#အဆောင်မျှော်စင်၏ သခင်#
Vol. 38 Ch. 534
အထွတ်အမြတ်အဆောင်အခမ်းအနားကို ကောင်းကင်နယ်မြေရှိ မြင့်မြတ်အဆောင်ဂိုဏ်းတွင် သုံးရက်အတွင်း ကျင်းပမည်ဖြစ်သည်။
ထိုအချိန်တွင် နတ်တံဆိပ်ဂိုဏ်းချုပ်ဒေါင်ယင်က ကောင်းကင်အဆင့်ဂူရှေ့သို့ ရောက်လာသည်။
"အကြီးအကဲချီ"
ထုံစံအတိုင်းပင် ချီယန်က မြေကြီးကို လှည့်နေသည်။ မြေပေါ်၌ ဖုန်မှုန့်မရှိသော်လည်း ချီယန် သူ့တံမြက်စည်းကိုမရပ်ခဲ့ပေ။
သူ့စကားလုံးများအရ သူလှည့်ကျင်းနေတာက ဖုန်မှုန့်များမဟုန်ဘဲ သူ့နှလုံးသားထဲက ထွေပြားနေသည့်အတွေးများဖြစ်သည်။
အဆောင်သခင်တစ်ဦးအတွက် အရေးအကြီးဆုံးအရာက စိတ်တည်ငြိမ်ရန်ပင်။
ကျင့်ကြံခြင်းတွင်လည်းအလားတူဖြစ်သည်။
"ဘယ်လိုလဲ"
ချီယန်ဘာမေးနေသလဲဆိုတာ ဒေါင်ယင်သိသဖြင့် ပြုံးကာ ခေါင်းညိတ်သည်။
"အကြီးအကဲချီ၊ ဒီလိုမျိုးစေ့ကောင်းတခုကို ရှာတွေ့ခဲ့တာအားလုံးက ခင်ဗျားရဲ့ ကျေးဇူးတွေကြောင့်ပါ"
"အနာဂတ်မှာ ဒီအထွတ်အမြတ်အဆောင်အခမ်းအနားအတွက် ငါသူ့ကိုအားကိုးရဦးမယ်ထင်တယ်"
ချီယန်တည်ငြိမ်စွာပြောသည်။
"အိုး၊ ယန်လုပင်းလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကလည်း ဝိဉာဉ်အဆောင်သခင်တစ်ယောက်ဖြစ်လာတာကို ငါမှတ်မိပါသေးတယ်၊ ဘာလို့ဂိုဏ်းချုပ် ကောင်းကင်အဆောင်သခင်ဖြစ်တဲ့မုဖူရှန်းကို အားကိုးဖို့လိုတာလဲ"
ထိုစကားကိုကြားသောအခါ ဒေါင်ယင်က တောက်ပစွာပြုံးသည်။
"အကြီးအကဲချီ၊ ငါ့ဆီကနေဘာမှဖုံးကွယ်ထားစရာမလိုပါဘူး၊ ဒီလိုဝိဉာဉ်စွမ်းအားနဲ့ အဆောင်တွေအပေါ် ထိန်းချုပ်နိုင်တဲ့အဆင့်ရှိတဲ့ သူက ကောင်းကင်အဆောင်သခင်တယောက်လို့သာ မင်းပြောနိုင်ရင် နတ်တံဆိပ်ဂိုဏ်းချုပ်ဖြစ်တဲ့ငါ့ကိုတောင် အစားထိုးပစ်လို့ရတယ်"
မုဖူရှန်း၏တင်ဆက်မှုမှရေးထွင်းသည့်လုပ်ငန်းစဉ်အတွင်း ဒေါင်ယင်သဲလွန်စတချို့ကို မြင်ခဲ့တယ်ဆိုတာ သိသာထင်ရှားနေသည်။
