#မင်းကို၀န်ထုပ်၀န်ပိုးနည်းနည်းပေးမယ်#
Vol. 38 Ch. 533
သေစေနိုင်မှုအဆင့်အရ နေကိုးစင်းမီးလျှံအဆောင်သည် တတိယအဆင့်တွင်ရှိသည်။
တချိန်တည်းမှာပင် ဒီအဆောင်က ကောင်းကင်အဆောင်များအကြား ရေးထွင်းရန်အတွက် အခက်ခဲဆုံးအဆောင်တွေထဲကတခုဖြစ်သည်။
အခက်အခဲက အသေးစိတ်အချက်အလက်များတွင်မဟုတ်ဘဲ ယင်းအစား နေကိုးစင်းမီးလျှံ၏စွမ်းအားကို သိပ်သည်းကျစ်လျစ်အောင်လုပ်ရန်နှင့် ထိန်းချုပ်ရန်အတွက် အဆောင်စုတ်တံ၏ ထိန်းချုပ်မှုထဲတွင်ရှိသည်။
အကယ်၍အရမ်းမြင့်လွန်းပါက အဆောင်ပေါ်၌ ရေးထွင်းထားသည့်လက်ရေးက အရည်ပျော်သွားပေလိမ့်မည်။
အဆောင်၏လက်ရေးက အခင်းအကျင်း၏ မျက်လုံးသဖွယ်ဖြစ်သည်။
ပျက်စီးသွားသည်နှင့်ကျရှုံးသွားရပေလိမ်ြမည်။
တချိန်တည်းတွင် အရမ်းနိမ့်နေပါက သေစေနိုင်စွမ်းက မလုံမလောက်ဖြစ်သွားပြီး နေကိုးစင်းမီးလျှံအဆောင်ကို အောင်အောင်မြင်မြင်နှင့် ရေးထွင်းရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ဒီနှစ်ခုအကြားဟန်ချက်ညီမှုက အလွန်အမင်းအားကောင်းသည့်ဝိဉာဉ်စွမ်းအားနှင့် အဆောင်သခင်တစ်ဦး၏ အသိအမြင်လိုအပ်သည်။
ဒါက ဝိဉာဉ်အဆောင်သခင်တစ်ဦးအတွက်တော့ မခက်လောက်သော်လည်း ကောင်းကင်အဆောင်သခင်အတွက်တော့ ကြီးမားသည့်စိန်ခေါ်မှုတရပ်ဟုဆို၍ရသည်။
ယန်ဇူကျန်းပင်လျှင် ခြွင်းချက်မဟုတ်ပေ။
သူက နေကိုးစင်းမီးလျှံအဆောင်ကို ရေးထွင်းရန်ကြိုးစားခဲ့ပြီး ဆယ်ကြိမ်တွင် တကြိမ်တည်းသာ အောင်မြင်ခဲ့သည်။
ယန်ဇူကျန်းက ကောင်းကင်အဆောင်သခင်အထွတ်အထိပ်အဆင့်ဖြစ်သဖြင့် ဒါကဘယ်လောက်ထိ ခက်ခဲသလဲဆိုတာကို ပြသနေသည်။
မုဖူရှန်း ဒီအဆောင်ကိုအကြံပြုသောအခါ တခြားသူများကလှောင်ပြောင်ကြသည်။
မည်သို့ပင်ဆိုစေကာမူ မုဖူရှန်းက ကောင်းကင်အဆောင်သခင်အဆင့်ကို ရောက်တာမကြာသေးပေ။
ထိုအချိန်တွင် ယန်ဇူကျန်းက ဦးဆောင်မှုရယူရင်း စတင်ရေးထွင်းနေလေပြီ။
လေးနက်သည့်အမူအရာဖြင့် သူအဆောင်စုတ်တံကိုမြှောက်ကာ အဆောင်စာရွက်ပေါ်၌ ရေးချလိုက်သည်။
ဘေးကနေ ကျန်းယင်ရှီကပြုံးကာမေးသည်။
"စီနီယာအစ်ကိုယန်၊ ယန်ဇူကျန်းအောင်မြင်ဖို့ အခွင့်အရေးဘယ်လောက်များတယ်ထင်လဲ"
