← Chapters

#မိစ္ဆာနယ်မြေသို့ချီတက်ခြင်း#

Vol. 38 Ch. 543

#မိစ္ဆာနယ်မြေသို့ချီတက်ခြင်း#

Vol. 38 Ch. 543

မုဖူရှန်းအချိန်နှစ်ရက်ဆွဲဆန့်ထားခဲ့သည်။

သူကတခြားအဖြစ်အပျက်များ လှုပ်ရှားလာမည်ကိုမစောင့်ချင်ဘဲ မြင့်မြတ်အဆောင်ဂိုဏ်းကလူများအား သူ့အစ်ကိုကြီးနှင့်တခြားသူများကို ရှာရန်သာ အသုံးပြုချင်ခဲ့သည်။

မုဖူရှန်းက ယခုအချိန်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၌ ကျော်ကြားသည့်ပုံရိပ်တခုဖြစ်လာပြီး သူ့ပါရမီက ‌အတော်လေးကြောက်စရာကောင်းသည်။

သူ့ကိုတပည့်အဖြစ်ခေါ်ယူရန်အတွက် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးပင်လျှင် အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။

လူရှာဖွေရာ၌ မြင့်မြတ်အဆောင်ဂိုဏ်းရှိ ထောက်လှမ်းရေးကိုတာ၀န်ယူထားရသည့်လူက မုဖူရှန်းကို မျက်နှာသာပေးလေသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအကြောင်း သတင်းအချက်အလက်ကို ရက်တ၀က်မပြည့်ခင်မှာပင် ရရှိပြီးနောက် သူ့အစ်ကိုကြီး၊ ရှောင်ဟိုင်နှင့် မုဇီရှင်းတို့က ကောင်းကင်ပိတ်ဖုံးဒေသတွင်ရှိနေတာကို သိလိုက်ရသည်။

ထို့ကြောင့် သူချက်ချင်းပင် အာကာသယာဉ်ပေါ်တက်ပြီး ကောင်းကင်ပိတ်ဖုံးဒေသသို့ ဦးတည်လိုက်၏။

သူ ဒီကလူများအားသတင်းများကိုပြောပြပြီး မိစ္ဆာနယ်မြေသို့ အလုံစုံတိုက်ခိုက်မှုကို စတင်ရန်အတွက် ပြင်ဆင်ထားစေခဲ့သည်။

ရက်တ၀င်ခန့်ကြာပြီးနောက် မုဖူရှန်း ကောင်းကင်ပိတ်ဖုံးဒေသသို့ရောက်လာသည်။

သူကအောင်မြင်စွာနှင့် ရှောင်ဟိုင်နှင့် မုဇီရှင်းတို့ကိုတွေ့ခဲ့သော်လည်း ယဲ့ချိုးပိုင်ကို ဘယ်နေရာတွင်မှမတွေ့ရပေ။

မုဇီရှင်းညင်သာစွာပြောသည်။

"ချိုးပိုင်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကိုသွားခဲ့တယ်"

(တနည်းအားဖြင့် ဒီဂိုဏ်းကို ကောင်းကင်ကြေးမုံဂိုဏ်းလို့လည်းခေါ်ပါတယ်၊ စာရေးဆရာကအရင်ကတမျိုး၊ အခုတမျိုးသုံးထားလို့ပါ)

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း!

မုဖူရှန်းအနည်းငယ်ကြက်သေသေသွားသည်။

ဒီဂိုဏ်းက နယ်နိမိတ်မဲ့နယ်မြေတွင် မိစ္ဆာများနှင့်တိုက်ခိုက်စဉ်က ဆင်းသက်လာခဲ့သည့်ဂိုဏ်းအနည်းငယ်အနက် တစ်ဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းတခုတည်းကသာလျှင် နယ်နိမိတ်မဲ့နယ်မြေကို မတိုက်ခိုက်ခဲ့ပေ။

"ဘာလို့အစ်ကိုကြီးကအဲကိုသွားရတာလဲ"

