မိန်းမလှနှစ်ယောက်ကြား
Vol. 23 Ch. 313
ဘန်း…။
မူလချီစီးကြောင်းများနှင့် အနက်ရောင်ရေနဂါးက အရိုးထိအေးစက်မှုကို ပေးစွမ်းကာ ရင်ဆိုင်မိသွားပြီး ကြမ်းကြုတ်သောမူလချီ လှိုင်းများက အပြင်ဘက်သို့ ထိုးတက်လာ၏။ တောင်ကြားနံရံများကို ထိုစွမ်းအင်လှိုင်း မရိုက်ခတ်မိ ဧရာမချီလှိုင်းများက ရေပြင်မျက်နှာပြင်မှ မြင့်တက်လာပြီး သည်နေရာတစ်ခုလုံးကို တုန်ခါစေ၏။
လီချင်းချန်က ရေပြင်ထပ်၌ မတ်တတ်ရပ်နေပြီး သူမခန္ဓာကိုယ်က ထွက်ပေါ်လာသော အားကောင်းသော ချီစွမ်းအင်က ရေလှိုင်း တိုက်ခိုက်မှုလှိုင်းများကို ပိတ်ဆို့ထား၏။
သူမက သူ့လှပသော မျက်နှာလေးကို မော့၍ ယောင်ယောင်ရှိနေသော နေရာသို့ လှမ်းကြည့်၏။ အစောပိုင်းတုန်းကထက် အခုတစ်ကြိမ် ပြသခဲ့သော စွမ်းအားသည် သူမ၏ နှလုံးသားကိုပင် တုန်ခါစေပေသည်။
လီချင်းချန်က ယောင်ယောင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ သူမက မှင်တက်သွားမိ၏။ ယောင်ယောင်၏ ပုံရိပ်နှင့်အော်ရာက သူမကဲ့သို့ပင် တစ်စုံတစ်ယောက်အား အသက်ရှူ မှားသွားစေနိုင်၏။ လီချင်းချန်သည် အတ္တကြီးသူတစ်ယောက် မဟုတ်ချေ။ သည်နှစ်များတွင် သူမက သူကိုယ့်သူ ဘယ်လောက်လှကြောင်း ရှင်းလင်းစွာသိခဲ့၏။ သူမက ပုံမှန်အားဖြင့် ကန်ရွှမ်းကလန်၏ နံပါတ်တစ် အလှပိုင်ရှင်ဆိုသည့် ကလန်တပည့်အများ ပေးထားသော ဘွဲ့ကို များစွာနှစ်သက်လှခြင်း မရှိခဲ့ချေ။
သို့ရာတွင် မည်သည့် မိန်းကလေးကမျှ သူတို့၏ ရုပ်ပိုင်းသွင်ပြင်ကို ဂရုမစိုက်ဘဲ မနေကြချေ။
ခုချိန်၌ သူမက ယောင်ယောင်ကို တွေ့မြင်လိုက်သည့်အခါ လီချင်းချန်သည် အနည်းငယ် မှင်တက်မမိဘဲ မနေနိုင် ဖြစ်ရ၏။
ယောင်ယောင်၏ သွင်ပြင်နှင့်အော်ရာက မိန်းမတစ်ယောက် အနေဖြင့် သူမထက် နည်းနည်းလေးပင် လျော့ကျနေခြင်း မရှိချေ။ လီချင်းချန်က ယောင်ယောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ထူးဆန်းမှုတစ်ခုကို ရှင်းလင်းစွာ အာရုံခံမိ၏။ျ
သူတိုနှစ်ယောက်လုံးက ခပ်တန်းတန်းနေတတ်ပြီး တသီးတခြား နေတက်သော အသွင်လည်း တူညီကြ၏။
