← Chapters

#လုချန်ရှန်း၏သင်ခန်းစာ#

Vol. 38 Ch. 540

#လုချန်ရှန်း၏သင်ခန်းစာ#

Vol. 38 Ch. 540

လုချန်ရှန်း၏စကားလုံးများကိုကြားရသောအခါ လျိုကျိယု၏မျက်လုံးများက ပြူးကျယ်သွား၏။

သူကချက်ချင်းဆိုသလို လက်ထဲက လက်ဖက်ရည်ခွက်ကိုချပြီး ကျောက်တုံးသေးသေးလေးကို ထိုင်ရန်အတွက် ရွေ့လိုက်သည်။

ဒါကိုမြင်သောအခါ လုချန်ရှန်းသတိကြီးကြီးဖြင့်မေးလိုက်သည်။

"ဘာမှားနေလို့လဲ၊ မင်းလည်းငါ့ဆီက သင်ယူချင်တာလား"

လျိုကျိယုချက်ချင်းပြုံးသည်။

"ကျွန်တော်နားထောင်နေရုံပါပဲ၊ ဘာပဲဆိုဆို ဒါကစီနီယာအတွက် ခြိမ်းခြောက်မှုတခုတော့မဟုတ်ပါဘူး"

လုချန်ရှန်းခေါင်းညိတ်သည်။

"မှန်တယ်"

မှန်တာလား!

ငါဘာလို့ဓားနဲ့အစိုက်ခံရသလိုခံစားနေရတာလဲ!

"ဒါပေမယ့် မင်းသင်တန်းကြေးပေးရမယ်"

သင်တန်းကြေး!

လျိုကျိယုရင်ဘတ်ပုတ်လိုက်သည်။

"သေချာတာပေါ့"

ထို့နောက်သူရတနာတပုံတပိုက်ကြီးကို ထုတ်ယူကာ လုချန်ရှန်းရှေ့တွင် ချပေးလိုက်၏။ ၎င်းနောက် ခယသည့်အမူအရာဖြင့်ပြောသည်။

"ဒါကလုံလောက်ပြီလားဆိုတာကြည့်ပေးပါဦး"

ဒါကိုမြင်သောအခါ လုချန်ရှန်းသဘောမတူချင်တူချင်ဟန်ဆောင်ရင်း လေးနက်စွာခေါင်းညိတ်သည်။

"ကောင်းပြီ၊ ထိုင်တော့"

"ဟုတ်ကဲ့ပါ"

ချောက်ကမ်းပါးစွန်က မိုးမခပင်ကလည်း လုချန်ရှန်းဘာပြောမလဲဆိုတာသိချင်နေသည်။

ထိုအချိန်တွင် လုချန်ရှန်းအပြင်းအထန် ချောင်းဟန့်ပြီး ချိုချဉ်တုတ်ထိုးကို စားနေသည့် ကျောက်တုံးလေးကိုကြည့်ကာ ပြောသည်။

"ဒါကအရမ်းမိုက်တယ်"

"အင်မော်တယ်မသေမျိုး၊ လူတိုင်းဒီစကားလုံးနှစ်လုံးကိုကြားတာနဲ့ သူတို့ပထမဆုံးတွေးမိမယ့်အရာက အရူးအမူးကျင့်ကြံပြီး အင်မော်တယ်မသေမျိုးအဆင့်ကို အောင်မြင်ဖို့အတွက် သူတို့ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ဖို့အတွက် ကောင်းကင်နဲ့ ယှဉ်ပြိုင်ဖို့ပဲ၊ ဟုတ်တယ်မလား"

လျိုကျိယုလေးနက်စွာခေါင်းညိတ်သည်။

တခြားတဘက်တွင် ကျောက်တုံးလေးက စိတ်ရှုပ်ထွေးနေသည့်အသွင် ခေါင်းခါယမ်းသည်။

"ဒါပေမယ့် သူတို့ရဲ့အတွေးကမှားနေတယ်၊ ပထမအဆင့်ကနေ သူတို့အရမ်းမှားနေကြပြီ"

ဟမ်!