ယန်လုပင်းကအမူအရာကင်းမဲ့နေပြီး ခပ်ပေါ့ပေါ့ပင်ပြောသည်။
"ယန်ဇူကျန်း နေကိုးစင်းမီးလျှံအဆောင်ကို ရေးထွင်းတုန်းက ငါအဲမှာရှိခဲ့တယ်၊ တစ်နှစ်တောင်ကြာသွားခဲ့ပြီ"
"အောင်မြင်မှုနှုန်းကလည်း အများကြီး တိုးတက်လာလိမ့်မယ်"
သူတို့နှစ်ယောက်သားဆွေးနွေးနေစဉ် သူကမုဖူရှန်းကိုမပြောခဲ့ပေ။
သူတို့က မုဖူရှန်းအောင်မြင်မည်ဟု မတွေးတောထားသည်မှာ သိသာထင်ရှားနေသည်။
သူကဒီအဆောင်ကို မျက်နှာမပျက်ရန်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်နိုင်သည်။
သူကျရှုံးလျှင်ပင် မည်သူကမှအံ့ဩသင့်မိကြမည်မဟုတ်။
သို့စေကာမူ ဒေါင်ယင်ကဒီလိုမတွေးပေ။
သူ့မျက်နှာပေါ်၌ ကြော့ရှင်းသည့်အပြုံးတပွင့်ရှိနေသော်လည်း သူ့မျက်လုံးများက အလွန်အမင်းလေးနက်နေသည်။
သူက မုဖူရှန်း၏စုတ်တံလှုပ်ချက်တိုင်းကို အသေးစိတ်စိုက်ကြည့်နေသည်။
အကြီးအကဲချီက အကြံပြုထားသည့်လူတစ်ယောက်က မဆင်မခြင်လုပ်ရန်ဟူသည် မဖြစ်နိုင်ပါ။
သူကစိန်ခေါ်မှုအဖြစ် နေကိုးစင်းမီးလျှံကိုအဆိုပြုခဲ့သဖြင့် သူ့တွင် ယုံကြည်ချက်ရှိရပေမည်။
ဒါပေမယ့်သူ့မှာဘယ်လိုယုံကြည်မှုရှိတာလဲ!
ထိုအချိန်တွင် ဒေါင်ယင်ကလည်းမသိပါ။
မုဖူရှန်း၏လှုပ်ရှားမှုများက အလွန်အမင်းတည်ငြိမ်ပြီး အမှားအယွင်းဟူ၍မရှိပေ။
သို့စေကာမူ ထိုအချိန်လေးမှာပင် မီးတောက်များက မုဖူရှန်းစုတ်တံပေါ်၌ စတင်လောင်ကျွမ်းလာသည်။
ကျန်းယင်ရှီဒါကိုမြင်သောအခါ တုန်လှုပ်ချောက်ချားသွားသည်။
"ဘာလဲ၊ အခြေချအမှတ်မပြီးသေးခင်မှာ သူက နေကိုးစင်းမီးလျှံကိုတောင် သိပ်သည်းအောင် လုပ်နေပြီလား"
ယန်လုပင်းက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"မင်းကအရမ်းစိတ်မရှည်တာပဲ၊ မင်းဒီလိုလုပ်ရင် ခွန်အားအရာမှာ အမှားအယွင်းသေးသေးလေးတခုရှိတာနဲ့ အရင်ကြိုးစားအားထုတ်မှုအားလုံးက အလဟာဿဖြစ်သွားရလိမ့်မယ်"
ရေးထွင်းနေသည့်ယန်ဇူကျန်းက မျက်ခုံးအနည်းငယ်ပင့်လိုက်စဉ် ထိုမြင်ကွင်းကိုမြင်လိုက်သည်။
သူနှလုံးသားထဲကနေနှာခေါင်းရှူံ့သည်။
ဒါပေမယ့် သူကမကြာသေးခင်ကမှ စမ်းသပ်မှုကိုဖြတ်ကျော်လာတဲ့ ကောင်းကင်အဆောင်သခင်ပဲလေ!
