#ဒီကလေးက ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ#
Vol. 38 Ch. 537
အထွတ်အမြတ်အဆောင်အခမ်းအနားတွင် ပါရမီရှိသည့်အဆောင်သခင်များက မည်သောအခါမှ လျော့နည်းမနေခဲ့ပါ။
အခမ်းအနားတွင်ပါ၀င်ကြသည့် အဆောင်သခင်များအားလုံးက မြင့်မြတ်အဆောင်ဂိုဏ်းမှ ဂိုဏ်းခွဲအသီးသီးက ပါရမီရှင်များဖြစ်ကြသည်။
ဒီအင်အားစုများက နယ်မြေအသီးသီးတွင် ထိပ်တန်းအဆောင်သခင်များလည်းဖြစ်ကြသည်။
သို့စေကာမူ အခမ်းအနားစပြီးမကြာခင်မှာပင် မြင့်မြတ်အဆောင်ဂိုဏ်းတည်ထောင်ကတည်းက ယခုလိုအံ့ဖွယ်ဖြစ်ရပ်တခုကို ဆင့်ခေါ်နိုင်ခဲ့သည့်လူဟူ၍ အနည်းငယ်သာရှိသည်။
စင်မြင့်အပြင်ဘက်ရှိ ရုန်ယုက ထိုမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းကင်ဘုံလျှပ်စီးကဆွဲဆောင်တာလား!
ကောင်းကင်အဆောင်သခင်တစ်ယောက် အဆောင်ရေးထွင်းမှုက ဒီလိုကြီးမားတဲ့ အုတ်သောင်းအုတ်နင်းကိုဖြစ်စေနိုင်တာလား!
သူ့လှောင်ပြောင်မှုကိုခံရသည့်တိုင် ဒေါင်ယင်ကတည်ငြိမ်စွာပြုမူခဲ့တာကို သူသတိရသွား၏။
သူကဒေါသအရိပ်အယောင်အနည်းငယ်လေးပင်မပြသခဲ့ဘဲ ဆန့်ကျင်စွာပင် တည်ငြိမ်သည့်အမူအရာတခုကိုသာ ပြသခဲ့သည်။
ရုန်ယုရုတ်တရက်မကောင်းသည့်ခံစားချက်ကိုရလာသည်။
တကယ်တမ်းတွင် လူတိုင်းက ဒီကလေးအား လျှော့တွက်ထားခဲ့ကြခြင်းပင်။
ဒီအဆင့်က ကောင်းကင်အဆောင်သခင်တစ်ယောက် ဖန်တီးနိုင်တာထက် အများကြီးပိုနေလေပြီ။
မုဖူရှန်းကသူ့ခွန်အားကိုဖုံးပွယ်ထားခဲ့သည်။
ပရိသတ်ထိုင်ခုံများမှ ဂိုဏ်းအသီးသီးကလူများက ဒီမြင်ကွင်းကိုမြင်သောအခါ အားလုံးတုန်လှုပ်ချောက်ချားသွားကြ၏။
"ဒီလူကဘယ်သူလဲ၊ ငါဘာလို့ဒီလိုအစွမ်းထက်အဆောင်သခင်တစ်ယောက်အကြောင်း မကြားဖူးရတာလဲ"
"မင်းမကြားဖူးတာကပုံမှန်ပဲလေ၊ ထောက်လှမ်းရေးသတင်းတွေအရဆိုရင် ဒီလူက အထွတ်အမြတ်အဆောင်အခမ်းအနားကို ပထမဆုံးအကြိမ် ပါ၀င်ဆင်နွှဲလာတဲ့ နတ်တံဆိပ်ဂိုဏ်းက အဆောင်သခင်တစ်ယောက်ပဲ"
"ကြည့်ရတာ နတ်တံဆိပ်ဂိုဏ်းက ဒီတကြိမ် တိုးတက်လာပုံပဲ"
"ဘာပဲဆိုဆို ဒီလူကိုငါတို့အကောင်းဆုံးဆွဲဆောင်ရမယ်၊ ငါတို့သူ့ကို မဆွဲဆောင်နိုင်ရင်တောင် သူနဲ့ဆက်ဆံရေးကောင်းတခုရှိဖို့လိုတယ်"
ဒီလိုမျိုးအဆောင်သခင်တစ်ဦးတွင် အနာဂတ်၌ သေချာပေါက်ကြီးမားသည့်ပါရမီနှင့် အောင်မြင်မှုတွေရှိလာပေလိမ့်မည်။
လုပ်ဆောင်နေသည့်မုဖူရှန်းအတွက်တောပ ဒါကအစပဲရှိသေးသော်လည်း သူ့ပါရမီက အကန့်အသတ်မဲ့တာကို သက်သေပြနေလေသည်။
