← Chapters

လင်းလင်ကို ဆုံးမခြင်း

Vol. 7 Ch. 84

လင်းလင်ကို ဆုံးမခြင်း

Vol. 7 Ch. 84

"ဘာတွေဖြစ်နေကြတာလဲ"

နေကျောက်စိမ်းနန်းဆောင်အထက်မှ လင်းချင်းဖန်၏ အသံ ထွက်ပေါ်လာသောအခါ ယွမ်ရှောင်က အခြေအနေကို တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ ထို့ကြောင့် ခေါင်းဆောင်က ရိုက်နှက်ဆုံးမရန် အခွင့်ပေးလိုက်ပြီး ဓားကောင်းကင်၌ မျိုးဆက်အချင်းချင်း လေးစားရမည်ဖြစ်ပြီး မည်သူမှမနိမ့်ကျကြောင်း သတိပေးလိုက်၏။ ဖခင်ဖြစ်သူ၏ စကားများကြောင့် လင်းလင်မှာ မူးဝေနေရင်း အံ့သြသွားခဲ့သည်။

"သွားစမ်း"

ယွမ်ရှောင်က အေးစက်စက် အမိန့်ပေးလိုက်သောအခါ သူမသည် နှာခေါင်းရှုံ့လိုက်သော်လည်း ဓားကောင်းကင်၏ မင်းသမီးလေးကိုပင် ရိုက်နှက်ရဲသော တစ်ဖက်လူကြောင့် နာခံလိုက်ရသည်။

"နင့်အစွမ်းက မောက်မာနေသလောက် အစွမ်းထက်ဖို့ တွေးထားတာ ကောင်းလိမ့်မယ်"

သူမက မကျေမနပ်ဖြင့် ရေရွတ်လိုက်သောအခါ ယွမ်ရှောင်သည် နောက်တစ်ကြိမ် နားရင်းအုပ်လိုက်ပြန်သည်။

"ပါးစပ်ပိတ်ပြီး ရှေ့ကလမ်းပြ"

လင်းလင်မှာ ပေါက်ကွဲချင်သော်လည်း တုန်လှုပ်နေသဖြင့် စိတ်ထဲမှ ချူရန်ကို လာရောက်ကယ်တင်ပေးရန် အော်ဟစ်လိုက်မိသည်။ သို့သော်လည်း သူမက တစ်ဖက်လူ၏ရုပ်ရည်ကို ခိုးကြည့်၍ ချူရန်သာ ဤမျှချောမောလျှင်ဟူပြီး စိတ်ကူးယဥ်နေမိ၏။ လေနားဆင်အိမ်တော်သည် ဥယျာဥ်တစ်ခုအတွင်း တည်ရှိပြီး ပန်းပေါင်းထောင်ချီပွင့်ဖူးနေကာ ကြာပန်းများနှင့် သာယာသော ရေကန်တစ်ခုလည်း ရှိသည်။

"အရှေ့ဘက်အခန်းက နင့်အတွက်ပဲ။ အိမ်တော်အနောက်ပိုင်းကို ခြေတောင်မချနဲ့"

"နင်က လာပါဆိုရင်တောင် ငါ စိတ်မဝင်စားဘူး"

လင်းလင်၏စကားကို ယွမ်ရှောင်က ခွန်းတုံ့ပြန်လိုက်ပြီး ရှေးဟောင်းခေါင်းတလားကို နေရာချရန် တိတ်ဆိတ်လျှို့ဝှက်သော နေရာတစ်ခု လိုအပ်သောကြောင့် လိုက်ပါလာခြင်းဖြစ်သည်။ အသူရာဓားဂိုဏ်းနှင့်ယှဥ်လျှင် ဓားပင်လယ်က လေထဲတွင် မျောလွင့်နေသည့် ကျွန်းတစ်ခုဖြစ်ကာ အခန်းအတွင်း၌ သီးသန့်အစီအရင်များ ရှိနေသဖြင့် သူ့အတွက် လေ့ကျင့်ရန် အံကိုက်ဖြစ်နေ၏။ သူက ဓားပူဇော်ပွဲအပြီးတွင် အသူရာဝိညာဥ်ကိုစိန်ခေါ်ကာ ရဲကုရင် ထွက်မလာခင် အချိန်လေးရက်ကို ကောင်းစွာအသုံးချရပေလိမ့်မည်။

"ဒီနေ့အတွက် သိပ်အဆင်မပြေဘူး"

"ဒါပေါ့။ ငါ့ဓားဝိညာဥ်ကို စမ်းသပ်တာက ဒီလောက်ဖြစ်ပျက်သွားမယ်လို့ မထင်ထားဘူး။ ကံကောင်းတာက ငါ့ဝှက်ဖဲတွေ ထွက်ပေါ်မသွားတာပဲ"

