← Chapters

#တစ္ဆေနတ်ဘုရားယဇ်ပလ္လင်#

Vol. 38 Ch. 539

#တစ္ဆေနတ်ဘုရားယဇ်ပလ္လင်#

Vol. 38 Ch. 539

မြင့်မြတ်အဆောင်ဂိုဏ်းက ဘယ်အဆင့်တွင်တည်ရှိသနည်း။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် အဆောင်သခင်ဂိုဏ်းအားလုံးက မြင့်မြတ်အဆောင်ဂိုဏ်းကို လေးစားရသည်။

နယ်မြေအသီးသီးက အားအကောင်းဆုံးအဆောင်သခင်အားလုံးနီးပါးက မြင့်မြတ်အဆောင်ဂိုဏ်း၏ အစိတ်အပိုင်းများပင်။

ဥပမာအားဖြင့် အင်မော်တယ်အဆောင်ဂိုဏ်းနှင့် နတ်တံဆိပ်ဂိုဏ်းတို့ဖြစ်သည်။

ရိုးရိုးရှင်းရှင်းပြောရပါက မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေအတွင်း အဆောင်သခင်ဈေးကွက်တခုလုံးကို ချုပ်ကိုင်ထားသည်။

ထို့ကြောင့် မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲက မည်မျှပင် အစွမ်းထက်လိမ့်နည်း။ သူ့တွင် အခြေခံ မည်မျှပင် ရှိလိမ့်မည်နည်း။

သူတို့သတင်းစကားကိုပျံ့စေပြီး ကောက်တိုမယ်ရ သို့မဟုတ် အစောင့်တယောက်ခေါ်ယူချင်သရွေ့ အလယ်အလတ်အဆင့်ကြယ်နယ်မြေက အဆောင်သခင်အားလုံးက သတင်းကြားသည်နှင့် လှုပ်ရှားမည်ဖြစ်ကာ သွေးစွန်းနေသည့်မျက်လုံးများဖြင့် မြင့်မြတ်အဆောင်ဂိုဏ်းကိုပြေးသွားပြီး ဒီရာထူးအတွက် ဘယ်လောက်ပဲပေးဆပ်ရ ပေးဆပ်ရ တိုက်ပွဲ၀င်ပေလိမ့်မည်။

ဒီသုံးယောက်လုံးက အတော်လေးလေးစားခံရပြီး အခြေခံအားဖြင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် အားအကောင်းဆုံးအဆောင်သခင်များအဖြစ် ကိုယ်စားပြုသည်။

သူတို့က အဆောင်သခင်တစ်ဦးအဖြစ် မုဖူရှန်းကိုတကယ်လက်ခံချင်ခဲ့ပြီး တိုက်ခိုက်လုနီးပါးပင်ဖြစ်ခဲ့သည်။

လူတိုင်းကိုပို၍တုန်လှုပ်ချောက်ချားသွားစေတာက မုဖူရှန်း ဒီအခွင့်အရေးကို အမှန်တကယ်စွန့်လွှတ်ပစ်ခဲ့ခြင်းပင်။

သူ့မှာဆရာရှိသည်ဟုသူပြောခဲ့သည်။

ကောင်းပြီ!

အခုဘာတွေဖြစ်နေတာလဲ!

မင်းဆရာက မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ အဆင့်မြင့်မဟာအကြီးအကဲသုံးယောက်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ!

အောက်တွင် လုဒီ၏မျက်လုံးများက မယုံနိုင်မှုဖြင့်ပြည့်နှက်နေခဲ့သည်။

ဒီမုဖူရှန်းရဲ့ဦးနှောက်က တခုခုမှားနေတာလား!

သူကတကယ်ပဲ အဆင့်မြင့်မဟာအကြီးအကဲသုံးယောက်ကို ငြင်းပယ်ခဲ့တာလား!