သူကောင်းကင်အဆောင်သခင်တစ်ယောက်ဖြစ်လာရုံမျှနဲ့ အရမ်းမောက်မာလို့ရပြီထင်နေတာလား!
ဒီလိုစိတ်အခြေအနေနဲ့ သူအဆောင်တာအိုမှာ ဘယ်လိုရှေ့ဆက်သွားနိုင်မလဲ!
သို့စေကာမူ မုဖူရှန်းကလုံး၀ပူပန်နေခြင်းမရှိဘဲ သူ့အမူအရာကတည်ငြိမ်နေသည်။
မုဖူရှန်း၏လက်ရှိဝိဉာဉ်စွမ်းအားအပါအ၀င် အဆောင်များအပေါ် နားလည်နိုင်စွမ်းကိုပါ ပေါင်းထည့်ပါက ဒီလိုအရာမျိုးက ဖြစ်နေကျပင်။
ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်ကို ရေးထွင်းတုန်းကလည်း သူဒီလိုလုပ်ခဲ့သည်။
ကောင်းကင်အဆင့်အဆောင်ကိုထွင်းထုသောအခါ ဒါကပို၍ပင်လွယ်ကူသည်။
စက္ကန့်များကကုန်ဆုံးသွား၏။
ထိုအချိန်တွင် ယန်ဇူကျန်းက အခြေချအမှတ်အားလုံးကိုပြီးစီးသွားပြီဖြစ်သဖြင့် နေကိုးစင်းမီးလျှံကိုစတင်သိပ်သည်းလေတော့သည်။
အဆောင်စုတ်တံက မီးတောက်များဖြင့် ၀န်းရံနေသည်။
သို့သော် ယန်ဇူကျန်းက စုတ်တံကိုတိုက်ရိုက်မချခဲ့ပေ။ ယင်းအစားသူ့အမူအရာကလေးနက်နေပြီး အတောင်စုတ်တံပေါ်က နေကိုးစင်းမီးလျှံကို ဂရုတစိုက်အာရုံခံနေသည်။
အဘယ်ကြောင့်ဆိုသော် ဒီအဆင့်က အရေးအကြီးဆုံးအဆင့်ဖြစ်ပြီး ဘာအမှားမှရှိ၍မရပေ။
အမွေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက် ယန်ဇူကျန်းစိတ်သက်သာရာရစွာ သက်ပြင်းတချက်ချရင်း စတင်ရေးချလေတော့သည်။
ထိုအချိန်တွင် သူ့ဘေးကခြေသံများကိုကြားလိုက်ရသဖြင့် ယန်ဇူကျန်းမသိစိတ်က လှမ်းကြည့်လိုက်မိသည်။
မုဖူရှန်းကမီးလျှံများဖြင့်၀န်းရံနေသည့် အဆောင်တခုကိုကိုင်ကာ ဒေါင်ယင်ဆီသို့ လျှောက်သွားတာကို သူတွေ့လိုက်ရသည်။
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် သူကပေးလိုက်သည်။
"ဂိုဏ်းချုပ်၊ ကျွန်တော့်ဟာပြီးပါပြီ"
ပြီး.....ပြီးပြီလား!
ယန်ဇူကျန်းတုန်လှုပ်ချောက်ချားသွား၏။
ဘယ်လောက်ကြာသေးလို့လဲ!
ဒါ့အပြင် မကြာသေးခင်ကမှ သူနေကိုးစင်းမီးလျှံကိုလောင်ကျွမ်းစေခဲ့ခြင်းပင်။
ကျန်းယင်ရှီ၏မျက်နှာက မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူဒါကိုဘယ်လိုလုပ်လိုက်တာလဲ!
