#အဆင်မြင့်မဟာအကြီးအကဲသုံးဦးတိုက်ခိုက်ခြင်း#
Vol. 38 Ch. 538
လေးပင်လယ်အမျက်မိုးကြိုးအဆောင်လား!
အဆင်မြင့်မဟာအကြီးအကဲသုံးဦးက ကြက်သေသေသွားကြသည်။
နတ်အဆောင်သခင်တ၀က်အဆင့်တဖြစ်လဲ သူတို့က အဆောင်မျိုးစုံကိုမြင်ဖူးသလို ရေးထွင်းဖူးပါသည်။
သို့သော် လေးပင်လယ်အမျက်မိုးကြိုးအဆောင်ကို သူတို့တခါမှမကြားဖူးပေ။
ထိုစဉ် ဘယ်ဘက်က အဆင့်မြင့်မဟာအကြီးအကဲကမေးသည်။
"ဘယ်ဆရာကများ ဒီလိုအဆောင်ကို ရေးထွင်းခဲ့တာလဲ"
မုဖူရှန်းပြုံးသည်။
"ကျွန်တော်မသိဘူး၊ ကျွန်တော်ဒါကို လျှို့ဝှက်နယ်မြေတခုမှာတွေ့ခဲ့တာပါ"
ဆရာက သူ့တည်ရှိမှုကို တခြားသူတွေကို မသိစေချင်ဘူးမလား!
ထို့ကြောင့်လည်း မုဖူရှန်း လုချန်ရှန်း၏ ကိုယ်ပိုင်လက္ခဏာကိုဖုံးကွယ်ထားခဲ့ခြင်းပင်။
မုတ်ဆိတ်ဖြူအကြီးအကဲကခေါင်းညိတ်သည်။
"ကမ္ဘာကြီးကကြီးမားပါတယ်၊ ငါတို့တောင် ကမ္ဘာကြီးခဲက အဆောင်တိုင်းကို မကြည့်နိုင်ဘူးလေ"
ထို့နောက် သူအဆောင်ကိုယူပြီး ဂရုတစိုက်စတင်လေ့လာလေတော့သည်။
ဒေါင်ယင်နှင့် ရုန်ယုတို့ကလည်း မဟာအကြီးအကဲ၏အမူအရာကိုကြည့်ရင်း ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။
ထိုအချိန်လေးမှာပင် အောက်ကနေ အော်ရာတခုထိုးတက်လာသည်။
စင်မြင့်ပေါ်၌ အဇူရာနဂါး၊ ကျားဖြူ၊ ဗာမီလီယန်ငှက်နှင့် လိပ်နက်တို့က ပေါ်လာကြသည်။
သို့စေကာမူ နတ်သားရဲလေးကောင်၏ အော်ရာများက အရမ်းကြီးမသိပ်သည်းပေ။ သို့သော် နတ်သားရဲလေးကောင်၏ ဖြစ်စဉ်ကို ဆင့်ခေါ်နိုင်ဖို့ဆိုတာက သာမန်အရာတခုမဟုတ်တာ သေချာသည်။
လူတိုင်း၏အကြည့်က တခဏမျှ ထိုဖြစ်စဉ်၏ဦးတည်ချက်ရှိရာသို့ ကျရောက်သွားခဲ့သည်။
"အဲဒီက အင်မော်တယ်အဆောင်ဂိုဏ်းက လုဒီမလား"
"ကောင်းကင်ဘုံအဆောင်သခင်တ၀က်အဆင့်ဆိုတဲ့အတိုင်းပဲ၊ သူက အရင်အထွတ်အမြတ်အဆောင်အခမ်းအနားမှာ ဦးဆောင်ခဲ့သူမလား"
"ဟုတ်တယ်၊ အဲဒီတုန်းက တယောက်ယောက်သူ့ကိုဆွဲဆောင်ဖို့ကြိုးစားခဲ့ပေမယ့် အသုံးမ၀င်ခဲ့ဘူးလေ"
