← Chapters

ထပ်ပြီးလိုက်ဖမ်းခံရခြင်း

Vol. 23 Ch. 312

ထပ်ပြီးလိုက်ဖမ်းခံရခြင်း

Vol. 23 Ch. 312

မြူထုများနှင့် ရေကန်က ပုံမှန်အတိုင်း တိတ်ဆိတ်နေခဲ့သည်။

ဝှစ် …

တိတ်ဆိတ်မှုက ရုတ်တရက် ဖြိုခွင်းခံလိုက်ရသည်။ လူတစ်ယောက်သာ သေချာကြည့်ပါက ဒြပ်မဲ့နေသော ပုံရိပ်နှင့် ခြေထောက်တွင် ရွှေရောင်မှုလချီများက ထိုပုံရိပ်၏ အလျင်နှုန်းကို ထောက်ပံ့ပေးနေကာ ရေထုကို ဖြတ်၍ အလွန်လျင်မြန်စွာ ပြေးနေသော သူတစ်ဦးကိုတွေ့ရမည် ဖြစ်သည်။

ထိုသူကား အမှန်တကယ်ပင် ဇူယွမ်ဖြစ်သည်။

သူ၏ လက်ရှိအခြေအနေမှာ အတော်လေးကို သွေးဆုတ်ဖြူရော်နေခဲ့ပြီး ဦးရေခွံမှာလည်း ကျိန်းစပ်မတတ် နာကျင်နေပြီ ဖြစ်သည်။ အစောပိုင်းတွင် တွေ့မြင်လိုက်ရသည့် မြင်ကွင်းက သူ့အား အကြီးအကျယ် တုန်လှုပ်စေပေသည်။

သူကြုံရာရွေးလိုက်သည့် လမ်းကြောင်းက လီချင်းချန် ရေပူစမ်းစိမ်နေသည့် နေရာသို့ ရောက်ရှိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အစောပိုင်း ထိုမိန်းမ၏ အကြည့်တွင် ပါဝင်နေသည့် သတ်ဖြတ်ခြင်း အငွေ့အသက်မှာ သူ့အား အမှန်ပင် သတ်လုနီးနီးပင် ဖြစ်သည်။

“ငါတော့ အဆုံးသတ်ပြီး” ဇူယွမ်မှာ သူ၏ လက်ရှိအခြေအနေကို ဝမ်းနည်းမဆုံး ဖြစ်နေခဲ့သည်။

ဘုန်း ...

သူ့အနောက်ရှိ ရေပြင်မှာ ရုတ်တရက် ကွဲထွက်သွားခဲ့သည်။ ဇူယွမ်က အနောက်သို့ လှည့်ကြည့်လိုက်လျှင် လျင်မြန်သော အမြန်နှုန်းဖြင့် ရေထုကို ဖြတ်ကာ သူဆီသို့ တန်းမတ်စွာ လာနေသည့် လီချင်းချန်ကို မြင့်လိုက်ရသည်။ တိုက်ခိုက်လိုသည့် မူလချီ အငွေ့အသက်များမှာ သူမ၏ ခန္ဓာကိုယ်တွင် ယှက်သိုင်းလျက်ရှိသည်။

သူမ၏ ပတ်ပတ်လည်ရှိ အေးစက်စက် အရှိန်အဝါများကြောင့် သူ့အား အလွတ်ပေးမည် မဟုတ်သည်မှာ သိသာ ထင်ရှားနေပေသည်။

များပြားလှသော ရေများခွဲဖြာထွက်နေသော ကြားထဲတွင်မှာ လီချင်းချန်၏ သတ်ဖြတ်လိုစိတ် ပြည့်နေသော အကြည့်ကို ဇူယွမ်က အဝေးမှ ခံစားမိပေသည်။

