← Chapters

#ကောင်းကင်နယ်မြေ၊ အထွတ်အမြတ်အဆောင်အခမ်းအနား#

Vol. 38 Ch. 535

#ကောင်းကင်နယ်မြေ၊ အထွတ်အမြတ်အဆောင်အခမ်းအနား#

Vol. 38 Ch. 535

အထွတ်အမြတ််အဆောင်အခမ်းအနားမတိုင်ခင် နှစ်ရက်လိုပါသေးသာ်။

မုဖူရှန်း နတ်တံဆိပ်ဂိုဏ်းသို့ပြန်ရောက်လာသောအခါ ချက်ချင်းဆိုသလို စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို စတင်ခဲ့သည်။

နတ်တံဆိပ်ဂိုဏ်းတွင် ဝိဉာဉ်အဆောင်သခင်ရှိသည်။

ဤသို့ဆိုပါက အဓိကဂိုဏ်းခွဲဖြစ်သည့် မြင့်မြတ်အဆောင်ဂိုဏ်းတွင်ရော!

ဒါ့အပြင် တခြားအဆောင်သခင်များလည်း ပါ၀င်ကြလေရာ မိစ္ဆာများမပေါ်လာနိုင်ဘူးဟု မည်သူကအာမခံနိုင်သနည်း။

ထို့ကြောင့် ဘေးကင်းစေရန်အတွက် မုဖူရှန်းဒီနှစ်ရက်အတွင်း ဝိဉာဉ်မီးတောက်ကို သိပ်သည်းအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

ဒီနည်းလမ်းဖြင့်ပို၍ဘေးကင်းလုံခြုံပေလိမ့်မည်။

စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို သိုးမွေးလိပ်ထဲတွင်မှတ်တမ်းတင်ထားပြီး ဝိဉာဉ်မီးတောက်ရှစ်ခုအဖြစ် ပိုင်းခြားထားသည်။

ဝိဉာဉ်မီးတောက်အဆင့်ကပို၍မြင့်မားလေလေ၊ သတ်ဖြတ်နိုင်စွမ်းက ပို၍အားကောင်းလေလေဖြစ်ပြီး တချိန်တည်းမှာပင် ဝိဉာဉ်စွမ်းအားကလည်း ပို၍မြန်မြန်တိုးတက်လာပေလိမ့်မည်။

မုဖူရှန်းတုံ့ဆိုင်းမနေပေ။ စိတ်ဝိဥာဉ်ပျိုးထောင်နည်းကို နားလည်အောင်လုပ်ပြီး ဝိဉာဉ်မီးတောက်ကို သိပ်သည်းအောင် လုပ်ပြီးနောက် သူတင်ပလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံလေတော့သည်။

ထိုအချိန်တွင် မုဖူရှန်း၏အသိစိတ်ထဲတွင် မြစ်ကိုးစင်းဖြစ်ပေါ်လာသည်။

မြစ်များကဆုံပြီးကျယ်ပြောသည့်သမုဒ္ဒရာတစင်းအဖြစ် ပြောင်းလဲသွားသောအခါ သူ့ဝိဉာဉ်စွမ်းအားကလည်း ပြောင်းလဲသွားပြီး အင်မော်တယ်ဝိဉာဉ်ဆရာတစ်ဦး၏ အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီလာသည်။

မုဖူရှန်း၏ဝိဉာဉ်စွမ်းအားက အင်မော်တယ်ဝိဉာဉ်သခင်တ၀က်အဆင့်ကိုပင် ရောက်နေပြီဟုဆို၍ရသည်။

သူအထူးမီးတောက်များအား ဝိဉာဉ်ကို ပြုပြင်မွမ်းမံရန်အတွက်သုံးပြီး ဝိဉာဉ်မီးတောက်ကို သိပ်သည်းစေရန်အတွက် သုံးသည်။

တချိန်တည်းမှာပင် စိတ်ဝိဉာဉ်ပျိုးထောင်နည်းကိုသူအသက်သွင်းလိုက်သည်။

ဝိဉာဉ်မီးတောက်ကိုထက်ပြီးသိပ်သည်းအောင်လုပ်နိုင်မလားဆိုတာ သူ့ပါရမီအပေါ်မူတည်သည်။

သူ့ဝိဉာဉ်ကိုပင် လောင်ကျွမ်းစေနိုင်သည့် ဒီအထူးမီးလျှံကို သူဘယ်လိုရနိုင်မည်နည်း။

မုဖူရှန်း အထူးမီးလျှံများကို ဘယ်နေရာကနေရနိုင်မလဲဆိုတာ မဆုံးဖြတ်ရသေးပါ။

သူအတတ်ကျွမ်းဆုံးဖြစ်သည့် လျှပ်စီးစွမ်းအားကိုအသုံးပြုခြင်းက သူ့ဆုံးဖြတ်ချက်တခုဖြစ်သည်။