"ဒီလူကထိန်းချုပ်လို့မရဘူး၊ မြင့်မြတ်အဆောင်ဂိုဏ်းက အတွင်းဂိုဏ်းအကြီးအကဲတယောက်တောင် သူ့ကို တပည့်အဖြစ်ခေါ်ယူချင်ရင် သူငြင်းပယ်လိမ့်မယ်၊ ကြည့်ရတာ သူက အဆင့်မြင့်မဟာအကြီးအကဲတစ်ဦးရဲ့ တပည့်ဖြစ်လာချင်ပုံပဲ"
"ဟူး၊ သူ့ပါရမီကတကယ်ပဲအရမ်းကြောက်ဖို့ကောင်းတယ်၊ ဒါပေမယ့် မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ အဆင့်မြင့်မဟာအကြီးအကဲတွေရဲ့စံနှုန်းက ဘယ်လောက်မြင့်လဲ၊ သူတို့မှာတပည့်တွေအများကြီး ရှိနေပြီးပြီ၊ သူတို့ဘယ်လိုလုပ် တပည့်အလွယ်တကူလက်ခံမှာလဲ"
လုဒီ၏မျက်လုံးများက အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။
သားရဲလေးကောင်သွေးဆူပွက်အဆောင်အတွက် ပုံမှန်အားဖြင့် ဒီအဆောင်အပေါ် သူ့တွင် ယုံကြည်ချက်တစ်ဆယ်ရာခိုင်နှုန်းသာရှိသည်။
ယခုတွင်သူကအောင်မြင်စွာနှင့် ပြီးပြည့်စုံစွာရေးထွင်းနိုင်ခဲ့လေပြီ။
ဒီအဆောင်နှင့်ဆိုပါက ဘယ်သူကမှ သူ့ပြိုင်ဘက်မဟုတ်နိုင်တော့။
ဒီတကြိမ်တွင် သူက သေချာပေါက် အဆင့်မြင့်မဟာအကြီးအကဲများ၏အာရုံကို ဖမ်းစားနိုင်ပေလိမ့်မည်။
ထို့နောက် သူအဆောင်ကိုကိုင်ပြီး လေထဲက အဆင့်မြင့်မဟာအကြီးအကဲသုံးဦးကို လှမ်းကြည့်ကာ ကြည်လင်သည့်အသံဖြင့် ပြောလိုက်သည်။
"ဂျူနီယာလုဒီက သားရဲလေးကောင်သွေးဆူပွက်အဆောင်ကို ရေးထွင်းပြီးပါပြီ၊ အကြီးအကဲတို့၊ ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး"
စင်မြင့်အောက်ရှိ ရုန်ယုက ဒေါင်ယင်ကိုကြည့်ရင်း နှာခေါင်းရှုံ့သည်။
"အင်မော်တယ်တ၀က်အဆင့်အဆောင်ဖြစ်တဲ့ သားရဲလေးကောင်သွေးဆူပွင်အဆောင်၊ မင်းဖုံးကွယ်ထားတဲ့ ဂိုဏ်းတပည့်က ဘယ်လောက်ပဲကောင်းနေပါစေ မင်းအတွက် အခြေအနေကို ပြောင်းပြန်လှန်ဖို့နည်းလမ်းမရှိတော့ပါဘူး"
"ဒီတကြိမ်မှာလည်း ငါ့ရဲ့အင်မော်တယ်အဆောင်ဂိုဏ်းက မင်းရဲ့နတ်တံဆိပ်ဂိုဏ်းကို ဖိနှိပ်ထားတုန်းပဲ"
"ဒါပေမယ့်မင်းရဲ့နတ်တံဆိပ်ဂိုဏ်းမှာ တိုးတက်မှုတချို့ရှိလာတာပဲ"
ထိုစကားကိုကြားသောအခါ ဒေါင်ယင်အပြုံးဖြင့်ခေါင်းခါယမ်းသည်။
"ဆုံးဖြတ်ချက်ရလဒ်ကိုမကြေညာရသေးဘူးလေ၊ မင်းဘာလို့ဒီလောက်အလျင်လိုနေရတာလဲ"