ထိုအကြည့်က ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ တိုင်အောင် အေးခဲစေပြီး သူ၏ မူလချီများကို ပျံ့နှံ့ လည်ပတ်စေပြီးနောက် သူ၏ အကန့်အသတ် အမြန်နှုန်းထိ ထုတ်ဖော်လိုက်ပြီး ရူးသွပ်စွာဖြင့် ထွက်ပြေးလေတော့သည်။

သို့သော်လည်း သူမည်မျှပင် အရှိန်တင်၍ ပြေးစေကာမှု လီချင်းချန်မှာ သူ၏အနောက်တွင် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး သတ်ဖြတ်လိုသည့် အငွေ့အသတ်များက ပို၍ပင် ဒေါသတကြီး ထွက်ပေါ်လာပေသည်။

“အစ်မတော်လီ၊ ဒါက မထင်မှတ်ပဲ ဖြစ်သွားတာပါ။ ရေမျက်နှာပြင်ပေါ်မှာ တစ်ယောက်ယောက် ရှိနေမှန်း ကျွန်တော် တကယ်မသိခဲ့ပါဘူး” ဇူယွမ်၏ အသံက သူ၏ မှုလချီများနှင့်အတူ လီချင်းချန်ထံသို့ ရောက်ရှိသွားပြီး သူမအား စိတ်ငြိမ်စေရန် ကြိုးပမ်းလိုက်သည်။

သို့သော်လည်း လီချင်းချန်က သူ၏ စကားလုံးများကို ဂရုမစိုက်ပေ။ သူမ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာခြင်းနှင့်သာ အဆုံးသတ်ခဲ့သည်။ သူမ၏ လက်အားဆုပ်လိုက်သည်နှင့် မူလချီများမှာ မြင့်တက်လာခဲ့ပြီး အေးစက်စက် အလင်းရောင်များ တောက်ပနေသည့် မရေမတွက်နိုင်သော ကြာပဒုမ္မာ၏ ပွင့်ချပ်များအသွင် ပြောင်းလဲသွားခဲ့သည်။

ဝှစ် … ဝှစ် ...။

ဓားသွားကဲ့သို့ ပွင့်ချပ်များက အရှေ့သို့ထိုးတက်သွားပြီး ဇူယွမ်၏ သေကွင်းသေကွက်များကို ဦးတည်လိုက်သည်။

ဇူယွမ်က နောက်ကျောဘက်ဆီမှ အေးစက်စက် အငွေ့အသက်များကို ခံစားမိလိုက်ပြီးနောက် သူ၏ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်ကျင့်စဉ်ကို အထွတ်အထိပ်အဆင့်ထိ တိုးမြှင့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ အံဖွယ်စပါးအုံးကြေးခွံက သူ၏ ကျောဘက်တွင် ပေါ်ထွက်လာခဲ့ပြီးနောက် ဘယ်ညာယိမ်းကာဖြင့် မူလချီပွင့်ဖတ်များကို ရှောင်ရှားလိုက်သည်။

သူက တိုက်ရိုက် တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း ထိုပွင့်ချပ်များမှ အားလှိုင်းများသည် သူ့အားဖြတ်သန်းသွားပြီး အရေပြားပေါ်တွင် ဖြတ်တောက်ရာများ ချန်ထားရစ်ခဲ့သည်။

“သူမရူးသွားပြီ”

ဇူယွမ်၏ အသားအရည်မှာ ကြောက်ရွံမှုကြောင့် အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။ လီချင်းချန်မှာ သနားညှာတာမည့်ပုံ လုံးဝမပြသည့်အတွက် သူမ၏အသိစိတ် ပျောက်ဆုံးသွားမည်မှာ အသေအချာပင် ဖြစ်သည်။

သူမအား ဇူယွမ်အနေဖြင့် ကျိုးကြောင်း ဆင်ခြင်နိုင်အောင် ပြောဆိုရန် မဖြစ်နိုင်တော့ပေ။

ယခုအချိန်တွင် လုပ်ဆောင်နိုင်သည့် အကောင်းဆုံးအရာမှာ ထွက်ပြေးရန်သာ ဖြစ်ပြီး လီချင်းချန် အနည်းငယ် စိတ်တည်ငြိမ်သွားမည့် အချိန်ကို အရင်စောင့်ဆိုင်းပြီးမှ စကားပြောရမည် ဖြစ်သည်။ သူမသာ သူ့ကို ဖမ်းမိပါက ချက်ချင်းပင် ထိုနေရာ၌ အသတ်ခံရမည်ကို ဇူယွမ်သိပေသည် ...

