← Chapters

#ပန်းတိုင်သို့အောင်မြင်ခြင်း၊ မြင့်မြတ်အဆောင်ဂိုဏ်းဒေါသထွက်ခြင်း#

Vol. 38 Ch. 542

#ပန်းတိုင်သို့အောင်မြင်ခြင်း၊ မြင့်မြတ်အဆောင်ဂိုဏ်းဒေါသထွက်ခြင်း#

Vol. 38 Ch. 542

မုဖူရှန်းလုပ်ခဲ့သည့်အရာအားလုံးက တဖက်လူကို အသက်ရှူကြိမ်ရေအနည်းငယ်ခန့် နှောင့်နှေးသွားစေရန်ဖြစ်သည်။

သူ့လက်ရှိခွန်အားနှင့် မြေအင်မော်တယ်တစ်ဦးကို လျပ်တပြက်ကိုင်တွယ်ထားရန်ဟူသည် သူ့အတွက် အတော်လေးခက်ခဲသည်။

မှန်ပေသည်။ ဒါက ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်ကို သူမသုံးဘူးဆိုသည့် အဆိုအောက်တွင်ဖြစ်သည်။

သို့စေကာမူ မြင့်မြတ်အဆောင်ဂိုဏ်းတွင် ခံတပ်ကိုထိန်းချုပ်ထားသည့် ကောင်းကင်အင်မော်တယ်နယ်ပယ်ရှိနေသည့်အခြေအနေများအောက်တွင်မူ အသက်ရှူကြိမ်နှစ်ကြိမ်တာကာလက ဒီမြေအင်မော်တယ်ကို ဒီနေရာ၌ ထာ၀ရထိန်းသိမ်းထားစေရန်အတွက် လုံလောက်ပါသည်။

သူက မိစ္ဆာမျိုးနွယ်၏ မြေအင်မော်တယ်ကို အသက်ရှူကြိမ်ရေနှစ်ကြိမ်ခန့် နှောင့်နှေးသွားစေရန်အတွက် ပုံရိပ်ယောင်အခင်းအကျင်းကို အသုံးပြုခဲ့သည်။

ထို့နောက် မိုးသက်မုန်တိုင်းအဆောင်များစွာက တချိန်တည်းတွင်ပေါက်ကွဲသွားကြသဖြင့် မြင့်မြတ်အဆောင်ဂိုဏ်းက ကျွမ်းကျင်သူများ၏အာရုံကို ဆွဲဆောင်သွားစေခဲ့သည်။

ဒီမြေအင်မော်တယ်မိစ္ဆာကျင့်ကြံသူက သူ့အော်ရာနှင့် ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အသိကိုဖုံးကွယ်ထားရန်အတွက် အမည်မသိနည်းလမ်းတချို့ကိုသုံးခဲ့ပြီး မြင့်မြတ်အဆောင်ဂိုဏ်းကို ၀င်ခဲ့သော်လည်း ဒါက ‌ကောင်းကင်အင်မော်တယ်တစ်ယောက်က သူ့အသိကို မထုတ်လွှတ်သောအခါတွင်သာဖြစ်သည်။

သို့သော် ကြီးမားသည့်ဆူပူမှုကိုဖြစ်စေသည်နှင့် ကောင်းကင်အင်မော်တယ်စွမ်းအားရှင်များ၏ အသိအာရုံက အလိုလိုအားကောင်းသွားရသည်။

ဒီနည်းလမ်းဖြင့် ခွန်အားအရာ၌ အကြွင်းမဲ့ကွာခြားမှုအောက်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ လူတစ်ယောက်၏ ဖုံးကွယ်နိုင်သည့်နည်းစနစ်များက မည်မျှပင်အားကောင်းနေပါစေ ‌ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အသိကို ရှောင်ရှားရန်ဟူသည်မဖြစ်နိုင်ပေ။

ဒီအခြေအနေတွင် မုဖူရှန်း၏ပထမပန်းတိုင်က အောင်မြင်သွားခဲ့ရသည်။

မြေအင်မော်တယ်မိစ္ဆာက ဒါကိုမြင်သောအခါ သူနောက်ထပ်မလွတ်မြောက်နိုင်တော့တာကိုသိလိုက်သည်။ သူအံကြိတ်ရင်း ကိုယ်ထဲကနေ ပြင်းထန်သည့်အော်ရာကို ထုတ်လွှတ်လိုက်၏။

