး ဖြစ်သည်ကို သိကုန်ကြလိမ့်မည်။

သို့သော် ခင်များက လုံးဝ စိတ်မဝင်စားဘဲ တစ်ချက်ကလေးမျှ ကြည့်ရှုရန်ပင် စိတ်မပါ ဖြစ်နေသည်ဆိုပါက သူတို့စိတ်ထဲ ထူးဆန်းသလို ခံစားရလိမ့်မည်။

သူတို့တွေ စပြီး တစ်ဖက်သား၏ အာရုံစူးစိုက်ခြင်းခံရအောင် အမျိုးမျိုး ပြုမူကြလိမ့်မည်။

ဒါပေါ့၊ အခြေအနေတွေကလည်း တစ်ဖက်သူရဲ့ ပုံပန်းသဏ္ဌာန် ၊ အခြားသော အခြေအနေအရပ်ရပ်အပေါ်မှာ မူတည်နေပါသေးသည်။

အနှစ်ချုပ်ရသော် မိမိရဲ့ အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားသည်က အကောင်းဆုံးဖြစ်၏။ မဟုတ်ပါဘဲ မဆင်မခြင် ပြုမည် ဆိုလျှင်တော့ ခင်များအမေ ခင်များကို ဆော်ပလော်တီးသလို ခင်များရဲ့ သေခြင်းတရားကလည်း ကျိုးကြောင်း မသင့်ဘဲ လွှဲဖယ်ရှောင်သာခြင်း မပြုနိုင် ဖြစ်သွားလိမ့်မည်။ ( ကိုယ့်အမေက အကြောင်းမရှိ လာရိုက်သလိုမျိုး ကိုယ်ကလည်း မဆီမဆိုင် ဘာလုပ်မိမှန်းမသိဘဲ သေသွားရမယ်ကို ဆိုလိုတာပါ၊ ရေးတာက စကားရှုပ် ဖြစ်သွားလို့ )

အန်းနင် လင်းရီကို ‘ Muse’ ဆိုသည့် ဘားတစ်ခုထံ ခေါ်ဆောင်လာခဲ့သည်။

ပုံမှန် ဘားများကဲ့သို့ ပြင်ဆင်ထားပြီး ဆူညံနေသည့် တေးဂီတတို့ဖြင့် စိတ်လွတ်ကိုယ်လွတ် သီချင်းများ လိုက်သီဆိုရင်း ရင်ထဲ ခံစားချက်တို့ အများကြီး ပေါ့ပါးသွားနိုင်လေသည်။ စိတ်ကျနေသူများ ဆိုပါက ဤနေရာသို့ လာပြီး စိတ်အပမ်းဖြေသင့်သည်။

လင်းရီနှင့် အန်းနင်တို့၏ ရောက်ရှိလာမှုက အမျိုးသားနှင့် အမျိုးသမီး များစွာတို့၏ အကြည့်များကို ဆွဲဆောင်သွားခဲ့လေသည်။

လှပသည့် မိန်းကလေးနှင့် ချောမောခန့်ညားသည့် ကောင်လေးတို့၏ တွဲဖက်မှုက ဘယ်နေရာသို့ သွားသွား အမြဲတမ်း အာရုံစိုက်ခြင်း ခံရသည်။

“ အာ… အဲ့ အမျိုးသမီးကို ငါနည်းနည်း ရင်းနှီးနေသလိုပဲ… ငါ့စိတ်ထဲ တနေရာရာမှာ မြင်ဖူးသလားလို့…”

ထိုသို့ ပြောလိုက်သူက ကျန်းရှောင်ကျွင်းဆိုသည့် အမျိုးသား တစ်ဦးပင်။ သူက သာမန် အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားပြီး အသက် သုံးဆယ် အရွယ်မျှ ရှိသေးသည်ဟု ထင်ရသည်။

“ ဟေ့ကောင်… မင်းကလည်း လှတဲ့ မိန်းကလေးမှန်သမျှ မြင်ဖူးတယ်ချည်း စွတ်လုပ်နေတာပဲ… မိန်းမလှလေး မြင်တာနဲ့ကို ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူးလားကွ… စိတ်မထိန်းနိုင်လို့ ရာဇဝတ်မှုတွေ ကျူးလွန်မိရင် ပြဿနာ အကြီးကြီး‌တွေ တက်ကုန်မှာနော်…”

