← Chapters

ဓားပူဇော်ပွဲ-၂

Vol. 7 Ch. 86

ဓားပူဇော်ပွဲ-၂

Vol. 7 Ch. 86

တစ်ဖက်လူသည် ဆယ်ဆင့်ဓားသိုင်းကို အသုံးပြု၍ မျက်နှာထက်တွင် စာလုံးများ ရေးသွားသောကြောင့် ရှောင်လုံ၏မျက်လုံးများက မယုံနိုင်ဟန်ဖြင့် ပြူးကျယ်နေသည်။ အကယ်၍ ယွမ်ရှောင်သာ သတ်ချင်လျှင် စုတ်ချက်တစ်ချက်ချင်းစီတွင် သူက နောက်ဘဝ ရောက်သွားပေလိမ့်မည်။

"မဖြစ်နိုင်ဘူး"

သူက တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်ပြီး အရှက်ခွဲခံလိုက်ရသည့်အပြင် တစ်ဖက်လူမှာ လှောင်ပြုံးတစ်ခုနှင့် ဓားဝိညာဥ်အား လက်ချောင်းများအကြားတွင် ဆော့ကစားနေသည်။

"လုံလောက်ပြီ"

လင်းချင်းဖန်က ရှောင်လုံကို စင်မြင့်ထက်မှ အရှိန်အဝါဖြင့် တွန်းထုတ်လိုက်ပြီး နင်ရန်က စိတ်လိုလက်ရ ချီးကျူးနေသည်။

"အစ်ကိုဖန် ယွမ်ရှောင်ရဲ့ဓားဝိညာဥ်က အဆင့်မြင့်ရုံတင်မကဘူး။ သူက ဓားသိုင်းမှာလည်း အလွန်ကျွမ်းကျင်တယ်။ ကြယ်ပွင့်အဆင့် ဓားသိုင်းနဲ့ ထိုက်တန်လောက်တယ်"

"မုရုံချန် မင်းလည်း သူ့ကို မယှဥ်နိုင်ဘူး။ နင်ပေ အလှည့်ရောက်ပြီ"

ခေါင်းဆောင်လင်း၏ မျက်နှာက သေရည်ကြောင့်လား၊ စိတ်လှုပ်ရှားမှုကြောင့်လား မသိ အနီရောင်သန်းနေကာ လက်တစ်ဖက်မြှောက်၍ ယှဥ်ပြိုင်သူကို ရွေးချယ်ပေးခဲ့သည်။ ရှောင်လုံနှင့် အဆင့်တူဖြစ်သော မုရုံချန်က အလိုက်သိစွာ နောက်ဆုတ်သွားသည်။

"လင်းလင်ပြောတော့ ချူရန်ရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူးဆို"

ရှောင်လုံက အဖော်နှစ်ယောက် အနားကပ်သွားကာ မေးခွန်းထုတ်လိုက်သည်။

"ဖြစ်နိုင်တာက ချူရန်ရဲ့ အလိမ်အညာ ဖြစ်လိမ့်မယ်"

နှစ်ယောက်လုံးက အကြည့်ချင်းဖလှယ်လိုက်ပြီး ရှောင်လုံ၏မျက်နှာထက်မှ စာလုံးများသည် လှောင်ပြောင်နေသကဲ့သို့ ခံစားလိုက်ရသည်။

"ဓားပင်လယ်တစ်ခုလုံးမှာ ဒီသတင်းက ပြန့်နေပြီ"

ရှောင်လုံက ခေါင်းကုတ်၍ ရေရွတ်လိုက်သည်။

"ကိစ္စမရှိဘူး။ ငါ့မှာ အစီအစဥ်ရှိတယ်။ ငါသာ အနိုင်ရသွားရင် ဘယ်သူမှ သူ့အစွမ်းကို သိမှာ မဟုတ်တော့ဘူး"

နင်ပေက အသက်ကို ပြင်းပြင်းရှူ၍ တိုက်ခိုက်ရေးစင်မြင့်အထက်သို့ တက်သွားကာ မူလအမြုတေနောက်ပိုင်းအဆင့် ဖြစ်သောကြောင့် ယွမ်ရှောင်ထက် အဆင့်ငယ်နှစ်ဆင့် ပိုမြင့်၏။

"သူရဲ့အစွမ်းက ခဏလောက်ပဲ ခံမှာပါ။ သိပ်မကြာခင် ချူရန်ရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်တဲ့ သတင်းက အတည်ပြုပြီးသား ဖြစ်သွားမှာပါပဲ"