အလားတူပင် ဒါကိုမုဖူရှန်းရည်ရွယ်ချက်ရှိရှိ တမင်တကာထုတ်ဖော်ပြသခဲ့ခြင်းပင်။
သူအရင်ကလုပ်ခဲ့သည့်အရာအားလုံးက သူ့ခွန်အားကို နတ်တံဆိပ်ဂိုဏ်းက အဆင့်မြင့်လူများရှေ့တွင် ထုတ်ဖော်ပြသရန်ဖြစ်သည်။
အာရုံစိုက်မှုကိုရပြီးသည်နှင့် သူက မြင့်မြတ်အဆောင်ဂိုဏ်းနှင့်ဆက်စပ်သွားပေလိမ့်မည်။
ချီယန်ခေါင်းညိတ်သည်။
"ဂိုဏ်းချုပ်ကမျက်ကန်းမှမဟုတ်တာ"
နတ်တံဆိပ်ဂိုဏ်းတခုလုံးတွင် ချီယန်တစ်ဦးတည်းသာ နတ်တံဆိပ်ဂိုဏ်းချုပ် ဒေါင်ယင်ကို ယခုလိုပြောရဲသည်။
ဒေါင်ယင်က ဒေါသထွက်ခြင်းမရှိဘဲ ပြုံးသည်။
"အကြီးအကဲချီ၊ ကြည့်ရတာမင်းက ဆက်ခံသူတယောက် ပျိုးထောင်ချင်ပုံပဲ"
ချီယန်ခေါင်းခါယမ်းသည်။
"သူ့လမ်းကြောင်းကိုသူလျှောက်ရမယ်၊ ငါသူ့ကိုမသင်ကြားနိုင်ဘူး"
"ငါဒါကိုလုပ်နေတာက သူ့ကိုလမ်းမှားကို မလျှောက်စေချင်လို့ပဲ"
ထိုစကားကိုကြားသောအခါ ဒေါင်ယင်အံ့ဩသင့်သွားသည်။
"မင်းတောင်မှမသင်ကြားပေးနိုင်တာလား၊ ဒီလိုဆိုရင် အလင်းဖြာနယ်မြေက ဘယ်သူကများ အဆောင်သခင်တာအိုကို သူ့ကို သင်ပေးနိုင်မှာလဲ"
ထိုအချိန်တွင် သူတခုခုပြောရန်ပြင်နေစဉ် ဒေါင်ယင်ကတခုခုကိုခံစားမိသွားပုံရသည်။
"မေ့လိုက်တော့၊ အကြီးအကဲချီဘာလုပ်ရမလဲဆိုတာ ငါကြိုပြောနိုင်မှာမှမဟုတ်တာ"
"အဲဒီဂျူနီယာကအရင်ထွက်သွားလိမ့်မယ်"
ထို့နောက် သူချီယန်အား လက်နှစ်ဖက်ဆုပ်ပြရင်း ထိုနေရာ၌ပင်ပျောက်ကွယ်သွား၏။
ဒေါင်ယင်ထွက်သွားပြီးနောက် မုဖူရှန်းရောက်လာသည်။
ချီယန် မုဖူရှန်းအားကြည့်ကာမေးသည်။
"နောက်ဆုံးတော့ မင်းထပ်ပြီးမဖုံးကွယ်ထားတော့ဘူးလား"
မုဖူရှန်းပြုံးသည်။
"ခင်ဗျားရှေ့မှာ ဘာမှဖုံးကွယ်ထားစရာတော့မလိုဘူးလေ"
"အစကတည်းက မင်းဒါကိုလုပ်ဖို့အတွက် ရည်ရွယ်ထားပုံပဲ" ချီယန်ညင်သာစွာ ခေါင်းခါယမ်းသည်။
"ကောင်းပြီ၊ ဆုလာဘ်ရယူဖို့အတွက် အဆောင်မျှော်စင်ကို ငါနဲ့အတူလိုက်ခဲ့"
ဆုလာဘ်!