မုဖူရှန်းအဆောင်က လုဒီ၏အဆောင်ထက် နိမ့်ကျမည်ဟု ဒေါင်ယင်မတွေးတောထားသည်မှာ သိသာထင်ရှားနေသည်။
"ဟမ့်၊ စောင့်ကြည့်ကြတာပေါ့"
ကောင်းကင်ထက်တွင် ညာဘက်က အဆင့်မြင့်မဟာအကြီးအကဲက သားရဲလေးကောင်သွေးဆူပွက်အဆောင်ကို လက်ခံရရှိပြီးနောက် ခေါင်းညိတ်သည်။
"ဒီလိုအဆောင်မျိုးကို ထွင်းထုနိုင်တာက ချီးကျူးထိုက်တာပဲ"
လုဒီပြုံးကာလက်နှစ်ဖက်ဆုပ်သည်။
"ကျေးဇူးပါ စီနီယာ"
လူတိုင်း၏အကြည့်က မျက်နှာကြက်ပေါ်သို့ကျရောက်သွားကြ၏။
အဆုံးသတ်တွင် လုဒီ၏သားရဲလေးကောင်သွေးဆူပွက်အဆောင်က ပိုအားကောင်းလား ဒါမှမဟုတ် မုဖူရှန်း၏ လေးပင်လယ်အမျက်မိုးကြိုးအဆောင်က ပိုအားကောင်းလားဆိုတာ သူတို့သိချင်ကြသည်။
ထိုအချိန်တွင် ညာဘက်ကအဆင့်မြင့် မဟာအကြီးအကဲက အရင်ဆုံးစကားပြောလာသည်။
"အင်း၊ မဆိုးဘူး၊ ပြီးမြောက်မှုနှုန်းကအရမ်းမြင့်မားတယ်၊ ပြီးပြည့်စုံလုနီးပါးပဲ"
ထိုစကားကိုကြားသောအခါ လုဒီအရမ်းပျော်သွားပြီး အလျင်အမြန်ပင် လက်နှစ်ဖက်ဆုပ်လိုက်သည်။
"ကျေးဇူးပါ စီနီယာ"
ထိုအချိန်တွင် အဆင့်မြင့်မဟာအကြီးအကဲက မုတ်ဆိတ်ဖြူအကြီးအကဲကိုကြည့်ကာ မေးသည်။
"ဒီလေးပင်လယ်အမျက်မိုးကြိုးအဆောင်ကရောဘယ်လိုလဲ"
အကြီးအကဲပိုင်ချူ၏အမူအရာက လေးနက်နေပြီး အရင်ဆုံးအဖြေမပေးပေ။
ယင်းအစားသူကမုဖူရှန်းကိုကြည့်သည်။
"ဒီအဆောင်က ဝိဉာဉ်စွမ်းအားရော ထိန်းချုပ်မှုအဆင့်ပါလိုအပ်တယ်၊ ဒါကအရမ်းခက်ခဲတဲ့အဆင့်ကိုရောက်နေပြီ"
"မင်းဝိဉာဉ်က အင်မော်တယ်ဝိဉာဉ်သခင်အဆင့်နဲ့အဆုံးစွန်ထိနီးကပ်နေပြီ၊ မင်းထိန်းချုပ်မှုကတော့ ကောင်းကင်ဘုံအဆောင်သခင်တချို့တောင် ဒီလိုမလုပ်နိုင်ဘူး"
"ဒါပေမယ့် အစီရင်ခံချက်အရ မင်းက ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုကိုပဲ အောင်ခဲ့တာမလား"
"မင်းရှင်းပြပေးလို့ရမလား"
အကြီးအကဲပိုင်ချူး၏စကားကိုကြားသောအခါ မရေမတွက်နိုင်လောက်သည့်လူများက တုန်လှုပ်သွားကြသလို ရုန်ယုပင်လျှင် ကြက်သေသေသွားသည်။
ဒီဖုံးကွယ်ထားတဲ့စွမ်းအားက နည်းနည်းပိုများနေတယ်မထင်ဘူးလား!