"အရမ်းမြန်တယ်၊ ပြီးတော့ အဆောင်ကတောင်မလောင်ကျွမ်းသေးဘူး၊ ဒီကိစ္စမှာ နေကိုးစင်းမီးလျှံအဆောင်က လုံလုံလောက်လောက်အားကောင်းမှာမဟုတ်ဘူး၊ ဒီတော့ ဒါကို နေကိုးစင်းမီးလျှံအဆောင်လို့ ခေါ်လို့မရဘူး"
ယန်လုပင်းကမူ ဘာစကားမှမဆိုဘဲ အဆောင်ကိုသာ စိုက်ကြည့်နေလေသည်။
၀န်းရံနေသည့်နေကိုးစင်းမီးလျှံက အားမနည်းဆိုသလိုအားမကောင်းပေ။ အရာအားလုံးက ပြီးပြည့်စုံစွာဟန်ချက်ညီနေသည်။
ဒင်းရှောင်ချင်းနဖူးကိုဖုံးကာ ခါးသီးစွာပြုံးရင်းခေါင်းခါယမ်းသည်။
ဘာလို့ဒီမြင်ကွင်းက အရင်းရင်းနှီးနေရတာလဲ!
ဒေါင်ယင် အပြုံးဖြင့်ဒါကိုလက်ခံပြီး သဘောကျသည့်အမူအရာတခုက သူ့မျက်လုံးများ၌ ပေါ်လာသည်။
"ပြီးပြည့်စုံတယ်၊ အရင်က ငါကိုယ်တိုင်ရေးထွင်းခဲ့ရင်တောင် ဒီလိုအဆင့်ထိရောက်အောင်လုပ်နိုင်မှာမဟုတ်ဘူး"
ဒါ့အပြင်မုဖူရှန်းက အာရုံပင်ထွေပြားနေခဲ့သည်။ တဘက်တွင် သူကနေကိုးစင်းမီးလျှံ၏အပူချိန်ကိုထိန်းချုပ်ရသည်။
ဒီလိုအခြေအနေများအောက်တွင်ပင် ပြီးမြောက်နှုန်းက အတော်လေးပြည့်စုံနေဆဲပင်။
အဆောင်သခင်တစ်ဦးအဖြစ် မုဖူရှန်း၏ အောင်မြင်မှုများက အတော်လေးမြင့်မားသည်ဟုဆို၍ရသည်။
ဒါ့အပြင် သူ့အခြေခံက အတော်လေးတည်ငြိမ်သည်။
ဒီအကြောင်းကိုတွေးမိသောအခါ ဒေါင်ယင်ခေါင်းညိတ်မိသည်။
တခြားသူများကိုဘယ်တော့မှ အကြံမပေးခဲ့ဖူးသည့် အကြီးအကဲချီက ဒီတကြိမ်ခြွင်းချက်လုပ်ခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။
သူအချိန်ယူပြီး အကြီးအကဲချီကိုကျေးဇူးတင်ရပေမည်။ ချီယန်ကြောင့်သာမဟုတ်ပါက ဒီလိုမွန်းစတားလေးကို ရှာတွေ့မည်မဟုတ်ပေ။
ဒေါင်ယင်၏စကားလုံးများကိုကြားသောအခါ လူတိုင်းတုန်လှုပ်ချောက်ချားသွားကြ၏။
ဂိုဏ်းချုပ်ကတောင် အရင်ကသူက မုဖူရှန်းထက်နိမ့်ကျတယ်လို့ ၀န်းခံနေတာလား!
ယခုလိုစကားများသာ အပြင်ပကမ္ဘာသို့ ပျံ့သွားမည်ဆိုပါက မရေမတွက်နိုင်လောက်သည့်အင်အားစုများက မုဖူရှန်း၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် သေချာပေါက်တိုက်ခိုက်ကြပေလိမ့်မည်။
ဒေါင်ယင်၏စကားလုံးများနှင့်အတူ မုဖူရှန်း၏အောင်မြင်မှုများက နတ်တံဆိပ်ဂိုဏ်းချုပ်ထက် မနိမ့်ကျတာကို အတည်ပြုနိုင်သည်။
ယန်ဇူကျန်း၏အမူအရာက အတော်လေးကြည့်ရဆိုးနေသည်။
ဂိုဏ်းကိုမကြာသေးခင်ကမှ၀င်လာတဲ့ ကောင်းကင်အဆောင်သခင်တစ်ယောက်မှာ တကယ်ပဲ အဆောင်သခင်အဖြစ် ဒီလိုအောင်မြင်မှုတွေရှိတာလား!