ပြောလိုက်သူကတော့ အသက်လေးဆယ် အရွယ်ဟု ထင်ရသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးပင်။ လင်းရီနှင့် အန်းနင်တို့ နှစ်ဦးလုံး သူ့ကို သိကြသည်။ သူက နေ့ခင်းပိုင်းတုန်းက ချိန်ရှီ၏ အလုပ်ဖြုတ်ခြင်းကို ခံလိုက်ရသည့် တုယွီ့မင်ပင်။

ကျန်းရှောင်ကျွင်း ဆိုသည်မှာ သူ၏ ဝမ်းကွဲဖြစ်ပြီး အလုပ်ပြုတ်သွားသောကြောင့် စိတ်ဓာတ်ကျနေသဖြင့် ဘားသို့ အရက်သောက်ရန် လှမ်းခေါ်ထားခြင်းပင်။

“ ငါ့မှာ တခြားအတွေးတွေ မရှိပါဘူးဟ… ဒါပေမယ့် အဲ့ အမျိုးသမီးက တကယ်ကြီး ရင်းနှီးသလို ရှိနေလို့…” ကျန်းရှောင်ကျွင်း ပြောလိုက်ပြီး “ ငါ မင်းရဲ့ ဌာနကို အရင်လတုန်းက လာခဲ့တာ မှတ်မိသေးလား… အဲ့ အမျိုးသမီး ကြည့်ရတာ မင်းတို့ ဌာနက ဖြစ်ပုံပဲနော်…”

“ ငါတို့ ဌာနက ဟုတ်လား… မဖြစ်နိုင်လိုက်တာ…”

“ မယုံဘူးဆိုလည်း ကိုယ့်ဘာကိုယ်လှမ်းကြည့်လိုက်ကွာ…”

ကျန်းရှောင်ကျွင်း၏ အကြည့်များနောက် လိုက်ကြည့်လိုက်တော့ တုယွီ့မင် လင်းရီနှင့် အန်းနင်တို့ အတူလမ်းလျှောက်လာသည်ကို မြင်တွေ့သွားခဲ့ပြီး အံ့အားသင့်သွားခဲ့တော့၏။

“ တကယ်ကြီး ဒင်းတို့ပဲ..” တုယွီ့မင် အံကို တင်းတင်းကြိတ်လိုက်သည်။

“ ဘာဖြစ်တာလဲ ၊ ကော… မင်း ကြည့်ရတာ လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားချင်နေတဲ့ ရုပ်ကြီးနော်…”

“ အဲ့ဒီ ကောင်ကြောင့်ပဲ ငါ အလုပ်ပြုတ်သွားခဲ့တာ… “ တုယွီ့မင် မည်းမှောင်နေသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ မဟုတ်ရင် ငါ့ရဲ့ သံမဏိ ထမင်းအိုးကြီး ကွဲသွားစရာ အကြောင်း မရှိဘူး…”

“ ချီးတဲ့မှ ဒီကောင်က ငါ့ ညီအစ်ကိုရဲ့ ထမင်းအိုးကို လာလုဝံ့နေတယ်ပေါ့…”

ကျန်းရှောင်ကျွင်း ဆေးလိပ်တိုကို ကြမ်းပြင်သို့ လွင့်ပစ်၍ ခြေထောက်နှင့် နင်ခြေပစ်လိုက်သည်။

“ ဒီနေ့တော့ ဒင်းနဲ့ စကားကောင်းကောင်း ပြောပေးရတော့မှာပေါ့…”

“ မင်း စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့…” တုယွီ့မင် ကျိုးကြောင်းဆင်ခြင်မှု ရှိစွာဖြင့် ကျန်းရှောင်ကျွင်းကို တားမြစ်လိုက်သည်။

“ အဲ့ ကောင်က တော်တော်လေး အာဏာ ရှိတဲ့ တန်းစားထဲကကွ… သူက ငါတို့ အပြစ်ပြုလို့ရနိုင်တဲ့ တစ်စုံတစ်ယောက် မဟုတ်ဘူး… မဟုတ်ရင် သူ့ကြောင့်နဲ့ ငါ အလုပ်ပြုတ်သွားစရာ အကြောင်း မရှိဘူး… ပြီးတော့ မင်းက ခုမှ စောင့်ကြည့်ကာလ ရှိသေးတာ.. မရူးမိုက်စမ်းနဲ့…”

“ ငါတို့ ဒီတိုင်းပဲ ထားလိုက်တော့မှာလား…”

“ ဘာတတ်နိုင်မှာ.. သူ့ကို အပြစ်ပြုလို့လည်း မရဘူးလေ…” တုယွီ့မင် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

