← Chapters

#စစ်ပွဲကြီးစတင်တော့မည်၊ မိစ္ဆာဝိဉာဉ်သတ်ဖြတ်ခြင်းအစီအရင်#

Vol. 38 Ch. 544

#စစ်ပွဲကြီးစတင်တော့မည်၊ မိစ္ဆာဝိဉာဉ်သတ်ဖြတ်ခြင်းအစီအရင်#

Vol. 38 Ch. 544

"အချိန်ကိုကြည့်ရမယ်ဆိုရင် မြင့်မြတ်အဆောင်ဂိုဏ်းက အရှိန်အဟုန်နဲ့လာနေလောက်ပြီ"

ခန်းမထဲတွင် အနက်ရောင်အဆင့်ရှိပြီး ကျော၌အနက်ရောင်တောင်ပံများရှိကာ နောက်တွင်လှုပ်ယမ်းနေသည့် ဧရာမအစိမ်းရောင်အမြီးတခုရှိသော မိစ္ဆာတစ်ဦးက လေးနက်သည့်အမူအရာဖြင့်ရှိနေသည်။

ဒီလူက လက်ရှိမိစ္ဆာမယ်မြေ၏ မိစ္ဆာသခင်ဖြစ်ပြီး မြေအင်မော်တယ်အထွတ်အထိပ်အဆင့်ရှိသည့် ရှီဟိုင်တျန်းပေတည်း။

ထို့နောက် ရှီဟိုင်တျန်းက ရှီနန်ကိုကြည့်ရင်း လေးနက်သည့်အသံဖြင့်မေးသည်။

"ရှီနန်၊ မင်းဒီလိုဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ အစီအစဉ်ကျရှုံးသွားရင် နောက်ခံအစီအစဉ်တခုရှိသင့်တယ်မလား"

ရှီနန်ခေါင်းညိတ်ကာပြုံးသည်။

သူ့အပြုံးကယုံကြည်မှုဖြင့်ပြည့်နှက်နေသည်။

"မစိုးရိမ်ပါနဲ့မိစ္ဆာအရှင်၊ ဒီကောင်းကင်အင်မော်တယ်နယ်ပယ်အစောင့်လေးယောက်နဲ့ဆိုရင် မြင့်မြတ်အဆောင်ဂိုဏ်းက ကျွန်တော်တို့ကို အရမ်းကြီးခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး"

"ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်က ရှောင်လွှဲလို့မရနိုင်တဲ့ကွက်ရက်တခုတည်ဆောက်ပြီးပြီ၊ တဘက်လူလာသရွေ့ ယဲ့ချိုးပိုင်ဖြစ်စေ မုဖူရှန်းဖြစ်စေ သူတို့က သေချာပေါက်ထောင်ချောက်ထဲ ကျလာရလိမ့်မယ်"

"ဒီနေ့ကဒါကိုအဆုံးသတ်ရမယ့်နေ့ပဲ....."

ထိုအချိန်မှာပင် မိစ္ဆာနယ်မြေအတွင်း မူလကမြူခိုးနက်များဖြင့်ဖုံးအုပ်နေသည့် မီးခိုးရောင်ကောင်းကင်က ဧရာမအာကာသယာဉ်တစင်း၏ ထိုးခွဲခြင်းကို ခံလိုက်ရသည်။

နေရောင်ခြည်က ကယ်တင်ခြင်းအလင်းကဲ့သို့ပင် မိစ္ဆာနယ်မြေသို့ ပထမဆုံးအကြိမ် ထွန်းလင်းလာသည်။

ထိုအချိန်တွင် မိစ္ဆာဘုရင်တစ်ဦးက ဖြူဖျော့သည့်အမူအရာဖြင့် ခန်းမထဲသို့ အလျင်အမြန်ပြေး၀င်လာသည်။

"မိ....မိစ္ဆာအရှင်၊ သူတို့ရောက်နေကြပြီ"

မိစ္ဆာသခင်ထရပ်ပြီး လက်ဝှေ့ယမ်းကာ အော်ဟစ်သည်။

"မိစ္ဆာနယ်မြေတခုလုံးကို တိုက်ပွဲအတွက် ပြင်ဆင်ဖို့အသိပေးလိုက်"

ရှီနန်ကလည်းနှာခေါင်းရှုံ့သည်။

အချိန်အကြာကြီးစောင့်ပြီး နောက်ဆုံးတော့ရောက်လာပြီပေါ့!

