#အခင်းအကျင်းအစီအရင်၊ အထဲသို့မျှားခေါ်ခြင်း#
Vol. 38 Ch. 541
မြူခိုးနက်က ဒီကမ္ဘာကြီးကို၀န်းရံနေသည်။
တိမ်မည်းများက နေကိုဖုံးလွှမ်းနေကြပြီး တိမ်များထဲတွင် ဧရာမတစ္ဆေမျက်နှာက လွင့်မြောနေသည်။
"အမွေဆက်ခံသူ၊ ဘာလို့ငါ့ကိုဆင့်ခေါ်ရတာလဲ"
တစ္ဆေနတ်ဘုရားယဇ်ပလ္လင်က ကမ္ဘာအနှံ့၌ပျံ့သွားသည်။
သို့စေကာမူ တစ္ဆေမျိုးနွယ်၏သွေးကြောနှင့် အမွေခံများကသာ ဒါကိုအောင်မြင်စွာ အသက်သွင်းနိုင်သည်။
အရင်က အဆင့်မြင့်ကြယ်နယ်မြေက တိုက်ပွဲတွင်လည်း ဒီလိုမျိုးဖြစ်ပျက်ခဲ့သည်။
တစ္ဆေကလန်ကလည်းပါ၀င်ခဲ့ပြီး အမွေအနှစ်ကို ဘက်ပေါင်းစုံသို့ပျံ့သွားစေသည်။
အမွေရနိုင်မည့်သူကို တစ္ဆေမျိုးနွယ်နှင့် ဆက်သွယ်ခွင့်ပေးရန်အတွက် သူတို့တွင်ရွေးချယ်စရာမရှိခဲ့ဘဲ ဒီလိုလုပ်ခဲ့ရသည်။
ရှီနန်ခေါင်းမော့ကာ တစ္ဆေမျက်နှာအား လေးစားသည့်အမူအရာဖြင့်ကြည့်ပြီး ဒူးထောက်ကာပြောသည်။
"မိစ္ဆာမျိုးနွယ်ကရှီနန်ပါ၊ ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါ"
"တိုက်ခိုက်ရမယ်" တစ္ဆေမျက်နှာတွင် မည်သည့်အမူအရာမှမရှိပေ။
"ငါမှားတာမဟုတ်ဘူးဆိုရင် ဒါကအဆင့်နိမ့်နယ်မြေဖြစ်ရမယ်၊ အဆင့်နိမ့်နယ်မြေက ကိစ္စကိုတောင် မထိန်းချုပ်နိုင်ဘူးဆိုရင် မင်းက တစ္ဆေမျိုးနွယ်သွေးကြောကို ဘယ်လိုထိန်းချုပ်နိုင်မှာတဲ့လဲ"
အဆင့်မြင့်ကြယ်နယ်မြေကလူများက အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အဆင့်နိမ့်နယ်မြေဟုခေါ်ဆိုကြသည်။
ထိုစကားကိုကြားသောအခါ ရှီနန်၏ အမူအရာကကြည့်ရဆိုးသွားသော်လည်း သူအံကြိတ်ကာပြောသည်။
"တခြားတဘက်အတွက်ခက်ခဲမှုက ကျွန်တော်စိတ်ကူးထားတာထက် သာလွန်နေလို့ပါ"
"ဒါ့အပြင် သူတို့က ဒီကမ္ဘာထဲက အားအကောင်းဆုံးအဆောင်သခင်စွမ်းအားရှင်တွေဆီမှာ ၀င်ခဲ့ကြပြီးပြီ၊ မိစ္ဆာနယ်မြေက သူတို့ကိုမဆန့်ကျင်နိုင်ဘူး"
တစ္ဆေမျက်နှာကနှာခေါင်းရှုံ့သည်။
"ဒီကိစ္စမှာ ငါ့ကိုဆက်သွယ်နေစရာမလိုဘူး"
ဒီတစ္ဆေမျက်နှာ၏ပိုင်ရှင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုများကို ဂရုမစိုက်သည်မှာ သိသာထင်ရှားနေသည်။