ဒါက အကန့်အသတ်မဲ့တိုက်ကြီးမှ တာ၀န်ကိုပြီးမြောက်ခဲ့သည့်အပေါ် မုဖူရှန်းအတွက် ဆုလာဘ်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဒါက အဆောင်မျှော်စင်က တာ၀န်မဟုတ်ပေလော။
မုဖူရှန်းခေါင်းညိတ်ကာ ချီယန်နှင့်အတူ အဆောင်မျှော်စင်သို့လိုက်သွားသည်။
သူတို့အဆောင်မျှော်စင်ကိုရောက်သောအခါ ချီယန်လူအများကြီးကို အသိမပေးဘဲ မုဖူရှန်းကို ကိုးထပ်မြောက်အထိ ခေါ်လာခဲ့သည်။ တနည်းအားဖြင့် ဒီအထပ်က မျှော်စင်ထိပ်ဆုံးဖြစ်သည်။
တံခါးပေါ်၌ အဆောင်တခုရှိသည်။
အကယ်၍သူသာဒီအဆောင်ကိုမခွဲနိုင်ပါက တံခါးကပွင့်လာမည်မဟုတ်ပေ။
အဆောင်မျှော်စင်တခုလုံးတွင် မျှော်စင်သခင်တစ်ဦးတည်းသာ ဒီအဆောင်ကို ဆုတ်ဖြဲနိုင်သည်။
ကောင်းကင်ဘုံအဆောင်သခင်ဖြစ်သည့် မဟာအကြီးအကဲပင်လျှင် မလုပ်နိုင်ပေ။
သို့သော် ချီယန်ကမူ သာမန်စာရွက်တစ်ရွက်ကိုဆုတ်ဖြဲနေသည့်အလား အလွယ်တကူလုပ်ခဲ့သည်။
သူကစည်းတံဆိပ်တခုကို ထုတ်လွှတ်နေသည့် အဆောင်ကို အလွယ်တကူဖယ်ရှားပစ်လိုက်သည်။
ဒါကိုမြင်သောအခါ မုဖူရှန်းက လုံး၀အံ့ဩသင့်သွားခြင်းမရှိဘဲ ယင်းအစားညင်သာစွာပြုံးလိုက်၏။
ချီယန် မုဖူရှန်းအားလှမ်းကြည့်ရင်း နူးညံ့စွာမေးသည်။
"မင်းအံ့ဩမသွားဘူးလား"
မုဖူရှန်းလက်အစုံကို ဆန့်တန်းလိုက်သည်။
"ခင်ဗျားက နတ်တံဆိပ်ဂိုဏ်းရဲ့အကြီးအကဲဆိုတာ ရှင်းပါတယ်၊ ဒါပေမယ့် အဆောင်မျှော်စင်က တာ၀န်ကို ကျုပ်ကိုပေးနိုင်တယ်"
"ပြီးတော့ ဆုလာဘ်တောင်ပေးနိုင်တယ်၊ နတ်တံဆိပ်ဂိုဏ်းတခုလုံးမှာ ဂိုဏ်းချုပ်ကတောင် ခင်ဗျားကို အရမ်းလေးစားရတယ်"
"ဒီလိုအခြေအနေတွေကိုပေါင်းစပ်လိုက်ရင် ခန့်မှန်းဖို့ဆိုတာကမခက်ခဲပါဘူး"
မှန်ပေသည်။ ချီယန်က အဆောင်မျှော်စင်၏ မျှော်စင်သခင်ဖြစ်သည်။
မုဖူရှန်းဒါကိုခံစားမိခဲ့တာကြာပါပြီ။ ယခုမှသာ သူလုံး၀ကိုသေချာသွားခြင်းဖြစ်သည်။ ထို့ကြောင့် သူအံ့ဩသင့်မသွားပေ။
ချီယန်ခေါင်းညိတ်သည်။
"အင်း၊ အမြင်ဆိုတာကလည်း အဆောင်သခင်ဖြစ်လာဖို့အတွက် လိုအပ်တဲ့အချက်တစ်ချက်ပဲ"
ထို့နောက် သူမုဖူရှန်းကိုအခန်းထဲခေါ်သွားသည်။
အခန်းထဲက အလှဆင်ပစ္စည်းများက အတော်လေးရိုးစင်းသည်။
သစ်သားထိုင်ခုံ၊ သစ်သားစားပွဲနှင့် ဧရာမစာအုပ်စင်အတန်းကြီးပင်ရှိသည်။
စာအုပ်စင်များက စာအုပ်နှင့်သိုးမွေးလိပ်များဖြင့် ပြည့်သိပ်ကျပ်နေသည်။
စာအုပ်အရောင်ကနေတဆင့် အတော်လေးခေတ်ဟောင်းနေပြီဆိုတာပြော၍ရသည်။ သို့သော် ဖုန်မှုန်ဟူ၍ တစက်လေးမျှပင်မရှိပေ။
ချီယန် သစ်သားခုံတွင်ထိုင်ကာ မုဖူရှန်းအားလှမ်းကြည့်သည်။
"တာ၀န်ကိုပြီးသွားရင် မင်းကိုဆုချီးမြှင့်မယ်လို့ ငါပြောခဲ့တယ်"
"မင်းဘာလိုချင်သလဲဆိုတာငါ့ကိုပြောပါ"
မုဖူရှန်းအရမ်းကြီးတွေးတောမနေဘဲ မေးလိုက်သည်။
"ခင်ဗျား မိစ္ဆာနယ်မြေကိုသိလား၊ အကြီးအကဲချီ"
မိစ္ဆာနယ်မြေ!