ခြံ၀င်းထဲကနေ ထွက်ပြေးရန်အတွက် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို အသုံးပြုခဲ့သည့် မုဖူရှန်း ဒါကိုမြင်သောအခါ ချက်ချင်းအော်ဟစ်လိုက်သည်။

"သူ့ကိုယ့်ကိုကိုယ်ဖောက်ခွဲတော့မယ်"

မုဖူရှန်းစကားဆုံးသည်နှင့်တပြိုင်နက် ကောင်းကင်တုန်လှုပ်စေသည့်အော်ရာတခုက ထိုမြေအင်မော်တယ်မိစ္ဆာ၏ကိုယ်ပေါ်သို့ ဆင်းသက်ဖိကျလာသည်။

ကောင်းကင်ထဲတွင် ပညာရှိတစ်ဦးနှင့်တူသည့် အဖိုးအိုတစ်ဦးက လက်ချောင်းကို အနည်းငယ်မြှောက်ရင်း ချလိုက်သည်။

ရုတ်ချည်းဆိုသလို မြေအင်မော်တယ်မိစ္ဆာ၏ကိုယ်မှ ထွက်လာသည့်ပြင်းထန်သောအော်ရာက ထိုအချိန်တွင် ဖိနှိပ်ခံလိုက်ရသည်။

ကောင်းကင်အင်မော်တယ်!

မြေအင်မော်တယ်!

ဒီနှစ်ခုအကြား စကားလုံးတလုံးသာကွာခြားသော်လည်း နာမည်အတိုင်းပင် ကောင်းကင်နှင့်မြေကြီးကြားက ကွာခြားချက်တခုရှိလေသည်။ ထို့အကြား ကွာဟချက်က မည်မျှပင် ကြီးမားလေသနည်း။

ထိုအချိန်တွင် အဖိုးအို၏အမူအရာကတည်ငြိမ်နေပြီးမေးသည်။

"မိစ္ဆာမျိုးနွယ်လား၊ ဘာလို့ငါ့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းကိုလာရတာလဲ"

မြေအင်မော်တယ်မိစ္ဆာက အဖြေမပေးဘဲ အေးစက်စွာတုံ့ပြန်သည်။

"ကျုပ်ကခင်ဗျားရဲ့မြင့်မြတ်အဆောင်ဂိုဏ်းကို မနှစ်သက်ရုံပဲ"

"ဟား၊ မင်းကအဖြေမပေးဘူးဘဲ"

အဖိုးအိုကမထီမဲ့မြင်ပြုံးလိုက်၏။ ထို့နောက် မြေအင်မော်တယ်ရှိရာ ဟင်းလင်းပြင်သို့ ဆုပ်ကိုင်လိုက်သည်။

သူက မိစ္ဆာမျိုးနွယ်က မြေအင်မော်တယ်ကို ကြက်ပေါက်စလေးတကောင်ကို ဆုပ်ကိုင်လိုက်သည့်အလား ကိုင်လိုက်၏။

ထို့နောက် မြေအင်မော်တယ်မိစ္ဆာနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။

မုဖူရှန်းထိုမြင်ကွင်းကိုကြည့်ရင်း ရယ်မောသည်။

"သူတို့ဒီမှာရှိသင့်တာမလား"

သူစကားပြောပြီးသည်နှင့် အသံတစ်သံက မုဖူရှန်းစိတ်ထဲ၀င်ရောက်လာသည်။

"မုဖူရှန်း၊ ဒီကိုလာခဲ့"

ထိုအသံက အဆင့်မြင့်မဟာအကြီးအကဲတစ်ဦး၏အသံဖြစ်သည်။

ထိုစကားကြားသောအခါ မုဖူရှန်းအဆင့်မြင့်မဟာအကြီး၏ကျင့်ကြံရာနေရာသို့ အလျင်အမြန်ပြေးလွှားသွား၏။

များကြာမီ သူ၀င်းထဲသို့ရောက်လာသည်။

ထိုအချိန်တွင် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက မျက်လုံးအစုံမှိတ်ထားရင်း ကျောက်ထိုင်ခုံများပေါ်၌ ထိုင်နေကြ၏။