မုဇီရှင်းခေါင်းခါယမ်းသည်။

"သူဘာမှမပြောခဲ့ပေမယ့် အလုပ်ဖြစ်ဖြစ်မဖြစ်ဖြစ် ခုနှစ်ရက်အတွင်း ပြန်လာခဲ့မယ်လို့ပြောတယ်၊ မနက်ဖြန်ပေါ့"

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ်ခန်းမ၌ ယဲ့ချိုးပိုင်ရှေ့တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရှိပြီး ထိုလူနောက်တွင် အဖိုးအိုတစ်ဦးရပ်နေသည်။

ထိုအဖိုးအိုနှင့်ယဲ့ချိုးပိုင်အတော်လေးရင်းနှီးပါသည်။

သူက နယ်နိမိတ်မဲ့ကမ္ဘာသို့ဆင်းသက်လာစဉ်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို ကိုယ်စားပြုခဲ့သည့် ချူကွေဒေါင်ပေတည်း။

သို့စေကာမူ ချူကွေဒေါင်ကဲ့သို့ အားကောင်းသည့်လူတစ်ယောက်ပင်လျှင် အခု သက်လတ်ပိုင်းအရွယ်လူ၏ နောက်တွင်ရပ်တည်နေရသည်။

ထိုလူကပြုံးသည်။

"အို၊ မင်းက ငါတို့ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို မင်းအတွက် မိစ္ဆာနယ်‌မြေနဲ့ စစ်ပွဲစတင်စေချင်တာလား"

"မိစ္ဆာနယ်မြေနဲ့ ငါတို့ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့အကြားက ခွန်အားအရာမှာ ကြီးမားသည့်ကွာဟချက်တခုရှိ‌တယ်ဆိုပေမယ့် ထိပ်တန်းနယ်မြေတွေအကြားကစစ်ပွဲက အဆုံးစွန်မှာ ဂိုဏ်းအခြေခံအုတ်မြစ်ကို အတော်လေးကုန်ခမ်းစေတယ်"

"ငါအင်းလို့ပြောမယ်လို့ ဘာကမင်းကို တွေးစေမိတာလဲ"

ဒီလူက ကောင်းကင်ဘုံဓားတောင်ထိပ်သခင် ဟောင်ကျန်းဟန်ဖြစ်သည်။

ယဲ့ချိုးပိုင်ပြုံးသည်။

"အဲဒီအချိန်က စီနီယာချူက သူ့နောက်က တယောက်ယောက်က ကျွန်တော့်ကို ရှာနေတယ်လို့ပြောခဲ့တယ်"

"ဒီဂျူနီယာရဲတင်းစွာခန့်မှန်းရမယ်ဆိုရင်တော့ ကျွန်တော့်ကိုရှာနေတဲ့လူက စီနီယာဖြစ်ရမယ်"

ဟောင်ကျန်းဟန်ပြုံးရင်း ခေါင်းခါယမ်းမည့်အစား ၀န်ခံသည်။

"မှန်တယ်၊ အဲဒါငါပဲ"

"စီနီယာက ကျွန်တော့်ကိုဘာကြောင့်ရှာနေသလဲဆိုတာ ကျွန်တော်မသိပေမယ့် ကျွန်တော့်ကိုရှာနေတာ အကြောင်းရင်းတခုတော့ရှိမှာပါ၊ ဘာလို့မပြောရတာလဲ"

ထိုစကားကိုကြားသောအခါ ဟောင်ကျန်းဟန်ပြုံးသည်။

"မင်းဒါကို ငါတို့မိစ္ဆာနယ်မြေကိုသွားဖို့အတွက် ဖလှယ်တဲ့အနေနဲ့ အသုံးပြုချင်တာလား"

"မင်းငါ့တောင်းဆိုချက်ကိုဖြည့်ဆည်းနိုင်နေသရွေ့ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက မင်းအတွက် မိစ္ဆာနယ်မြေကို တိုက်ခိုက်ဖို့ ကူညီပေးရုံတင်မကပဲ...."