သို့ရာတွင် လီချင်းချန်၏ တသီးတသန့် နေထိုင်လိုခြင်းက သူမအလှကို ဦးညွှတ်နေသည့် လူများစွာ ရှိနေသောကြောင့် ဖြစ်သည်။ ယောက်ျားသားများက သူ့တို့ခေါင်းကို သူမခြေထောက်အောက်၌ ဦးညွှတ်လိုကြသည်။ သို့ရာတွင် သည်အရာက သူမသည် အခြားလူများ၏ ဝေဖန်သည့်အမြင်များကို ခံရသည်သာမက သူမအတွက် ပြဿနာများကိုပင် ဆွဲဆောင်သလို ဖြစ်စေ၏။
သည်နှစ်များတွင် သူမနှင့် နီးကပ်လာသည့် ယောက်ျားသားများသည် အခြားသူမကို စိတ်ဝင်စားသူများ၏ မနာလိုမှုကြောင့် ဆွဲချခြင်းကို ခံရမြဲပင်။
သည့်နောက် လီချင်းချန်က သူ့ခံစားချက်များကို ပြန်ရုပ်သိမ်း၍ ရေခဲတောင်တစ်လုံး အလား အေးစက်လာပြန်၏။ သူမက ကလန်ထဲရှိ ယောက်ျားသားများကို သူမနှင့် ဝေးရာတွင်သာ ရှိစေခဲ့သည်။ သည်လိုလုပ်ခြင်းက လူတိုင်းအတွက် အကောင်းဆုံး ဖြစ်ပေမည်။
ယောင်ယောင်ကလည်း သည်လိုတသီးတသန့် နေတတ်သော်လည်း လီချင်းချန်က သူတို့နှစ်ယောက်၏ မတူညီမှုကို အာရုံခံမိ၏။ ယောင်ယောင်၏ တသီးတသန့်နေထိုင်မှုက မည်သည့် လူအတွက်ကြောင့်မှ မဟုတ်ချေ။ သို့သော် ကြည့်ရသည်မှာ သူမ၏စိတ်ဝိညာဉ်နှင့် သွေးမျိုးဆက်က မူလကတည်းက မြင့်မားနေသည့်ဟန် ရသည်။
ယောင်ယောင်၏ အသွင်က လူတစ်ယောက် သူ့ခြေထောက်အောက်တွင် ပုရွတ်ဆိတ်တစ်ကောင် သာသာသာရှိပြီး ထိုသူ၏ နင်းခြေခံရသည်၊ မခံရသည်ကို ဂရုမစိုက်သည့် အသွင်တိုင်း ဖြစ်နေသည်။
ယောင်ယောင်ထံကနေ မတူညီ ကွဲပြားထူးဆန်းသော အော်ရာက ထွက်ပေါ်လျက်ရှိနေသည်။
“ဒီလိုလူမျိုးက ကန်ရွှမ်းကလန်မှာ ဘယ်အချိန်တုန်းကများ ပေါ်လာခဲ့တာလဲ…” လီချင်းချန်က အံ့အားသင့်ဟန်ဖြင့် ယောင်ယောင်ကို အာရုံစိုက်ကြည့်မိနေသည်။
သို့ရာတွင် သူမကလည်း သာမန်လူတစ်ယောက် မဟုတ်ချေ။ သည့်အတွက်ကြောင့် ယောင်ယောင်အပေါ် အတွေးများကို အမြန်ဖယ်ရှား ပစ်နိုင်လိုက်သည်။ သူမမျက်လုံးထဲ၌ ယောင်ယောင်အနီးရှိ ဇူယွမ်ကို ကြည့်၍ အေးစက်မှုများ ပြည့်နေခဲ့သည်။ သူက အေးတိအေးစက် ပြောလိုက်၏။ “နင် ဒီလိုနှာဘူးကောင်ကို ကာကွယ်ပေးချင်နေတာလား…”
“နှာဘူးကောင်…” ယောင်ယောင်၏ မျက်ခုံးများက အနည်းငယ်ပင့်မိသွားပြီး ဇူယွမ်ကို ဖြတ်ခနဲ ကြည့်လိုက်သည်။
သူမက ဇူယွမ်သည် သည်လိုအပြုအမူမျိုး လုပ်လိမ့်မည်ကို မသိခဲ့ချေ။