လျိုကျိယုကြက်သေသေသွားသည်။

ဒါဘယ်လိုမှားနေတာတုန်း!

တကယ်လို့ကျင့်ကြံခြင်းအဆင့်က တိကျတဲ့အဆင့်တခုအထိ မတိုးတက်လာဘူးဆိုရင် သက်တမ်းကို ဘယ်လိုဆွဲဆန့်ထားနိုင်မှာလဲ!

လုချန်ရှန်း၏နောက်ထပ်စကားလုံးတွေက လျိုကျိယုကို ဆွံအသွားစေသည်။

"ကျင့်ကြံခြင်းကလိုအပ်တယ်၊ ဒါပေမယ့် အခွင့်အရေးတွေဖမ်းဆုပ်နိုင်ဖို့အတွက် ကောင်းကင်ကိုတိုက်ခိုက်ပြီး နေရာတိုင်းမှာ ပြဿာနာဖြစ်စေဖို့ကိုပဲ အမြဲမစဉ်းစားနဲ့"

"မင်းမှာ အသက်ဘယ်နှစ်ချောင်းများရှိလို့လဲ၊ ကောင်းကင်နဲ့တိုက်ခိုက်ဖို့ရော၊ နေရာတိုင်းမှာ ပြဿာနာဖြစ်စေဖို့အတွက်ရော"

လုချန်ရှန်း သင်ပုန်းကို တချက်‌ပုတ်ကာ ပြောသည်။

"ကောင်းကင်ကိုဆန့်ကျင်တိုက်ခိုက်ပြီး ပြဿာနာရှာဖို့အတွက် လိုအပ်ချက်က မင်းကတခြားသူတွေကို အနိုင်ယူနိုင်ပြီး မင်းနယ်ပယ်က သူတို့ထက်ပိုအားကောင်းတာကို သေချာအောင်လုပ်ရမယ်"

"မဟုတ်ဘူးဆိုရင် မင်းသေသွားရင် ဘယ်လိုထာ၀ရအသက်ရှင်နေနိုင်မှာလဲ"

လုချန်ရှန်းသင်ပုန်းပေါ်၌ ရေးချလိုက်သည်။ ကံဆိုးမှုများက ဖွံ့ဖြိုးတိုးတက်လာပြန်လေပြီ။

လျိုကျိယုဒီစကားလုံးတွေကိုမြင်သောအခါ သူ့မျက်နှာကိုဖုံးရင်း ရုတ်တရက်နှလုံးသားက နာကျင်သလိုခံစားလိုက်ရသည်။

သူ့နှလုံးသားက ယခုလေးတင်ပေးခဲ့သည့် သင်တန်းကြေးကြောင့် နာကျင်နေရခြင်းပင်။ မိုးခမပင်ကလည်း အသိကိုရုတ်သိမ်းကာ တည်ငြိမ်သည့်အနေအထားသို့ ပြန်ရောက်သွား၏။

တခြားတဘက်တွင် လုချန်ရှန်းက တက်ကြွစွာပင်ပြောဆိုနေသည်။

ကျောက်တုံးလေးကငယ်သေးသည်။

သူ့တပည့်တစ်ဦးဖြစ်သဖြင့် လမ်းကြောင်းလွဲသွားမည့်အရေးကနေ ကာကွယ်တားဆီးရန်အတွက် ငယ်စဉ်ကတည်းက တိတ်တဆိတ်ပြုမူရမည့် အလေ့အကျင့်ကို ကျင့်ကြံရမည်ဖြစ်သလို အသက်ငယ်ငယ်လေးနှင့် သတိကြီးကြီးထားရမည်ကိုလည်း သိရန်လိုအပ်သည်။

"ဒါတင်မဟုတ်ဘဲ နေ့စဉ်ဘ၀မှာ မင်းခွန်အားကို ဘယ်လိုဖုံးကွယ်ထားရမလဲဆိုတာ မင်းသိဖို့လည်းလိုတယ်၊ ဒါကအနာဂတ်မှာ ရန်သူတွေနဲ့ ရင်ဆိုင်ရရင် မင်းရဲ့ရှင်သန်နှုန်းကို အကြီးအမားတိုးမြှင့်စေနိုင်တယ်"

