← Chapters

အလောင်းများ ပြည့်နှက်သွားခြင်း

Vol. 7 Ch. 88

အလောင်းများ ပြည့်နှက်သွားခြင်း

Vol. 7 Ch. 88

"ကြည့်ရတာ မင်းအစ်ကိုက မအောင်မြင်ဘူး ထင်တယ်"

"ခေါင်းဆောင်နဲ့ ဒေါ်လေးနင်ရှိနေတော့ ယွမ်ရှောင်ကို သတ်ရတာ လွယ်ကူမှာ မဟုတ်ဘူး"

နေကျောက်စိမ်းနန်းဆောင်အတွင်း တစ်နေရာ၌ လင်းချန်သည် အနားတွင်ရှိသော နင်ကျင်းဆိုသည့် မိန်းကလေးတစ်ယောက်နှင့် ဆွေးနွေးနေခြင်း ဖြစ်သည်။

"ဒါဆိုရင် ငါကိုယ်တိုင် လုပ်မယ်"

"အလျင်မလိုနဲ့။ နင်ဝင်မပါရင်တောင် လုပ်ကြံသူတွေ အများကြီး ရှိလာလိမ့်မယ်။ ခေါင်းဆောင်ကလည်း ကျေနပ်မှာ မဟုတ်ဘူး"

ဒေါသတကြီးဖြစ်နေသော လင်းချန်၏ ပခုံးထက်တွင် သူမက လက်တင်၍ ဖြောင်းဖြလိုက်သည်။

"အမှန်အတိုင်းပြောရရင် သူက ဒီလောက်ကောက်ကျစ်တဲ့ ပုံလည်း မပေါ်ဘူး။ ဓားကောင်းကင်က ကြိုက်တဲ့တပည့်ကို လက်ခံခွင့်ရှိတယ်။ ရှေးဟောင်းမျှော်စင်က ဘောင်ကျော်လွန်းနေပြီ"

"နင်က ဘာပြောချင်တာလဲ"

နင်ကျင်း၏စကားကြောင့် သူ၏မျက်လုံးများ အေးစက် ကျဥ်းမြောင်းလာခဲ့သည်။

"စိတ်မရှိပါနဲ့။ ငါက ခေါင်းဆောင်နဲ့ နင့်ကြားမှာ ပြဿနာ မဖြစ်စေချင်လို့ပါ"

"နင်ကျင်း သူက ရဲမျိုးနွယ်တစ်ခုလုံးကို သတ်ပြီး ဝိညာဥ်တွေကို နှိပ်စက်ခဲ့တယ်ဆိုတာ မမေ့နဲ့"

လင်းချန်နှင့် နင်ကျင်း စကားပြောနေစဥ် ကျန်တစ်ဖက်တွင် နင်ခေးနှင့် မဟာဓားသခင်များသည် ယွမ်ရှောင်ကို အလစ်မပေးဘဲ စောင့်ကြည့်နေကြသည်။

"ယွမ်ရှောင်ကို ဘယ်သူ အနိုင်ယူလိုက်တာလဲ။ ရှောင်လုံလား"

"ဒါပေါ့"

နင်ခေးသည် နင်ရန်ကို မေးလိုက်ခြင်း ဖြစ်သော်လည်း ယွမ်ရှောင်ကို အရှက်ခွဲချင်နေသည့် လင်းလင်က ဖြတ်ပြောလိုက်သည်။

"တော်လောက်ပြီ။ နင်က ချူရန်ရဲ့ အလိမ်အညာတွေထဲမှာ ပိတ်မိနေတာပဲ။ အိမ်ပြန်ပြီး ကိုယ့်ဦးနှောက်ကိုယ် စစ်ဆေးကြည့်"

နင်ရန်က ငေါက်ငမ်းလိုက်သောကြောင့် သူမမှာ နှုတ်ဆိတ်သွားခဲ့သော်လည်း နင်ခေးက ဝင်ရောက်ကာကွယ်လိုက်၏။

"ဒီကောင်က ဓားဝိညာဥ်အဆင့် မြင့်နေတာ တစ်ခုပဲ ရှိတယ်။ လင်းလင်ပြောတာ မမှားဘူး"

