ဓားပူဇော်ပွဲ
Vol. 7 Ch. 85
"နှစ်ပေါင်းရာချီအောင် ဓားကောင်းကင်နဲ့ ရှေးဟောင်းမျှော်စင်က ပူးပေါင်းပြီး ဓားပင်လယ်ကို အုပ်စိုးနိုင်ခဲ့တယ်။ ခေါင်းဆောင်ရဲ့ စကားတစ်ခွန်းကြောင့် ဒီဆက်ဆံရေးက ပျက်စီးစရာ မလိုဘူး"
နင်ပေ၏မျက်လုံးများက အေးစက်နေပြီး လင်းချန်ကလည်း ခေါင်းညိတ်ထောက်ခံခဲ့သည်။ သူသည် ရှေးဟောင်းမျှော်စင်၏ ရှောင်မျိုးနွယ်မှ ရှောင်ရှင်းနှင့် လက်ထပ်ရန် ရည်ရွယ်ထားပြီး ချူရန်နှင့် လင်းလင်၏ ဆက်ဆံရေး၊ မိခင်က ရှောင်မျိုးနွယ်ဝင်ဖြစ်သောကြောင့် မတိုက်ခိုက်လိုပေ။
"ရှေးဟောင်းမျှော်စင်က တစ်ခါတလေ ကြီးစိုးတတ်ပေမယ့် သူတို့က စည်းရှိပါတယ်"
"ယွမ်ရှောင်က ရဲကုရင်ကို စော်ကားပြီး ဓားကောင်းကင်ကို ရောက်လာတယ်။ ငါတို့က သူ့ကို ရှေးဟောင်းမျှော်စင်ဆီ လက်လွှဲပေးလိုက်ရင် ပြီးတာပဲ"
သူတို့က ဓားပင်လယ်တွင် ဟန်ချက်ညီစွာ နေထိုင်ခဲ့သောကြောင့် ရှေးဟောင်းမျှော်စင်၏ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ဖိအားပေးခြင်းကို မနှစ်သက်ကြပေ။
"ဓားကောင်းကင်မှာ အဖေနဲ့ နင်ရန်က ယွမ်ရှောင်ကို ကာကွယ်ပေးနေပေမယ့် လူတိုင်းက သူ့ကို သေစေချင်ကြတယ်"
လင်းချန်က တစ်လုံးချင်း ပြောလိုက်သည်။
"မင်းအဖေသာ ထွက်မလာရင် ဒီကောင်အသတ်ခံရတာ ကြာနေပြီ။ ငါ့အဒေါ်က ဘာတွေတွေးနေတာလဲ မသိဘူး"
နင်ပေက နင်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ကာ နင်ရန်၏တူတော်စပ်ပြီး ထိုမျိုးနွယ်မှာ လင်းမျိုးနွယ်၏နောက်တွင် ဓားကောင်းကင်၌ အင်အားအကြီးဆုံး ဖြစ်သည်။ အမှန်တရားတွင် ဓားမင်းသားအများစုသည် ထိုမျိုးနွယ်ဝင်များသာ ဖြစ်ကြပြီး အပြင်လူ အလွန်တရာ နည်းပါးပေသည်။
"နင်မျိုးနွယ်ကရော ဘယ်လိုသဘောရလဲ"
"သူတို့ကလည်း နင်ရန် စိတ်လွတ်သွားပြီလို့ ထင်နေကြတယ်"
"တကယ်လို့ ယွမ်ရှောင်သာ သေသွားရင် ဒီမိန်းမက ငါ့အမေရှေ့ကို ပြေးလာပြီး ဒူးထောက်နေမှာ သေချာတယ်"