မုဖူရှန်း၏ရောက်လာမှုကိုခံစားမိသောအခါ မုတ်ဆိတ်ဖြူအကြီးအကဲကမေးသည်။

"ဘာလို့မိစ္ဆာမျိုးနွယ်က မင်းကိုသတ်ချင်ရတာလဲ"

"ပြီးတော့ သူကငါ့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းကို ထိုးဖောက်၀င်ရောက်နိုင်ဖို့အတွက် ကြီးမားတဲ့စွန့်စားမှုတခုရယူဖို့တောင် တုံ့ဆိုင်းမနေခဲ့ဘူး"

မုဖူရှန်းအသံနိမ့်ကာပြောသည်။

"မိစ္ဆာမျိုးနွယ်နဲ့ ကျွန်တော့်ကြားမှာ ကျေအေးလို့မရနိုင်တဲ့ရန်ငြိုးတခုရှိတယ်"

"ကျွန်တော်ဖြစ်စေ၊ ဒါမှမဟုတ် စီနီယာတို့အတွက်ဖြစ်စေ ဒီလိုပဲလေ"

"အို" မုတ်ဆိတ်ဖြူအကြီးအကဲက မျက်လုံးဖွင့်လိုက်မိသည်။

ဒါကိုမြင်သောအခါ မုဖူရှန်း၏အမူအရာက ကြောက်သွားပုံပေါ်ပြီး ဆက်ပြောသည်။

"ဒါပေမယ့် မြင့်မြတ်အဆောင်ဂိုဏ်းကို ကျွန်တော်၀င်ပြီးနောက်မှာ တဘက်လူက မြင့်မြတ်အဆောင်ဂိုဏ်းကို လျစ်လျူရှုပြီး ကျွန်တော့်ကိုသတ်ဖို့အတွက် ဂိုဏ်းထဲ ရောက်လာလိမ့်မယ်လို့ ကျွန်တော်တကယ် မထင်ထားခဲ့ဘူး"

ထိုအချိန်တွင် တခြားအဆင့်မြင့်မဟာအကြီးအကဲတစ်ဦးက မျက်လုံးဖွင့်သည်။ သူ့၏ဝေဝါးနေသည့်မျက်လုံးများက မုဖူရှန်း၏ ဟန်ဆောင်ဖုံးကွယ်မှုအားလုံးကို ထိုးဖောက်မြင်နိုင်သည့် ထက်ရှသောဓားများအလားပင်။

"ကောင်းပြီ၊ မီးတောက်ပေါ်မှာ လောင်စာဖြူးနေစရာမလိုဘူး၊ ဒါက မင်းနဲ့မိစ္ဆာမျိုးနွယ်ရဲ့ ကိုယ်ရေးကိုယ်တာရန်ငြိုးဆိုပေမယ့် မင်းကမြင့်မြတ်အဆောင်ဂိုဏ်းကို ၀င်ပြီးပြီဆိုတော့ ဂိုဏ်း၀င်တယောက်ဖြစ်သွားပြီ"

"ဒါ့အပြင် မင်းကတခုခုကိုသွယ်ဝိုက်ပြီး ပြောနေရင်တောင် တကယ်တော့မင်းက ငါတို့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းကို အထင်သေးနေတာပဲ"

ထိုအချိန်တွင် ကောင်းကင်အင်မော်တယ်နယ်ပယ်အဖိုးအိုကလည်း ခြံ၀င်းထဲတွင် ပေါ်လာသည်။

သူကအဆင့်မြင့်မဟာအကြီးအကဲအား ခေါင်းညိတ်ပြသည်။

ယခုလေးတင်မုဖူရှန်း၏စကားလုံးများက သူဝိဉာဉ်ရှာဖွေမှုကနေ ရလာခဲ့သည့် သတင်းအချက်အလက်များနှင့် အတိအကျတူနေတာကို ပြောနေသည်မှာသိသာထင်ရှားနေသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်းနှလုံးသားထဲကနေ ပြုံးလိုက်မိသည်။

ဒီလိုဖြင့် သူ့ပန်းတိုင်ကအောင်မြင်သွားလေပြီ။

ဒီအချိန်တွင် တိုးတက်ဖွံ့ဖြိုးမှုအားလုံးက နောက်ဆုံး၌ ပြီးပြည့်စုံသွားပြီဖြစ်သည်။

သူမြင့်မြတ်အဆောင်ဂိုဏ်းကို ၀င်ကတည်းကပင် မြင့်မြတ်အဆောင်ဂိုဏ်းက မိစ္ဆာနယ်မြေကို ကိုင်တွယ်ရာ၌ သူ့ကို ကူညီရန် သူတို့ အကူအညီကို ဘယ်လိုရနိုင်မလဲဆိုတာ မုဖူရှန်းအမြဲတွေးတောနေခဲ့သည်။

အကူအညီလား!

