← Chapters

#မဟာအခမ်းအနားစတင်ခြင်း၊ လေးပင်လယ်အမျက်မိုးကြိုးအဆောင်#

Vol. 38 Ch. 536

#မဟာအခမ်းအနားစတင်ခြင်း၊ လေးပင်လယ်အမျက်မိုးကြိုးအဆောင်#

Vol. 38 Ch. 536

အထွတ်အမြတ်အဆောင်အခမ်းအနားက မြင့်မြတ်အဆောင်ဂိုဏ်း၏ မရေမတွက်နိုင်လောက်သော ဂိုဏ်းခွဲများပါ၀င်ကြသည့် အဆောင်သခင်ပြိုင်ပွဲဖြစ်သည်။

ဒါက တပည့်များကိုစုဆောင်းရန်အတွက် မြင့်မြတ်အဆောင်ဂိုဏ်း၏ စွမ်းရည်စမ်းသပ်မှုတခုလည်းဖြစ်သည်။

ရေရှည်တွင် တပည့်များ၏ပါရမီကမကောင်းဘဲ အဆောင်သခင်အဆင့်အောင်မြင်မှုများကလည်း မြင့်မြတ်အဆောင်ဂိုဏ်း၏ လိုအပ်ချက်များနှင့် မကိုက်ညီပါက သူကစွန့်ပစ်ခံရမည်ဖြစ်သည်။

သဘာ၀ရွေးချယ်မှုက အကောင်းဆုံးရှင်ကျန်မှုပင်။

မြင့်မြတ်အဆောင်ဂိုဏ်း၏ ဒီစည်းမျဉ်းများကလည်း ၎င်းက အလယ်အလတ်အဆင့် ကြယ်နယ်မြေ၏ အဆောင်သခင်တာအိုက ကြာရှည်စွာ ထိန်းချုပ်ထားနိုင်သည့် အကြောင်းရင်းဖြစ်သည်။

ထိုအချိန်တွင် ဒေါင်ယင်ရှေ့တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။

"ကြည့်ရတာမင်းရဲ့ကိုယ်စားလှယ်လှောင်းတွေက သိပ်မပြောင်းလဲသွားပုံပဲ"

ဒေါင်ယင်၏အမူအရာကလုံး၀ပြောင်းလဲသွားခြင်းမရှိဘဲ ခါတိုင်းလိုပဲတည်ငြိမ်နေသည်။

သူကတဖက်လူ၏လှောင်ပြောင်မှုကြောင့် လုံး၀သက်ရောက်ခြင်းမခံရသည့်အသွင်။

သူ့နောက်မှ ယန်လုပင်း၊ ကျန်းယင်ရှီနှင့် ယန်ဇူကျန်းတို့၏အမူအရာများက အတော်လေးမည်းမှောင်နေကြ၏။

ဒင်းရှောင်ချင်းက မုဖူရှန်းကို အသံနိမ့်ကာရှင်းပြသည်။

"နတ်တံဆိပ်ဂိုဏ်းနဲ့ အင်မော်တယ်အဆောင်ဂိုဏ်းတို့က မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ အားအကောင်းဆုံးအကိုင်းအခက်နှစ်ခုဖြစ်ခဲ့တယ်"

"ဂိုဏ်းနှစ်ဂိုဏ်းက သေမျိုးရန်သူတွေလို့သတ်မှတ်လို့ရပေမယ့် ဒီနှစ်တွေအတွင်း နတ်တံဆိပ်ဂိုဏ်းရဲ့ရလဒ်တွေက အကောင်းဆုံးမဟုတ်ခဲ့ဘူး၊ သူတို့က အင်မော်တယ်အဆောင်ဂိုဏ်းရဲ့ဖိနှိပ်ခြင်းကို ခံထားရတယ်"

"ဒီလူကအင်မော်တယ်အဆောင်ဂိုဏ်းချုပ် ရုန်ယုပဲ"