လျှပ်စီးက စတင်ရန်အတွက် စိတ်ဝိဉာဉ်နှင့်ယှဉ်ပြိုင်နိုင်သည်။

လျှပ်စီးကိုမီးတောက်ဖန်တီးရန်အတွက် လမ်းညွှန်နေစဉ် ဒါကိုဝိဉာဉ်ကိုပြုပြင်မွမ်းမံရန်နှင့် ဝိဉာဉ်မီးတောက်ကို သိပ်သည်းရန်အတွက်လည်း သုံးခဲ့သည်။

မုဖူရှန်းတွေးသည့်အတိုင်းလုပ်ခဲ့သည်။

လျှပ်စီးကိုဆွဲဆောင်ရန်အတွက် သူကိုးကွယ်ရှေးဦးမိုးကြိုးပညာရပ်ကို အသုံးပြုခဲ့သည်။

ချက်ချင်းဆိုသလို ကောင်းကင်က တိမ်မည်းများဖြင့်ဖုံးလွှမ်းသွား၏။

လျှပ်စီးနဂါးကဟိန်းရင်း မုဖူရှန်းအား တိုက်ခိုက်သည်။ ခရမ်းရောင်လျှပ်စီးက မုဖူရှန်း၏ကိုယ်ခန္ဓာကို ဝိုင်းရံထားသည်။

မုဖူရှန်းမျက်မှောင်ကြုတ်ကာ တချက်ညည်းတွားလိုက်မိသည်။

လျှပ်စီးကမူ မုဖူရှန်း၏ခေါင်းထဲသို့ ဖြတ်ကျော်သွားပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ ၀င်သွားခဲ့သည်။

ထို့နောက်ဝိဉာဉ်စွမ်းအားကဖန်တီးထားသည့် မြစ်ကိုးစင်းကို ရူးသွပ်စွာ ပိုင်းဖြတ်လိုက်သည်။

နတ်ဝိဉာဉ်!

အကယ်၍တမင်တကာမကျင့်ကြံခဲ့ပါက သူတို့က အတော်လေးအားနည်းသွားပေလိမ့်မည်။

တချိန်တည်းမှာပင် ဝိဉာဉ်ကိုပြုပြင်ရန်အတွက် နတ်လျှပ်စီးကိုအသုံးပြုခြင်းက အတော်လေးရဲတင်းသည့်အရာတခုပေတည်း။

သို့စေကာမူ မုဖူရှန်းက ဝိဉာဉ်ကာကွယ်ရေးအဆောင်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

အရေးကြီးသည့်အချိန်အခါတွင် ဒါက သူ့ဝိဉာဉ်ကို မပျက်စီးသွားစေရန်အတွက်လည်း သေချာအောင်လုပ်ထားနိုင်သည်။

တခဏအကြာတွင် မိုးကြိုးက မုဖူရှန်း၏အသိစိတ်ပင်လယ်ထဲတွင် ပစ်ချလေတော့သည်။ ဒါက ကမ္ဘာကြီး၏အဆုံးသတ်ကိုရောက်သွားသည့်ပမာ။

မုဖူရှန်း၏မျက်နှာကဖြူဖျော့သွား၏။ သူ့မျက်နှာက နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

တရင်ကုန်ဆုံးသွားသည်။

ဂူအပေါ်က ကောင်းကင်က တိမ်မည်းများဖြင့်ဖုံးလွှမ်းနေသေးပြီး လျှပ်စီးများက ဆင်းသက်ကာ အဆက်မပြတ်ရိုက်ခတ်နေသည်။

နတ်မျက်စိဂိုဏ်းတပည့်များနှင့် အကြီးအကဲအားလုံးက သူတို့အကြည့်များကို ထိုနေရာသို့ပို့ထားကြသည်။

ဒါကတရက်တာကြာမြင့်ခဲ့ပြီး အလွန်ကြီးမားသည့်ပရမ်းပတာတခုကို ဖြစ်သွားစေသည်။

အတိအကျဘာတွေဖြစ်ပျက်နေတာလဲ!