မုရုံချန်က ခေါင်းညိတ်၍ နင်ပေ အနိုင်ရရန် မျှော်လင့်နေခဲ့သည်။

"နင်ပေက ငါ့တူဖြစ်လို့ သက်သက်ညှာညှာလေး လုပ်ပါ"

နင်ပေက နင်မျိုးနွယ်မှ ဖြစ်သောကြောင့် ကျောက်ရန်ရန်၏ ဝမ်းကွဲတော်စပ်ကာ နင်ရန်သည် ယွမ်ရှောင်အား အထက်ပါအတိုင်း တောင်းဆိုခဲ့သဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"တော်စမ်းပါ။ ကိုယ့်အလုပ်ကိုလုပ်"

ဤစကားကို ကြားသောအခါ သွေးနားထင်ရောက်နေသည့် နင်ပေက နင်ရန်၏အကူအညီကို မလိုအပ်ဟု ပေါ်တင်ငြင်းဆန်ခဲ့သည်။ သူက ဓားအော်ရာ၃၆ခု နှင့် အနက်ရောင်ဓားစက်ကွင်းနှစ်ခု ပါဝင်သော အညိုရောင်ဓားရှည်ကို ပြတ်သားစွာ ဆင့်ခေါ်လိုက်၏။ ၎င်းက သေခြင်းတရားပမာ အေးစက်နေပြီး တစ်ချက်ယမ်းလိုက်ရုံဖြင့် လေထုအပူချိန် ကျဆင်းလာခဲ့သည်။ သူက လကို တိမ်ဖုံးသကဲ့သို့ ထင်မှတ်ရသော လအဆင့် တိမ်မည်းဓားသိုင်းကို ထုတ်ဖော်လိုက်သောအခါ ယွမ်ရှောင်သည် နဂါးတစ်ကောင်ပမာ တုံ့ပြန်လိုက်၏။ ကောင်းကင်သင်္ချိုင်းဓားက တည့်မတ်စွာ ဝင်ရောက်သွားပြီး မိုးနဂါးတစ်ကောင်အနေဖြင့် တိမ်မည်းများကို ကြောက်လန့်နေရန် မဖြစ်နိုင်ချေ။ သူ၏ဓားချက်တွင် ဓားနှင့်လူ တစ်သားတည်းပေါင်းစပ်နေပြီး ကြောက်ရွံ့ခြင်း ကင်းမဲ့နေ၏။ ထို့ကြောင့် အတွေ့အကြုံများပြားသော လင်းချင်းဖန်နှင့် နင်ရန်၏ မျက်လုံးထဲတွင် လေးစားသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

နင်ပေသည် ယွမ်ရှောင်ကို ဓားကောင်းကင်အတွက် ကပ်ဘေးဟု မှတ်ယူထားသောကြောင့် အစွမ်းကုန် တိုက်ခိုက်လိုက်သော်လည်း တစ်ဖက်လူ၏ဓားက တရကြမ်းဝင်ရောက်လာကာ နဖူးနှင့် ဆံချည်တစ်မျှင်စာအဝေး၌ ရပ်တန့်သွားသည်။ သူက မင်သက်သွားကာ နဖူးထက်မှ သွေးအချို့ စီးကျလာပြီး ကြောက်စိတ်ကြောင့် လက်ထဲမှ ဓားပင် လွတ်ကျသွားခဲ့သည်။ ပြိုင်ဘက်၏အခြေအနေကို ယွမ်ရှောင်က လုံးဝလျစ်လျူရှုထားကာ ဆုလာဘ်များအကြောင်းသာ စိတ်ရောက်နေပြီး ဓားအား ပေါ့ပါးစွာ သိမ်းဆည်းလိုက်သည်။

"မင်းက တကယ့်ကို ကြယ်ပွင့်ဓားဝိညာဥ်နဲ့ ထိုက်တန်တယ်။ ဆယ်ဆင့်ဓားသိုင်းနဲ့ မိုးနဂါးဓားသိုင်းမှာ မင်းက ငါ့ထက်တောင် ထူးချွန်နေမှတော့ ပါရမီရှင်ဆိုတဲ့ စကားနဲ့ လုံးဝကွက်တိပဲ"

"ကျုပ်မှာ သင်ယူစရာတွေ ရှိပါသေးတယ်"

ထိုအချိန်၌ ခေါင်းဆောင်လင်း၏ ချီးကျူးစကားသံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် ယွမ်ရှောင်သည် နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသော နင်ပေသည် သူ့ကို ကျောပေး၍ ခေါင်းဆောင်နှင့် စကားပြောနေသည့် ယွမ်ရှောင်ကို ကြည့်ရင်း အတွေးရိုင်းများ ဖြစ်ပေါ်လာခဲ့သည်။