ယခုလိုလူမျိုးက သူတို့ဆွဲဆောင်ချင်နေသည့်လူမျိုးပေတည်း။
ထိုအချိန်တွင် သစ်သားစားပွဲရှေ့၌ မုဖူရှန်း၏အမူအရာကတည်ငြိမ်နေသည်။
သူ့လက်ထဲက အဆောင်စုတ်တံက အဆောင်စာရွက်ပေါ်သို့ဆက်ကျနေသည်။ အဆောင်စာရွက်ပေါ်ကျသွားသည့်အကြိမ်တိုင်း ပြင်းထန်သည့်လျှပ်စီးများကို ဆင်းသက်လာစေပြီး အဆောင်စာရွက်ကို ထိမှန်စေသည်။
လေးပင်လယ်အမျက်မိုးကြိုးအဆောင်က အခြေချအမှတ်များစွာလိုအပ်သည်။
အထက်ကဟန်ချက်ညီမှုကို ထိန်းသိမ်းရန်ဆိုတာကလည်းအတော်လေးခက်ခဲသည်။
သို့စေကာမူ ယခုတွင် မုဖူရှန်းက စိတ်ဝိဉာဉ်ပျိုးထောင်နည်းကိုကျင့်ကြံခဲ့ပြီး အဆင့်ငါးဝိဉာဉ်မီးတောက်ဖြစ်သည့် မီးစုန်းစိမ်းဝိဉာဉ်မီးတောက်ကို သိပ်သည်းနိုင်ခဲ့သဖြင့် သူ့ထိန်းချုပ်နိုင်စွမ်းဖြစ်စေ ဝိဉာဉ်စွမ်းအားဖြစ်စေ နောက်တဆင့်သို့တက်လှမ်းသွားခဲ့သည်။
လျှပ်စီးကိုဆွဲဆောင်ရာ၌ အခက်အခဲမရှိတော့ချေ။
မကြာမီ လေးပင်လယ်အမျက်မိုးကြိုးအဆောင်အတွက် လိုအပ်သည့်အခြေချအမှတ်အားလုံးကို အဆောင်စာရွက်ပေါ်၌ အပြီးသတ်လိုက်သည်။
ထို့နောက် မုဖူရှန်း၏အဆောင်စုတ်တံက မြောက်ဘက်သို့ဖြတ်သန်းသွားသည်။
ကောင်းကင်ထက်တွင် တိမ်မည်းများအကြားမှ မိုးကြိုးပစ်သံများထွက်လာသည်။
မရေမတွက်နိုင်လောက်သည့်လျှပ်စီးကြောင်းများက ဧရာမလျှပ်စီးနဂါးအဖြစ် ကျုံ့၀င်သွားကြပြီး မြောက်ပိုင်းဟင်းလင်းပြင်တွင် ပြင်းထန်သည့် မုန်တိုင်းတစင်းအဖြစ် ပြောင်းလဲသွား၏။
ဒါကမရပ်သွားပေ။
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် မုဖူရှန်းတခြားဘက်သုံးဘက်ကိုလည်း ရေးဆွဲလိုက်သည်။
တခဏအကြာတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်လေးနေရာ၌ အဖျက်အော်ရာဖြင့်ပြည့်နှက်နေသည့် ဧရာမလျှပ်စီးနဂါးက ဆူနာမီတခုအဖြစ်ပြောင်းလဲသွားပြီး မုဖူရှန်းထံဦးတည်သွားသည်။
ထိုအချိန်တွင် မူဖူရှန်းသူ့ရှေ့က အဆောင်ကိုအပေါ်သို့ပစ်လိုက်သည်။ သူက အဆောင်စုတ်တံကို လက်ထဲတွင်ကိုင်ထားပြီး လက်ဖဝါးအစုံကိုလည်း အတူတကွဖိထားဟည်။
"ပင်လယ်လေးစင်းက ကောင်းကင်ကိုလှန်ပစ်တယ်၊ လျှပ်စီးက ကမ္ဘာကြီးကို ဖျက်ဆီးတယ်"
သူ့အော်သံက လိမ့်တက်လာသည့်မိုးကြိုးအလား။
ကြောက်ခမန်းလိလိလှိုင်းလေးခုက အဆောင်စာရွက်ကို တိုက်မိသွားပြီး အဆက်မပြတ်ဖိညှစ်နေသည်။
ပတ်ပတ်လည်ကအဆောင်သခင်များကလည်း ဒီကြောက်မက်ဖွယ်အော်ရာနှင့်မြင်ကွင်း၏ ဆွဲဆောင်ခြင်းကိုခံရသည်။
ဈသွားကြသည်။
သူဒါကိုဘယ်လိုလုပ်လိုက်တာလဲ!