တချို့တပည့်များက ထိုနေရာသို့သွားပြီး စူးစမ်းချင်ကြသော်လည်း ချီယန်က သူတို့ကိုတားထားသည်။

မုဖူရှန်းက စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ကျင့်ကြံနေတာကို သူသိပါသည်။

ထိုကဲ့သို့အချိန်မျိုးတွင် သူကမည်သည့် အနှောက်အယှက်မှဖြစ်၍မရပါ။

သူ့ဝိဉာဉ်ကကျင့်ကြံနေသောအခါ သူ့အသိစိတ်အခြေအနေက နှောက်ယှက်ခံလိုက်ရပါက ပျက်စီးသွားစေလိမ့်မည်။

အနည်းဆုံးတော့ သူ့ဝိဉာဉ်က အပြင်းအထန်ဒဏ်ရာရသွားမည်ဖြစ်ပြီး မည်သောအခါမှ ကောင်းမွန်လာမည်မဟုတ်တော့။

အဆိုးဆုံးအခြေအနေတွင် သူ့ဝိဉာဉ်ကပျက်စီးသွားမည်ဖြစ်ပြီး သူ့၏သေခြင်းရှင်ခြင်းတာအိုကလည်း ပျောက်ကွယ်သွားရပေလိမ့်မည်။

သို့စေကာမူ ချီယန်အရမ်းသိချင်နေမိသည်။

ဝိဉာဉ်မီးတောက်ကို လျှပ်စီးကျင့်စဉ်တွေနဲ့ သိပ်သည်းအောင်လုပ်တာလား!

မုဖူရှန်း ဘယ်အဆင့်ဝိဉာဉ်မီးတောက်ကို သိပ်သည်းအောင်လုပ်နိုင်မှာလဲ!

နောက်တရက်ကုန်ဆုံးသွားသည်။

ယနေ့က အထွတ်အမြတ်အဆောင်အခမ်းအနားအဖွင့်ပွဲဖြစ်သည်။

နတ်တံဆိပ်ဂိုဏ်း၏ လမ်းဆုံတွင် ဒေါင်ယင်ကိုယ်တိုင် အသင်းကိုဦးဆောင်လာသည်။

ယန်လုပင်း၊ ကျန်းယင်ရှီနှင့် ကျန်သောနှစ်ယောက်ကလည်း ဒီနေရာတွင်စုစည်းနေကြသည်။ သို့စေကာမူ မုဖူရှန်းမပေါ်လာသေးပါ။

အကွာအဝေးတနေရာက ဂူအပေါ်၌ မိုးကြိုးများက ဆက်လက်မြည်ဟီးနေဆဲပင်။

"မလာသေးဘူးလား"

ယန်လုပင်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

သို့စေကာမူ ဒေါင်ယင်ကအလျင်မလိုပါ။

မုဖူရှန်း၏ကျင့်ကြံခြင်းက အရေးပါသည့်အဆင့်ကိုရောက်နေပြီဟု အကြီးအကဲချီပြောခဲ့သည်။

ထိုအချိန်တွင် ဂူအပေါ်က တိမ်မည်းများက နောက်ဆုံး၌ ပျောက်ကွယ်သွားလေတော့သည်။

နေမင်းကြီးကပြန်လည်တောက်ပလာပြီး ဂူအပေါ်သို့ နွေးထွေးစွာဖုံးလွှမ်းရင်း ရွှေပုံစံ၀တ်ရုံများဖြင့် ဖုံးပေးထားသည်။

ဂူထဲတွင် မုဖူရှန်းမျက်လုံးများကိုဖွင့်ကာ ထရပ်လိုက်သည်။

ချီယန်ဆူညံမှုကိုခံစားမိသဖြင့် ရုတ်ချည်းဆိုသလို မုဖူရှန်းရှေ့တွင်ပေါ်လာပြီးမေးသည်။

"ဘယ်လိုလဲ"

မုဖူရှန်းပြုံးပြသည်။

"ခင်ဗျားဆန္ဒရှိတဲ့အတိုင်းပါပဲ"

ထို့နောက် သူ့မျက်ခုံးများအကကား ကျောက်စိမ်းရောင်မီးလျှံလုံးတစ်လုံးက ဖြည်းဖြည်းချင်းပေါ်လာသည်။

မီးလျှံများကသေးငယ်သော်လည်း ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်စွမ်းအားက ဝိဉာဉ်ကိုပင် တုန်ယင်သွားစေသည်။

ဒါကိုမြင်သောအခါ အကြီးအကဲချီအနည်းငယ်ကြက်သေသေသွားသည်။ သူ့မျက်လုံးများက အံ့ဩသင့်မှုများဖြင့် ပြည့်နှက်နေသည်။

"မီးစုန်းစိမ်းဝိဉာဉ်မီးတောက်"

မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က ဝိဉာဉ်အဆင့်မီးတောက်တွင် အဆင့်ငါးဖြစ်သည်။

သူစိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ပထမဆုံးကျင့်ကြံပြီး နှစ်ရက်အကြာမှာပဲ ဝိဉာဉ်မီးတောက်ရဲ့ အဆင့်ငါးကို သိပ်သည်းအောင် လုပ်နိုင်ခဲ့တာလား!