ဇူယွမ်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ရှင်းပြ၏။ စီနီယာအစ်မလီ … ငါအစက ရှင်းပြသလိုပဲ။ ငါက အနားယူဖို့အတွက် နေရာတစ်ခု ရှာရုံပဲ။ နင်အဲဒီနေရာမှာ ရှိနေမှန်း ငါမသိဘူး။ ဒီကန်ရေပြင်က မြူတွေ ဘယ်လောက်များများ ရှိနေတယ်ဆိုတာ နင်သိပါတယ်။ ဒါကြောင့် ငါက အပေါ်မှာရှိနေတဲ့ အခြေအနေကို မသိရတာပါ…”
ထိုသို့ပြောနေစဉ်တွင် ဇူယွမ်က ရှက်ရွှံမှု့ကြောင့် ခေါင်းငုံ့ထားလေ၏။ သူက အစောပိုင်းတုန်းက မြင်ကွင်းကို ဖျောက်ဖျက်ရန် အလွန်ခက်ခဲနေ၏။ သူက သူ့အတွေးကို မထိန်းချုပ်နိုင်လျှင် နှာခေါင်းသွေးပင် လျှံလာမလားဟု စိုးရိမ်မိနေ၏။ သည်လိုသာဖြစ်လျှင် သည်မိန်းမက သူ့ကို သူသေသည့်အချိန်ထိ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။
သူက ရှင်းပြရန် ကြိုးစားခဲ့သော်လည်း လီချင်းချန်က သည်ဖြစ်ပျက်ခဲ့သော ကိစွနှင့်ပတ်သက်၍ ခွင့်လွှတ်ရန် ရည်ရွယ်ချက်လုံးဝ ရှိမနေခဲ့ပေ။ သူမမျက်နှာက အေးစက်နေပြီး ဇူယွမ်ထံသို့ စူးစိုက်ကြည့်နေ၏။ သူက အံကြိတ်၍ ကျယ်လောင်စွာ ပြော၏။
“နင်လို နှာဘူးကောင်က ဆင်ခြင်တွေပေးတာ ရပ်စမ်း…” လီချင်းချန်အကြည့်က ဇူယွမ်ထံသို့ မြားတစ်စင်းအလား ကျရောက်လာ၏။ သူမက အေးစက်စွာထပ်ပြောသည်။ “ရွေးချယ်ခြင်း နယ်မြေမှာ စစ်ဆေးခံဖို့ စည်းကမ်းထိန်းသိမ်းရေး ခန်းမကို နင် ငါနဲ့လိုက်ခဲ့ပါ ...”
သူမက စိတ်အလွန်တိုနေသည့် အခိုက်၌ သည်လိုပြောနေသော်လည်း တကယ်တော့ သူမက သည်ကိစ္စကို မည်သို့ ထုတ်ဖော်ပြသနိုင်ပါ့မည်နည်း။
ဇူယွမ်က ခပ်မြန်မြန်ခေါင်းခါ လိုက်သည်။ သူက စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ လိုက်သွားလျှင် သူ့အတွက် ဆိုးရွားစွာ အဆုံးသတ်ဖို့ ကျိန်းသေနေ၏။ အထူးသဖြင့် လီချင်းချန်၏ အဆင့်အတန်းနှင့်ဆိုလျှင် ဖြစ်၏။
“နင်သွားမှာလား မသွားဘူးလား….” လီချင်းချန်၏ အသံက ရေခဲတစ်မျှ အေးစက်နေသည်။ သည့်နောက် သူမ၏ အဖြူရောင် အင်္ကျီလက်အိုးကို တစ်ချက်လှုပ်လိုက်ရာ ကြောက်မက်ဖွယ် ရေခဲချီများက မြင့်တက်လာပြီး နှင်းနဂါးတစ်ကောင် အသွင်သို့ ပြောင်း၍ ဇူယွမ်ထံသို့ တိုးဝင်သွား၏။
ဝုန်း…။