အကယ်၍ရှီနန်က အလယ်အလတ်အဆင့်ကြယ်နယ်မြေကိုပင် မအုပ်ချုပ်နိုင်ပါက သူတစ္ဆေကလန်ကို ပြန်လာစရာပင်မလိုပေ။
ထိုစကားကိုကြားသောအခါ လူတိုင်းအကူအညီမဲ့သွားကြသည်။
ရှီနန်၏ကိုယ်မှ ရုတ်တရက် တစ္ဆေအော်ရာတခုထိုးတက်လာပြီး တစ္ဆေများက သူ့ကိုယ်ထဲမှ ပြေးထွက်လာကြသည်။
ထိုတစ္ဆေများက ထိုအချိန်တွင် ကြောက်ခမန်းလိလိမီးတောက်များကို ထုတ်လွှတ်နေကြ၏။
သို့စေကာမူ မီးလျှံများက မှိန်ဖျော့သည့်အဖြူရောင်တခုကို ထုတ်လွှတ်နေသည်။ သူထင်ထားသလောက်ပူပြင်းမနေပေ။ ယင်းအစား ရေခဲနှင့်နှင်းကမ္ဘာတစင်းက ကျဆင်းလာသည့်အလားထင်ရပြီး အရိုးများပင် အေးခဲသွား၏။
"ဟမ်"
ဒါကိုမြင်သောအခါ တစ္ဆေမျက်နှာက အနည်းငယ်အံ့ဩသင့်သွားသည်။
"ပြိုင်ဘက်ကင်းမီးအန္တိမအမွေအနှစ်လား၊ မင်းပါရမီကမဆိုးဘူးဘဲ၊ မင်းကတကယ်ပဲ ပြိုင်ဘက်ကင်းမီးအန္တိမရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာပဲ"
"ဒီလိုဆိုမှတော့....."
သူစကားပြော၍မပြီးသေးခင်မှာပင် တစ္ဆေမျက်နှာဆီကနေ တစ္ဆေလေးကောင်က ရှီနန်အနီးပြေးဆင်းလာကြသည်။
ဒါကိုမြင်သောအခါ ရှီနန်ကြက်သေသေသွားသည်။
ဒီတစ္ဆေလေးကောင်တွင် ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံခြင်းများရှိကြသည်။
"အကူအညီကဒီမှာအဆုံးသတ်သွားပြီ၊ မင်းဒါကိုမဖြေရှင်းနိုင်ဘူးဆိုရင် ပြိုင်ဘက်ကင်းမီးအန္တိမရဲ့ဆက်ခံသူဖြစ်နေရင်တောင် မင်းက တစ္ဆေကလန်ကို ၀င်ဖို့အရည်အချင်းမရှိဘူး၊ တချိန်တည်းမှာပင် မင်းဆီကနေ အမွေအနှစ်ကိုယူဖို့အတွက် ငါအဆင့်နိမ့်နယ်မြေကို တယောက်စေလွှတ်လိုက်မယ်၊ နားလည်လား"
ရှီနန်မဖြေနိုင်သေးခင်မှာပင် ကောင်းကင်ထဲက တစ္ဆေမျက်နှာက ဘယ်တော့မှမပေါ်လာခဲ့သည့်အလား ကမ္ဘာကြီးထဲသို့ ပျောက်ကွယ်သွား၏။
တစ္ဆေနတ်ဘုရားယဇ်ပလ္လင်ရှိ သွေးနီရောင်အလင်းကလည်း ပျောက်ကွယ်သွားပြီး မိစ္ဆာနယ်မြေက ပုံမှန်ပြန်ဖြစ်သွားသည်။
ရှီနန်ထရပ်ကာ သူ့ဘေးက ကောင်းကင်အင်မော်တယ်နယ်ပယ်တစ္ဆေလေးကောင်ကို အေးစက်သည့်အပြုံးဖြင့် ကြည့်လိုက်သည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်စွမ်းအားရှင်လေးဦး!
ဒါကအလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် မိစ္ဆာနယ်မြေအား ထိပ်တန်းဂိုဏ်းတခု ဖြစ်လာစေရန်အတွက် လုံလောက်နေပါပြီ။
ယခုတွင်သူ့တွင် တခြားဘက်ကိုယှဉ်နိုင်ရန်အတွက် ခွန်အားရှိနေပြီဟုယူဆ၍ရသည်။
ဒီအကြောင်းကိုတွေးမိသောအခါ ရှီနန်ပြောသည်။
"မိစ္ဆာသခင်၊ မုဖူရှန်းကိုအရင်သတ်ဖို့အတွက် ကောင်းကင်နယ်မြေကို တယောက်ယောက်ကို စေလွှတ်ပေးပါ"
ကောင်းကင်အင်မော်တယ်နယ်ပယ်တစ္ဆေများက အလျင်အမြန်မလှုပ်ရှားကြပေ။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်အင်မော်တယ်နယ်ပယ်တစ်ဦးသာ တိုက်ခိုက်မည်ဆိုပါက ဒါက သူတို့ မြင့်မြတ်အဆောင်ဂိုဏ်းနှင့် စစ်ပွဲတခုစတင်လိုက်ပြီဟုဆိုလိုနေခြင်းပင်။
ရှီနန်က မြင့်မြတ်အဆောင်ဂိုဏ်း၏ ဂုဏ်သတင်းကို အနည်းငယ်ကြောက်နေဆဲဖြစ်သည်။
ထို့ကြောင့် ဒီကောင်းကင်အင်မော်တယ်နယ်ကယ်တစ္ဆေလေးကောင်ကို မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ဟန်ချက်ညီစေရန်အတွက်သာ သုံးမည်ဖြစ်သည်။
မြင့်မြတ်အဆောင်ဂိုဏ်းတွင် မူဖူရှန်းက အဆင့်မြင့်မဟာအကြီးအကဲသုံးဦးကို ချက်ချင်းမရှာခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ သူကသူ့ပါရမီကို ဖွင့်ထုတ်ပြသခဲ့ရုံမျှသာရှိသေးသည်။
ဒါက မိစ္ဆာနယ်မြေနှင့်စစ်ပွဲစတင်ရန်အတွက် မြင့်မြတ်အဆောင်ဂိုဏ်းကို တိုက်တွန်းရန် မလုံလောက်ပေ။
မြင့်မြတ်အဆောင်ဂိုဏ်းက မိစ္ဆာနယ်မြေထက်အားကောင်းသော်လည်း အနည်းငယ်ပြောင်းလဲမှုကပင် အခြေအနေရပ်တခုလုံးကို သက်ရောက်နိုင်သည်။
နယ်မြေဖြတ်ကျော်ရသည့်စစ်ပွဲများက မကြာခဏဆိုသလို အရင်းအမြစ်များစွာ သုံးရသည်။
အကယ်၍သူသာ မြင့်မြတ်အဆောင်ဂိုဏ်းအတွက် တခုခုလုပ်နိုင်တာဖြစ်ဖြစ် သို့မဟုတ် တန်ဖိုးတခုခုယူဆောင်လာနိုင်တာဖြစ်ဖြစ် မပြသပါက အဆင့်မြင့်မဟာအကြီးအကဲများက သဘောတူကြမည်မဟုတ်။
ယင်းအစား အခွင့်အလမ်းများကို ဆက်ရှာတာကပိုကောင်းသည်။
ယခုတွင်မူ မုဖူရှန်းအတွင်းပိုင်းဂိုဏ်းတပည့်တစ်ဦးပိုင်သည့်အိမ်၀င်းထဲတွင် နေထိုင်သည်။
သူ့ပတ်ပတ်လည်၌ စိမ်းလန်းစိုပြေသည့် သစ်တောတခုရှိသည်။
မုဖူရှန်း သစ်ပင်များပေါ်၌ အဆောင်များစွာကိုကပ်ထားသည်။ ရန်သူကို ရှာဖွေနိုင်သည့်သူများရှိနိုင်သလို ကာကွယ်ရေးများလည်းရှိသည်။ အလားတူပင် ပုံရိပ်ယောင်အခင်းအကျင်းများလည်းရှိကြသည်။
ကာကွယ်ရေးအဆောင်များကိုမူ မုဖူရှန်းမဖန်တီးထားခဲ့ပေ။ ကာကွယ်ရေးအတားအဆီးကို တပ်ဆင်ထားခြင်းက သတိထားမိရန်အတွက် လွယ်လွန်းသည်။
ဒီနည်းနှင့် မြင့်မြတ်အဆောင်ဂိုဏ်း သံသယကိုနှိုးဆွတာကမကောင်းပေ။
ဘာလို့ဒါတွေကိုလုပ်နေရလေသနည်း။
အထွတ်အမြတ်အဆောင်အခမ်းအနား၏ သတင်းများက သေချာပေါက် မိစ္ဆာနယ်မြေထိ ပျံ့သွားပေလိမ့်မည်။ တဖက်လူကလည်း သူ့အကြောင်း သိသွားပေလိမ့်မည်။
မုဖူရှန်းတွေးနေမိသည်။
တကယ်လို့ငါသာရှီနန်ဆိုရင် ငြိမ်ငြိမ်လေးထိုင်နေနိုင်မှာမဟုတ်ဘူး!