မုဖူရှန်းခေါင်းညိတ်သည်။

သူတို့ကလှောင်ပြောင်ရန်အတွက် ပဏာမခြေလှမ်းလှမ်းနေတာ အံ့ဩသင့်စရာမရှိတော့။

ရုန်ယုက ဒေါင်ယင်ကိုလွယ်လွယ်နှင့်လွှတ်ပေးရန် မရည်ရွယ်ထားသဖြင့် ဆက်ပြောသည်။

"ဘာလို့လဲ၊ သူအသင်းကိုဦးဆောင်နေတုန်းပဲလား"

သူကယန်လုပင်းကိုရည်ညွှန်းနေသည်မှာ သိသာထင်ရှားနေသည်။

"တကယ်လို့သူ့အဆင့်က အရင်ကနဲ့အတူတူပဲဆိုရင်တော့ မင်းရဲ့နတ်တံဆိပ်ဂိုဏ်းက ထပ်ပြီးရှုံးနိမ့်မှာလဲ"

ဒေါင်ယင်ခေါင်းခါယမ်းကာပြုံးသည်။

"တခြားတယောက်ပါ"

လူပြောင်းသွားပြီး‌လား!

ရုန်ယုအနည်းငယ်ကြက်သေသေသွားပြီးနောက် ဒေါင်ယင်ညွှန်ပြသည့်နေရာဘက်သို့ ကြည့်လိုက်သည်။

ထို့နောက်သူမုဖူရှန်းကိုကြည့်လိုက်၏။

"အိုး၊ ဒီတော့ ဒီကလေးရဲ့အဆောင်သခင်နယ်ပယ်က ယန်လုပင်းထက်မြင့်တာပေါ့"

မုဖူရှန်းပြုံးသည်။

"ကျုပ်မဝံ့ရဲပါဘူး၊ ကျုပ်ကပါရမီမရှိပါဘူး၊ မကြာသေးခင်ကမှ ကောင်းကင်အဆောင်သခင်အဆင့်ကို အောင်ခဲ့တာပါ"

မုဖူရှန်း၏စကားလုံးများက ရုန်ယုနှင့်နောက်ကတပည့်ငါးယောက်ကို ဆွံအသွားစေသည်။

ထို့နောက်သူရယ်မောလိုက်လေတော့သည်။

"ကောင်းကင်အဆောင်သခင်တယောက်က ခေါင်းဆောင်တဲ့လား"

"နတ်တံဆိပ်ဂိုဏ်းက တကယ်ပဲအားနည်းသထက်ပိုအားနည်းလာပြီပဲ"

"ဒီကနေကြည့်ရမယ်ဆိုရင် အတိတ်က ငါတို့နဲ့ယှဉ်နိုင်တဲ့ဂိုဏ်းတွေက တခြားဂိုဏ်းခွဲတွေထက်နိမ့်ကျတယ်မလား"

ရုန်ယုမှာ ဒေါင်ယင်၏ပခုံးကိုပုတ်ကာ ခေါင်းခါယမ်းသည်။

"ကြည့်ရတာ မင်းရဲ့အလင်းဖြာနယ်မြေမှာ မျိုးစေ့ကောင်းတွေမရှိတော့ဘူးဘဲ၊ မင်းရဲ့ကံကြမ္မာကတော့ပြီးသွားပြီ"

"ဒါကို မင်းစိုးရိမ်နေစရာမလိုပါဘူး၊ ဂိုဏ်းချုပ်ရုန်"

ဒေါင်ယင်က ရုန်ယု၏လက်ကို အမူအရာအနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိဘဲ ရိုက်ချလိုက်သည်။ ထို့နောက် မှိန်ဖျော့စွာပြုံးသည်။

"ငါတို့မှာဘယ်လိုအားသာချက်တွေရှိသလဲဆိုတာ အချိန်ရောက်တာနဲ့ မင်းမြင်ရမှာပဲလေ"

ဒေါင်ယင်စကားပြောပြီးနောက် အင်မော်တယ်အဆောင်ဂိုဏ်းကလူများအား ထပ်အာရုံစိုက်မနေတော့ပါ။

သူ အထွတ်အမြတ်အဆောင်အခမ်းအနားစတင်မည်ကိုသာ တိတ်တဆိတ်စောင့်နေတော့သည်။

ဒါကိုမြင်သောအခါ ရုန်ယုနှာခေါင်းရှုံ့သည်။

သူကဘေးကလူငယ်အားပြောသည်။

"အချိန်ရောက်လာတဲ့အခါကျရင် မင်းခွန်အားကိုဖုံးမကွယ်ထားဘဲ နတ်တံဆိပ်ဂိုဏ်းကလူတွေကို ရက်ရက်စက်စက်နင်းချေပစ်"