သူ့ထိန်းချုပ်မှုက ကောင်းကင်ဘုံအဆောင်သခင်အဆင့်ကိုတောင်ရောက်နေပြီလား!
ထို့နောက် သူကဒေါင်ယင်အားလှမ်းကြည့်သည်။
ဒေါင်ယင်ကလည်းအပြစ်ကင်းစင်စွာပင် ခေါင်းခါယမ်းပြသည်။ သူ့အမူအရာက သူလည်းမသိဘူးဟုပြသနေခြင်းပင်။ သူလိမ်နေတာမဟုတ်ပါ။
ထိုအချိန်တွင် မူဖူရှန်းထိုစကားကိုကြားသောအခါ သိမ်မွေ့စွာပြုံးသည်။ မျှော်လင့်ချက်အရမ်းမြင့်မားသည့် အဆင့်မြင့်မဟာအကြီးအကဲကိုရင်ဆိုင်ရသောအခါ သူတိုးတိုးတိတ်တိတ်မနေခဲ့ပါ။ သူကအစေခံမဟုတ်၊ အနိုင်ကျင့်သူမဟုတ်သည့်ပုံစံကိုပြသသည်။
"အဆောင်သခင်တယောက်အနေနဲ့ ကျွန်တော်လုပ်ဖို့လိုတာက စုတ်တံကိုကောက်ကိုင်ပြီး အဆောင်တာအိုကို ကျင့်ကြံရမယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်"
"ဒါကအကဲဖြတ်မှုတွေနဲ့တံဆိပ်တွေကြောင့်မဟုတ်ပါဘူး၊ဒါက သက်သေပြဖို့အတွက် အဲဒီဂုဏ်သတင်းအမှားတွေအတွက် တိုက်ခိုက်ဖို့ပါပဲ"
"ဒီလိုနဲ့ကျွန်တော့်ခွန်အားကို သက်သေပြလို့ရတာပဲလေ၊ ပြီးတော့ တခြားသူတွေကိုလည်း ဒီအကြောင်းကြွားရတာ ကျွန်တော်မကြိုက်ဘူး"
တကယ်တော့သူဒါကိုကျင့်သားရနေပါပြီ။
မုဖူရှန်း၏စကားလုံးများကိုကြားသောအခါ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက ခေါင်းညိတ်ကြသည်။
သူတို့၏အကြည့်များက သဘောကျမှုများဖြင့်ပြည့်နှက်နေကြသည်။
တကယ်တမ်းတွင် လက်ရှိကျင့်ကြံခြင်းကမ္ဘာ၌ မျက်နှာနှင့်ကျော်ကြားမှုအတွက် ကျင့်ကြံခြင်း၏မူလရည်ရွယ်ချက်ကို လူမည်မျှများစွာက မေ့နေခဲ့လေသနည်း။
သို့သော် ဒီလူက အဆောင်တာအိုကိုသာ အာရုံစိုက်ခဲ့သည်။ ဒါ့အပြင် သူ့မှာ ဒီလိုအရည်အချင်းပင်ရှိနေသည်။ သူ့စိတ်အခြေအနေက တည်ငြိမ်လွန်းပြီး သူက အဆောင်တာအိုအတွက် သက်သက် မွေးဖွားလာခြင်းပင်။
ထို့နောက် မုတ်ဆိတ်ဖြူအကြီးအကဲက မုဆိတ်ကိုပွတ်သပ်ရင်းပြုံးသည်။
"ရလဒ်ကိုကြည့်ဖို့မလိုတော့ဘူး၊ မင်းရဲ့ လေးပင်လယ်အမျက်မိုးကြိုးအဆောင်ရဲ့ သိမ်မွေ့မှုဖြစ်စေ၊ စွမ်းအားဖြစ်စေ တခြားအဆောင်တွေထက် အများကြီးပိုတယ်"
ထိုစကားကိုကြားသောအခါ မုဖူရှန်းမှိန်ဖျော့စွာပြုံးသည်။ သူကလုံး၀အံ့အားသင့်ခြင်းမရှိချေ။
တခြားတဘက်တွင် လုဒီ၏မျက်လုံးများက ဗလာကျင်းနေသည်။
တခြားဟာတွေထက်အများကြီးသာတာလား!