"ငါမင်းကိုပြောချင်တာကဒါပဲ၊ ကျောက်တုံးလေး"

လုချန်ရှန်း ကျောက်တုံးလေးထံသို့လျှောက်သွားပြီး မေးသည်။

"မင်းအနားမှာလူတွေရှိပြီး မင်းသူတို့ကိုတိုက်ခိုက်ရမယ်ဆိုရင် ဘာလုပ်မလဲ"

တွေးပင်မတွေးတော့ဘဲ ကျောက်တုံးလေးအော်ဟစ်သည်။

"ခွန်အားအလုံးစုံနဲ့တိုက်ခိုက်ပြီး အတားအဆီးတွေကို ဖယ်ရှားပစ်ရမယ်"

ထိုစကားကိုကြားသောအခါ လျိုကျိယုခေါင်းညိတ်သည်။

သို့စေကာမူ လုချန်ရှန်းက ကျောက်တုံးလေးဆီက ချိုချဉ်တုတ်ထိုးကိုလုယူကာ ပြောသည်။

"မှားတယ်"

ကျောက်တုံးလေးက ချိုချဉ်တုတ်ထိုးကို စိတ်အားထက်သန်စွာကြည့်သည်။ သူ့မျက်လုံးများကနီရဲနေပြီး ငိုတော့မည့်ပုံပေါ်နေလေသည်။

လုချန်ရှန်းဆက်သည်။

"အဲဒီအချိန်ကျရင်မင်းတိုက်ခိုက်ရမယ်၊ ဒါပေမယ့် ခွန်အားအကုန်မသုံးရဘူး"

"ဥပမာပြောရရင် မင်းကအခုသိုင်းဧကရာဇ်နယ်ပယ်ကိုရောက်နေပြီ၊ ဒါပေမယ့်တဘက်က နတ်ဘုရားတ၀က်နယ်ပယ်ပဲရှိသေးတယ်၊ ဒီလိုကိစ္စမျိုးမှာ မင်းကတိုက်ခိုက်ဖို့အတွက် နတ်ဘုရားတ၀က်နယ်ပယ်ခွန်အားကိုပဲ အသုံးပြုရမယ်"

"မင်းနိုင်ရင်တောင် ဒါကမင်းအတွက် အနိုင်ရဖို့ အရမ်းခက်ခဲတဲ့ပုံပေါ်အောင် လုပ်ရမယ်"

"နားလည်ပြီလား"

ကျောက်တုံးလေးအလျင်အမြန်ခေါင်းညိတ်သည်။

ဒါကိုမြင်သောအခါ လုချန်ရှန်း ချိုချဉ်တုတ်ထိုးကို ကျောက်တုံးလေးအားပြန်ပေးသည်။

"ဒါကြောင့် ငါမင်းကိုဒီနေ့သင်ပေးမှာက တခြားသူတွေရှေ့မှာ မင်းခွန်အားအစစ်အမှန်ကို ဘယ်တော့မှ မပြသနဲ့"

"မင်းတတ်နိုင်သလောက် အများဆုံးဖုံးကွယ်ထား"

"ဒီအခြေအ‌နေမှာ မင်းရဲ့စီနီယာအစ်ကိုမုကို ဥပမာအဖြစ်သုံးပြီး မင်းရဲ့စီနီယာအစ်ကိုကြီးကို အနှုတ်ဥပမာတခုအဖြစ် သုံးလို့ရတယ်၊ နားလည်လား"

"နားလည်ပါပြီ" ကျောက်တုံးလေးခေါင်းညိတ်သည်။

"ဒါပေမယ့်ဆရာ၊ ဆရာ့စကားလုံးတွေကို အပြည့်အ၀နားလည်ချင်တယ်ဆိုရင် ကျွန်တော်လေ့ကျင့်ဖို့လိုတယ်လို့ ခံစားရတယ်"

လေ့ကျင့်မှာလား!