သူကအရမ်းယုံကြည်ချက်ပြည့်၀နေတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ!
ပြီးတော့ နေကိုးစင်းမီးလျှံအဆောင်လိုမျိုး ခက်ခဲမှုအမြင့်ဆုံးဖြစ်တဲ့ ကောင်းကင်အဆင့်အဆောင်ကိုတောင် ရွေးချယ်ခဲ့တယ်!
ဒီအကြောင်းကိုတွေးမိသောအခါ ယန်ဇူကျန်းအံကြိတ်လိုက်သည်။
အနည်းဆုံးတော့ သူ့လက်ထဲက နေကိုးစင်းမီးလျှံအဆောင်ကို သူပြီးမြောက်ရန်လိုအပ်သည်။
အကယ်၍သူသာမပြီးခဲ့ပါက သူ့မျက်နှာက အကြီးအကျယ်ပျက်ယွင်းရပေလိမ့်မည်။
အစောပိုင်းက သူကလည်းအာရုံထွေပြားခဲ့လေရာ သိပ်သည်းအောင်လုပ်နေသည့် အဆောင်စုတ်တံပေါ်ရှိ နေကိုးစင်းမီးလျှံတွင် အမှားတချို့လုပ်မိသွားသည်။
ရလဒ်အဖြစ် ထွင်းထုခြင်းများက အခြေချနေရာအထိ တိုက်ရိုက်ဖျက်ဆီးခံရပြီး အဆောင်၏စည်းတံဆိပ်ကလည်း ကျရှုံးသွားရသည်။
မုဖူရှန်းပြုံးလိုက်သည်။
"ဒီလိုဆိုရင် ကျွန်တော့်စွမ်းရည်တွေကို ဘယ်သူမှသံသယမဖြစ်တော့ဘူးမလား"
ယန်လုပင်းနှင့်ကျန်သောနှစ်ယောက်က ဘာမှမပြောပေ။
ဒေါင်ယင်ခေါင်းညိတ်သည်။
"သေချာတာပေါ့"
"ဒါပေမယ့်ငါမင်းကို တာ၀န်တချို့ပေးချင်တယ်"
မုဖူရှန်းလှမ်းကြည့်လိုက်သည်။
ယန်လုပင်းနှင့်ကျန်နှစ်ယောက်ကလည်း အနည်းငယ်ကြက်သေသေသွားကြ၏။
ဒေါင်ယင်၏စကားလုံးများကထိတ်လန့်စရာကောင်းသည်။ သူကမှိန်ဖျော့စွာပြုံးရင်းပြောသည်။
"ဒီအထွတ်အမြတ်အဆောင်အခမ်းအနားမှာ မင်းကအဓိကကိုယ်စားလှယ်လောင်းဖြစ်ရုံတင်မက နတ်တံဆိပ်ဂိုဏ်းရဲ့ ခေါင်းဆောင်လည်း ဖြစ်လာလိမ့်မယ်"
ထိုစကားကိုကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
ယန်ဇူကျန်း၏အမူအရာကလည်း ပြောင်းလဲသွားသည်။
"ဂိုဏ်းချုပ်၊ ဒီလိုလုပ်လို့မရဘူး၊ စီနီယာအစ်ကိုယန်က ဝိဉာဉ်အဆောင်သခင်လေ"
"မှန်ပါတယ်" ကျန်းယင်ရှီကလည်း ကန့်ကွက်သည်။
"မုဖူရှန်းကဒါကိုပြီးမြောက်ခဲ့ရင်တောင် သူကကောင်းကင်အဆောင်သခင်တစ်ယောက် ဖြစ်နေတုန်းပဲလေ"
တခြားတဘက်တွင် မုဖူရှန်းက အနည်းငယ်ဆွံအနေသည်။
ဒါက....နည်းနည်းဟန်ဆောင်လွန်းရာမကျဘူးလား!
ဒါပေမယ့်.... ငါရမှတ်သန်းတစ်ရာလောက် ရလိုက်သလို ခံစားရကောင်းလိုက်တာ!
အပိုင်း(534) coming။