ချီယန်အနည်းငယ်ဆွံအသွားသည်။ ထို့နောက်သူခေါင်းညိတ်သည်။
"ဒုတိယတန်းစားဂိုဏ်းတဂိုဏ်းပဲ၊ ဘာလို့လဲ၊ မင်းမှာသူတို့နဲ့ရန်ငြိုးရှိလို့လား"
မုဖူရှန်းခေါင်းညိတ်သည်။
"သူတို့ကျုပ်အဖေကိုဖမ်းထားကြတယ်"
ထိုစကားကိုကြားသောအခါ ချီယန်ပြောသည်။
"မိစ္ဆာနယ်မြေနဲ့ပတ်သက်ပြီး မင်းကိုကူညီစေချင်တာလား"
"မှန်ပါတယ်"
"သေချာတာပေါ့"
တွေးပင်မတွေးတောဘဲ ချီယန်ခေါင်းညိတ်သည်။
"ဒါပေမယ့် မိစ္ဆာနယ်မြေက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းဆိုပေမယ့် သူတို့က တစ္ဆေကလန်နဲ့ ခွဲမရအောင်ဆက်စပ်နေတယ်"
"ငါ့အတွက်တော့ ငါက အဆောင်မျှော်စင်ရဲ့ မျှော်စက်သခင်ဆိုပေမယ့် အဆောင်မျှော်စင်က အဆုံးမှာကြားနေဖြစ်တာမို့ ခွန်အားအရ မလှုပ်ရှားနိုင်ဘူး"
"ဒါကြောင့် မင်းနတ်တံဆိပ်ဂိုဏ်းရဲ့ ထောက်ပံ့မှုကိုလည်းလိုအပ်တယ်"
ထိုနေရာ၌ ချီယန်အနည်းငယ်ကြက်သေသေသွားသည်။ တခဏကြာတွေးတောပြီးနောက် သူတုံ့ပြန်လာသည်။
"ဒီနေ့ရက်တွေမှာ မင်းလုပ်နေတာက ဒါအတွက်ကြောင့်လား"
မုဖူရှန်းပြုံးရင်းပြောသည်။
"အကြီးအကဲချီဆိုတဲ့အတိုင်းပါပဲ"
"နတ်တံဆိပ်ဂိုဏ်းကပြီးခါနီးပါပြီ၊ ပိုပြီးဘေးကင်းဖို့အတွက် ဒီအထွတ်အမြတ်အဆောင်အခမ်းအနားမှာ ကျုပ်မြင့်မြတ်အဆောင်ဂိုဏ်းရဲ့အာရုံစိုက်မှုကိုရရမယ်"
မုဖူရှန်းမကြာသေးခင်က အလွန်အမင်းအဆင့်အတန်းမြင့်မြင့်ထားပြီး မောက်မာခဲ့သော်လည်း သူ့အဖေကိုကယ်တင်ရမည့်အချိန်တွင် သူကအတော်လေး သတိထားနေဆဲပင်။
အဆောင်မျှော်စင်နှင့် နတ်တံဆိပ်ဂိုဏ်းတို့က မိစ္ဆာနယ်မြေထက်အားကောင်းသော်လည်း သူ့အဖေကို ကယ်တင်နိုင်မည်ဟု သူ၁၀၀ရာခိုင်နှုန်းမသေချာပေ။
လူကယ်တင်ခြင်းနှင့်သတ်ဖြတ်ခြင်းက မတူညီသည့်အယူအဆနှစ်ခုပင်။
ခက်ခဲမှုအဆင့်ကလည်း အတော်လေးခြားနားသည်။
ချီယန်၏အမူအရာက အနည်းငယ်ထူးဆန်းနေသည်။
ဒီကလေးက နည်းနည်းသတိမထားလွန်းဘူးလား!