"ငါ စိတ်မရှည်တော့ဘူး။ ချူရန်နဲ့ ယွမ်ရှောင်ရဲ့ တိုက်ပွဲကို ငါကိုယ်တိုင် မြင်ခဲ့တယ်။ ဓားတစ်ချက်တည်းနဲ့ အရှုံးပေးလိုက်ရတာက သူ မဟုတ်ဘူး၊ ချူရန်ပဲ"

နင်ရန်က စိတ်ပျက်စွာ ပြောလိုက်သော်လည်း နင်ခေးသည် မယုံကြည်ဟန်ဖြင့် လှောင်ရယ်နေခဲ့သည်။

"ငါက ချူရန်ရဲ့ စကားကို ယုံတယ်"

လင်းချန်က သူ့အမြင်ကို တစ်ဖက်သတ် ဆွဲကိုင်ထားပြီး ကျန်လူများသည်လည်း ​ရှေးဟောင်းမျှော်စင်၏ ဘက်တော်သားဖြစ်သောကြောင့် နင်ရန်ကို မယုံကြည်ကြပေ။

"တော်လောက်ပြီ။ ယွမ်ရှောင် သွားကြမယ်"

"ရပ်စမ်း ပေအာ ဘယ်မှာလဲ"

နင်ရန်က ယွမ်ရှောင်ကို ညွှန်ကြားလိုက်စဥ် နင်ခေးက အသံမြှင့်၍ မေးလိုက်ခြင်းဖြစ်သည်။ နင်ပေသည် စည်းမျဥ်းချိုးဖောက်၍ ခေါင်းဆောင်မှ တစ်လတိတိ ဒူးထောက်ရန် အပြစ်ပေးထားကြောင်း သူမက ကြေညာလိုက်၏။

"ဒါဆိုရင် ပေအာက စည်းမျဥ်းကို ဘယ်လိုချိုးဖျက်ခဲ့တာလဲ"

"အစ်ကိုပေက နည်းနည်းတော့ ခေါင်းမာတယ်။ ဒါကြောင့် အဖေ့ကို ဒေါသထွက်သွားစေတာ ဖြစ်မယ်"

လင်းလင်က သူမ၏အမြင်ကို ဝင်ပြောလိုက်ပြီး တုံးအရူးမိုက်သော ဤမိန်းမအား ယွမ်ရှောင်မှ လုံးဝလျစ်လျူရှုထားသဖြင့် ကြယ်ပြာပင် အံ့သြနေသည်။

"မင်း ဘယ်လိုလုပ် သည်းခံနိုင်တာလဲ"

"ငါ့လက်ထဲကို အဆင့်တစ်ဆယ် အသူရာဝိညာဥ် ရောက်မလာသေးဘူး"

အကယ်၍ သူသာ ဤမိန်းမ၏ခေါင်းကို ဖြတ်လိုက်လျှင် အသူရာဝိညာဥ်ကို လွဲချော်ရမည် ဖြစ်သောကြောင့် အချိန်အနည်းငယ် သည်းခံရပေလိမ့်မည်။ ကျန်ဆုလာဘ်များသည် သူ၏လက်အတွင်း ရောက်ရှိနေပြီဖြစ်ရာ မစောင့်နိုင်စရာ အကြောင်းမရှိပေ။ ထိုအချိန်တွင် အခြားသူများ၏စိတ်ထဲတွင် ခေါင်းဆောင်က ဘက်လိုက်ခြင်းဟူသော အတွေးမျိုး ဖြစ်ပေါ်လာကြသည်။

"ငါ့သားက ဒီကောင့်ကို အနိုင်ယူလိုက်လို့ တစ်လတိတိ ဒူးထောက်ခိုင်းတာလား"

နင်ခေးက စားပွဲမျက်နှာပြင်ကို လက်ဝါးဖြင့် ဒေါသတကြီး ရိုက်ချလိုက်၏။ နင်ပေမှာ ဓားမင်းသားအဆင့်မှပင် ထုတ်ပယ်ခံလိုက်ရကြောင်းကို နင်ရန်သည် လှောင်ပြုံးတစ်ခုနှင့် လောင်စာထည့်ပေးလိုက်ပြန်သည်။ ထို့ကြောင့် သူ၏ဒေါသက ပိုမိုကြီးမားလားကာ နေကျောက်စိမ်းနန်းဆောင်အတွင်း ရှိနေသူများ တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြသည်။ လင်းချန်ပင်လျှင် ဒေါသထွက်နေပြီး ဖခင်၏လုပ်ရပ်မှာ လွန်လွန်းသည်ဟု ထင်မှတ်နေသည်။