လင်းချန်က ကဲ့ရဲ့လိုက်ပြီး နင်ပေမှာလည်း ခေါင်းညိတ်ပြလိုက်သည်။
"ယွမ်ရှောင်ကို တစ်ယောက်ယောက်က လုပ်ကြံရမှာလား"
"မလိုအပ်ဘူး။ အကြီးအကဲတွေက ရှေးဟောင်းမျှော်စင်ကို တောင်းပန်ထားတယ်။ မင်းတို့က သူ့ကို ဓားပူဇော်ပွဲမှာ အပြတ်ရှင်းပစ်ရမယ်"
လင်းချန်က အေးစက်စက် ညွှန်ကြားလိုက်သည်။
"ဓားသမားတွေရဲ့ တိုက်ပွဲက ကြမ်းတမ်းသလို ဓားတွေမှာ မျက်စိမရှိဘူး။ အခွင့်အရေးရရင် သေချာပေါက် လုပ်ရမှာပေါ့"
"ကောင်းပြီ။ နင်ပေ အစ်မချန် ခင်ဗျားတို့စိတ်ချပါ။ မနက်ဖြန် ယွမ်ရှောင်ကို နောက်ဘဝပို့ပေးဖို့ ငါ တာဝန်ယူလိုက်မယ်"
"ဒါဆိုရင် မင်းက ဓားကောင်းကင်အတွက် သူရဲကောင်း ဖြစ်လာလိမ့်မယ်"
ရှောင်လုံဆိုသူ လူငယ်သည် ကတိပေးလိုက်ပြီး လင်းချန်က ချီးကျူးနေခဲ့သည်။
"မင်း ကိုင်တွယ်နိုင်မယ်ဆိုတာ သေချာလား"
နင်ပေက မေးခွန်းထုတ်လိုက်သည်။
"လွန်ခဲ့တဲ့သိုင်းပြိုင်ပွဲမှာ ငါက ချူရန်နဲ့ တိုက်ခိုက်ဖူးတယ်။ လင်းလင်ပြောသလို အမှန်ဆိုရင် ဒီကောင်က ဘာမှမဟုတ်ဘူး"
ရှောင်လုံက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ။ ဒါပေမယ့် အခွင့်အရေးရရင် ဓားပျံနဲ့ သတ်လိုက်။ ထိပ်တိုက်ရင်ဆိုင်စရာ မလိုဘူး"
"နားလည်ပါပြီ"
နင်ပေက တိုက်ခိုက်ရန် နည်းလမ်းကို သင်ကြားပေးလိုက်ပြီး လင်းချန်မှာ ယွမ်ရှောင်၏ ကြယ်ပွင့်ဓားဝိညာဥ်အစား ရဲကုရင်၏ တာအိုမျိုးစေ့ပါရမီကို လေးစားနေခဲ့သည်။
"ရဲကုရင်က တကယ်ပြိုင်ဘက်ကင်းပဲ။ ရှေးဟောင်းမျှော်စင်က သူ့ကြောင့် နှစ်ပေါင်းများစွာ အုပ်စိုးနိုင်လောက်တယ်"
အစ်မချန်က ခံစားချက်များဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
"ရဲကုရင်အကြောင်း ထားလိုက်ဦး။ ချူရန်ရဲ့ဓားဝိညာဥ်က ချီနှစ်မျိုးတောင် ထိန်းချုပ်နိုင်မှတော့ အနာဂတ်က ကြီးကျယ်နေပြီ။ မင်းတို့က အခု သူ့ထက် သာချင်သာပေမယ့် သူသာ ခြေလှမ်းမမှားရင် အနာဂတ်မှာ.."