သူက အင်္ကျီရင်ဘတ်အတွင်းမှ သားရဲလေးကို ဆွဲထုတ်ပေးလိုက်ပြီး လနီနှင့် ကြယ်ပြာသည် အထူးဝှက်ဖဲဖြစ်သည်။

"မင်း ဘာတွေစဥ်းစားထားလဲ"

"နို့"

"ငါက အစ်ကိုကြီးကို မေးတာကွ၊ တိတ်တိတ်နေစမ်း"

ကြယ်ပြာ၏အမေးကို လနီက ဝင်ဖြေလိုက်သောကြောင့် ရင်ဘတ်ကို တစ်ချက်ရိုက်ကာ အသံတိတ်စေလိုက်သည်။

"ဘာမှသိပ်တွေးစရာ မလိုပါဘူးကွာ။ လာမယ့်ဘေး ပြေးတွေ့လိုက်ရုံရှိတာပေါ့။ ငါသာ အစွမ်းထက်နေရင် ရန်သူတွေ ဘာကြံကြံ ပြဿနာမရှိဘူး။ အရင်ဆုံး ဓားကောင်းကင်ရဲ့ သခင်လေးရာထူးကို အသုံးချပြီး အရင်းအမြစ်တွေ ယူရမယ်"

"ကောင်းတယ်။ သူတို့က မင်းကို ကောင်းကောင်းဆက်ဆံရင် ပြန်ကောင်းပေးလိုက်။ မဟုတ်လို့ကတော့ အကုန်သတ်ကြတာပေါ့"

ယွမ်ရှောင်က တစ်လုံးချင်းပြောလိုက်ပြီး ကြယ်ပြာမှ ထောက်ခံလိုက်၏။

"အစ်မကျောက်က ကြောက်စရာကောင်းလိုက်တာ။ ငါ့အကြွေးကို​ မြောက်ပိုင်းဖုန်းဆိုးမြေက ပြန်အရောက်မှာ တောင်းသွားတယ်။ ငါက ဓားပူဇော်ပွဲ ဘယ်အချိန် ကျင်းပမယ်ဆိုတာ မေးဖို့ မေ့သွားတယ်။ မင်းတို့တွေ လင်းလင်ကို စုံစမ်းပေးနိုင်မလား"

ယွမ်ရှောင်က တစ်ချက်စဥ်းစား၍ အကူအညီတောင်းလိုက်သည်။

"ဘာကြောင့် မင်းဘာသာ မသွားတာလဲ"

"မသင့်တော်ဘူး"

"သူမရဲ့အိမ်တော်မှာ မင်းတက်နေတာကလည်း မသင့်တော်ပါဘူးဟ"

"သွားသာသွားစမ်းပါကွာ"

ယွမ်ရှောင်က သားရဲလေးကို အခန်းအပြင်သို့ ပစ်ထုတ်လိုက်ပြီး ခဏအကြာတွင် ပြန်ရောက်လာခဲ့သည်။ သူမက ကျင့်ကြံနေကြောင်း သိလိုက်ရသဖြင့် သူသည် အိမ်တော်အနောက်ပိုင်းသို့ ခြေဦးလှည့်သွားကာ တံခါးကို အသာတွန်းဖွင့်၍ အသံပေးလိုက်၏။

"လင်းလင် ငါ မေးစရာ ရှိတယ်"

သူမက ရေချိုးနေခြင်း ဖြစ်သောကြောင့် ကြယ်ပြာမှ လှည့်စားခဲ့ကြောင်း သဘောပေါက်လိုက်၏။ ထို့နောက် လေနားဆင်အိမ်တော်အတွင်း စူးရှရှ အော်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာကာ သူမ၏မျက်ဝန်းများ မီးဝင်းဝင်းတောက်လောင်နေခဲ့သည်။

"ပြန်ထိုင်လိုက်ရင် မကောင်းဘူးလား"

ယွမ်ရှောင်က ရင်ဘတ်ကို လက်ဖြင့်ဖုံးအုပ်၍ အလန့်တကြား ထရပ်လိုက်သော လင်းလင်အား သတိပေးလိုက်သည်။

"ထွက်သွားစမ်း"

"မနက်ဖြန် ဓားပူဇော်ပွဲ ဘယ်အချိန် ကျင်းပမယ်ဆိုတာကို သိချင်တယ်"

"မနက်ခုနစ်နာရီ"