ထို့နောက်သူနှင့်မိစ္ဆာသခင်ကခန်းမထဲကနေထွက်လာကြသည်။

သူတို့နှစ်ယောက် ကောင်းကင်သို့မော့ကြည့်လိုက်စဉ် ကြက်သေသေသွားကြပြီး မျက်လုံးများက အကြောက်တရားများဖြင့် ပြည့်နှက်သွားကြ၏။

ဒါက မြူခိုးနက်များကိုထိုးဖောက်ပစ်သည့်အလင်းက မြင့်မြတ်အဆောင်ဂိုဏ်း၏ လှေတင်မဟုတ်ဘဲ နတ်တံဆိပ်ဂိုဏ်းနှင့် အဆောင်မျှော်စင်တို့၏ လှေများကလည်း ဘယ်ဘက်တွင် ရှိနေခြင်းပင်။

နတ်တံဆိပ်ဂိုဏ်းက ထိပ်တန်းဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး အဆောင်မျှော်စင်အကြောင်းကိုမူ ပြောစရာပင်မလိုတော့။

ဒီဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် အဆောင်သခင်အကဲဖြတ်မှုအတွက် ကျင်းပ‌ရာနေရာပင်။

ယုတ္တိတန်စွာပြောရပါက သူတို့ကကြားနေဖြစ်သင့်သည်။

သူတို့ကဘာလို့ယဲ့ချိုးပိုင်နှင့် တခြားသူတွေကိုကူညီရတာလဲ!

တချိန်တည်းမှာပင် အဆောင်မျှော်စင်၏ ထူးခြားမှုကြောင့် သူတို့၏အင်အားခွဲဝေမှုက မြင့်မြတ်အဆောင်ဂိုဏ်းထက်ပင် ကျယ်ပြန့်ပြီး နယ်မြေအားလုံးကို ဖုံးလွှမ်းလုနီးပါးပင်။

မိစ္ဆာသခင်၏မျက်နှာကလည်း အတော်လေးကြည့်ရဆိုးနေသည်။ ခက်ခဲစွာနှင့် သူခေါင်းတချက်လှည့်လိုက်ပြီး အလယ်မှာရှိသည့် ဧရာမယာဉ်ကြီး၏ ညာဘက်သို့ကြည့်လိုက်သည်။

ထိုနေရာတွင်လည်းလှေနှစ်စင်းရှိသည်။

တစ်စင်းတွင် ကောင်းကင်ကိုထိုးခွဲနေသည့်ဓားတစ်လက်ရှိပြီး ကျန်တစ်စင်းတွင် ငန်းရိုင်းတကောင်ရှိသည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနဲ့ ငန်းဆိပ်ကမ်းဂိုဏ်း!

ဒီအင်အားစုများထဲမှ သူတို့နှင့်ယှဉ်နိုင်သည့် ငန်းဆိပ်ကမ်းဂိုဏ်း၏ခွန်အားမှလွဲ၍ တခြားဂိုဏ်းများက မိစ္ဆာနယ်မြေ၏ ခံနိုင်စွမ်းအလွန်တွင်ရှိသည်။

ရှီနတ်အံကြိတ်သည်။

ထိပ်တန်းဂိုဏ်းအများစုက လအနည်းငယ်အတွင်း သူတို့ကိုအထောက်အကူပေးရန်အတွက် ဆန္ဒရှိနေကြလေပြီ။

ဒါဘယ်လိုအရည်အချင်းမျိုးလဲ!