သို့သော် သည်နှင်းနဂါး တိုးဝင်လာသည့်အခိုက်တွင် ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များက စုဝေးလာပြီး မိုကြိုးများက ဆူညံပြင်းထန်စွာ ဆင်းသက်လာပြီး နှင်းနဂါးပေါ်သို့ ကျရောက်လာ၏။
ယောင်ယောင်က ကန်စပ်၌ ရပ်တန့်နေပြီး လီချင်းချန်ကို မမှိတ်မသုန် ကြည့်နေ၏ သည့်နောက် သူမလက်ထဲရှိ မှော်စာလုံးက ပြာမှုန်အဖြစ်သို့ ပြောင်းသွားသည်။
ယောင်ယောင်က အေးဆေးစွာ ပြောသည်။ “သူ သွားသွား မသွားသွား … နင်နဲ့တော့ မသွားနိုင်ဘူး…”
အစောပိုင်း ကတည်းက ယောင်ယောင်သည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို အနည်းငယ် ခန့်မှန်းမိပြီး ဖြစ်သည်။သို့ရာတွင် သူမက ဇူယွမ်သည် မည်သည့်လူမျိုး ဖြစ်ပါစေ သူ့အကျင့်စရိုက်သည် သည်လို စက်ဆုပ်ဖွယ် ကောင်းမည့်သူ မဟုတ်မှန်း သိနေခဲ့၏။
သူမရှေ့ရှိ မိန်းကလေးက အလွန်လှသော်လည်း သူမ၏ တိုက်ခိုက်မှုများက အလွန်ရက်စက် ကြမ်းကြုတ်နေသည်။ ယောင်ယောင်သာ ရပ်တည်ပေးနေခြင်း မရှိလျှင် အစောကတည်းက သူမက ဇူယွမ်ကို ခေါ်သွားနိုင်လိမ့်မည် ဖြစ်သည်။
“ဟမ် … ငါက နင့်ကို ကြောက်နေတယ်လို့ ထင်နေတာလား …” နင်က သူ့ဘက်မှာ ဆက်ရပ်တည်ပေးနေမယ် ဆိုရင် နင်တို့နှစ်ယောက်လုံးက တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ ဖြစ်လိမ့်မယ်။ ငါက နင်တို့နှစ်ယောက်လုံးကို ဖမ်းပြီး စည်းကမ်း ထိန်းသိမ်းရေး ခန်းမကို ပို့မှရမယ်…” ယောင်ယောင်၏ ထပ်ခါ ထပ်ခါ တားဆီးနေမှုက လီချင်းချန်ကို ဒေါသပိုထွက်လာစေ၏။ သူမက ရွေးချယ်ခံတပည့် ဖြစ်လာကတည်းက သူမကို သည်လိုမျိုး ဆက်ဆံဝံ့သည့်လူ မရှိခဲ့ချေ။
မိန်းကလေးတွေ၊ အထူးသဖြင့် လှပသော မိန်းကလေးများက သူတို့ချင်းချင်း မသိစိတ်က နှိုင်းယှဉ်လေ့ရှိကြသည်။ ဥပမာအနေဖြင့် လီချင်းချန်က ယောင်ယောင်၏ရှေ့တွင် မည်သို့မျှ လက်လျှော့ပေးရန် ဆန္ဒရှိမနေခဲ့ချေ။
“ဒါကတော့ ငါတို့က နင့်မှာ ဒီလိုလုပ်နိုင်တဲ့ စွမ်းရည် ရှိမလား ကြည့်ရတာပေါ့…” ယောင်ယောင်က ပုံမှန်အတိုင်းသာ ရှိနေဆဲပင်။
အချိန်တစ်ခုကြာ အေးစက်စက် အကြည့်နှစ်ခုက လေထဲ၌ ရင်ဆိုင်တွေ့ကြသည်။ ပတ်ဝန်းကျင်ရှိ လေထုပင် အေးခဲသွားသလား မှတ်ရ၏။