လင်းလင်က အနားရှိတွေ့ရာဖြင့် သူ့ကို ကောက်ပေါက်ရင်း အော်ဟစ်နေခဲ့သည်။ သူက မျက်နှာပူပူဖြင့် တံခါးကို ဆွဲပိတ်လိုက်သော်လည်း ရင်ဘတ်သေးကြောင်း ကြယ်ပြာမှ တမင်ပြောလိုက်၏။ သူမက ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်၍ ပိုမိုကျယ်လောင်သော အော်သံများ ထွက်ပေါ်လာခဲ့သည်။

"အစ်မကျောက် ကျုပ်ရင်ထဲမှာ အစ်မက ပြိုင်ဘက်ကင်းနတ်ဘုရားမပါပဲ"

"ဟား ဟား"

ယွမ်ရှောင်က သက်ပြင်းတစ်ချက်ချ၍ ရယ်မောနေသည့် သားရဲလေးကို ခေါင်းတစ်ချက်ခေါက်ကာ အိမ်တော်၏အရှေ့ပိုင်းသို့ ပြန်လာခဲ့ရသည်။ တံခါးကို တင်းကြပ်စွာပိတ်ပြီးနောက် သူက ခေါင်းတလားအတွင်း ဝင်ရောက်ကာ ကျင့်ကြံလိုက်၏။ ဓားပင်လယ်က ကောင်းကင်တွင် တည်ရှိသောကြောင့် နေနှင့်လ၏ ချီစွမ်းအင်များကို စုပ်ယူနိုင်သောအခါ အသူရာဓားဂိုဏ်းထက် သာလွန်သည့် ကျင့်ကြံရေးမြေတစ်ခု ဖြစ်နေသည်။ ဤအကြောင်းအရင်းကြောင့် ၎င်းသည် လက်အောက်ခံများစွာကို သိမ်းသွင်းနိုင်ခဲ့ပြီး ဓားသမားများအတွက် အိပ်မက်တစ်ခု ဖြစ်လာခဲ့၏။

ယွမ်ရှောင်အတွက် ဓားပင်လယ်၌ ကျင့်ကြံခြင်းသည် အလွန်အကျိုးရှိပြီး ကောင်းကင်တာအိုဆေးလုံးများကို အသုံးမပြုသည့်တိုင်အောင် ဒန်တန်အတွင်း လွန်စွာတိုးတက်လာခဲ့သည်။ တစ်နာရီအကြာတွင် သူက ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သောကြောင့် ခေါင်းတလားထံမှ ကြယ်ပြာ၏စကားသံ ထွက်ပေါ်လာခဲ့၏။

"တစ်ခုခု မှားနေလို့လား"

"မဟာဖုန်းဆိုးမြေရောက်နေတဲ့ ကိုယ်ပွားဆီက သတင်းရတယ်"

"ဒါက ကောင်းတာ မဟုတ်ဘူးလား။ အခု မင်းက ခန္ဓာကိုယ်နှစ်ခုနဲ့ လမ်းကြောင်းနှစ်ခု ကျင့်ကြံနိုင်ပြီလေ"

"ဟူး မဟာဖုန်းဆိုး မြေနတ်ဆိုးသခင်ရဲ့ သမီးက ငါ့ကိုယ်ပွားကို စိတ်ဝင်စားနေတယ်။ ကိစ္စတွေက လုပ်ရကိုင်ရခက်လာပြီ"

"အစ်ကိုကြီး ငါတို့ကို မြန်မြန်ပြစမ်းပါ။ ကြည့်ချင်လို့"

"အဲဲ့ဒီနတ်ဆိုးမကရော နို့ထွက်ကောင်းရဲ့လား"

ကြယ်ပြာနှင့် လနီက အငမ်းမရ တောင်းဆိုနေကြသော်လည်း သူက မျက်နှာပူပူဖြင့် ပါးစပ်ပိတ်နေခဲ့၏။

"ကြည့်ရတာ ငါက ကိုယ်ပွားနဲ့ သွားနေတာ ကောင်းမယ်ထင်တယ်"

"နတ်ဆိုးတွေထဲမှာ နွားနတ်ဆိုးရှိတယ်မလား။ မင်းရဲ့ကိုယ်ပွားက နွားနတ်ဆိုးတွေကို ဆွဲဆောင်နိုင်ရင် အကောင်းဆုံးပဲ။ အစ်ကိုကြီးရဲ့ မူလကိုယ်က ပျင်းစရာကောင်းလိုက်တာ၊ ငါ အခုထိ နို့တစ်စက်တောင် မသောက်ရသေးဘူး"