"ငါနဲ့ ယှဥ်နိုင်လာလိမ့်မယ်"
နင်ပေက အားကျစွာ ချီးကျုးနေစဥ် လင်းချန်က ဖြတ်ပြောလိုက်သည်။ ရှေးဟောင်းမျှော်စင်၏ ဤမျိုးဆက်က အစွမ်းထက်ပြီး ရဲကုရင်ကဲ့သို့ ပါရမီရှင်များ ပိုင်ဆိုင်ထားကြသည်။
"ဒီနေ့ အစည်းအဝေး တော်လောက်ပြီ။ ယွမ်ရှောင်ကို ရှင်းပစ်နိုင်ရင် ငါက မင်းတို့ကို ရတနာလမ်းမှာ တစ်ရက် ဧည့်ခံမယ်"
"စိတ်ချထားလိုက်ပါ"
လင်းချန်၏စကားကြောင့် ရှောင်လုံက ယုံကြည်မှုအပြည့်ဖြင့် အာမခံလိုက်သည်။
"ဒီကောင်က အသူရာဓားဂိုဏ်းကဆိုတော့ ဓားသမားတစ်ယောက်လို့တောင် မခေါ်ချင်ဘူး။ ဒီလောက်အားနည်းနေတာ ခွေးချီးသာသာပဲ"
သူတို့က ကြယ်ပွင့်အဆင့် ဓားဝိညာဥ်ကို လျစ်လျူရှုထားပြီး ယွမ်ရှောင်ကို အားနည်းသည်ဟု လှောင်ပြောင်ရယ်မောခဲ့ကြ၏။
အရုဏ်တက်ချိန် ရောက်သောအခါ ယွမ်ရှောင်နှင့် လင်းလင်သည် နက်မှောင်နေသည့် ဘိုးဘေးခန်းမရှေ့တွင် ရောက်ရှိနေကြသည်။
"ဓားပူဇော်ပွဲက လျှို့ဝှက်အခမ်းအနားတစ်ခုလား"
"ဟုတ်တယ်"
သူက စပ်စုလိုက်သောအခါ သူမသည် လက်ပိုက်ထားရင်း ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုရင် မင်း ထွက်သွားနိုင်ပြီ"
"မသွားဘူး။ ငါက နင်ဘယ်လိုပြန်ထွက်လာနိုင်မလဲဆိုတာ ဒီနေရာက စောင့်ကြည့်မယ်"
သူမက နှာခေါင်းတစ်ချက်ရှုံ့၍ လှောင်ရယ်လိုက်သည်။
"ဝင်ခဲ့"
ထိုအချိန်၌ လင်းချင်းဖန်က ဖိတ်ခေါ်လိုက်သောကြောင့် ယွမ်ရှောင်သည် တစ်လှမ်းချင်း ဝင်ရောက်သွားခဲ့သည်။ အတွင်း၌ ကျယ်ဝန်းပြီး ထင်ရှားသော တိုက်ခိုက်ရေးစင်တစ်ခုရှိကာ လင်းချင်းဖန်နှင့်အတူ ဖိအားများကြောင့် ယုံကြည်မှု ပျက်ပြားနေသည့် နင်ရန် ရှိနေခဲ့၏။ ဓားကောင်းကင်ဘိုးဘေးများကို အရိုအသေပြုရန် အခမ်းအနားဖြစ်သော်လည်း ထူးဆန်းစွာဖြင့် အကြီးအကဲ တစ်ယောက်တလေပင် မတက်ရောက်ခဲ့ကြပေ။
"ဓားသခင်လေးကို စိန်ခေါ်မယ့် တပည့်တွေ ရှေ့တက်ကြ"
နင်ရန်က အမိန့်ပေးလိုက်သောအခါ လူငယ်သုံးယောက်က ဟန်ပန်တစ်ခွဲသားဖြင့် ထွက်လာခဲ့ပြီး အရှိန်အဝါအားဖြင့် ချူရန်ထက် ပို၍သန်မာပုံပေါ်ကြသည်။ ဓားကောင်းကင်၌ ဓားမင်းသား ငါးယောက်ရှိသော်လည်း သန်မာသူနှစ်ယောက်က ယွမ်ရှောင်ထက် အသက်လေးနှစ် ကြီးသောကြောင့် ပါဝင်ခွင့်မရှိချေ။