လုချန်ရှန်း ကျောက်တုံးလေးပိုကြည့်ကာမေးသည်။

"မင်းဘယ်လိုလုပ်ချင်လို့လဲ"

ကျောက်တုံးလေးက ပြုံးလိုက်၏။

"ဥပမာပြောရရင် ဆရာကျွန်တော့်ကို လေ့ကျင့်ခွင့်ပေးရင် ဆရာ့ရဲ့ညွှန်ကြားချက်တွေအတိုင်း ကျွန်တော်ကြိုးစားလို့ရတယ်၊ ဒီလိုနည်းနဲ့ဆိုရင် ကျွန်တော်ပိုပြီး ကျွမ်းကျင်လာနိုင်မှာ‌လေ"

ထိုစကားကိုကြားသောအခါ လုချန်ရှန်းတခဏမျှတွေးလိုက်ပြီးနောက် ခေါင်းညိတ်သည်။

"ကောင်းတာပေါ့၊ အဲလိုပဲလုပ်လိုက်"

ကျောက်တုံးလေးအလျင်အမြန်ထရပ်ကာ ပို့ဆောင်ရေးအခင်းအကျင်းရှိရာသို့ ပြေးသွားလေတော့သည်။

"ဆရာ၊ ကျွန်တော်ဒုတိယစီနီယာအစ်မကို ရှာဖို့အတွက် နယ်နိမိတ်မဲ့နယ်မြေကို သွားလိုက်ပါမယ်"

ထို့နောက်သူက ထာ၀ရသက်တမ်းနယ်မြေကနေ ပျောက်ကွယ်သွား၏။

ကျောက်တုံးလေး၏ပျော်နေသည့်အမူအရာကိုကြည့်ရင်း လုချန်ရှန်းမေ့စေ့ပွတ်လိုက်မိသည်။

ဘာလို့တခုခုမှားနေတယ်လို့ ငါခံစားနေရတာလဲ!

ဟုန်ရင်ကထိုနေရာတွင်ရှိနေသည့်တိုင် ဘေးကင်းစေရန်အတွက် လုချန်ရှန်း လျိုကျိယုကိုကြည့်ကာပြောလိုက်၏။

"သူနဲ့အတူသွားလိုက်"

လျိုကျိယုခါးသီးစွာပြုံးရင်းခေါင်းညိတ်သည်။

ဒီကိုရောက်လာပြီးနောက် သူ့ပုံရိပ်က နိမ့်သထက်ပို၍နိမ့်ကျလာပြီး တဖြည်းဖြည်းနှင့် အစောင့်တစ်ယောက်ဖြစ်လာရသည်။

ဟူးးး၊ လုချန်ရှန်းကိုအနိုင်ယူဖို့ ငါ့ကိုဘာလို့များတောင်းဆိုခဲ့ရတာလဲ!

မိစ္ဆာနယ်မြေ၏ကောင်းကင်က အလွန်အမင်းမှောင်မည်းနေပြီဖြစ်သည်။ ထူထဲသည့်မြူခိုးနက်များကို ထိုးဖောက်နိုင်သည့်နေအလင်းမရှိတော့ပါ။

ထိုအချိန်တွင် မြူခိုးနက်ထဲတွင်ဖုံးနေပြီး တိမ်မည်းများနှင့်လွှမ်းခြုံနေသည့် မိစ္ဆာနယ်မြေတွင် တခြားအရာတခုရှိနေခဲ့သည်။

တစ္ဆေများ!

တစ္ဆေများက မြူခိုးနက်ထဲတွင်လွင့်မြောနေကြ၏။ ၎င်းတို့က သေခြင်းတရားကို ရှာဖွေနေကြသည့် ရန်ငြိုးအပြည့်ဝိဉာဉ်များအလား မပီပြင်သည့် မြည်ကြွေးသံများကို ထုတ်လွှတ်နေကြသည်။

ဒီအရာအားလုံးအတွက် အကြောင်းရင်းက တစ္ဆေနတ်ဘုရားယဇ်ပလ္လင်ဖြစ်သည်။

မိစ္ဆာနယ်မြေအလယ်ဗဟို၌ ဧရာမစက်ဝိုင်းပုံစင်မြင့်တခုရှိသည်။ စင်မြင့်က အရိုးများနှင့်သွေးကွက်များဖြင့် ပြည့်နှက်နေသည်။