"မင်းကြောင့် ဓားကောင်းကင်က ဘေးအန္တရာယ်နဲ့ ကြုံရတော့မယ်။ မင်းသေရင် အကုန်ငြိမ်းချမ်းပြီ"

သူက ခပ်တိုးတိုးရေရွတ်၍ တစ်ချက်ပင် တုံ့ဆိုင်းမနေဘဲ ဓားဝိညာဥ်ကို ဓားမြှောင်အသွင်ဖြင့် ယွမ်ရှောင်၏ကျောထံ အရှက်မဲ့စွာ ပစ်ခတ်ခဲ့သည်။ မုရုံချန်နှင့် ရှောင်လုံသည်လည်း မင်သက်နေရာမှ ကျေနပ်အားရသော မျက်နှာထားများအဖြစ် ​ပြောင်းလဲသွားသည်။ သို့သော် ယွမ်ရှောင်သည် အန္တရာယ်ကို ရိပ်စားမိပြီး လှည့်ကြည့်စရာပင်မလိုဘဲ ဓားချင်းရင်ဆိုင်ကာ လမ်းကြောင်းလွှဲပေးလိုက်သည်။ အကျိုးသက်ရောက်မှုအနေဖြင့် နင်ပေ၏ဓားမြှောင်က သူ့အနားမှ ဖြတ်ကျော်သွားကာ ခေါင်းဆောင်ထံ တည့်မတ်စွာ ဝင်ရောက်သွား၏။ သူက လက်တစ်ဖက်ယမ်းလိုက်ရုံဖြင့် ၎င်းကို လွင့်ထွက်သွားစေပြီး ယွမ်ရှောင်၏ဓားမှာ နင်ပေ၏ပေါင်အတွင်း နက်ရှိုင်းစွာ စိုက်ဝင်နေပြီဖြစ်သည်။

"အား"

သူက နာကျင်စွာ အော်ဟစ်လိုက်ရပြီး ယွမ်ရှောင်ရှေ့မှောက်တွင် ဒူးထောက်ကျသွားခဲ့သည်။ ထို့အပြင် ကောင်းကင်သင်္ချိုင်း၏ ဝါးမျိုနိုင်စွမ်းကြောင့် တစ်ကိုယ်လုံး တွန့်လိမ်၍ မြေပြင်ထက်တွင် လဲကျသွားသည်။

"နင်ပေ ဒီတိုက်ပွဲမှာ မင်းက သိုင်းပညာရော ဂုဏ်သိက္ခာရော ရှုံးတယ်"

ယွမ်ရှောင်က အေးစက်စက်ပြောလိုက်ပြီး ဓားကို ဆွဲနုတ်လိုက်သောအခါ လင်းချင်းဖန်၏ရိုက်ချက် ကျရောက်လာသဖြင့် နင်ပေမှာ ကြမ်းပြင်နှင့် မျက်နှာ မိတ်ဆက်သွားသည်။

"အစ်ကိုဖန် စိတ်ထိန်းပါဦး"

နင်ရန်က တူဖြစ်သူ အသတ်ခံရမည်ကို စိုးရိမ်သောကြောင့် ဝင်ရောက်ဖြန်ဖြေပေးခဲ့သည်။

"နင်မျိုးနွယ်ကြောင့်သာ မဟုတ်ရင် ဒီကောင့်ကို ငါ သတ်ပစ်ပြီးနေပြီ။ မင်းက ဓားကောင်းကင်ရဲ့ ဓားမင်းသားတစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုးတွေလို လုပ်ကြံတယ်။ မင်းရဲ့ဘွဲ့နဲ့ အရင်းအမြစ်တွေကို ပြန်ရုတ်သိမ်းတယ်"

ခေါင်းဆောင်က စိတ်ပျက်စွာ အပြစ်ပေးလိုက်ပြီး ရူးမိုက်သော နင်ပေမှာ တိတ်ဆိတ်နေခဲ့သည်။

"အစ်ကိုဖန် ပြန်စဥ်းစားပေးပါဦး။ အစ်ကိုနင်က သေချာပေါက် စိတ်ပျက်သွားလိမ့်မယ်"

နင်ရန်က နင်ပေကိုယ်စား တောင်းပန်လိုက်သည်။

"မင်းရဲ့အစ်ကိုက စိတ်ပျော့လွန်းတယ်။ ဓားကောင်းကင်မှာ ငါတို့သုံးယောက်ကလွဲရင် ဘယ်သူမှ ကျောရိုး မရှိကြတော့ဘူးလား။ ဒီလိုကောင်တွေကို ဓားကောင်းကင်က မလိုအပ်ဘူး"