"အဲဒီအချိန်ကျရင် မြင့်မြတ်အဆောင်ဂိုဏ်းက ငါတို့ကိုအရင်းအမြစ်တွေပိုပေးလိမ့်မယ်"

အတိတ်က နတ်တံဆိပ်ဂိုဏ်းနှင့် အင်မော်တယ်အဆောင်ဂိုဏ်းတို့က အလားတူ အားကောင်းခဲ့ကြသည်။

မြင့်မြတ်အဆောင်ဂိုဏ်းက အရင်းအမြစ်များကိုရရှိခြင်းကလည်းတူညီသည်။

အကယ်၍ သူက နတ်တံဆိပ်ဂိုဏ်းကို သူ့ခြေထောက်အောက်တွင် လုံး၀တက်နင်းနိုင်ပါက မြင့်မြတ်အဆောင်ဂိုဏ်းက နတ်တံဆိပ်ဂိုဏ်းထက် အင်မော်တယ်အဆောင်ဂိုဏ်းကို အရင်းအမြစ်တွေပိုပေးလိမ့်မည်။

တခြားဂိုဏ်းခွဲတွေကမူ အင်မော်တယ်အဆောင်ဂိုဏ်းနှင့်ယှဉ်ပါက ကွာဟချက်က အတော်လေးကြီးမားလေရာ ဒါကို အလေးအနက်မှတ်ယူနေစရာမလိုပါ။

မွန်းလွဲပိုင်းသို့ရောက်သောအခါ ပူပြင်းသည့်နေမင်းကြီးက ကောင်းကင်ထက်တွင် မြင့်တက်လာသည်။

ထိုအချိန်တွင် ရုတ်တရက်ခေါင်းလောင်းသံတစ်သံမြည်လာခဲ့သည်။

၎င်းကအလှမ်းဝေးကာနက်ရှိုင်းပြီးရှည်လျားသည်။ ကောင်းကင်နယ်မြေတခုလုံးအတွင်း ပျံ့သွားသည့်အလားပင်ထင်ရသည်။

ခေါင်းဆောင်းသံက အထွတ်အမြတ်အဆောင်အခမ်းအနားကို စတင်တော့မည်ဟုဆိုလိုနေခြင်းပင်။

ကောင်းကင်ထက်တွင် အဖိုးအိုသုံးယောက်က အတူတကွရောက်လာကြပြီး မည်သူမှ သတိမထားမိခင်မှာပင် ကောင်းကင်ထဲ၌ ရုတ်ချည်းပေါ်လာကြသည်။

ထိုအဖိုးအိုသုံးယောက်၏ဝိဉာဉ်စွမ်းအားက အသူရာချောက်တခုနှင့်တူပြီး အောက်သို့ငုံ့ကြည့်လျှင်ပင် အဆုံးကိုမြင်နိုင်မည်မဟုတ်။

ဒါကိုမြင်သောအခါ ဂိုဏ်းခွဲအသီးသီးမှ ဂိုဏ်းချုပ်နှင့်တပည့်များက လက်နှစ်ဆက်ဆုပ်ကာ ဦးညွတ်လိုက်ကြ၏။

ဒီအဖိုးအိုသုံးယောက်က မြင့်မြတ်အဆောင်ဂိုဏ်း၏ အမြင့်မားဆုံးမဟာအကြီးအကဲသုံးဦးဖြစ်ပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးကိုလည်း ကိုယ်စားပြုကြသည်။

အဆောင်သခင်နယ်ပယ်၌ အမြင့်မားဆုံးအောင်မြင်မှုကိုရထားသည့် တည်ရှိမှုများတဖြစ်လဲ သူတို့က နတ်အဆောင်သခင်တ၀က်အဆင့်တွင်ရှိကြသည်။