ယွမ်ရှောင်က နတ်ဆိုးလောကတွင် အလိုဆန္ဒများပြင်းထန်ကြောင်း တွေးနေခဲ့ပြီး ဥပမာအားဖြင့် နတ်ဆိုးသခင်၏ သမီးတော်ပင်။

"ပါးစပ်ပိတ်ထားစမ်းကွာ။ ငါက မနက်ဖြန်အတွက် ပြင်ဆင်ရမယ်။ ဓားကောင်းကင်ရဲ့ ပါရမီရှင်တွေက ဘယ်လိုဆိုတာ စမ်းသပ်ကြည့်ချင်တယ်။ ငါက ချူရန်ရဲ့ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူးလို့ တကယ်ယုံနေကြတာ ရယ်စရာပဲ"

ယွမ်ရှောင်၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေစဥ် လင်းချန်၏အိမ်အတွင်း လင်းချန်က လူငယ်သုံးယောက်ကို သေရည်ဖြင့် ဧည့်ခံနေခဲ့၏။ ပတ်ဝန်းကျင်က တင်းကြပ်နေပြီး သူ၏လက်ထဲတွင် ဓားဝိညာဥ်ထုတ်ဖော်၍ သတ်ဖြတ်လိုစိတ်ဖြင့် ထိန်းချုပ်နေခဲ့ငည်။

"မင်းတို့သုံးယောက်ရဲ့ ပခုံးပေါ်မှာ ဓားကောင်းကင်ရဲ့ ဂုဏ်သိက္ခာကို ထမ်းထားရတယ်"

"ဟုတ်ကဲ့ပါ အစ်ကိုချန်"

အသက်၁၉နှစ်မကျော်သော ဓားမင်းသားအဆင့်အတန်းဖြင့် လူငယ်သုံးယောက်က ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။

"အစ်ကိုချန် ကျုပ်က ခေါင်းဆောင်ကို နားမလည်နိုင်ဘူး"

လင်းချန်နှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေသော နင်ပေဆိုသည့် လူငယ်က ရေရွတ်လိုက်ခြင်းဖြစ်သည်။

"ဓားကောင်းကင်တစ်ခုလုံး သူ့ကို နားမလည်နိုင် ဖြစ်နေကြတယ်။ မင်းတစ်ယောက်တည်း မဟုတ်ဘူး"

လင်းချန်က အေးစက်စက် ပြောလိုက်၏။

"ဒီနေ့ကိစ္စက ဓားပင်လယ်မှာ လူသိရှင်ကြားဖြစ်နေပြီ။ ခေါင်းဆောင်က ကြယ်ပွင့်အဆင့် ဓားဝိညာဥ်တစ်ခုကြောင့် ရှေးဟောင်းမျှော်စင်နဲ့ စစ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်း လူတိုင်း ပြောနေကြပြီ"

ဤအုပ်စုအတွင်း လိမ္မော်ရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက်လည်း ပါဝင်နေသည်။

"အစ်ကိုချန် ကျုပ်တို့က ရှေးဟောင်းမျှော်စင်နဲ့ တကယ်ပဲ အသေအကြေတိုက်ခိုက်ရမှာလား။ သူတို့နဲ့ ဘာရန်ငြှိုးမှလည်း မရှိဘူး။ ယွမ်ရှောင်လို ပြဿနာကောင်ကို ကာကွယ်ပေးဖို့ မသင့်တော်ဘူး"

နောက်ထပ်လူငယ်တစ်ယောက်က စိတ်ပျက်လက်ပျက်နှင့် ဝင်ရောက်ထောက်ခံလိုက်သည်။

"စိတ်ချစမ်းပါ။ ဘာစစ်ပွဲမှ ရှိလာမှာ မဟုတ်ဘူး။ ငါ့အဖေက ဓားကောင်းကင်မှာ အသန်မာဆုံးဖြစ်ပေမယ့် အရာရာကို မထိန်းချုပ်နိုင်ဘူး။ အကြီးအကဲတွေက ဒီကိစ္စကြောင့် လျှို့ဝှက်ဆွေးနွေးပြီး ရှေးဟောင်းမျှော်စင်ကို သွားရောက်ရှင်းပြခဲ့တယ်။ ငါ့အထင်ပြောရရင် အဖေ့ကို ဓားကောင်းကင်က ဆန့်ကျင်ကြလိမ့်မယ်။ ဓားကောင်းကင်ရဲ့ ဘယ်ကျင့်ကြံသူကမှ သူ့အတွက် တိုက်ခိုက်မပေးချင်ကြဘူး"

လင်းချန်က အသံခပ်တိုးတိုးဖြင့် လက်ရှိအခြေအနေကို ရှင်းပြလိုက်လေသည်။

All Chapters