ဇူယွမ်၏ ပခုံးပေါ်ရှိ ထန်ထန်မှာ ထိုမြင်ကွင်းကို နှစ်ထောင်းအားရသည့်ပုံဖြင့် ကြည့်နေခဲ့ပြီး အကူအညီပေးမည့်ဟန် လုံးဝမပြပေ။

ထန်ထန်၏ သဘောထားကို တွေ့ရချိန်တွင် ဇူယွမ် လုပ်နိုင်သော တစ်ခုတည်းသော အရာမှာ အံကြိတ်ကာ အရှိန်မြှင့်ပြီး ပြေးရန်သာ ဖြစ်သည်။

သည်လိုနှင့် သူတို့မှာ လိုက်ဖမ်းသူ ထွက်ပြေးသူဖြင့် ကန်ရေပြင်ပေါ်တွင် လိုက်ပြေးတမ်းကို ကစားနေခဲ့တော့သည်။ ကြီးမားသော ရေလှိုင်းကြီးများကလည်း ကန်ရေပြင်တွင် တဝုန်းဝုန်း မြင့်တက်လျက်ရှိပြီး လမ်းတွင် အခြားတပည့်များနှင့်ပင် တွေ့ဆုံခဲ့သည်။ သို့သော်လည်း ထိုတပည့်များက သတ်ဖြန်လိုစိတ်များဖြင့် ပြည့်နှက်နေသော လီချင်းချန်ကို မြင်ရချိန်တွင် လမ်းမှ အလျင်အမြန် ဖယ်ပေးလိုက်ကြကာ သူတိုနှစ်ယောက်ကို အံ့အားသင့်စွာဖြင့် လိုက်ကြည့်နေတော့သည်။

“အမ် ... ဒါ အစ်မတော် လီချင်းချန်မလား”

“သူမက ဘယ်သူ့ကို လိုက်ဖမ်းနေတာလဲ”

“ငါသူ့ကို မမှတ်မိဘူး ... ဒါပေမဲ့ အစ်မတော်လီကို ကြည့်ရတာတော့ တော်တော်လေးကို ဒေါသထွက်နေတဲ့ပုံပဲ။ အဲဒီကောင်က အစ်မတော်ကို ဘယ်လိုအပြစ်များ သွားလုပ်လဲ မသိဘူး”

“အဲဒီကောင်က ဒါနဲ့ပဲ ထိုက်တန်ပါတယ်။ သူအစ်မတော် ချင်းချန်ကို ဘယ်လိုများ အပြစ်ပြုရဲတာလဲ။ အဲဒီကောင် ငါနဲ့မတွေ့ဖို့ မျှော်လင့်ထားရမယ် မဟုတ်ရင် အဲဒီကောင်ကို ဖမ်းပြီး အစ်မတော်ချင်းချန်ဆီမှာ အပြစ်တွေကို သွားဆေးကြောခိုင်းရမယ်”

“ဟီးဟီး ... အစ်မတော်ချင်းချန် ကိုယ်တိုင် အဲဒီကောင်ကို လိုက်ဖမ်းနေတာဆိုတော့ အဲဒီကောင်မှာ လွတ်လမ်း မရှိတော့ပါဘူး”

“ ...”