ထိုနေရာတွင် ဟောင်ကျန်းဟန်က ရှေ့ကိုင်ကာ လက်သီးနှစ်ဖက်ဆုပ်ရင်း လေးနက်သည့်အမူအရာဖြင့်ပြောသည်။

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတခုလုံးက မင်းလက်ထဲရှိနေပါလိမ့်မယ်"

ယဲ့ချိုးပိုင်ကြက်သေသေသွားသည်။

ဘယ်လိုတောင်းဆိုမှုမျိုးက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ်လို ဂုဏ်သရေရှိပုဂ္ဂိုလ်ကို ဒီလိုအရာမျိုးပြောစေတာလဲ!

ဟောင်ကျန်းဟန်ထရပ်ကာ ယဲ့ချိုးပိုင်အား ကျောခိုင်းရင်းပြောသည်။

"မင်းက ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့ သူတော်စင်သားတော်ဖြစ်လာရမယ်၊ မင်းမြေအင်မော်တယ်နယ်ပယ်ကိုရောက်တဲ့အခါ ငါမင်းကို ကောင်းကင်ဘုံဓားတောင်ထိပ်သခင်ရာထူးကို လက်လွှဲပေးမယ်"

ချူကွေဒေါင်က ဟောင်ကျန်းဟန်ကို စိုက်ကြည့်လိုက်၏။

မူလကဟောင်ကျန်းဟန်က ယဲ့ချိုးပိုင်ကို သူ့တပည့်အဖြစ်လက်ခံချင်‌ခဲ့ခြင်းပင်။

သို့စေကာမူ ယဲ့ချိုးပိုင်နောက်ကွယ်က ဂိုဏ်းကိုမြင်သောအခါ သူဒီအတွေးကိုဖယ်ရှားလိုက်သည်။ ထို့နောက်ခြေတလှမ်းနောက်ဆုတ်ကာ ယဲ့ချိုးပိုင်အား ကောင်းကင်ဘုံဓားတောင်ထိပ်၏ သူတော်စင်သားတော်လုပ်ခိုင်းခြင်းပင်။

ယဲ့ချိုးပိုင်ကိုမြင်သောအခါ သူအနည်းငယ် မှင်သက်သွားစေသည်။

ဟောင်ကျန်းဟန်ရှင်းပြသည်။

"စီနီယာရှီနဲ့ မင်းအရင်ကတွေ့ပြီးပြီမလား၊ သူကမင်းကို သတ္တုအပိုင်းအစကို ပေးခဲ့တဲ့သူပဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"အကြီးအကဲရှီက ငါတို့ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့အကြီးအကဲတစ်ဦးလည်းဖြစ်တယ်၊ တချိန်တည်းမှာပဲ သူက ငါ့ရဲ့ ဘိုးဘေးတဖြစ်လဲ ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့ ဘိုးဘေးဖြစ်တဲ့ ဝူကျင်းရှူရဲ့ ဓားလူငယ်လည်းဖြစ်တယ်"

"အကြီးအကဲရှီအဆင့်နိမ့်နယ်မြေကိုသွားရတဲ့အကြောင်းရင်းက ဘိုးဘေးရဲ့ဓားက ထပ်ပြီးအလင်းထုတ်လွှတ်ပြီး အဲဒီအလင်းက နယ်နိမိတ်မဲ့နယ်မြေကို ညွှန်ပြနေလို့ပဲ"

"ဒါကဘာကိုဆိုလိုသလဲဆိုတာမင်းသိလား၊ ဘိုးဘေးလိုမျိုးကိုယ်ခန္ဓာပိုင်ရှင် လူတစ်ယောက်က ထွက်ပေါ်လာပြီလို့ ဆိုလိုနေတာပဲ"

ယဲ့ချိုးပိုင်၏အမူအရာကပြောင်းလဲသွား၏။

ရှေးဦးမူလခေးအောစ့်ဓားကိုယ်ခန္ဓာ!

ကောင်းကင်ဘုံဓားတောင်ထိပ်ကိုတည်ထောင်သူမှာလည်း ငါ့လိုမျိုး ရှေးဦးမူလခေးအောစ့်ဓားကိုယ်ခန္ဓာရှိတာလား!