အချိန်တိုကာလအတွင်း အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် မြင့်မြတ်အဆောင်ဂိုဏ်းမှ ယခုလိုဧရာမအကူအညီကြီးကို ရနိုင်လာရန်ဟူသည် မဖြစ်နိုင်သည်မှာ ရှင်းနေသည်။ ယခုတွင် ဒါက မြင့်မြတ်အဆောင်ဂိုဏ်းအဖို့ ပြုမူဆောင်ရွက်လာရန် လုံလောက်နေပါပြီ။

မုဖူရှန်း မြင့်မြတ်အဆောင်ဂိုဏ်း၏ အကူအညီကိုရရန် စည်းတံဆိပ်စာအုပ်မှ အဆောင်တချို့ကို ဖလှယ်ရန်အတွက်အသုံးပြုရန်ကိုပင် တွေးတောနေခဲ့သည်။

ဒါကမုဖူရှန်း၏ဝှက်ဖဲတချို့ကို ဖော်ထုတ်ပြီးသားဖြစ်သွားပေလိမ့်မည်။ တချိန်တည်းမှာပင် မြင့်မြတ်အဆောင်ဂိုဏ်းက တချို့သူများက မုဖူရှန်းတွင်ရှိသည့်အဆောင်များနှင့်ပတ်သက်ပြီး တချို့အတွေးများဖြစ်ပေါ်လာနိုင်သည်။

သာမန်လူတစ်ယောက်၏တခုတည်းသောပြစ်မှုက ကျောက်စိမ်းတုံးကိုသယ်လာခြင်းသာ။

သူ့၏သတိကြီးမှုအဆင့်အရ မုဖူရှန်းဒီအတွေးကိုနားလည်ပါသည်။

ဒီလမ်းကြောင်းနှစ်ခုလုံးက အလုပ်မဖြစ်ဘူးဆိုရင် ငါဘာလုပ်သင့်လဲ!

နည်းလမ်းတခုတည်းသာရှိတော့သည်။

အဲဒါက မြင့်မြတ်အဆောင်ဂိုဏ်းနှင့် မိစ္ဆာနယ်မြေကို မကျေပွဲဖန်တီးပေးခြင်းပင်။

ဆိုလိုတာက မိစ္ဆာနယ်မြေက တိုက်ခိုက်ရန်အတွက် ကနဦးခြေလှမ်းလှမ်းလာရမည်။

ဒါကလည်း အထွတ်အမြတ်အဆောင်အခမ်းအနားတွင် မုဖူရှန်းပါ၀င်ယှဉ်ပြိုင်ရသည့် အကြောင်းရင်းတခုဖြစ်သည်။

အခမ်းအနားအတွင်း သူ့ဝှက်ဖဲအပိုင်းအစလေးတခုကို သူဖွင့်ဟပြသခဲ့သည်။

သူကမိစ္ဆာနယ်မြေကို သူ့ပါရမီနှင့် ခွန်အားအရာ၌ တိုးတက်မှုကိုသိစေချင်သည်။

ဒါကတဘက်လူကို သေချာအောင် တည်တည်ငြိမ်ငြိမ်မထိုင်‌နိုင်တော့အောင် လုပ်ပေလိမ့်မည်။

ထိုအချိန်တွင် တစ်စုံတစ်ရာက မုချဧကန်ဖြစ်လာမည်ဖြစ်ကာ ဒီအပြုအမူက ယခုဖြစ်ပျက်နေသည့်အရာပင်ဖြစ်လေသည်။

ဒီအနေအထားကိုရောက်လာသောအခါ မြင့်မြတ်အဆောင်ဂိုဏ်းနှင့် မိစ္ဆာနယ်မြေအကြား မသင့်မြတ်မှုက ဖြစ်တည်လာလေပြီ။

အလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်တာတောင် တခြားဂိုဏ်းတွေကလူတွေက ဂိုဏ်းထဲကို အမှန်တကယ်ထိုးဖောက်၀င်ရောက်ပြီး သူတို့၏အတွင်းဂိုဏ်းတပည့်များကို သတ်ဖြတ်ချင်သည်လား။

အကယ်၍သူတို့သာဘာမှမလုပ်ဘဲ အပြင်ပကမ္ဘာကသိသွားမည်ဆိုပါက မြင့်မြတ်အဆောင်ဂိုဏ်းက မျက်နှာဆုံးရှုံးရပေလိမ့်မည်။

ထိုအချိန်တွင် မည်သူကများ မြင့်မြတ်အဆောင်ဂိုဏ်းကို အလွယ်တကူ၀င်ရဲတော့မည်နည်း။

မိစ္ဆာနယ်မြေကိုဖျက်ဆီးခြင်းဖြင့်သာ မြင့်မြတ်အဆောင်ဂိုဏ်းက မျက်နှာပျက်ယွင်းမှုကို ပြန်ရနိုင်မည်။

တချိန်တည်းမှာပင် ဒါကအပြင်ပလောကကို မြင့်မြတ်အဆောင်ဂိုဏ်းအား ရန်စသည့်အကျိုးဆက်များဖြစ်သည်ဟု ခြိမ်းခြောက်သလိုဖြစ်သွားပေလိမ့်မည်။

ဒါက ကျောက်တလုံးနှင့်ငှက်နှစ်ကောင်ပစ်သတ်ခြင်းဟုဆို၍ရသည်။

အဆင့်မြင့်မဟာအကြီးအကဲများက ဘယ်လိုလုပ်ဒီလိုမလုပ်ဘဲနေမည်နည်း။

"ကောင်းပြီ၊ အကြီးအကဲကောင်း၊ ငါမင်းကို မိစ္ဆာနယ်မြေကို ခရီးတခုထွက်ဖို့အတွက် ပြဿာနာရှာရတော့မှာပဲ"

အကြီးအကဲကောင်းက မြင့်မြတ်အဆောင်ဂိုဏ်း၏ ကျောထောက်နောက်ခံကောင်းကင်အင်မော်တယ်နယ်ပယ်အကြီးအကဲဖြစ်သည်။

အဆောင်သခင်များ၏အင်အားစုတဖြစ်လဲ ကျင့်ကြံခြင်းနယ်ပယ်၌ သူတို့က တခြားထိပ်တန်းဂိုဏ်းများထက်အားနည်းသည်။

ထို့ကြောင့် သူတို့က ‌မြင့်မြတ်အဆောင်ဂိုဏ်းတွင်အသုံးချရန်အတွက် အစွမ်းထက် ကျောထောက်နောက်ခံအကြီးအကဲတချို့ကို ငှားယမ်းရန်အတွက် အဆောင်များသုံးရသည်။

အကြီးအကဲကောင်းက ညင်သာစွာခေါင်းညိတ်သည်။

ထိုအချိန်တွင် မုဖူရှန်းပြောသည်။

"စီနီယာတို့၊ ကျေးဇူးပြုပြီးအချိန်နှစ်ရက်လောက်ပေးပါဦး"

အကြီးအကဲကောင်းက မုဖူရှန်းကို ကြည့်လိုက်မိသည်။

မုတ်ဆိတ်ဖြူအကြီးအကဲကလည်း စိတ်ရှုပ်ထွေးနေသည့်အသွင်မေးသည်။

"ဘာလို့လဲ"

မုဖူရှန်းပြုံးလိုက်၏။

"ဒီကိစ္စကိုမဆောင်ရွက်သေးခင်မှာ အပြင်ပကမ္ဘာမှာ အရင်ကြီးထွားသွားအောင်လုပ်တာက ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်"

ထိုစကားကိုကြားသောအခါ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြ၏။

ထို့နောက် အကြီးအကဲပိုင်ချူကရယ်မောသည်။

"မင်းဘာလုပ်ဖို့စီစဉ်နေသလဲဆိုတာ ငါမသိပေမယ့် မင်းကိုယ်တိုင်ဒီလိုပြောလာပြီဆိုမှတော့ ငါတို့မင်းပြောတဲ့အတိုင်းလုပ်ပါမယ်..."

အပိုင်း(543) coming။

All Chapters