ဇူယွမ်အနေဖြင့် လမ်းတစ်လျှောက်တွင် တပည့်များစွာ တွေ့ခဲ့ရသော်လည်း သူ့အား မကူညီသည့်အပြင် အကြင်နာမဲ့သော အကြည့်များနှင့် ဝိုင်းကာ ကြည့်နေကြခြင်းကြောင့် ဇူယွမ်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

“အားလုံးက မျိုးမစစ်တွေပဲ” ဇူယွမ်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူ၏ အနောက်ရှိ လီချင်းချန်၏ မျက်နှာမှာ အနည်းငယ် အံ့အားသင့်စွာဖြင့် ဇူယွမ်အား စိုက်ကြည့်နေခဲ့သည်။ သူမက အချိန်ကြာမြင့်စွာ ဇူယွမ်အား လိုက်ဖမ်းခဲ့သော်လည်း ယခုအချိန်ထိ ဖမ်းနိုင်ခြင်း မရှိသေးပေ။

ထိုအရာက သူမအား အနည်းငယ် မယုံကြည်နိုင် ဖြစ်စေပေသည်။

ဇူယွမ်မှာ သူမ၏ လက်တစ်ဖက်တည်းဖြင့်ပင် ဖိခြေနိုင်သော မူလစဦး ဒုတိယအဆင့်မျှသာ ဖြစ်သည်ကို အာရုံခံမိပေသည်။ သို့သော်လည်း ယခုအချိန်ထိ သူမအား အဘယ်ကြောင့် မဖမ်းနိုင်ရသေးသနည်း။

ထိုအပြင် မူလရေကန်ထဲတွင် သွားလာခြင်းက လူတစ်ယောက်၏ မူလချီများကို လျင်မြန်စွာ ကုန်ဆုံးစေပေသည်။ ပုံမှန်အတိုင်းဆိုလျှင် ဇူယွမ်ကဲ့သို့ ပြေးပုံမျိုးနှင့်ဆိုလျှင် မူလစဦး ဒုတိယအဆင့်တွင်ရှိသော မူလချီများမှာ ကုန်ဆုံးသွားသင့်သည်မှာ ကြာပြီဖြစ်သည်။

“နင်ဘယ်သူလဲဆိုတာ ကိစ္စမရှိဘူး။ ဒါပေမယ် နင်ဒီနေ့ လွယ်လွယ်နဲ့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” လီချင်းချန်၏ မျက်နှာမှာ အေးစက်လျက်ရှိသည်။ သူမအနေဖြင့် သည်လိုကိစ္စမျိုးကို ပထမဦးဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ သည်မျိုးမစစ်ကောင် ပေါ်လာပြီး အရာအားလုံးကို မြင်တွေ့သွားခြင်းက သူမ၏ နှလုံးသားထဲတွင် အရှက်နှင့်ဒေါသစိတ်တို့ကို ဖြစ်ပေါ်စေပြီး သူမ၏ ဆင်ခြင်နိုင်စွမ်းမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သူမ၏ မျက်လုံးမှာ အေးစက်စွာဖြင့် ဇူယွမ်၏ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။

သူမ၏ လက်က ချိတ်ပိတ်အမှတ်အသားတစ်ခု သဏ္ဌာန်ဖော်လိုက်သည်နှင့် သန်မာသော မူလချီများက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အတူတကွ စုစည်းက ပေတစ်ဝက်ခန့်မြင့်သည့် နှင်းကြာပဒုမ္မာတစ်ခု ဖြစ်တည်လာခဲ့သည်။

ထိုနှင်းကြာပဒုမ္မာသည် အသက်ဝင်နေဟန်ရပြီး ရှေးဟောင်း မှော်စာလုံးများက ဖွင့်ဖတ် တစ်ချက်တိုင်းဆီတွင် တန်ဆာဆင်လျက်ရှိသည်။ ထိုအရာမှ အေးခဲမှု အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ ရေများပင်လျှင် အေးခဲလာခဲ့သည်။

“ကောင်းကင်အဆင့် မူလကျင့်စဉ်၊ နှင်းကြာပဒုမ္မာ ချိပ်ပိတ်ခြင်းကျင့်စဉ်”