လီချင်းချန်က ယောင်ယောင်ကို အေးစက်စွာ စူးစိုက်ကြည့်နေ၏။ သူမမျက်လုံးထဲ၌လည်း အလွန်တရာ မကျေမချမ်းဖြစ်မှုကို ဖော်ပြနေ၏။ ယောင်ယောင်၏ မူလချီလှိုင်းများက အားနည်းလွန်းသော်လည်း သူ့စိတ်ဝိဉာဉ်စွမ်းအားက အမှန်ပင်အားကောင်းလှ၏။ သည့်အပြင် သူမ၏ ထူးဆန်းသော မူလချီမှော်စာလုံးများ၏ စွမ်းရည်ကလည်း တိုင်းတာ၍မရဟု ခံစားရသည်။
သည်လှပသည့် မိန်းကလေးက လီချင်းချန်အတွက် အမှန်ပင် ဒုက္ခပေးနိုင်သည့် ပြိုင်ဘက်တစ်ယောက် ဖြစ်နေသည်။ လီချင်းချန်၏ အမြင်တွင် ယောင်ယောင် သန့်စင်သည့် မှော်စာလုံးစွမ်းရည်က ယဲ့ကယ်ထက်ပင် ပိုကောင်းနေသေးသည်။
ကန်ရွှမ်းကလန်၌ သည်လို မွန်းစတားမျိုးက ဘယ်အချိန်တုန်းကများ ပေါ်ပေါက်ခဲ့သနည်း။ သည်မိန်းကလေး၏ ခွန်အားနှင့်ဆိုလျှင် ရွေးချယ်ခံ ထိပ်ဆုံးတပည့် ဆယ်ယောက်ထဲ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီနေပေသည်။
လီချင်းချန်၏ ခေါင်းထဲတွင် အတွေးများစွာ ရစ်သိုင်းနေသည်။ သို့သော် လီချင်းချန်က သည်အတွေးများကို ချက်ချင်း ထိန်းချုပ်ဖယ်ရှားပစ်သည်။ သည်မိန်းကလေး မည်မျှသန်မာသည်ဖြစ်စေ ပြီးခဲ့သောကိစ္စကို အလွယ်တကူ အလျှော့ပေး ခွင့်လွှတ်လိုက်ရန် မဖြစ်နိုင်ချေ။
လီချင်းချန်က အလွန်မာနကြီးသည့်သူ ဖြစ်၏။ သူမ၏သိက္ခာကို ချသည်ဟု ခံစားပြီးနောက် သူမက သည်လိုလုပ်သည့်ကောင်ကို မဖမ်းနိုင်ပဲ တစ်စုံတစ်ယောက်၏ ကယ်တင်ခြင်းကို ခွင့်ပြုပေးရလျှင် သူမအတွက် အလွန်အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
သည့်အတွက်ကြောင့် သူက ဇူယွမ်ကို မည်သည့်တန်ကြေး ပေးရပါစေ ဖမ်းကိုဖမ်းရပေမည်။
ထိုအခိုက်၌ လီချင်းချန်၏ ခန္ဓာကိုယ်ကနေ အားကောင်းသော မူလချီများ ပေါက်ကွဲထွက်လာ၏။ သူမအောက်ရှိ ရေထုက အေးခဲသွားပြီး ရေခဲနှင်းမုန်တိုင်းတစ်ခုက သူမလက်ထဲ၌ စုဝေးလာလေသည်။
လီချင်းချန်၏ ကြော့ရှင်းသော ခန္ဓာကိုယ်ကနေ အံ့မခန်းဖိအားများ ပျံ့နှံ့လာ၏။
လီချင်းချန်ရာ သည်အတိုင်း လက်ဗလာနှင့် ပြန်လှည့်လိုခြင်း မရှိသည်မှာ ရှင်းလင်းပေ၏။
စိတ်ဝိညာဉ်အလင်းတန်း တစ်ခုက သူမမျက်ခုံးကြားကနေ တုန်ခါလာပြီးနောက် ယောင်ယောင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူမလက်ထဲ၌လည်း မူလမှော်စာလုံး အစိမ်းရောင်ကျောက်စိမ်းပြား တစ်ခု ဖြစ်ပေါ်လာ၏။ ရှေးဟောင်း မှော်စာလုံးများက သူမပတ်လည်၌ လင်းလက်ကြသည်။