သို့စေကာမူ သူကယ်တင်ချင်သည့်လူက သူ့အဖေဖြစ်လေရာ သတိထားလွန်းတာက သင့်တော်ပါသည်။
"ကောင်းပြီ၊ ဖမ်းထားလိုက်"
ထို့နောက် သူညာလက်ကိုဖွင့်လိုက်စဉ် သိုးမွေးစာလိပ်တခုက စာအုပ်စင်ကနေ မုဖူရှန်းထံပျံသန်းသွားသည်။
မုဖူရှန်းဖွင့်လိုက်သောအခါ အနည်းငယ် ကြက်သေသေသွားသည်။
[စိတ်ဝိဉာဉ်ပျိုးထောင်နည်း]
ချီယန်ရှင်းပြသည်။
"ဒီစိတ်ဝိဉာဉ်ပျိုးထောင်တဲ့နည်းစနစ်ကို ငါအစောပိုင်းနှစ်တွေလေ့ကျင့်ခဲ့တုန်းက အပျက်အစီးနယ်မြေတခုထဲကနေ ရလာခဲ့တာ၊ ဝိဉာဉ်မီးတောက်ကိုသိပ်သည်းအောင် လုပ်ရင်းနဲ့ ကိုယ်ပိုင်ဝိဉာဉ်စွမ်းအားကို အချိန်မရွေး တိုးပွားအောင်လုပ်လို့ရတယ်"
"ဝိဉာဉ်မီးတောက်သိပ်သည်းမှုက ပိုမြင့်မားလေလေ၊ ဝိဉာဉ်စွမ်းအားတိုးလာနှုန်းက ပိုမြန်လေလေပဲ"
"အရေးကြီးတဲ့အချိန်မှာ ဝိဉာဉ်ကို တိုက်ခိုက်ဖို့အတွက် ဝိဉာဉ်မီးတောက်ကို အသုံးပြုလို့လည်းရတယ်"
စိတ်ဝိဉာဉ်ကိုပင် တိုက်ခိုက်ဖို့သုံးနိုင်သည်။ ဒါ့အပြင် ကာကွယ်ရန်ဟူသည်မဖြစ်နိုင်ပေ။
သို့စေကာမူ စိတ်ဝိဉာဉ်ကိုပစ်မှတ်ထားသည့် တိုက်ခိုက်ခြင်းနည်းစနစ်များက အတော်လေးရှားပါးသည်။
တိုက်ခိုက်ရန်အတွက် ဝိဉာဉ်မီးတောက်ကိုအသုံးပြုနေစဉ် ဝိဉာဉ်စွမ်းအားကလည်း အကြီးအမားတိုးတက်လာမည်ဖြစ်ကာ ရုပ်ခန္ဓာကိုပင် တိုက်ခိုက်ရန်အတွက် အသုံးပြု၍ရသည်ဟု ဆိုနိုင်သည်။
"ဒီထဲမှာ ဝိဥာဉ်အဆင့်မီးတောက်ရှစ်ခုရှိတယ်၊ ငါ့အတွက်ကတော့ လေးခုမြောက်ဝိဉာဉ်အဆင့်မီးတောက်ကို သိပ်သည်းအောင်လုပ်တာက ငါ့အကန့်အသတ်ပဲ"
မုဖူရှန်းလက်နှစ်ဖက်ဆုပ်သည်။
"ကျေးဇူးပါစီနီယာ"
အကြီးအကဲချီလက်ဝှေ့ယမ်းသည်။
"သွားတော့၊ ဒါကိုမင်းအတွက် အကြိုအကူအညီတခုပေးထားတယ်လို့ မှတ်ယူလိုက်"
မုဖူရှန်း၏အမူအရာက တခဏမျှအေးခဲသွားပြီးနောက် ရှက်ကိုးရှက်ကန်းနှင့်မေးသည်။
"အကြီးအကဲချီ၊ ကျုပ်ဘာလို့ ဒီစိတ်ဝိဉာဉ်ပျိုးထောင်နည်းကို လက်လျှော့နိုင်မှာလဲ"
အပိုင်း(535) coming။