ယန်ဇူကျန်း၊ ယန်လုပင်းနှင့် ကျန်းယင်ရှီတို့တွင်လည်း တူညီသည့်အမူအရာကိုယ်စီရှိနေကြသည်။

ဘာလို့မုဖူရှန်းက ယခုလိုကောင်းကင်သို့ ခြေတလှမ်းတည်းနဲ့ရောက်နိုင်သည့် အခွင့်အရေးကို ငြင်းခဲ့ရသလဲဆိုတာ သူတို့နားမလည်ကြပေ။

အင်မော်တယ်အဆောင်ဂိုဏ်းချုပ်ရုန်ယုက အတင်းခေါင်းလှည့်ကာ ဒေါင်ယင်အားကြည့်ရင်းမေးသည်။

"ဘယ်သူလဲ"

အဆောင်သခင်အဆင့်မှာ အထွတ်အထိပ်အဆင့်ဖြစ်သည့် မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲများကို ငြင်းဆန်ခြင်းက အဆောင်သခင်တစ်ဦး လုပ်နိုင်သည့်အရာလား!

ဒေါင်ယင်ကလည်း ခေါင်းခါယမ်းကာ အကူအညီကင်းမဲ့စွာပြောသည်။

"ငါလည်းမသိဘူး"

တကယ်တမ်းတွင် သူကနတ်တံဆိပ်ဂိုဏ်းအတွင်း ဒီတပည့်လေး၏တည်ရှိမှုကို မကြာသေးခင်ကမှ သိခဲ့ခြင်းဖြစ်သည်။

ချီယန်၏အကြံပြုချက်ကြောင့်သာမဟုတ်ပါက မုဖူရှန်းကသူ့မျက်လုံးထဲတွင် ပေါ်လာမည်မဟုတ်ပေ။

စင်မြင့်ပေါ်၌ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက မုဖူရှန်း၏အဖြေကိုကြားပြီးနောက် ငြင်းခုံနေတာကိုရပ်လိုက်ကြသည်။

အမှန်ပြောရရင် သူတို့သုံးယောက်က အချိန်မီ မတုံ့ပြန်နိုင်ဖြစ်နေကြသည်။

ဒါကမုဖူရှန်းကမောက်မာသောကြောင့်မဟုတ်သလို မုဖူရှန်း၏ငြင်းပယ်မှုကြောင့်လည်း သူတို့ဒေါသမထွက်ကြပါ။

သူတို့အဆင့်တွင် ဘယ်အရာကိုမှသက်သေပြစရာမလိုပေ။ ခွန်အားကသာ အရေးအကြီးဆုံးဖြစ်သည်။

သို့စေကာမူ သူတို့က အချိန်အတော်ကြာ မြင့်မားသည့်နေရာ၌ရှိနေခဲ့ပြီး တပည့်လက်ခံရာကနေ ငြင်းခံရသည့်အရာမျိုးကို အတော်ကြာမကြားခဲ့ဖူးကြပေ။

ဒါကြောင့် သူတို့အနည်းငယ်ဆွံအသွားကြခြင်းပင်။

အကြီးအကဲပိုင်ချူကခေါင်းညိတ်သည်။

"မင်းငြင်းလိုက်ပြီဆိုမှတော့ ငါတို့လည်း ဘာမှမလုပ်နိုင်တော့ပါဘူး"

"မင်းလိုမျိုးတပည့်ကို ပျိုးထောင်နိုင်တဲ့ မင်းဆရာက အတိအကျဘယ်သူလဲဆိုတာ ဒီလူအိုကြီးက တကယ်မြင်ရဖို့အတွက် ဆန္ဒရှိပါတယ်"

မုဖူရှန်းညင်သာစွာပြုံးသည်။

"ဆရာကသူ့ဘ၀တလျှောက်လုံးသီးသန့်နေခဲ့တာပါ၊ ဒီတော့ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ"