"နင်ရန် ငါက အဖေ့ကို ချက်ချင်းသွားရှာပြီး နင်တို့ကို အပြစ်ပေးခိုင်းမယ်"

နင်ရန်နှင့် နင်ခေး၏ ဖခင်က ဓားကောင်းကင်၏ ထောက်တိုင်များအနက် ပါဝင်သော်လည်း နင်ရန်မှာ မထီမဲ့မြင် ရှိနေသည်။

"လုပ်ချင်တာသာလုပ်။ ငါက ယွမ်ရှောင်ကို အဆင့်တစ်ဆယ် အသူရာဝိညာဥ်ဆီ ခေါ်သွားတော့မယ်"

"ခေါင်းဆောင်က ယွမ်ရှောင်ကို ဓားသခင်လေးနေရာပေးဖို့ ဖိအားပေးခဲ့တာလား။ လုံးဝမတရားဘူး"

လူအုပ်က ယွမ်ရှောင်ကို မကျေနပ်စွာ စိုက်ကြည့်နေကြပြီး ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာ၏။

"နင်ရန် နင်က အမှားတစ်ခုတည်းကို နှစ်ကြိမ်တောင် လုပ်ရဲတယ်ပေါ့။ ကျောက်ကျန်ရှင်းနဲ့ မှားယွင်းပြီးတာတောင် သူ့တပည့်ကို ကာကွယ်ဖို့ ကြိုးစားနေတယ်"

"ခွေးကောင် ပါးစပ်ပိတ်ထားစမ်း"

နင်ခေးက ကဲ့ရဲ့လိုက်သောအခါ သူမကို ယမ်းပုံမီးကျ ဒေါသထွက်သွားစေကာ မျက်ဝန်းများပင် သွေးနီရောင်တောက်ပလာသည်။ ကျောက်ကျန်ရှင်းကို လက်နက်တစ်ခုအဖြစ် အသုံးချကာ သူမကို ထိုးနှက်ခြင်းက သည်းခံနိုင်စရာ မရှိပေ။ ထို့ကြောင့် သူမသည် ယွမ်ရှောင်နှင့်အတူ ထွက်ခွာသွားရာ မကျေမနပ်ရေရွတ်သံများ တီးတိုးထွက်ပေါ်လာသည်။

"ဒီကောင်က ဘယ်ဆုလာဘ်နဲ့မှ မထိုက်တန်ဘူး"

"နင်ပေက မတရားခံရတာပဲ"

"ငါတို့လည်း အသူရာပင်လယ်ကို သွားကြစို့"

နင်ခေးက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

"ဘာအတွက်လဲ"

"လူတိုင်းက ယွမ်ရှောင်ကို ငြိမ်းချမ်းရေးအတွက် သေစေချင်နေတယ်။ နင်ရန်က သူ့ကို ကာကွယ်ပေးနိုင်မယ် ထင်နေတာလား။ လမ်းမှာတင် အသတ်ခံရရင် အံ့သြစရာ မဟုတ်ဘူး။ ပြီးတော့ နင်ကျင်းကလည်း အဆင့်ခြောက် အသူရာဝိညာဥ်ကို ဒီနေ့ စိန်ခေါ်ရမယ်"

လင်းချန်က စပ်စုလိုက်သောအခါ နင်ခေးသည် နင်ကျင်းကို တစ်ချက်ကြည့်၍ ရှင်းပြခဲ့သည်။

"ဒီကောင် အသေဆိုးနဲ့ သေမှာကို သွားကြည့်ကြတာပေါ့"

လင်းချန်က စိတ်သဘောထား ကျဥ်းမြောင်းသဖြင့် ရှောင်ယု အရိုက်ခံရခြင်းအတွက် ယွမ်ရှောင်ကို အပြစ်ဖွဲ့နေဆဲပင် ဖြစ်သည်။

"ဒါက ယွမ်ရှောင်လား"

"ကြယ်ပွင့်အဆင့် ဓားဝိညာဥ်ပိုင်ရှင်"

ဓားပင်လယ်၏ လမ်းများထက်တွင် ကျင့်ကြံသူများ ပြည့်နှက်နေပြီး ယွမ်ရှောင်နှင့် နင်ရန် ထွက်ပေါ်လာသောအခါ အာရုံစိုက်လာကြသည်။