အကြည့်တချက်တည်းနှင့်ပင် ဒီသွေးများက ကလေးငယ်တစ်ဦး၏သွေးများနှင့်တူသည်။

အနီးကပ်စစ်ဆေးကြည့်မည်ဆိုပါက ဒီသွေးရာများက တစ္ဆေအုပ်စုနှင့် ဆက်နွှယ်နေကြ၏။

ဒါက တစ္ဆေနတ်ဘုရားယဇ်ပလ္လင်ဖြစ်သည်။

မရေမတွက်နိုင်လောက်သည့် မိစ္ဆာစစ်သည်များနှင့်ဗိုလ်ချုပ်များက တစ္ဆေနတ်ဘုရားယဇ်ပလ္လင်ကို ၀န်းရံထားကြပြီး သူတို့၏မျက်လုံးများက အသက်ဓာတ်ကင်းမဲ့နေကြသည်။

သူတို့ခေါင်းပေါ်၌ မှိန်ဝါးဝါးပစ္စည်းအမျှင်စများက အဆက်မပြတ်မျောလွင့်နေကြ၏။

ထို့နောက် အရိုးစုအဖြစ်စုစည်းလာကြပြီး တစ္ဆေနတ်ဘုရားယဇ်ပလ္လင်ပေါ် ကျဆင်းနေကြသည်။

ရှီနန်က အရိုးစု၏အလယ်ဗဟိုတွင်ရပ်နေသည်။

လတ်ဆတ်သည့်သွေးက သူ့လက်ကောက်၀တ်ကနေစီးကျလာပြီး ယဇ်ပလ္လင်ပေါ်စီးတွေသွားကာ အနီနက်ရောင်သွေးစက်များနှင့်ရောသွားသည်။

ထိုအချိန်တွင် တစ္ဆေနတ်ဘုရားယဇ်ပလ္လင်၏သွေးက မျက်စိကျိန်းလုနီးပါးသွေးအလင်းဖြင့် ထိုးထွက်လာသည်။

မြူခိုးနက်ထဲက တ‌စ္ဆေများက တက်ကြွလာကြပုံရပြီး စတင်ကျယ်လောင်စွာဟိန်းနေကြသည်။

ယဇ်ပလ္လင်ပတ်လည်ရှိ မြူခိုးနက်ထဲတွင် ကျုံ့နေကြသည့် တချို့မိစ္ဆာမျိုးနွယ်စုများက ရေရွတ်ကြသည်။

"တစ္ဆေနတ်ဘုရားရဲ့အမွေကိုဆက်ခံပြီး သွေးကြောကို လှုံ့ဆော်နိုင်မှသာလျှင် တစ္ဆေနတ်ဘုရားယဇ်ပလ္လင်ကို ဖွင့်လှစ်လို့ရမှာ"

"ကြည့်ရတာ မိစ္ဆာနယ်မြေတည်ရှိမှုနဲ့အတူ ငါတို့မိစ္ဆာမျိုးနွယ်တွေက မရှင်သန်နိုင်တော့တဲ့ပုံပဲ"

အရပ်ရှည်ရှည်မိစ္ဆာမျိုးနွယ်များက ဘာမှမပြောကြပါ။

ထိုအချိန်တွင် မရေမတွက်နိုင်လောက်သည့် တစ္ဆေများက မြူခိုးနက်ထဲသို့ပြေး၀င်သွားကြ၏။

ထို့နောက်တိမ်မည်းများထံ၀င်သွားပြီး အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေမျက်နှာတခုအဖြစ် စုစည်းလာသည်။

၎င်းက ကောင်းကင်တမျှ ကြောက်မက်ဖွယ်ရာအော်ရာတခုကို ထုတ်လွှတ်ပေးနေသည်။

ထိုအချိန်တွင် တစ္ဆေမျက်နှာက စကားပြောလာသည်။

"အမွေဆက်ခံသူ၊ ဘာလို့ငါ့ကို ဆင့်ခေါ်လိုက်ရတာလဲ"

အပိုင်း(541) coming။

All Chapters