ပြီးတော့ သူကငါ့အဖေနဲ့ကျန်တဲ့သူတွေကိုလည်းသတ်ရဲမှာမဟုတ်သေးဘူး!
ထို့ကြောင့် သူတို့ကသူ့ကိုလုပ်ကြံရန်အတွက် လူသတ်သမားများကို စေလွှတ်ကြပေလိမ့်မည်။
ဒါကမုဖူရှန်းဒီလိုလုပ်ရတဲ့အကြောင်းရင်းပေတည်း။
တဘက်လူက သူ့ကိုလုပ်ကြံသတ်ရန်အတွက် လူတစ်ယောက် စေလွှတ်လိုက်မည်ဆိုပါက ဒါကသေချာပေါက် မုဖူရှန်းလိုချင်သည့်အရာပေတည်း။
အချိန်များကတရက်ပြီးတရက်ကုန်ဆုံးသွားသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က မုဖူရှန်းက အတောင်အကြောင်းမေးမြန်းရန်အတွက် ရက်အနည်းငယ်ကြာတိုင်း အဆင့်မြင့်မဟာအကြီးအကဲများကို ရှာဖွေနေခဲ့သည်။
ပထမအလျက်က ဒီအဆင့်မြင့်မဟာအကြီးသုံးယောက်က အဆောင်ကျွမ်းကျင်မှုနှင့် ပတ်သက်၍ အတော်လေးပိုင်နိုင်ကြသည်။ ထို့နောက် မုဖူရှန်း၏သံသယများစွာကို ဖြေရှင်းပေးနိုင်သည်။
ဒါ့အပြင် ဒါကသူ့တည်ရှိမှုကိုလည်း အဆက်မပြတ်အသိပေးရန်ဖြစ်သည်။ ဒီလိုအားဖြင့် အဆင့်မြင့်မဟာအကြီးအကဲသုံးယောက်က မုဖူရှန်းက အလားအလာရှိသည့် ပါရမီရှင်တစ်ယောက်ဆိုတာ ခံစားရကြပေလိမ့်မည်။ သူ့တွင် ဒီလိုမယုံနိုင်ဖွယ်ရာပါရမီရှိပြီး အဆောင်သခင်တစ်ဦးအဖြစ် ကြိုးစားလုပ်ဆောင်သည်။
ညလယ်ခေါင်၌ မုဖူရှန်းစိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ခြံ၀င်းထဲတွင် ကျင့်ကြံခဲ့သည်။
မီးစုန်းစိမ်းဝိဉာဉ်မီးတောက်အရောင်က အနည်းငယ်ပြောင်းလဲသွားပြီး အဆင့်ခြောက် ဝိဉာဉ်အဆင့်မီးတောက်နှင့် သိပ်အလှမ်းမဝေးတော့ပါ။
တညတွင် မုဖူရှန်းစိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ကျင့်ကြံနေစဉ် ရုတ်တရက်မျက်လုံးများကိုဖွင့်ကာ နှာခေါင်းရှုံ့သည်။
"နောက်ဆုံးတော့ရောက်လာပြီပေါ့"
သူကောင်းကင်ဘုံလွတ်မြောက်အဆောင်ကို ကိုင်လိုက်သည်နှင့်တပြိုင်နက် ရုတ်တရက် ဖိနှိပ်ခြင်းဆန္ဒတခုက ခြံ၀င်းတခုလုံးကို တိုက်ရိုက်လွှမ်းခြုံသွားပြီး နေရာတခုလုံးကို ပိတ်ချပစ်သည်။
ဒီလိုအရာမျိုးကိုလုပ်နိုင်သည့်သူက သေချာပေါက် မြေအင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရပေမည်။
မုဖူရှန်းရယ်မောလိုက်၏။
"မင်းငါ့ကိုတကယ်ပဲအရမ်းအမြင့်မှန်းထားတာလား...."