ခေါင်းဆောင်က ယွမ်ရှောင်ထံ တစ်ချက်လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။

"နင်ပေကို ဘယ်လိုအပြစ်ပေးမှာလဲ"

"သူက သာမန်တပည့်တွေလို အောက်ခြေက စတင်ရမယ်။ မင်းရဲ့အစ်ကိုက မကျေနပ်ဘူးဆိုရင် သတိပေးလိုက်။ ငကြောက်တွေလို လုပ်ကြံတာမျိုးက ဓားကောင်းကင်ရဲ့ ဂုဏ်သိက္ခာနဲ့ မကိုက်ညီဘူး"

"ကောင်းပါပြီ"

နင်ရန်သည် ယွမ်ရှောင်ကို ဝင်ပြောပေးစေချင်သော်လည်း အခြေအနေ ပိုဆိုးလာနိုင်သဖြင့် နှုတ်ဆိတ်နေလိုက်ရသည်။ မုရုံချန်နှင့် ရှောင်လုံက နင်ပေအတွက် တောင်းပန်ရန် ပါးစပ်ဟလိုက်သော ခဏတွင် ခေါင်းဆောင်၏ အကြည့်က ကျရောက်လာခဲ့သည်။

"မင်းတို့နှစ်ယောက်လည်း ပတ်သက်နေတယ်မလား။ သုံးယောက်လုံး ဘိုးဘေးခန်းမထဲမှာ တစ်လတိတိ ဒူးထောက်ပြီး ကိုယ့်အပြစ်ကို ဆင်ခြင်ရမယ်။ ဘာချွင်းချက်မှမရှိသလို ဧည့်တွေ့ခွင့်လည်း မရှိဘူး"

မုရုံချန်နှင့် ရှောင်လုံမှာ ဤပြစ်ဒဏ်ကြောင့် စိတ်ဓာတ်ကျသွားပြီး တစ်လတိတိ ဒူးထောက်နေရလျှင် ခြေထောက်များ ခံနိုင်ရည်မရှိရုံသာမက ကျင့်ကြံခြင်းလည်း ရပ်တန့်သွားပေလိမ့်မည်။

"ဟုတ်ကဲ့"

သို့သော် ရွေးချယ်စရာမရှိသောကြောင့် သုံးယောက်လုံးက နောင်တကိုယ်စီဖြင့် နေရာတွင် ဒူးထောက်လိုက်ကြသည်။

"မင်းရဲ့ဆုလာဘ်။ အဆင့်တစ်ဆယ် အသူရာဝိညာဥ်ကို အခု စိန်ခေါ်နိုင်တယ်။ နင်ရန်က လမ်းပြပေးလိမ့်မယ်"

ခေါင်းဆောင်သည် စိတ်ကျောက်တုံးတစ်သန်းနှင့် ကောင်းကင်မူလ ဆေးဆယ်လုံးပါဝင်သည့် သိုလှောင်အိတ်ကို ယွမ်ရှောင်ထံ ကမ်းပေးလိုက်သည်။ ဤစကားကြောင့် နင်ပေတို့မှာ မျက်နှာပျက်သွားပြီး ယွမ်ရှောင်ကို တားဆီးရန် ကြိုးစားခြင်း ကျရှုံးခဲ့ပြီဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"

ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး သူ၏ရွှေ့ကွက်များကို ကြိုတင်စဥ်းစားနေသည်။

"ပြန်ရောက်လာတာ မြန်လှချည်လား"

ဘိုးဘေးခန်းမအပြင်တွင် စောင့်ဆိုင်းနေသည့် လင်းလင်က ယွမ်ရှောင်ကို မြင်သောအခါ လှောင်ရယ်လိုက်သည်။

"ငါကို အချိန်ကြာကြာ နေစေချင်တာလား"

"နင်က ဒီလောက်မြန်မြန် ရှုံးနိမ့်သွားတာလား။ ရတနာနောက်လိုက်ရင်း အရှက်ကွဲလာပြီမလား"

"စောက်ရူးမ"

လင်းလင်က နှာခေါင်းရှုံ့၍ လှည့်ထွက်လိုက်သော်လည်း ယွမ်ရှောင်က နာရင်းတစ်ချက်အုပ်ကာ တည်ငြိမ်စွာ ထွက်ခွာသွားလေသည်။

All Chapters