သူမက မူလချီမရှိသော်လည်း လူတိုင်း နှလုံးခုန်မြန်စေမည့် အော်ရာတစ်ခုက သူမထံကနေ ထွက်ပေါ်နေသည်။
မိန်းကလေး နှစ်ယောက်တွင် တစ်ယောက်က ရေပြင်ထက်ရှိ လေထဲ၌ ရပ်နေပြီး တစ်ယောက်က ကန်စပ်ရှိ ကျောက်တုံးများပေါ်တွင် ရပ်ကာ မျက်နှာချင်း ဆိုင်နေကြ၏။
ဇူယွမ်က သူမြင်ကွင်းကို ကြည့်ကာ သူ့ဦးရေပြားပင် ကြိမ်းစပ်သွားသည်ဟု ခံစားရသည်။ သူက သူတို့နှစ်ယောက် တိုက်ခိုက်လျှင် မည်မျှပြင်းထန်မည်ကို မသိချေ။ သို့သော် သူက အဆုံးသတ်၌ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် ဒဏ်ရာရသွားမည်ကို ထိန်လန့်နေမိ၏။
သည့်အတွက်ကြောင့် သူက သတ္တိမွေး၍ သူတို့နှစ်ယောက်ကို ရပ်ရန် ကြိုးစားရလိုက်သည်။
ဇူယွမ်က အံကြိတ်၍ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီးနောက် သူက ပြောလိုက်၏။ “နင်တို့နှစ်ယောက်လုံး ရပ်ကြပါ…”
သို့ရာတွင် ယောင်ယောင်နှင့် လီချင်းချန်တို့ထံမှ အေးစက်စက် အကြည့်နှင့် အသံက တစ်ပြိုင်နက်တည်း သူ့ထံသို့ ရောက်လာ၏။
“ပါးစပ်ပိတ်ထား…”
ဇူယွမ်၏တည်ရှိမှုက ချက်ချင်း အေးခဲသွားသည်။ သူ့အသွင်ကလည်း တောင့်တောင့်ကြီး ဖြစ်သွား၏။ သည့်နောက် သူကနောက်သို့ ပြန်ဆုတ်၍ သူ့လက်နှစ်ဖက်ကို လေထဲသို့မြှောက်ပြကာ ပြောလိုက်သည်။ “ဟီးဟီး… နင်တို့နှစ်ယောက် ပျော်သလို လုပ်ကြတော့…”
သူက ဘာမျှလုပ်နိုင်တာ မရှိပေ။ သူက အခြားတစ်ယောက်ကို မဆန့်ကျင်နိုင်သလို နောက်တစ်ယောက်ကိုလည်း မရိုက်နိုင်ချေ။
သူ့ပခုံးပေါ်ရှိ ထန်ထန်က ဇူယွမ်ကို အထင်သေးစွာ ကြည့်၍ မေးလိုက်သည်။ “မင်းက ယောက်ျားတစ်ယောက်ကော ဟုတ်ရဲ့လား…”
ဇူယွမ်က ထန်ထန်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။ “မင်းသွားပြီး ကြိုးစားကြည့်လိုက်လေ….”
ထန်ထန်က နှာခေါင်းရှုံသည်။ သူ၏ ဆိုလိုရင်းမှာ “ငါက ဒီကိစ္စဖြစ်စေခဲ့တဲ့လူ မဟုတ်ဘူး…” ဇူယွမ်က ထန်ထန်ကို လျစ်လျူရှုထားလိုက်၏။ သည့်နောက်သူက မိန်းကလေး နှစ်ယောက်ကြားရှိ ရန်လိုနေသော လေထုက ပိုဆိုးလာနေသည်ကိုသာ စိတ်ပူစွာဖြင့် ကြည့်နေရုံသာ ရှိသည်။
“ဒါက တကယ်ဆိုးတယ် … တကယ့်ကိုဆိုးတယ်…”