ထိုစကားကိုကြားသောအခါ အကြီးအကဲပိုင်ချူကပြုံးသည်။

"သေချာတာပေါ့၊ ဒီကမ္ဘာကြီးထဲမှာ လျှို့ဝှက်စွမ်းအားရှင်တွေအများကြီးရှိတာပဲ၊ ငါတို့အပါအဝင်ဘယ်သူကမှ အားလုံးကိုမသိနိုင်ဘူးလေ"

"ဒါပေမယ့် ငါမင်းကိုငါ့တပည့်အဖြစ် မယူနိုင်တာ၀မ်းနည်းစရာကောင်းတယ်ဆိုပေမယ့် မင်းမြင့်မြတ်အဆောင်ဂိုဏ်းကို ၀င်လို့ရတယ်၊ တကယ်လို့မင်းမှာမေးခွန်းတခုခုရှိနေခဲ့ရင် ငါတို့သုံးယောက်ကို အချိန်မရွေးရှာလို့ရတယ်"

မုဖူရှန်း၏ပါရမီနှင့်စရိုက်က အဆင့်မြင့်မဟာအကြီးအကဲသုံးဦးအား မြတ်နိုးသဘောကျသွားစေသည်။

ဒါ့အပြင်ယခုလိုလူမျိုးက အနာဂတ်တွင် အဆောင်သခင်နယ်ပယ်အထွတ်အထိပ်တွင် သေချာပေါက်ရပ်တည်ပေလိမ့်မည်။

ထို့ကြောင့် သူကမြင့်မြတ်အဆောင်ဂိုဏ်း၏ တပည့်ဖြစ်နေသရွေ့ သူကိုယ်တိုင် တပည့်အဖြစ်မခေါ်ယူနိုင်ပါကရော ဘာပရေးနည်း။

မုဖူရှန်းလက်နှစ်ဖက်ဆုပ်လိုက်၏။

"ကျေးဇူးပါ စီနီယာ"

အထွတ်အမြတ်အဆောင်အခမ်းအနားကအဆုံးသတ်သွားခဲ့ပြီး မုဖူရှန်းက သံသယမရှိနံပါတ်တစ်ဖြစ်လာခဲ့သည်။

သို့စေကာမူ အခမ်းအနားပြီးဆုံးသွားသောအခါ ဘယ်ဂိုဏ်း၊ ဂိုဏ်းခွဲကမှ သူ့ကို ကျေနပ်အောင်လုပ်ရန်နှင့်ဆွဲဆောင်ရန် မလာခဲ့ကြပေ။

တခြားတဘက်တွင် လုဒီနှင့်ယန်လုပင်းတို့က အစွမ်းထက်အင်အားစုများ၏ ၀န်းရံခြင်းကိုခံရသည်။

သို့စေကာမူ ဒါကပုံမှန်သာ။

မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးကိုပင် ငြင်းနိုင်သည့်လူတစ်ယောက်က သူတို့ဂိုဏ်းကို ဘယ်လိုလုပ်စိတ်၀င်စားမည်နည်း။

ယင်းအစားတခြားသူများအပေါ် အာရုံစိုက်ထားတာကပိုကောင်းသည်။

ဒေါင်ယင်က မုဖူရှန်းကိုကြည့်ရင်းပြုံးပြသည်။

"မြင့်မြတ်အဆောင်ဂိုဏ်းက မင်းဂိုဏ်းထဲကို၀င်ပြီး အတွင်းဂိုဏ်းတပည့်ဖြစ်လာဖို့အတွက် အထူးတလည်သဘောတူထားပြီးပြီ"

"ဒီမှာနေပြီးကောင်းကောင်းကျင့်ကြံပါ"

မုဖူရှန်းခေါင်းညိတ်သည်။

"ကျေးဇူးပါဂိုဏ်းချုပ်"

ဒေါင်ယင်လက်ဝှေ့ယမ်းသည်။

"အကြီးအကဲချီကလည်း မင်းအကြောင်းငါ့ကိုပြောခဲ့တယ်၊ မင်းအကူအညီလိုလာတဲ့အခါကျရင် ငါ့ကိုစာပို့လိုက်ပါ၊ ကူညီဖို့အတွက် နတ်တံဆိပ်ဂိုဏ်းကို ငါခေါ်လာပေးမယ်"