ငါလုံး၀နင်းချေခံလိုက်ရတာလား!
ထိုအချိန်တွင် အကြီးအကဲပိုင်ချူး၏ မျက်နှာ၌အပြုံးတပွင့်ရှိပြီး မျက်လုံးများက ပါရမီအပေါ် မြတ်နိုးမှုဖြင့်ပြည့်နှက်နေသည်။
"ဒီလိုဆိုရင်ရော၊ မင်းငါ့တပည့်ဖြစ်လာဖို့အတွက် စိတ်၀င်စားလား"
ထိုစကားလုံးများကိုပြောလိုက်သည်နှင့်တပြိုင်နက် ချက်ချင်းပင်ဆူပူအုံကြွက်မှုကိုဖြစ်သွားစေသည်။
သို့သော်သူတို့၏ထိတ်လန့်မှုကမပြီးဆုံးသေး။ ကျန်သောအဆင့်မြင့်မဟာအကြီးအကဲနှစ်ယောက်ကလည်း ပြောလာသည်။
"အဖိုးကြီးယီ၊ မင်းတပည့်ထပ်ပြီးလက်မခံတော့လူးမလား"
"ဒီကလေးကငါ့ရဲ့နောက်ဆုံးတပည့်ပဲ၊ ဘာလို့လဲ၊ ဒါနဲ့ပတ်သက်ပြီး ပြဿာနာတခုခုများရှိလား"
"ဟေး၊ ငါ့မှာထင်မြင်ချက်တခုပဲရှိတယ်၊ မင်းငါနဲ့ယှဉ်ပြိုင်ချင်လား"
"ဘယ်သူနိုင်နိုင် သူ့ကိုနောက်ဆုံးတပည့်အဖြစ် ယူလို့ရတယ်"
လူတိုင်းထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်နေကြသည်။
ဒါဘယ်လိုအခြေအနေလဲ!
အရမ်းမြင့်မားတဲ့စံနှုန်းရှိတဲ့ အဆင့်မြင့်မဟာအကြီးအကဲသုံးယောက်က ဂျူနီယာလေးတယောက်ကို တပည့်အဖြစ် လက်ခံဖို့အတွက် တကယ်တိုက်ခိုက်နေကြတာလား!
ရုန်ယု၏အမူအရာကလည်း ကြည့်ရဆိုးနေသည်။
အကယ်၍မုဖူရှန်းသာ တယောက်ယောက်၏နောက်ဆုံးတပည့်ဖြစ်လာပါက နတ်တံဆိပ်ဂိုဏ်းက အင်မော်တယ်အဆောင်ဂိုဏ်းကို တိုက်ရိုက်ကျော်သွားမည်ဖြစ်ပြီး ပြန်လာရန်အတွက် အခွင့်အလမ်းရှိတော့မည်မဟုတ်။
ယန်လုပင်းကခေါင်းကိုအနည်းငယ်ငုံ့ကာ သက်ပြင်းချလိုက်သည်။
လူတိုင်းထိတ်လန့်နေစဉ် မုဖူရှန်းကိုးရိုးကားယားပြုံးလိုက်၏။
"စီနီယာတို့.... ကျွန်တော့်မှာဆရာတယောက်ရှိပြီးသားမို့လို့ စီနီယာတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...."
မုဖူရှန်း၏စကားလုံးများကိုကြားသောအခါ လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြ၏။
ဒါက.....ဒါက.....ငြင်းလိုက်တာလား!
အပိုင်း(539) coming။