"ရှေးဟောင်းမျှော်စင်ကို ဆန့်ကျင်ရင် သေရမယ်"

ကြုံးဝါးသံများနှင့်အတူ ဝင်ရောက်လာသော ဓားမြှောင်များကို ယွမ်ရှောင်သည် ဓားရှည်အား ဆင့်ခေါ်၍ ခပ်ကြမ်းကြမ်း ပိုင်းပစ်လိုက်သည်။

"အား"

ဓားဝိညာဥ်များ ထိခိုက်သွားသဖြင့် လူအုပ်အတွင်း ပုန်းအောင်းနေသော လုပ်ကြံသူများမှာ မျက်လုံးများ အသက်မဲ့၍ လဲကျကုန်သည်။

"ကြည့်ရတာ မင်းကို လူတိုင်း သတ်ချင်နေတာပဲ"

ကြယ်ပြာက တစ်ချက် စုတ်သပ်လိုက်၏။

"တကယ်လို့ ငါသာ ရဲကုရင်ထက် သာသွားရင် ဒီခွေးကောင်တွေက ကိုးကွယ်လာကြမှာပဲ"

ယွမ်ရှောင်က အခြေအနေ မည်မျှရှုပ်ထွေးပါစေ၊ တည်ငြိမ်စွာ ရှိနေခဲ့သည်။

"မင်းပြောတာ မှန်တယ်။ ဒီကောင်တွေက ရှေးဟောင်းမျှော်စင်နဲ့ ရဲကုရင်ကို ဖားယားနေကြတာပဲ။ ဖန်ဆင်းရှင် ဖန်တီးခဲ့တဲ့ လောကကြီးက သူ့ရဲ့လူဝင်စားကိုတောင် သတ်ချင်နေကြပြီ"

ကြယ်ပြာက သက်ပြင်းချလိုက်ပြီး ယွမ်ရှောင်၏မျက်နှာတွင် လှောင်ပြုံးတစ်ခုရှိနေကာ ခြေတစ်လှမ်းချင်းစီသည် သူ့အတွက် စိန်ခေါ်မှုအဖြစ် သတ်မှတ်ထားသည်။ ဓားပင်လယ်၏ လုပ်ကြံသူများ ရောက်ရှိလာလျှင်လည်း ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်၏။ သူက ဦးခေါင်းထံ တိုးဝင်လာသော ဓားမြှောင်ကို အလွယ်တကူ ဖျက်ဆီးလိုက်သောအခါ အဝေးမှ အော်သံတစ်ခု ကြားလိုက်ရသဖြင့် ရန်သူတစ်ယောက် အသက်ပျောက်သွားသည်။ လမ်းတလျှောက်တွင် လုပ်ကြံမှုများစွာ ကြုံခဲ့ရသော်လည်း သူ၏ဓားချက်များအောက်တွင် အတုံးအရုံး လဲကျသေဆုံးကုန်သဖြင့် နင်ရန်ကိုပင် နောက်လှည့်ကြည့်လာစေသည်။

"မင်း မကြောက်တတ်ဘူးလား"

"သေခြင်းနဲ့ ရှင်ခြင်းက ကံကြမ္မာအရပဲ။ ဘာကြောက်စရာရှိလို့လဲ"

ယွမ်ရှောင်၏ မျက်လုံးများက တောက်ပနေပြီး ရပ်တန့်မရနိုင်သော အင်အားတစ်ခုပမာ ရှေ့ဆက်နေသည်။

"မင်းကို ငါ့သမီးက စိတ်ဝင်စားတာလည်း မဆန်းပါဘူး။ သူမက တော်တော်လှတယ်မလား။ စွမ်းရည်ရော ရှိရဲ့လား"

နင်ရန်၏မေးခွန်းက တည့်တိုးဆန်လွန်းသောကြောင့် ယွမ်ရှောင်သည် စကားလမ်းကြောင်း ပြောင်းလိုက်ရ၏။

"အသူရာဝိညာဥ်ဆိုတာက ဘာလဲ"

"မင်းက ဒီအကြောင်းကိုတောင် မသိထားဘူးလား"

"ခင်ဗျားပဲ ကျုပ်ကို ဒီအတိုင်း ခေါ်လာတာလေ"