“ အဲ့ဒီ စိတ်ညစ်စရာ ကိစ္စတွေ မပြောနဲ့စို့ကွာ… သူတို့နဲ့ ဒီမှာ လာတွေ့တာ ငါ့ကံ တော်တော်ဆိုးနေတာပဲ… ဒီ တစ်ခွက်သောက်ပြီးရင် ပြန်ကြစို့… “

“ ဘာလို့ ပြန်မှာလဲ…” ကျန်းရှောင်ကျွင်း ဆော့မြူကျီစယ်ချင်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ သူက မင်းကို အလုပ်ပြုတ်အောင် လုပ်ခဲ့တယ် … ဘယ်လိုပဲ ဖြစ်ဖြစ် ငါ အဲ့ကောင်နဲ့ စကား ပြောမှကို ရမှာ…”

အကြောင်းမူကား သူ ထောင်က လွတ်လာသည်မှာ တစ်နှစ်လောက်သာ ရှိသေးပြီး တုယွီ့မင်က သူ့ကို အများအပြား ကူညီပေးထားခဲ့သည်။ ယခု သူ၏ ကျေးဇူးရှင် ညီကိုက ယခုလို ဖြစ်ရပ်မျိုးဖြင့် ကြုံတွေ့လာခဲ့ရသည်ဆိုတော့ သူ ဒေါသမဖြစ်ပဲ မနေနိုင်ချေ။

“ ငါ မင်းကို ခုလေးတင် ပြောခဲ့ပြီးပြီ မလား… အဲ့လူက သာမန် မဟုတ်ဘူးဆိုနေ… ငါတို့သူ့ကို ဘယ်လိုမှ အပြစ်ပြုလို့ မရဘူး…”

“ ငါတို့ သူ့ကို အပြစ်ပြုလို့ မရဘူး.. ဒါပေမယ့် ငါ့ဒေါသတွေ ပုံချဖို့ကတော့ လွယ်လွယ်လေးပါ…”

“ မင်း ဘာပြောချင်တာ…”

ကျန်းရှောင်ကျွင်း သူ့ဖုန်းကို ကိုင်လိုက်ပြီး “ ငါ ထောင်ကျတဲ့ နှစ်နှစ်အတွင်းမှာ သူငယ်ချင်းတွေ အများကြီး ရခဲ့တယ်… ငါ ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ သူတို့ကို ဒီခေါ်လိုက်လို့ရတယ်… ညက မှောင်ပြီး လေလည်း ပြင်းတယ်… ငါတို့ အဲ့ကောင်ကို တိတ်တိတ်လေး ချောင်းရိုက်လို့လည်း ရတာပဲ … ဘယ်သူကမှလည်း ဘာဖြစ်သွားလဲ သိလိုက်မှာ မဟုတ်ဘူး… ငါတို့လည်း ဒေါသကို ဖြေဖျောက်နိုင်မယ်…”

ကျန်းရှောင်ကျွင်း၏ စကားလုံးကို ကြားတော့ တုယွီ့မင်၏ မျက်လုံးများ လက်ခနဲ ဖြစ်လာသည်။

“ ဒါပေမယ့် မင်း သိုသိုသိပ်သိပ် လုပ်မှတော့ ဖြစ်မှာနော်.. ငါတို့ နှစ်ယောက် ဘယ်သူပါဆိုတာ ဖော်ထုတ်လိုက်လို့ မဖြစ်ဘူး..”

“ ကော… မင်း စိတ်ချ… ငါ ဘာလုပ်နေလဲ ငါသိတယ်… ငါ မင်းကိုယ်စား ကျိန်းသေပေါက် ဂရုစိုက်ပေးလိုက်မယ်…”

အခြားတစ်ဖက်ခြမ်းတွင်တော့ လင်းရီနှင့် အန်းနင်မှာ ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ကြ၏။

“ နင် ဘာသောက်မလဲ… ငါ တိုက်မယ်…”

“ တောင်ပိုင်းမှာ မရှိတဲ့ မင်းတို့ဆီက အထူး ခပ်ပြင်းပြင်း အရက်လေးတွေ သောက်ချင်တယ်…”

“ အထူး ခပ်ပြင်းပြင်းလေးတွေလား…” အန်းနင် သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး “ ငါ တောင်ပိုင်းက ဘားတွေ ရောက်ဖူးပါတယ်… နင်တို့ဆီက အရက်က ပျော့လွန်းတယ်… ငါတို့မှာ မြောက်ပိုင်းက အထူး အပြင်းစား အရက်ရှိတယ်… နင် သောက်ပြီး ပြန်အန်ထွက်မှာပဲ ငါကြောက်တာ…”

“ မင်း အတည်ကြီး ပြောနေတာလား… ငါ့ကို လာညာမနေနဲ့… ငါ သောက်နေတာ ကောလိပ်ကတည်းကရင် တစ်ခါမှ ပြန် မအန်ဖူးဘူး…”

“ ဒါဆို နင်မြည်းစမ်းကြည့်ချင်လား…”

“ ဒါပေါ့.. ရောက်လာပြီးမှတော့ ကျိန်းသေပေါက် မြည်းစမ်းကြည့်ရမှာပေါ့….”