ပတ်ပတ်လည်က ဂိုဏ်းများနှင့် မင်းမျိုးနွယ်မိသားစုများပင်လျှင် အပေါ်က အဖိုးအိုသုံးယောက်ကို အနည်းငယ်ဦးညွတ်ကြရသည်။

အဖိုးအိုသုံးယောက်ကခေါင်းညိတ်သည်။

ထို့နောက်အလယ်က မုတ်ဆိတ်ရှည်အဖိုးအိုက လေးနက်သည့်အသံဖြင့်ပြောသည်။

"လူတိုင်း အထွတ်အမြတ်အဆောင်အခမ်းအနားရဲ့စည်းမျဉ်းတွေကို သိကြလိမ့်မယ်လို့ ငါယုံကြည်ပါတယ်၊ ဒီတော့ ငါထပ်ပြီးအသေးစိတ်မပြောတော့ဘူး"

"အချိန်ကတော့ နေမ၀င်ခင်အဆုံးသတ်ရမယ်"

"မင်းတို့အခုစလို့ရပြီ"

ထိုသို့ပြောပြီးနောက်တွင် ဂိုဏ်းများမှ တပည့်များက စင်မြင့်ပေါ်တက်လိုက်ကြသည်။

စင်မြင့်ပေါ်၌ သစ်သားစားပွဲတစ်ရာကျော်ကိုပြင်ဆင်ထားပြီးဖြစ်ကာ သစ်သားစားပွဲများပေါ်၌ ထိပ်တန်းအဆင့်အဆောင်များရှိသည်။

တယောက်ယောက်က ရေးထွင်းပြီးသားဖြစ်သည့် အဆောင်တခုနဲ့ လှည့်စားမယ်ဆိုရင်ရော!

ဒါကအဆင့်မြင့်မဟာအကြီးအကဲသုံးဦး၏ ဉာဏ်ရည်ကိုစော်ကားလိုက်ခြင်းပင်။

သူတို့က နတ်အဆောင်သခင်တ၀က်အဆင့်ဖြစ်ကြသည်။

ဝိဉာဉ်စွမ်းအားက ကြယ်ပင်လယ်ကဲ့သို့ပင်နက်ရှိုင်းသည်။ လူမည်မျှကများ သူတို့၏ ဖော်ထုတ်မှုကို ရှောင်ရှားနိုင်မည်နည်း။

အပေါ်တက်ပြီးနောက်တွင် အင်မော်တယ်အဆောင်ဂိုဏ်းကလူငယ်က သူ့ကို လှုံ့ဆော်နေသည့်အမူအရာဖြင့် ကြည့်နေတာကို မုဖူရှန်းတွေ့လိုက်ရသည်။

ဒီလူက အင်မော်တယ်အဆောင်ဂိုဏ်းခေါင်းဆောင်ဖြစ်သည့် လုဒီဖြစ်သည်။

သူက ကောင်းကင်ဘုံအဆောင်သခင်နယ်ပယ်နှင့် အဆုံးစွန်ထိနီးစပ်နေပြီဖြစ်ကာ ယန်လုပင်းထက်ပို၍အားကောင်းသည်။

မုဖူရှန်းသူ့ကိုလျစ်လျုရှုကာ သစ်သားစားပွဲတခုကိုရွေးချယ်လိုက်၏။

ထို့နောက် မြင့်မြတ်အဆောင်ဂိုဏ်းက အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၏ အာရုံကို အများဆုံးဆွဲဆောင်စေရန်အတွက် ဘယ်လိုအဆောင်မျိုးကို ရေးထွင်းရမလဲဆိုတာ မုဖူရှန်းစတင်တွေးသည်။

အဆောင်အဆင့်ကမြင့်လေလေ၊ ပိုကောင်းလေလေဖြစ်သည်။

တချိန်တည်းတွင် နတ်အဆောင်သခင်တ၀က်အဆင့်တွင် သူတို့က အဆောင်မျိုးစုံကိုတွေ့ဖူးကြသည်။ ထို့ကြောင့် ထိုသာမန်အဆောင်များကို သူရွေးချယ်၍မရပေ။

သို့စေကာမူ စည်းတံဆိပ်စာအုပ်က သူတို့အရင်ကတခါမှမမြင်ဖူးသည့် အရာတခုဖြစ်သည်။

ကိုးသွယ်မိုးကြိုးဒိုင်းနှင့် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်တို့က မလုံလောက်ပါ။

ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်က သူ့၏ဝှက်ဖဲဖြစ်သည်။

အထွတ်အမြတ်အဆောင်အခမ်းအနားအပြီးတွင် မိစ္ဆာနယ်မြေက သူ့အကြောင်းကို သေချာပေါက်သိသွားကြပေလိမ့်မည်။

ဒီလိုဆိုမှတော့........