"ဘယ်သူ အရင်လာမလဲ"
ယွမ်ရှောင်က စင်မြင့်အထက်သို့ တည်ငြိမ်စွာ တက်လှမ်းရင်း စိန်ခေါ်လိုက်သည်။ အဝါရောင်ဝတ်ဆင်ထားသော ရှောင်လုံက သတ်ဖြတ်လိုစိတ်ဖြင့် ပြေးတက်လာခဲ့သည်။ သူက အဝါရောင် ဓားမြှောင်ကို ဆင့်ခေါ်ကာ ဓားစက်ကွင်းနှစ်ခု လည်ပတ်နေပြီး မီးတောက်များ တောက်လောင်နေခဲ့သည့်အပြင် ဓားအော်ရာ၃၃ခုလည်း ပိုင်ဆိုင်ထားသည်။ ဓားမင်းသားများအနက် အငယ်ဆုံးနှင့် အားအနည်းဆုံးကပင် ရဲတန်းစီနှင့် ဖန်ကျင်းထက် ပို၍သန်မာပေသည်။
"မင်းရဲ့နာမည်ကို သိနိုင်မလား"
"စောက်စကားမများနဲ့။ ဓားထုတ်လိုက်"
"မင်းက ငါ့ကို အရင်တိုက်ခိုက်စေချင်တာလား"
"ငါအရင်တိုက်ခိုက်ရင် မင်းက သေချာပေါက် ရှုံးလိမ့်မယ်"
ရှောင်လုံက ယွမ်ရှောင်၏တိုက်ကွက်ကို တန်ပြန်ရန်အတွက် အသင့်အနေအထား ပြင်လိုက်သည်။ သူက မောက်မာ၍ ယုံကြည်မှုအပြည့်ရှိနေကာ ချူရန်၏ဓားတစ်ချက်ပင် မခုခံနိုင်သော တစ်ဖက်လူအား အထင်သေးနေသည်။ ယွမ်ရှောင်က ခေါင်းတစ်ချက်ညိတ်၍ ဓားဝိညာဥ်ကို ဆင့်ခေါ်ကာ ချက်ချင်း ပစ်ခတ်လိုက်သည်။
"ဆယ်ဆင့်ဓားသိုင်းလား။ ငါလည်း လေ့ကျင့်ထားတယ်"
ရှောင်လုံက တန်ပြန်တိုက်ခိုက်ချင်သော်လည်း ယွမ်ရှောင်၏ဓားဝိညာဥ်က လမ်းတစ်ဝက်တွင် ခန့်မှန်းမရလောက်အောင် ရွေ့လျားနေကာ ပေါက်ကွဲသံ၁၂ကြိမ် ထွက်ပေါ်လာခဲ့သည်။ သူ မတုံ့ပြန်န်ုင်ခင်မှာပင် ဓားသွားက မျက်နှာရှေ့မှ ဖြတ်သန်းသွားကာ ယွမ်ရှောင်၏လက်အတွင်း ပြန်ရောက်သွားသဖြင့် မင်သက်သွားခဲ့သည်။ သူလေ့ကျင့်ထားသော ဆယ်ဆင့်ဓားသိုင်းမှာ မျက်စိကို ဤမျှလှည့်စားနိုင်လိမ့်မည်ဟု မျှော်လင့်မထားပေ။
"လုံလောက်ပြီ"
လင်းချင်းဖန်၏ အမိန့်သံက သတိပေးလိုက်သည်။
"ဒါပေမယ့်"
ရှောင်လုံက တစ်ခုခုပြောချင်သော်လည်း အဖော်နှစ်ယောက်၏ မျက်နှာအမူအရာကြောင့် မှန်တစ်ချပ် ဆွဲထုတ်ကာ စိုးရိမ်တကြီး စစ်ဆေးလိုက်ရသည်။
"နောက်တစ်ယောက်"
မြင်ကွင်းက သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေပြီး နဖူးနှင့် ပါးနှစ်ဖက်၌ ဤစကားလုံးများမှာ ဓားဖျားဖြင့် ရေးထိုးခံထားရသည်။ စုတ်ချက်တိုင်းက သပ်ရပ်လှပပြီး သတင်းစကားက ထင်ရှားသောကြောင့် အခန်းတစ်ခုလုံး တုန်လှုပ်ခြင်းများ ပြည့်နှက်သွားလေသည်။