ဟောင်ကျန်းဟန်ဆက်ပြောသည်။

"အရင်က ဘိုးဘေးက ကောင်းကင်ဘုံဓားတောင်ထိပ်ကို ထူထောင်ပြီးနောက် သူ ဆက်လက်ဖွံ့ဖြိုးဖို့အတွက် ဦး‌မဆောင်ခဲ့ဘူး၊ အဲဒီအစား ငါ့ဆရာရဲ့အကြီးအကဲရှီကို လက်လွှဲပေးခဲ့တယ်"

"အဲဒီနောက်သူအထက်ကမ္ဘာကိုသွားခဲ့တယ်၊ သူအခုဘယ်မှာရှိမှန်းမသိရသေးဘူး..."

"သူမထွက်သွားခင်က ဓားတစ်လက်ကိုချန်ထားခဲ့ပြီး သူ့ဓားလှုပ်ရှားတာနဲ့ အဲဒီလူကို ချက်ချင်းရှာဖွေဖို့အတွက် ပြောခဲ့တယ်"

"ပြီးတော့ သူ့ကိုအစွမ်းကုန်ကူညီရမယ်"

ထိုနေရာတွင် ဟောင်ကျန်းဟန်လှည့်ကာ ယဲ့ချိုးပိုင်အားကြည့်လိုက်သည်။

"မင်းအခုနားလည်ပြီလား"

ယဲ့ချိုးပိုင်စကားမပြောဘဲ ဟောင်ကျန်းဟန်၏စကားလုံးများကို စဉ်းစားနေသည်။

စာသားရေအနည်းငယ်အတွင်း ကြီးမားသည့်သတင်းအချက်အလက်များကို ထုတ်ဖော်ပြသခဲ့သည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဘိုးဘေးက ရှေးဦးမူလခေးအောစ့်ဓားကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်သာမက သူနှင့်ရုပ်ခန္ဓာချင်းတူသည့် တခြားလူတစ်ယောက်ပေါ်လာလိမ့်မည်ဟုပင် ခန့်မှန်းခဲ့သည်။

ဒါဘယ်လိုဖြစ်ခဲ့တာလဲ!

တခါက မိုးမခပင် ရှေးဦးမူလခေးအောစ့်ဓားကိုယ်ခန္ဓာအကြောင်း သူကြားဖူးသည်။

ရှေးဦးမူလခေးအောစ့်ဓားကိုယ်ခန္ဓာကို ရှေးခေတ်ကတည်းက ဓားတာအို၏ နံပါတ်တစ်ကိုယ်ခန္ဓာဟုပြောနိုင်သည်။

တချိန်တည်းမှာပင် ကိုယ်ခန္ဓာကျင့်စဉ်အားလုံးက အလွန်အမင်းအဆင့်မြင့်မားပြီး ဒီရုပ်ခန္ဓာက ယုတ္တိတန်စွာပြောရမည်ဆိုပါက ခေတ်တစ်ခေတ်တွင် လူနှစ်ယောက်မရှိသင့်ပေ။

ဘာတွေဖြစ်နေတာလဲ!

ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်လိုက်၏။

ဒီနေရာကအခြေအနေကိုသူနားလည်ပြီးနောက်တွင် အိမ်ပြန်ပြီး သူ့ဆရာနှင့် စီနီယာမိုးမခပင်ကို ဒီအကြောင်းမေးရန်လိုအပ်ပုံရသည်။

ယဲ့ချိုးပိုင်အတွေးနက်နေသည်ကိုမြင်သောအခါ ဟောင်ကျန်းဟန်မေးသည်။

"ဒီတော့ မင်းဆုံးဖြတ်ချက်ကဘာလဲ"

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်အသိပြန်၀င်လာသည်။

"ကျွန်တော်က ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့သူတော်စင်သားတော်ဖြစ်လို့ရပေမယ့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကိုတော့ လက်လွှဲယူမှာမဟုတ်ပါဘူး"

ယဲ့ချိုးပိုင်၏စကားလုံးများကြောင့် ဟောင်ကျန်းဟန်အံ့ဩသင့်သွားခြင်းမရှိဘဲ ယင်းအစားခေါင်းညိတ်သည်။