သူမက သနားညှာတာမည့်ဟန် လုံးဝမပြပဲ ကြောက်မက်ဖွယ်ကောင်းစွာ စွမ်းအားပြည့်ဝသည့် ကောင်းကင်အဆင့် မူလကျင့်စဉ်ကို အသက်သွင်းလိုက်သည်။

နှင်းကြာပဒုမ္မာမှာ အနည်းငယ် တုန်ခါသွားခဲ့သည်။ ထို့နောက် ထိုအရာက အဖြူရောင် အလင်းတန်းအသွင်ဖြင့် အရှေ့သို့ ပျံဝဲသွားခဲ့ပြီးနောက် သူဖြတ်သန်းရာ ရေပြင်တစ်ခုလုံးမှာ အေးခဲသွားတော့သည် ...

ကြောက်မက်ဖွယ် ကောင်းသော အေးစက်စက်လှိုင်း တစ်ခုသည် အရှေ့သို့ ထိုးတက်လာသည်နှင့်အမျှ ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူ၏ အမြန်နှုန်းမှာ သက်ရောက်ခြင်း ခံလိုက်ရပြီးနောက် အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

သူကမနောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းအိမ်မှာ ကျုံ့သွားခဲ့သည်။

နှင်းကြာပဒုမ္မာမှာ ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် တိုးဝင်လာနေခဲ့ပြီး သူ့အတွက် ရှောက်တိမ်းရန် မဖြစ်နိုင်တော့ပေ။

ထိုအရာမှာ ထွက်ပေါ်လာသော အေးစက်မှုက သူ၏ အသက်အား ခြိမ်းခြောက်နေသည်ဟုပင် ခံစားမိလာခဲ့သည်။ ထိုအရာအား မရှောင်တိမ်းနိုင်ခဲ့ပဲ ရိုက်ခတ်ခံရမည်ဆိုလျှင် သူတစ်ကိုယ်လုံး အေးခဲသွားမည်မှာ သံသယရှိစရာပင် မလိုချေ။

ဇူယွမ်မှာ သူ့ပခုံးပေါ်ရှိ ကျေနပ်နှစ်သက်နေသည့် အမူအရာဖြင့် ရှိနေသည့် ထန်ထန်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အံကြိတ်လိုက်ပြီး “မင်းဒီလိုသာ ဆက်ကြည့်နေရင် ငါတို့ရဲ့ ပူးပေါင်းမှုက အဆုံးသတ်သွားလိမ့်မယ်”

ထန်ထန်က မပျော်ရွှင်ဟန်ဖြင့် နှစ်ကြိမ်မျှ နှာမှုတ်သံ ပြုလိုက်သည်မှာ မင်းရှာထားတဲ့ ပြဿနာ မင်းဘာသာမင်း ဘာကြောင့် မရှင်းလဲဟု ပြောနေသယောင်ပင်။

“အဓိပ္ပာယ်မရှိတာ ရပ်ပြီး၊ မြန်မြန် …” ဇူယွမ်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

ထန်ထန်၏ နှုတ်ခမ်းထောင့်စွန်းများမှာ စိတ်ပျက်သွားဟန်ဖြင့် မဲ့သွားသော်လည်း သူက ထရပ်လိုက်သည်။ ထို့နောက် ဇူယွမ်ကို အသုံးမကျဘူးဆိုသည့် ပုံစံမျိုးဖြင့် ကြည့်လိုက်သည် ...