ယန်ဇူကျန်းခါးသီးစွာပြုံးမိသည်။
ဒီလိုမိုးသက်မုန်တိုင်းမျိုးကို အစပျိုးနိုင်တာကိုကြည့်ခြင်းဖြင့် အရင်က မုဖူရှန်း သူ့စွမ်းအားကိုဖုံးကွယ်ထားခဲ့ပုံရသည်။
နေကိုးစင်းမီးလျှံအဆောင်က ထည့်ပြော၍ပင်မထိုက်တန်တော့။
ယန်လုပင်း၏အမူအရာကလည်း အနည်းငယ်မည်းမှောင်နေသည်။
သူပင်လျှင် ဒီအဆင့်ကိုမရောက်နိုင်ခဲ့ပေ။
ဒါပေမယ့် မုဖူရှန်းက ကောင်းကင်အဆောင်သခင်တစ်ယောက်မဟုတ်ဘူးလား!
သူဒါကိုဘယ်လိုလုပ်နိုင်တာလဲ!
လုဒီထိုမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ခွန်အားကိုဖုံးကွယ်ထားတာလား!
သူစားပွဲပေါ်က အဆောင်ကိုကြည့်ရင်း အံကြိတ်လိုက်မိသည်။
အကယ်၍ မုဖူရှန်းသာအဆောင်ကိုအောင်မြင်သွားပါက သူ့အဆောင်က မုဖူရှန်းအဆောင်ထက် နိမ့်ကျသွားပေလိမ့်မည်။
ဒါကိုတွေးမိသောအခါ လုဒီအေးစက်စွာ နှာခေါင်းရှုံ့ရင်း အဆောင်ကိုပြတ်သားစွာ စွန့်လွှတ်လိုက်၏။ သူအဆောင်အသစ်တခုထုတ်ယူကာ စတင်ရေးထွင်းပြန်သည်။
ဒီတကြိမ်တွင် သူကအင်မော်တယ်တ၀က်အဆင့်ပင်ရောက်သည့် သားရဲလေးကောင်သွေးဆူပွက်အဆောင်ကို ထွင်းထုလေတော့သည်။ သူ့အောင်မြင်အှုကတော့ အရမ်းကြီးမမြင့်မားပေ။
စက္ကန့်များစွာကုန်ဆုံးသွား၏။
လူတိုင်း၏အကြည့်များက မုဖူရှန်းခေါင်းပေါ်က အဆောင်ပေါ်သို့ကျနေခဲ့သည်။
၎င်းက နေရာတိုင်းကလှိုင်းများ၏ တိုက်ခိုက်ခြင်းကိုခံနေရသည်။
လှိုင်းများထဲက ကြောက်မက်ဖွယ်လျှပ်စီးစွမ်းအားကလည်း မြင်နိုင်သည့်အမြန်နှုန်းဖြင့် အဆောင်ထဲတွင်ပေါင်းစပ်သွားပြီး နေရာများစွာကို လျှပ်စီးပုံစံကွက်လေးများနှင့် ဆက်သွယ်ပေးသည်။
ကောင်းကင်ထဲတွင် မြင့်မြတ်အဆောင်ဂိုဏ်းမှ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးကလည်း အနည်းငယ်အံ့ဩသင့်နေကြ၏။
ဘယ်ဘက်က အကြီးအကဲက သူ့မုတ်ဆိတ်ကို စိတ်၀င်တစားပွတ်သပ်ရင်း အပြုံးဖြင့်ပြောသည်။
"ဒီတကြိမ်တော့ မျိုးစေ့ကောင်းတခုပေါ်လာပုံပဲ"
တခြားတဘက်တွင် ညာဘက်က အကြီးအကဲ၏အမူအရာက လေးနက်နေပြီး အသံနိမ့်ကာပြောသည်။
"ဒီလိုလုပ်နိုင်တာကမဆိုးပါဘူး၊ ဒါပေမယ့် လိုအပ်ချက်က ဒီလိုအားကောင်းတဲ့ဖြစ်စဉ်ကို အစပျိုးဖို့ပဲ၊ အဆောင်ကိုပြီးမြောက်ဖို့အတွက် ဟန်ချက်ညီတဲ့အမှတ်ကို ထိန်းချုပ်ဖို့က ပိုတောင်ခက်ခဲတယ်"
အလယ်က မုတ်ဆိတ်ဖြူအကြီးအကဲက ထူးမခြားနားစွာပြောသည်။
"ဆက်ကြည့်ကြတာပေါ့၊ အချိန်တန်ပြီလို့ငါထင်တယ်...."
မုဖူရှန်းတီးတိုးရေရွတ်သည်။
"အချိန်ကျပြီ....."