"ဒါကလုပ်ရိုးလုပ်စဉ်တခုပဲလေ၊ အချိန်ရောက်လာတဲ့အခါကျရင် မင်းကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို စီမံနေစရာမလိုပါဘူး"

"ဒီလိုဆိုရင်တော့သဘောတူတယ်" ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ဟောင်ကျန်းဟန်ပြုံးသည်။

"မင်းမြေအင်မော်တယ်နယ်ပယ်ကို ရောက်တဲ့အခါကျရင် ငါမင်းကို ဘိုးဘေးရဲ့ဓားကိုပေးမယ်"

"ဘယ်အချိန်မိစ္ဆာနယ်မြေကိုတိုက်မှာလဲ"

ယဲ့ချိုးပိုင်တခဏမျှတွေးလိုက်သည်။

"ချက်ချင်းထွက်ခွာပြီး ကောင်းကင်ပိတ်ဖုံးဒေသမှာ အရင်စုစည်းကြရအောင်"

ဟောင်ကျန်းဟန်က ချူကွေဒေါင်ကိုကြည့်သည်။

"အကြီးအကဲချူ၊ သိုင်းဧကရာဇ်နယ်ပယ်ကလူတိုင်းကို ကောင်းကင်ဘုံဓားတောင်ထိပ်မှာစုစည်းပါ၊ သူတို့ကငါနဲ့အတူ ကောင်းကင်ပိတ်ဖုံးဒေသကိုသွားရမယ်၊ ခင်ဗျားကတော့ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှာနေခဲ့ပါ"

ချူကွေဒေါင်ခေါင်းညိတ်သည်။

နောက်တနေ့တွင် ယဲ့ချိုးပိုင် ကောင်းကင်ပိတ်ဖုံးဒေသသို့ပြန်လာသည်။

မုဖူရှန်း၏ပုံရိပ်ကိုမြင်သောအခါ သူပြုံးလိုက်၏။

"မင်းဒီမှာရောက်နေပြီဆိုမှတော့ မင်းလည်းအဆင်သင့်ဖြစ်ပြီမလား"

မုဖူရှန်းအပြုံးဖြင့်ခေါင်းညိတ်သည်။

"ကျွန်တော် မြင့်မြတ်အဆောင်ဂိုဏ်း၊ နတ်တံဆိပ်ဂိုဏ်းနဲ့ အဆောင်မျှော်စင်တို့ကို ဒီနေ့မိစ္ဆာနယ်မြေကို ဦးတည်ဖို့အတွက် သိမ်းသွင်းနားချခဲ့တယ်"

လူတိုင်းတုန်လှုပ်သွားကြ၏။

မြင့်မြတ်အဆောင်ဂိုဏ်းနှင့် အဆောင်မျှော်စင်တို့က ဘာကိုကိုယ်စားပြုသလဲဆိုတာ သူတို့သိကြပါသည်။

မုဖူရှန်းက မြင့်မြတ်အဆောင်ဂိုဏ်းကဲ့သို့ အင်အားကြီးဂိုဏ်းကိုပင် စုရုံးနိုင်လိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။

"ကံဆိုးချင်တော့ ရှီရှန်းကဒီမှာမရှိဘူး"

"ကျွန်တော်အရင်က မြင့်မြတ်အဆောင်ဂိုဏ်းရဲ့လူအင်အားကိုသုံးခဲ့ပေမယ့် စီနီယာအစ်ကိုရှီကို ရှာမတွေ့ခဲ့ဘူး"

"မေ့လိုက်တော့၊ အရာအားလုံးကအခုအဆင်သင့်ဖြစ်နေပြီ၊ ငါတို့မိစ္ဆာနယ်မြေကို အရင်ကိုင်တွယ်ပြီးမှ ရှီရှန်းရဲ့တည်နေရာကို ရှာကြမယ်"

ထို့နောက်လူတိုင်းက မိစ္ဆာနယ်မြေသို့ ဦးတည်လိုက်ကြ၏။

အပိုင်း(544) coming။

All Chapters