သူက တစ်ဖက်သို့ လှည့်လိုက်ပြီး တိုးဝင်လာနေသည့် နှင်းကြာပဒုမ္မာအား ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပါးစပ်ဖွင့်လိုက်သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆုံးတွင် အမှောင်ထုဖြင့် ပြည့်နှက်နေသည့် ဘောလုံးတစ်လုံးမှာ လွင့်ပျံလာတော့သည်။

အနက်ရောင် ဘောလုံးနှင့် နှင်းကြာပဒုမ္မာတို့မှာ အချင်းချင်း တိုက်မိသွားကြပြီး ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် ကောင်းသော ဆူညံသံကြီး ဖြစ်ပေါ်လာခဲ့သည်။ အေးစက်စက် အရှိန်အဝါများမှာ နှေးကွေး လေးလံသွားပြီးနောက် အနက်ရောင်ဘောလုံးနှင့် အတူ ပျောက်ကွယ် သွားတော့သည်။

သူတို့၏ နောက်တွင် ရှိနေသော လီချင်းချန်မှ ထိုမြင်ကွင်းကြောင့် ရှော့ခ်ရသွားခဲ့ပြီး သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်သော အဖြစ်အပျက်ကြောင့် အံ့အားသင့်နေခဲ့သည်။ သူမ၏ တိုက်ခိုက်မှုကို ဇူယွမ်၏ ပခုံးပေါ်ရှိ သတ္တဝါသေးသေးလေးက ရပ်တန့်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ဖူးပေ။

ဇူယွမ်မှာ သူ၏အသက်လေး လွတ်လပ်သွားသည်ဟု ခံစားလိုက်ရပြီးနောက် လီချင်းချန်၏ မြင်ကွင်းထဲမှ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးလိုက်သည်။

သူအဝေးသို့ ထွက်ပြေးသွားသည်ကို ကြည့်ရင်း လီချင်းချန်၏ မျက်လုံးအစုံမှာ ပိုမိုအေးစက် လာတော့သည်။

“နင်လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”

သူမ၏ ခြေထောက်အောက်မှ မူလချီများမှာ ပေါက်ကွဲ ထွက်သွားခဲ့ပြီးနောက် ရေပြင်ကိုဖြတ်ကာဖြင့် ထပ်မံ လိုက်ဖမ်းပြန်တော့သည်။

***

ရေကန်၏ တောင်ကြား တစ်ခုတွင်။

ဗွမ်း ...

ရေပြင်မှာ ရုတ်တရက် ပွင့်သွားခဲ့ပြီး ဇူယွမ်၏ သနားစရာပုံရိပ်က ခုန်ထွက်လာခဲ့သည်။ သူက ရှေ့တွင် မြူများပိတ်ဖုံးနေသည့် ကမ်းစပ်တစ်ခုကို လှမ်းကြည့်လိုက်ပြီး အော်ဟစ်လိုက်သည် … “အစ်မကြီး ယောင်ယောင် ကျွန်တော့်ကို ကယ်ပါဦး”

သို့သော်လည်း ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားချိန်တွင် သူ၏ မျက်နှာမှာ တောင့်တင်းသွားတော့သည်။

ယောင်ယောင်ကလည်း သူမ၏ အဝတ်များကို ဖယ်ရှားကာ ရေကန်ထဲတွင် စိမ်လျက်ရှိနေခဲ့ပြီး သူက ရေထဲမှ တစ်ဝက်ပေါ်နေသည့် ယောင်ယောင်၏ စွဲမက်ဖွယ်ကောင်းသော ပခုံးသား ဖြူဖြူနုနုလေးကို ကမ်းခြေဘက်တွင် လှမ်းမြင်လိုက်ရသည်။

ဇူယွမ်၏ မျက်နှာမှာ ရုတ်တရက် ရူးသွပ်သွားချင် လာပေသည်။ အဘယ်ကြောင့် သူဒီနေ့ ရေစိမ်နေသည်များကိုသာ မြင်တွေ့နေရသနည်း။

ဇူယွမ် ကြောင်အနေစဉ်တွင် ယောင်ယောင်က မကွဲပြားသော အကြည့်ဖြင့် လှမ်းကြည့် လိုက်ပြီးနောက် သူမ၏ အဝတ်များကို ပြန်လည် ဝတ်ဆင်လိုက်သည်။ သူမက ခြေဗလာဖြင့် ကမ်းခြေပေါ်ရှိ ကျောက်တုံးများပေါ်မှ လမ်းလျှောက်လာခဲ့ပြီး သူမ၏ ရေစိုနေသော အဝတ်အစားများက သူမ၏ ကောက်ကြောင်းအလှများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပေ။