မုဖူရှန်းရယ်မောလိုက်သည်။

သူ့လက်ထဲတွင် အဆောင်စုတ်တံကိုမြှောက်လိုက်စဉ် လျှပ်စီးကစတင်လက်လာသည်။

ထို့နောက်တုံ့ဆိုင်းမနေဘဲ သူအဆောင်စာရွက်ပေါ်၌ စုတ်ချက်တကြောင်းရေးဆွဲသည်။

အဆောင်စာအုပ်ထဲက ဝိဉာဉ်အဆောင်အထွတ်အထိပ်အဆင့်ဖြစ်သည့် လေးပင်လယ်အမျက်မိုးကြိုးအဆောင်!

၎င်း၏စွမ်းအားက အင်မော်တယ်အဆင့်အဆောင်နှင့်ယှဉ်၍ရသည်။

ပတ်ပတ်လည်ဂိုဏ်းများနှင့်အင်အားစုများက စင်မြင့်ပေါ်ရှိ ကြည့်လိုက်စဉ် သူတို့၏ဝိဉာဉ်စွမ်းအားများက ပေါက်ကွဲသွားကြ၏။

သူတို့က ထိုအဆောင်သခင်များကို ကြည့်လိုက်ကြသည်။

"ဒီတကြိမ် ငါအဆောင်သခင်တချို့ကို ဆွဲဆောင်ထားနိုင်မလားဆိုတာသိချင်မိတယ်"

"ငါတို့နတ်တံဆိပ်ဂိုဏ်း ဒါမှမဟုတ် အင်မော်တယ်အဆောင်ဂိုဏ်းက အဆောင်သခင်တွေကို ဆွဲဆောင်ထားနိုင်ရင်အကောင်းဆုံးပဲ"

"အင်မော်တယ်အဆောင်ဂိုဏ်းက အဆင်ပြေပေမယ့် နတ်တံဆိပ်ဂိုဏ်းကိုတော့မေ့ထားလိုက်ပါ၊ သူတို့က နှစ်တွေကြာလာတော့ စတင်ကျဆင်းလာကြပြီ"

"နတ်တံ‌ဆိပ်ဂိုဏ်းကိုမေ့ထားလိုက်ရမှာလား၊ သူတို့က အင်မော်တယ်အဆောင်ဂိုဏ်းနဲ့ ထပ်မယှဉ်နိုင်တော့ဘူးဆိုရင်တောင် ငတ်မွတ်နေတဲ့ကုလားအုတ်တကောင်က မြင်းတကောင်ထက်တော့ ပိုကြီးနေဆဲပဲ၊ ဒါကမင်းလိုမျိုး လူအိုကြီးတယောက် ဆွဲဆောင်နိုင်တဲ့အရာမဟုတ်ဘူး"

ဂိုဏ်းများက လူသိရှင်ကြားဆွေးနွေးနေကြစဉ် ရုတ်တရက်သူတို့က ကြက်သေသေသွားကြပြီး စင်မြင့်အလယ်ဗဟိုသို့ ကြည့်လိုက်မိကြသည်။

ထိုနေရာ၌ လျှပ်စီးကြောင်းတစင်းက ကောင်းကင်ပေါ်ထိုးတက်သွား၏။ တိမ်မည်းများက နေမင်းကြီးကို လုံး၀ဖုံးလွှမ်းသွားသည်။

အဆင့်မြင့်မဟာအကြီးအကဲသုံးယောက်ပင်လျှင် အံ့ဩသင့်သွားကြရသည်။ ထိုလျှပ်စီးအောက်တွင် မုဖူရှန်းရှိသည်။

အပိုင်း(537) coming။

All Chapters