ဒီလိုဖြစ်အောင် ဘယ်လိုနတ်လက်နက်တွေကိုများ သူတို့ပစ်ပေါက်ပေးခဲ့ကြတာလဲ!

အလင်းအောက်တွင် ငန်းဆိပ်ကမ်းဂိုဏ်းချုပ် ယန်ဝေရှန်းက ဘေးပတ်လည်ကြည့်လိုက်စဉ် သူ့နှလုံးကတုန်ယင်သွားရသည်။

"အကြီးအကဲကျဲ၊ ချိုးပိုင်ရဲ့ဂျူနီယာညီလေးကလည်း တမူထူးခြားပုံပဲ၊ မြင့်မြတ်အဆောင်ဂိုဏ်းကတောင် သူ့ကိုကူညီပေးနေပြီ...."

ကျဲလောင်ဝိုင်ဘူးသီးခြောက်ကိုကောက်ယူကာ တငုံသောက်လိုက်၏။

"ဒီတော့ဘာဖြစ်လဲ၊ စကားမစက် ဒီစိတ္တဇကောင်လေးကလည်း ငါတို့ထဲကတယောက်ပဲဆိုတော့ ငါဒီသေရည်အတွက် သူ့ကိုမေးလို့ရတယ်"

သူ့နောက်တွင် တောင်ထိပ်သခင်လေးဦး၏အမူအရာများကထူးဆန်းနေကြ၏။

ကျိလျန်ခါးသီးစွာပြုံးသည်။

အရင်က ယဲ့ချိုးပိုင်က သူနှင့်ယှဉ်ရန် အရည်အချင်းမရှိဟု သူတွေးထင်ခဲ့သည်။

သို့သော်ယခုအပြင်ပန်းအရကြည့်ပါက ပါရမီဖြစ်စေ လွှမ်းမိုးမှုဖြစ်စေ သူ့ထက် လုံး၀ကိုသာလွန်နေလေပြီ။

မြင့်မြတ်အဆောင်ဂိုဏ်းတွင် သူတို့က လေးစားခံကောင်းကင်အင်မော်တယ်နယ်ပယ်အကြီးအကဲနှစ်ဦးကိုလည်း ဆော်ကြခဲ့ကြသည်။

တခဏအကြာတွင် မိစ္ဆာနယ်မြေတခုလုံးကဖိနှိပ်ခံရသည်။

တချို့မိစ္ဆာစစ်သည်များနှင့် ဗိုလ်ချုပ်များက ဒီအော်ရာကြောင့် ကြေမွသွားကြ၏။

ဒီအော်ရာ၏ဖိအားအောက်တွင် မိစ္ဆာဘုရင်ပင်လျှင် ခက်ခက်ခဲခဲအသက်ရှုနေရသည်။

ထိုအချိန်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၏ လေးစားခံအကြီးအကဲကောင်းက ကောင်းကင်ပေါ် ခြေချလိုက်ပြီး မိစ္ဆာနယ်မြေစစ်တပ်အပေါ်တွင် ရောက်လာကာ ထူးမခြားနားစွာပြောသည်။

"သေးနုတ်လှတဲ့မိစ္ဆာနယ်မြေလေးက မြင့်မြတ်အဆောင်ဂိုဏ်းကို ဘယ်လိုတောင်ရန်စရဲတာလဲ",

ရှီနန်ထရပ်ကာ ကြည့်ရဆိုးသည့်အမူအရာဖြင့်ပြောသည်။

"စီနီယာ၊ ကျုပ်တို့မှာ မုဖူရှန်းနဲ့ပဲရန်ငြိုးရှိတာပါ၊ ကျုပ်တို့မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စော်ကားဖို့အတွက် တခါမှ မစဉ်းစားခဲ့ဖူးပါဘူး"