“ နင့်ဘာနင် ပြောတာနော်… ပျို့လာရင်လည်း အကျိုးဆက်ကို နင့်ဘာနင်ခံ…” အန်းနင် ပြောလိုက်သည်။

“ ဒီနေ့တော့ မိန်းမလှလေး အထင်ကြီးသွားအောင် အစွမ်းတွေ ပြခွင့်ပြုပါ…”

အန်းနင် ဝိတ်တာကောင်မလေးကို လှမ်းခေါ်လိုက်ပြီး သစ်သီးဖျော်ရည်နှင့် အရက် ဆယ်ပုလင်းကျော်လောက် မှာလိုက်ပြီး စားပွဲ အပြည့် ဖြစ်သွားစေသည်။

“ ငါတို့က ရုရှားနဲ့ အရမ်းနီးတော့ အရက်တော်တော်များများကို ဗော့ဒ်ကာနဲ့ပဲ လုပ်ထားတာ… နင် ပြဿနာ မရှိဘူးဆိုတာ သေချာပါတယ်နော်…”

လင်းရီ စားပွဲပေါ်ရှိ ဘီလူဂါ ဗော်ဒ်ကာ တစ်ချက်ကြည့်လိုက်သည်။

“ မင်းက ဒါကို ပြောနေတာလား…”

အန်းနင် ခေါင်းညိမ့်လိုက်သည်။

“ ဒီ ဘရန်းက နာမည်ကြီး ဗော်ကာပဲ… အရမ်းကြီး ဈေးကြီးတဲ့ထဲ မပါဘူးဆိုပေမယ့် ပြင်းတယ်ဆိုပြီး နာမည်ကြီးတယ်… ဒီတော့ နင် မသောက်ခင် နှစ်ခါစဉ်းစား.. အများကြီးသောက်ရင် ငါတို့က တနယ်ကျေးသားတွေကို အနိုင်ကျင့်တယ်ဆိုပြီး မငိုနဲ့…”

“ မလိုပါဘူး… အကုန်လုံးက အရွယ်ရောက်ပြီးသား လူတွေကို ဒီ အရက် နည်းနည်းလေးလောက်တော့ ငါလည်း သောက်နိုင်ပါတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့ချည်း ပြောမနေနဲ့ဦး… မင်းရော ဒီလို အရက်မျိုး သောက်နိုင်လို့လား…”

အန်းနင် ပြုံးပြီး လက်သုံးချောင်း ဆန့်ထုတ်လာကာ သူ့အား မထီမဲ့မြင် ပြုနေဟန်ပင်။

“ ဒါဆို မင်းရဲ့ အရက်ဒဏ်ခံနိုင်စွမ်းလည်း မသေးလောက်ဘူးပဲ…”

ပြောပြီးသည်နှင့် လင်းရီသည် စားပွဲပေါ်ရှိ ဘီလူဂါ ဖော့ကာကို ကလစ်သံ တစ်ချက်နှင့် အဖုံးဖွင့်လိုက်လေသည်။

ဂလု …

ဂလု ...

ဂလု …

မိနစ်ဝက်ခန့် ကြာတော့ လင်းရီ ဗော့ကာ တစ်ပုလင်းလုံးကို အပြတ်ဖြတ်ပစ်လိုက်ပြီး တစ်စက်ပင် ချန်ထားခြင်း မရှိချေ။

ဟစ်…

လင်းရီ မျက်မှောင်ကြုတ်ပြီး လျှာကို သပ်လိုက်၏။

“ ဒီကောင်က တော်တော်ပြင်းတယ်ဆိုတာတော့ ငါ ဝန်ခံရမယ်… မင်းက ဒါကို သုံးပုလင်း ချနိုင်တယ်ဆိုတော့ တော်တော် အထင်ကြီးဖို့ ကောင်းသားပဲ….”

( T/N : လိုက်မလုပ်ကြနဲ့နော် ရောင်းရင်းတို့၊ အခက်မသင့်ရင် တကယ်ကြီး မာလကီးယားသွားလိမ့်မယ်…)

All Chapters