ဒါက....သူ့ပါရမီကနည်းနည်းကြောက်ဖို့ကောင်းမနေဘူးလား!

မုဖူရှန်းအပြင်ဘက်သို့ကြည့်လိုက်သည်။

"အချိန်ကိုကြည့်ပါဦး၊ အထွတ်အမြတ်အဆောင်အခမ်းအနားက စတင်သင့်နေပြီမလား၊ အကြီးအကဲချီ၊ ကျုပ်အရင်သွားလိုက်ဦးမယ်"

ချီယန်တွေဝေစွာခေါင်းညိတ်မိသည်။ သူဘာစကားမှမဆိုဘဲ ထိုနေရာတွင်သာရပ်နေသည်။

မုဖူရှန်းထွက်သွားပြီးနောက်မှသာ သူတဖြည်းဖြည်းအသိ၀င်လာသည်။ ထို့နောက်စိတ်သက်သာရာရစွာသက်ပြင်းချရင်း ညီးတွားလိုက်သည်။

"မုဖူရှန်း..... သူ့လမ်းကြောင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ရပ်နေမှာမဟုတ်ဘူး"

"ဒီနေရာကအရမ်းသေးလွန်းတယ်၊ သူ့အဆင့်က ပိုမိုမြင့်မားတဲ့နေရာမှာရှိသင့်တယ်..."

မုဖူရှန်းလမ်းဆုံသို့ရောက်လာပြီးနောက်တွင် ဒေါင်ယင်က ပို့ဆောင်ရေးအခင်းအကျင်းကို အသက်သွင်းလိုက်သည်။ တပည့်သားများ၏အကြည့်များအောက်တွင် လူတစ်စုက ပို့ဆောင်ရေးအခင်းအကျင်းပေါ်သို့ တင်လိုက်ကြသည်။

ထို့နောက်ကောင်းကင်နယ်မြေသို့ဦးတည်လိုက်သည်။

ကောင်းကင်နယ်မြေတွင် မရေမတွက်နိုင်လောက်သောဂိုဏ်းများက ဒေသတခုလုံးကို လွှမ်းခြုံထားကြပြီး ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အလယ်ဗဟိုဖြစ်သလို အတော်လေးထိုက်တန်သည့် ပထမနယ်မြေလည်းဖြစ်သည်။

ဒီနေရာတွင် မရေမတွက်နိုင်လောက်သော အခွင့်အရေးများ၊ ဂိုဏ်းအများအပြားနှင့် မင်းမျိုးနွယ်မိသားစုများရှိပြီး တချိန်တည်းမှာပင် ပါရမီရှင်များလျော့နည်းခြင်းမရှိပေ။

ယနေ့တွင် ကောင်းကင်နယ်မြေက အဆောင်သခင်များက သူတို့၏ဂိုဏ်းနှင့် မင်းမျိုးနွယ်မိသားစုများကနေ ထွက်လာကုသလို တောင်နှင့်သစ်တောများထဲသို့၀င်သွားကြသည်။

သူတို့က မြင့်မြတ်အဆောင်ဂိုဏ်းကို ထွက်ခွာသွားကြသည်။ ဒီနေ့က အထွတ်အမြတ်အဆောင်အခမ်းအနားကျင်းပရာနေ့ဖြစ်နေသည်မဟုတ်ပေလော။

ကမ္ဘာကြီးထဲက နံပါတ်တစ်အဆောင်သခင်ဂိုဏ်းတဖြစ်လဲ မြင့်မြတ်အဆောင်ဂိုဏ်းက ဒါကိုမကြေညာခဲ့လျှင်ပင် မရေမတွက်နိုင်လောက်သောသူများက သွားကြည့်မည်သာ။

အထွတ်အမြတ်အဆောင်အခမ်းအနားအတွင်း မြင့်မြတ်အဆောင်ဂိုဏ်းကို ဖွင့်လှစ်ပြီး ဘယ်ဂိုဏ်းအင်အားစုမဆို သွားကြည့်နိုင်သည်။