ကျော၌ တောင်ပံများပါရှိသည့် မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူတစ်ဦး မုဖူရှန်းအပေါ်၌ ပေါ်လာသည်။
ထို့နောက်ဘာစကားတခွန်းမှ မပြောဘဲ မုဖူရှန်းအားဖမ်းလေသည်ာ
မြင့်မြတ်အဆောင်ဂိုဏ်းတွင်လုပ်ကြံခြင်း!
သူ့မှာဘယ်လိုလုပ်ဒီလိုအချိန်ဖြုန်းတီးမယ့် တုံးအတဲ့စိတ်ကူးမျိုးရှိတာလဲ!
နောက်အသက်ရှူတကြိမ်တချက်တွင် သတခြားတဘက်က သူတို့ကိုရှာတွေ့သွားပေလိမ့်မည်ာ
မုဖူရှန်းလုံး၀ကြောက်ရွှံ့ခြင်းမရှိပေ။
ဒါက သစ်ပင်ပေါ်၌ကပ်ထားသည့် မိုးသက်မုန်တိုင်းအဆောင်ကို တိုက်ရိုက်ပေါက်ကွဲသွားစေသည်။
ဒါဇင်နှင့်ချီသောမိုးသက်မုန်တိုင်းအဆောင်များက တချိန်တည်းတွင် ပေါက်ကွဲသွားကြ၏။
ပေါက်ကွဲမှု၏နောက်ဆက်တွဲငလျင်များက မျက်နှာစိမ်းမိစ္ဆာအား ဖြတ်သန်းသွား၏။
သို့စေကာမူ မြေအင်မော်တယ်ကျင့်ကြံသူက တခဏမျှသာရပ်နေပြီးနောက် မုဖူရှန်းထံ ထပ်မံပြေး၀င်သွားပြန်သည်။
ဒါကိုမြင်သောအခါ မုဖူရှန်းလက်ထဲက ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ချေမွလိုက်၏။
၎င်းက မိုးကြိုးစင်းတခုအဖြစ်ပြောင်းလဲသွားပြီး ခြံ၀င်းလေးထဲကနေ အဝေးသို့ပို့ဆောင်ပစ်သည်။ တချိန်တည်းမှာပင် သူကပုံရိပ်ယောင်အခင်းအကျင်းကို အသက်သွင်းလိုက်လေသည်။
ပန်းရောင်မီးခိုးများက အဆောင်များကနေထွက်လာပြီး မျက်မှာစိမ်းမိစ္ဆာကျင့်ကြံသူအား လွှမ်းခြုံသွား၏။
ထိုအချိန်တွင် ခြံ၀င်းလေးထဲသို့ လင်း၀င်းနေသည့်အော်ရာက ပိတ်ဆို့ပစ်သည်။
"ဘယ်သူငါ့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းမှာ ပြဿာနာရှာရဲတာလဲ"
မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူကမူ ပန်းရောင်မီးခိုးများအောက်တွင် ချက်ချင်းနောက်ဆုတ်မသွားဘဲ သူ့မျက်လုံးများက လေးကန်ဝေဝါးနေပြီး အသက်ရှုကြိမ်နှစ်ကြိမ်အပြီးတွင်သာ နိုးလာခဲ့သည်ာ
သို့သော် အသက်ရှူကြိမ်နှစ်ကြိမ်တာအချိန်က ဒီမြေအင်မော်တယ်မိစ္ဆာအဖို့ လွတ်မြောက်ရန်ဟူသည် မဖြစ်နိုင်တော့။
အပိုင်း(542) coming။