“ဇူယွမ်…”

ယောင်ယောင်က သူမ၏လက်ကို မြှောက်လိုက်သည်နှင့် မူလမှော်စာလုံး စာလိပ်တစ်လိပ်ပါ ပေါ်လာလေသည်။ သူမက ဇူယွမ်ကိုကြည့်ကာ ညင်သာစွာ ပြောလိုက်သည် “နင်တော်တော်လေး ရဲရင့်လာတယ်လို့ ငါခံစားမိတယ် ဟုတ်တယ်မလား”

ဇူယွမ်၏ မျက်နှာတွင် သောကများဖြင့် ပြည့်နှက်နေသည်။

သည်အရာက အစောပိုင်းက ရေနေသားရဲ အများကြီးကို သတ်ဖြတ်ခဲ့လို့လား ... ဘာကြောင့်များ ကံဒီလောက်ဆိုးနေရတာလဲ ... ဒါက ဝဋ်လည်တာမလား ...

ဘုန်း ...

ဇူယွမ်မှာ လွန်စွာပူဆွေးသောက ရောက်နေစဉ်တွင် သူ၏ အနောက်ဘက်ရှိ ရေပြင်မှာ ပွင့်ထွက်လာခဲ့ပြီး ရေများက ကောင်းကင်ထက်သို့ပင် တက်ရောက်စင်လေသည်။ တစ်ချိန်တည်းမှာပဲ မူလချီစီကြောင်းတစ်ခုမှာ ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်ကို ရိုက်ခတ်သွားခဲ့သည်။

“သေစမ်း နှာဘူးကောင်” အေးစက်စက် အသံတစ်ခုက ပျံလွင့်လာခဲ့သည်။ သိသာစွာဖြင့် လီချင်းချန်က သူအားဖမ်းဆီးရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ရုတ်တရက် ပြောင်းလဲသွားသည့် အဖြစ်အပျက်က ယောင်ယောင်ကို ကြောင်အသွားစေခဲ့သည်။ သို့သော်လည်း အနောက်မှ ထွက်ပေါ်လာသော မူလချီများက ဇူယွမ်အား ရည်ရွယ်၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်းကို သိသွားသော အချိန်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ ဇူယွမ်ရင်ဆိုင်နိုင်သော အတိုင်းအတာထက် ကျော်လွန်ပေသည်။ ထိုသို့ တိုက်ခိုက်လိုက်သူမှာ မည်သူဖြစ်မည်နည်း ...

သူမ၏လက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် မူလချီမှော်စာလိပ်မှာ ချက်ချင်းပင် လောင်ကျွမ်းသွားခဲ့ပြီး ရုန့်ရင်းသော မူလချီများမှာ ထွက်ပေါ်လာခဲ့သည်။

မူလချီများမှာ ဟိန်းဟောက်နေသော နဂါးကြီးတစ်ကောင်အလား ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်ထံသို့ ဦးတည်နေသည့် မူလချီများနှင့် တိုက်ခတ်သွားပြီးနောက် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်မုန်တိုင်းကြီး ထွက်ပေါ်လာခဲ့ပေသည်။

လှိုင်းများမှာလည်း ပေတစ်သောင်း အမြင့်ထိ ရိုက်ခတ်သွားပြီးနောက် ယောင်ယောင်က တိုက်ခိုက်မှုအား ထုတ်ဖော်လိုက်သည့် လှပသော ပုံရိပ်လေးအား မထူးခြားနားဟန်ဖြင့် လှမ်းကြည့်လိုက်ပြီး သူမထံမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည် ...

“သူက ငါ့ရဲ့အပိုင်ပဲ ဒါကြောင့် နင်သူ့ကို ထိလို့မရဘူး”

All Chapters