ဒေါင်ယင်က မိစ္ဆာနယ်မြေကို ရည်ညွှန်းနေခြင်းပင်။

စကားအနည်းငယ်ပြောဆိုပြီးနောက် ဒေါင်ယင် ကောင်းကင်နယ်မြေကနေ ယန်ဇူကျန်းနှင့်ကျန်သောသူများနှင့်အတူထွက်ခွာပြီး နတ်တံဆိပ်ဂိုဏ်းသို့ပြန်သွားခဲ့သည်။

အထွတ်အမြတ်အဆောင်အခမ်းအနား၏ သတင်းက အလျင်အမြန်ပင် ကောင်းကင်နယ်မြေအတွင်း ပျံ့သွားခဲ့သည်။

မိစ္ဆာနယ်မြေကလည်း ဒီသတင်းကိုရခဲ့သည်။

အစီရင်ခံချက်ကိုကြားပြီးနောက် ရှီနန်၏ မျက်နှာကဖြူဖျော့သွားပြီး လက်ထဲက စာလိပ်ကိုပစ်လိုက်သည်။

"ငါတို့ထပ်စောင့်လို့မရတော့ဘူး...."

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့လုပ်ခဲ့သည့်အရာအားလုံးက မိစ္ဆာမယ်မြေအတွင်း ပျံ့လာခဲ့သည်။

နှစ်ယောက်စလုံးကအတော်လေးပါရမီရှိသည်။ သူတို့ကဒါကိုမြင်သဖြင့် မုကျန်းထင်နှင့်ကျန်သောသူများကို မတိုက်ခိုက်ရဲပေ။

ဒါကဒီလူများကို တခဏတာလွတ်လပ်စွာ တိုးတက်စေသည်။

ဒါပေမယ့်လအနည်းငယ်အတွင်းမှာလား!

သူတို့ကဒီလိုရလဒ်တွေရခဲ့တယ်!

ဒီလိုသာဆက်ဖြစ်နေမည်ဆိုပါက မိစ္ဆာနယ်မြေက သူတို့၏ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။

ဒါပေမယ့်ငါဘာလုပ်သင့်လဲ!

တဖက်ကသူ့အတွေးများကို မှန်းဆ၍ရနေပြီဟုဆို၍ရသည်။

မူလကယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို ဦးဆောင်နေသူက ရှီနန်ဖြစ်သော်လည်း ယခုတွင်မူ တဖက်က သူ့ကို ယခုလိုစိတ်ပျက်စရာအခြေအ‌နေအထိ တွန်းပို့ပစ်ခဲ့လေရာ သူ့တွင်အစီအစဉ်ပြောင်းရုံကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ပါ။

ငြိမ်းချမ်းရေးအတွက်ကမ်းလှမ်းရမလား!

ယခုလိုအခြေအနေတွင် ငြိမ်းချမ်းရေးရရန်ဟူသည်မဖြစ်နိုင်တော့။

လုပ်ကြံရမလား!

ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့်ကျန်သောသူများက မရှိကြတော့သလို ကောင်းကင်နယ်မြေရှိ မုဖူရှန်းကလည်း မြင့်မြတ်အဆောင်ဂိုဏ်းတွင် ၀င်သွားခဲ့လေပြီ။

မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် ထိပ်တန်းဂိုဏ်းတခုဖြစ်သည်။

သူ့ကိုလုပ်ကြံဖို့အတွက် မြင့်မြတ်အဆောင်ဂိုဏ်းကို တယောက်ယောက်စေလွှတ်တာက ပြဿာနာကိုမီးထွန်းရှာနေတာနဲ့ တူမနေဘူးလား!