ထို့ကြောင့် စွမ်းအားရှင်များစွာနှင့် တကိုယ်တော်ကျင့်ကြံသူများက မြင့်မြတ်အဆောင်ဂိုဏ်းအနီးတွင် စုဝေးနေကြသည်။

တချို့လူများကမူ ပြပွဲများကိုကြည့်နေကြသည်။

အလားတူပင် အများစုက အထွတ်အမြတ်အဆောင်အခမ်းအနားအတွင်း ထင်ရှားလာမည့် ကြောက်ခမန်းလိလိပါရမီရှင်များကို ဆွဲဆောင်ချင်ကြသည်။

ဒါက ဂိုဏ်းတစ်ဂိုဏ်း၏ခွန်အားကို အစွမ်းအဆောင်သခင်တစ်ဦးကိုထပ်ဖြည့်ခြင်းဖြင့် သေချာပေါက်တိုးမြှင့်လာပေလိမ့်မည်။

အဂ္ဂိရတ်ဆရာဖြစ်စေ၊ အခင်းအကျင်းတရာဖြစ်စေ၊ သို့မဟုတ်အဆောင်သခင်ဖြစ်စေ သူတို့အားလုံးကရှားပါးပြီး ထင်ရှားသည့်သူများပင်ဖြစ်ကြသည်။

ထိုအချိန်တွင် မရေမတွက်နိုင်လောက်သည့် ဂိုဏ်းကြီးများက မြင့်မြတ်အဆောင်ဂိုဏ်းတွင်စုဝေးနေကြသလို မြင့်မြတ်အဆောင်ဂိုဏ်း၏ လက်အောက်ခံဂိုဏ်းခွဲများကလည်း အတူတကွစုဝေးနေကြ၏။

မြောက်မြားစွာသောအဆောင်သခင်များက ဒီအဆောင်သခင်ပြိုင်ပွဲတွင်ရပ်တည်ကာ ဆုလာဘ်များကို ရယူချင်ကြသည်။

ပိုအရေးပါသည်က မြင့်မြတ်အဆောင်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက သဘောကျမည်ဖြစ်ပြီး မြင့်မြတ်အဆောင်ဂိုဏ်းတွင် ပါ၀င်ခွင့်ပေးမည်ဖြစ်သည်။

ထိုအချိန်တွင် စက်ဝိုင်းပုံစင်မြင့်အနီး၌ ဒေါင်ယင်က မုဖူရှန်းနှင့်ကျန်သောသူများကိုပြောသည်။

"အထွတ်အမြတ်အဆောင်အခမ်းအနားရဲ့ စည်းမျဉ်းတွေကမပြောင်းလဲဘူး၊ ဒါက အရမ်းရိုးစင်းတယ်"

"မင်းတို့အကောင်းဆုံးအဆောင်ကို ရေးထွင်းနိုင်သရွေ့ အရည်အသွေးပိုမြှင့်လေလေ၊ အနိုင်ရနိုင်ချေပိုများလေလေပဲ'

"ထိပ်တန်းသုံးယောက်က မြင့်မြတ်အဆောင်ဂိုဏ်းမှာ ဆက်နေဖို့အတွက် ရွေးချယ်နိုင်ရုံသာမက သူတို့က ရက်ရောတဲ့ ဆုလာဘ်တွေကိုလည်းရနိုင်တယ်"

ယန်ပုလင်းနှင့်ကျန်သောသူများကခေါင်းညိတ်သည်။ အားလုံး၏မျက်လုံးများက မီးတောက်များဖြင့်လောင်ကျွမ်းနေသည်။

မုဖူရှန်းကမူ ပတ်၀န်းကျင်ကို အကဲခတ်ကြည့်ရှုနေသည်။

သူတခြားဂိုဏ်းခွဲများမှ ပါရမီရှင်များကိုလည်းလေ့လာနေသည်။

သင်ကိုယ်တိုင်နှင့်ရန်သူကိုသာသိနေမည်ဆိုပါက တိုက်ပွဲတစ်ရာလောက်အထိ ရှုံးနိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လူငယ်ငါးယောက်ကို ဦးဆောင်ကာ ဒေါင်ယင်ဘေးသို့ ရောက်လာပြီး နှာခေါင်းရှုံ့ကာမေးသည်။

"ဒေါင်ယင်၊ ဒီတကြိမ်မင်းဂိုဏ်းက ကိုယ်စားလှယ်လောင်းတွေရဲ့ပါရမီက ဘယ်လိုလဲ၊ ခေါင်းဆောင်ကဘယ်သူဖြစ်မလဲ"

အပိုင်း(536) coming။

All Chapters