ယွမ်ရှောင်သည် နင်ရန်နှင့် စကားပြောရင်း လုပ်ကြံသူတစ်ယောက်ကို မရဏလမ်း ပို့ပေးလိုက်၏။

"အသူရာဝိညာဥ်ဆိုတာက ကောင်းကင်နယ်မြေရဲ့ အရာတစ်ခုဖြစ်ပြီး ဓားပင်လယ်အတွက် အင်မော်တယ်ဧကရာဇ်ရဲ့ လက်ဆောင်ပဲ။ ငါ သိထားသလောက်ဆိုရင် အာနိသင်နှစ်ခုရှိပြီး ဓားဝိညာဥ်ကို အဆင့်တက်စေနိုင်သလို ဓားအော်ရာ အရေအတွက်လည်း များလာစေတယ်"

နင်ရန်က တိတ်ဆိတ်သွားရာမှ တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။

"ကောင်းကင်နယ်မြေက ဘာလဲ"

ဤမေးခွန်းကို ဖြေရန်အတွက် သူမက ကောင်းကင်သို့ ညွှန်ပြလိုက်ပြီး တာအိုမျိုးစေ့ပါရမီရှင်များ ပြည့်နှက်နေကြောင်းသာ သိထားခဲ့သည်။ အသူရာဝိညာဥ်များ၌ အဆင့်တစ်၊ သုံး၊ ခြောက်နှင့် တစ်ဆယ်ဟူ၍ အဆင့်လေးမျိုးရှိကာ တစ်ခုချင်းစီသည် ဓားဝိညာဥ်ကို ထူးခြားစေသည်။ သာမန်လူများက ၎င်းကို အဆင့်တစ်မှ စတင်၍ စုပ်ယူရပြီး ဓားသခင်လေးတစ်ယောက်အနေဖြင့် အဆင့်တစ်ဆယ်အား တိုက်ရိုက်စိန်ခေါ်နိုင်၏။ သို့သော် အဆင့်တစ်ဆယ်မှာ ခက်ခဲသောကြောင့် ထိန်းညှိရန်အတွက် အဆင့်သုံးမှ စတင်ရန် သူမက အကြံပေးလိုက်သည်။

"အဆင့်တစ်ဆယ်က ဘယ်လောက်သန်မာလဲ"

ယွမ်ရှောင်သည် ရောက်လာသော လုပ်ကြံသူသုံးယောက်ကို လက်စသတ်ရင်း မေးလိုက်၏။

"ကောင်းပြီ။ မင်းကို သေချာရှင်းပြမယ်။ ကောင်းကင်နယ်မြေက ဆင်းသက်လာတဲ့ အဆင့်တစ်ဆယ် အသူရာဝိညာဥ် ငါးခုသာရှိပြီး ရဲကုရင်က တစ်ခုတည်းသာ ယူဆောင်နိုင်ခဲ့တယ်။ ကျန်တဲ့လေးခုက ပိုင်ရှင်မဲ့နေတုန်းပဲ။ မင်းက ကြယ်ပွင့်အဆင့် ဓားဝိညာဥ်နဲ့ဆိုတော့ ရယူနိုင်ဖို့ အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကျရှုံးသွားရင် ဓားဝိညာဥ် ထိခိုက်နိုင်တဲ့အတွက် အဆင့်သုံးက စတာ ကောင်းလိမ့်မယ်"

နင်ရန်က စေ့စေ့စပ်စပ် ရှင်းပြလိုက်သောကြောင့် ယွမ်ရှောင်ကို နားလည်သွားစေသည်။ သူ့အတွက် အဆင့်က အရေးမပါဘဲ အရေအတွက်များများ စုပ်ယူပြီးလျှင် ဓားဝိညာဥ်၌ တိုးတက်လာမည့် ဓားအော်ရာအရေအတွက်ကသာ အရေးကြီးပေ၏။ ထိုအချိန်တွင် အဆုံးမရှိဟု ထင်မှတ်ရသော စွမ်းအင်ပင်လယ်ကြီးတစ်ခုထံ သူတို့က ရောက်ရှိလာသောကြောင့် ယွမ်ရှောင်သည် ခေါင်းမော့ကြည့်လိုက်ကာ ကျောဘက်လမ်းတလျှောက်တွင် အလောင်းချင်း ထပ်နေခဲ့လေသည်။

All Chapters