ရှီနန်ထရပ်ကာ တည်ငြိမ်နေသည့်အမူအရာဖြင့် ဘယ်ညာခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။

အောက်က မိစ္ဆာဘုရင်က သူ့ကို အနှောက်အယှက်မပေးရဲပေ။

အမွေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက် ရှီနန်ခြေလှမ်းများအားရပ်လိုက်၏။ တစ္ဆေများက သူ့မျက်သူငယ်အိမ်များကို ၀န်းရံသွားကြသည်။

"ဒါကတခုတည်းသောနည်းလမ်းပဲ...." ရှီနန်ညင်သာစွာသက်ပြင်းချသည်။ ထို့နောက် အောက်က မိစ္ဆာဘုရင်အားကြည့်လိုက်သည်။

"ငါ့ကိုမိစ္ဆာသခင်ဆီခေါ်သွားပေး၊ ငါတစ္ဆေနတ်ဘုရားယဇ်ပလ္လင်ကိုဖွင့်ချင်တယ်"

မိစ္ဆာဘုရင်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

တစ္ဆေနတ်ဘုရားယဇ်ပလ္လင်!

ကမ္ဘာပေါ်က တစ္ဆေနှင့်နတ်များကိုဆင့်ခေါ်ခြင်းက တစ္ဆေကလန်နှင့် ဆက်သွယ်နိုင်သည့်တခုတည်းသောနည်းလန်းပင်။

မူလမိစ္ဆာနယ်မြေက တစ္ဆေနတ်ဘုရားယဇ်ပလ္လင်ကိုဖွင့်ရန်အတွက် အရည်အချင်းမရှိပေ။

သို့စေကာမူ လက်ရှိရှီနန်က တစ္ဆေကလန်၏အမွေအနှစ်ကိုအမွေရခဲ့လေရာ သူ့တွင် အခွင့်အရေးရှိနိုင်သည်။

သို့သော် တစ္ဆေကလန်နှင့်ဆက်သွယ်ပြီးနောက်တွင် မိစ္ဆာနယ်မြေက မိစ္ဆာလူမျိုးစုဖြစ်နိုင်တော့မည်မဟုတ်တော့။

ဒါကလည်း အရင်က ရှီနန်မဖွင့်လှစ်ခဲ့ရသည့်အဓိကအကြောင်းရင်းဖြစ်သည်။

အနာဂတ်ကိုတွေးရန်အတွက် အချိန်မရှိတော့။

အဆင့်နိမ့်ကြယ်နယ်မြေ၊ ထာ၀ရသက်တမ်းနယ်မြေ!

ဒါကလုချန်ရှန်းဖန်တီးခဲ့သည့်ကမ္ဘာဖြစ်သည်။

ဒီရက်များအတွင်း ထာ၀ရသက်တမ်းနယ်မြေတွင် သက်ရှိများစွာမွေးဖွားလာခဲ့ကြပြီး ဝိဉာဉ်ချီကလည်း အတော်လေးကြွယ်၀များပြားသည်။

ကောင်းကင်နှင့်မြေကြီး၏နိယာမများကလည်း ဖြည်းဖြည်းချင်းပြည့်စုံလာခဲ့သည်။

ထာ၀ရသက်တမ်းနယ်မြေအလယ်ရှိ တောင်ထိပ်တခုပေါ်တွင် တစ်ယောက်က မြေပေါ်တွင် လက်ထဲ၌ ချိုချဉ်တုတ်ထိုးကိုကိုင်ကာ ထိုင်နေပြီး လုချန်ရှန်းအား မျက်လုံးကြီးများဖြင့် ပြူကလယ်လယ်ကြည့်နေသည်။

လုချန်ရှန်းသင်ပုန်းတချပ်ကိုထုတ်ယူကာ ရေးသားပြီးနောက်ပြောသည်။

"ကျောက်တုံးလေး၊ ဒီကမ္ဘာထဲမှာ ထာ၀ရဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာ ငါမင်းကိုသင်ပေးမယ်"

အပိုင်း(540) coming။

All Chapters