ထို့နောက် သူ့လက်ထဲက အဆောင်စုတ်တံကို ရုတ်တရက်လှုပ်ယမ်းလိုက်သည်။
အဆောင်အောက်တွင် ၎င်းက အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် အဆက်မပြတ်လှုပ်ယမ်းရင်း နောက်ဆက်တွဲပုံရိပ်များကိုပင် ချန်ထားခဲ့သည်။
တဖြည်းဖြည်းနှင့် ဆန်းကြယ်သည့်ပုံစံတခုပေါ်လာသည်။ ထို့နောက် သူထိုပုံစံကို အဆောင်စာရွက်ပေါ်၌ ရိုက်နှိပ်လိုက်သည်။
ဘက်ပေါင်းစုံကမုန်တိုင်းထန်နေသည့်လှိုင်းများပေါ်၌ လျှပ်စီးက ပြင်းထန်စွာပစ်၀င်လာကာ မိုးကြိုးစင်းတခုသဖွယ် စင်မြင့်ပေါ်သို့ အရူးအမူးပစ်ချသည်။
အဆင့်မြင့်မဟာအကြီးအကဲများက တခြားအဆောင်သခင်များအား အနှောက်အယှက်ဖြစ်မည့်အရေးကနေ အချိန်မီကာကွယ်နိုင်ခဲ့သည်။
ထိုအချိန်တွင် ဆန်းကြယ်သည့်ပုံစံကွက်များက အဆောင်စာရွက်အပေါ်၌ လုံး၀ပုံနှိပ်၍ပြီးစီးသွားသည်။
နောက်ဆုံးလျှပ်စီးပုံစံကွက်ကလည်း ပြီးဆူံသွားလေပြီ။ မုဖူရှန်း အခြေချနေရာအားလုံးကို ချိတ်ဆက်ပစ်သည်။
ထို့နောက် အဆောင်က တွင်းနက်တခုအဖြစ်ပြောင်းလဲသွားပုံရပြီး ဝေလငါးတကောင်ဝါးမြိုနေသည့်ပမာ နေရာတိုင်းက လျှပ်စီးလှိုင်းများကို အဆောင်စာရွက်ထဲသို့ အရူးအမူးစုပ်ယူလေတော့သည်။
များမကြာခင်မှာပင် မိုးကြိုးလှိုင်းများကပျောက်ကွယ်သွားကြ၏။
ကျန်ရစ်နေတာက အဖျက်လျှပ်စီးစွမ်းအားကိုထုတ်လွှတ်နေသည့် အဆောင်တခုပင်။
ဒါကအချိန်မရွေးပေါက်ကွဲပြီး ကမ္ဘာကြီးကိုပင်ဖျက်ဆီးနိုင်သည့် မီးတောင်တစ်ခုအလားပင်။
လေးပင်လယ်အမျက်မိုးကြိုးအဆောင်!
ပြီးသွားလေပြီ။
ဒါကိုမြင်သောအခါ မုဖူရှန်းလက်ထဲတွင် ကိုင်လိုက်သည်။
မှန်ပါသည်။ အကျိုးသက်ရောက်မှုကတော့ကောင်းပေလိမ့်မည်။
အနီးအနားကဂိုဏ်းခွဲများနှင့်ဂိုဏ်းများက ဒီမြင်ကွင်းကိုစောင့်ကြည့်ရင်း အားလုံး တုန်လှုပ်ချောက်ချားနေကြ၏။
ဘာလို့ သူကဒီလိုအစွမ်းထက်အဆောင်မျိုးကို ရေးထွင်းပြီးတဲ့ ပထမဆုံးလူဖြစ်နေရနာလဲ!
ဒီအဆောင်သခင်မှာ ဘယ်လိုအောင်မြင်မှုအဆင့်တွေရှိနေတာလဲ!
ရုန်ယု၏အမူအရာကလည်း ကြည့်ရဆိုးနေသည်။ ဘယ်သူနိုင်မလဲဆိုတာက ပြောရခက်သည်။
တခြားတဘက်တွင် ဒေါင်ယင်က အကူအညီမဲ့စွာခေါင်းခါယမ်းသည်။
"အကြီးအကဲချီနဲ့ ဒီကလေးက ဒါကိုကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ၊ သူက ကောင်းကင်ဘုံအဆောင်သခင်တ၀က်အဆင့်ကို ရောက်နေပြီဆိုတာ သိသာထင်ရှားနေတာပဲလေ...."
ကောင်းကင်ထက်တွင် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက ညင်သာစွာခေါင်းညိတ်ကြသည်။
ထို့နောက် မုဖူရှန်းသူတို့အောက်သို့သွားပြီး လက်ထဲကအဆောင်ကို ပေးသည်။
"ဒီအဆောင်ကို လေးပင်လယ်အမျက်မိုးကြိုးအဆောင်လို့ခေါ်ပါတယ်..."
အပိုင်း(538) coming။