"မင်းကငါနဲ့စကားပြောဖို့အရည်အချင်းမရှိဘူး"

လေးစားခံအကြီးအကဲကောင်းက လက်ချောင်းကိုမြှောက်ကာ အောက်သို့ချလိုက်၏။

ထိုအချိန်တွင် မိစ္ဆာနယ်မြေတခုလုံးအတွင်း ကောင်းကင်ကပြိုကျသွားပြီး အောက်က မိစ္ဆာမျိုးနွယ်စုများ၏ မိစ္ဆာအစုအဝေးက ထိုအော်ရာကြောင့် ဖိနှိပ်ခံလိုက်ရပြီး ပေါက်ကွဲသွားသည်။

တခဏအကြာတွင် မိစ္ဆာနယ်မြေ၏ မူလအနက်ရောင်မြေက သွေးများဖြင့်ဖုံးကာ မြေနက်ကို ဆေးကြောပစ်သည့် သွေးမြစ်တစင်းအဖြစ် စုစည်းသွားသည်။

ဖိနှိပ်ခြင်းက ကောင်းကင်ပြိုကျလာသည့်အသွင် ရှီနန်ထံလိမ့်၀င်လာသည်။

မိစ္ဆာသခင်ကဲ့သို့ မြေအင်မော်တယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ့ကိုယ်ထဲကသွေးစီးဆင်းမှုရပ်သွားသည့်ပမာ ခံစားလိုက်ရသည်။

ဒါ့အပြင် ရှီနန်က အင်မော်တယ်တပိုင်းနယ်ပယ်တွင်သာရှိသေးသည်။

သူကပြိုင်ဘက်ကင်းမီးအန္တိမအမွေအနှစ်ကိုရခဲ့ပြီး သူ့ခွန်အားက အင်မော်တယ်တပိုင်းနယ်ပယ်သို့ တိုးတက်သွားခဲ့လျှင်ပင် ‌ကောင်းကင်အင်မော်တယ်တစ်ဦး၏ အကြွင်းမြဲဖိနှိပ်ခြင်းအောက်တွင် သူကပုရွက်ဆိတ်တကောင်ပမာ။

ရှီနန်၏အမူအရာကလုံး၀ပြောင်းလဲခြင်းမရှိသလို မရွေ့လျားဘဲ သူထံလာနေသည့် ဖိနှိပ်မှုကို တိတ်တဆိတ်ခံစားနေသည်။

ထိုအချိန်တွင် အပြာရောင်တစ္ဆေမီးတောက်များဖြင့်ဖုံးနေသည့် တစ္ဆေတကောင်က ရှီနန်ရှေ့တွင်ပေါ်လာသည်။

ဖိနှိပ်ခြင်းက တစ္ဆေပေါ်သို့လုံး၀ကျသွားခဲ့သော်လည်း သူကလုံး၀ယိမ်းယိုင်သွားခြင်းမရှိ။

ရှီနန်၏ဝိဉာဉ်က လေးစားခံအကြီးအကဲကောင်းမျှော်လင့်ထားသည့်အတိုင်း ပျောက်ကွယ်မသွားပေ။

"ကောင်းကင်အင်မော်တယ်နယ်ပယ်တစ္ဆေလား" လေးစားခံအကြီးအကဲကောင်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

"မိစ္ဆာမျိုးနွယ်က တစ္ဆေကလန်သွေးကြောအမျှင်စတခုကို ပိုင်ဆိုင်တယ်လို့ ငါကြားဖူးတာကြာပါပြီ၊ ကြည့်ရတာ မင်းတို့ တကယ်တစ္ဆေကလန်နဲ့ဆက်စပ်နေတာပဲ"

ထိုစကားကိုကြားသောအခါ ရှီနန်ညင်သာစွာပြုံးသည်။

"ဒီလိုဆိုရင် မြင့်မြတ်အဆောင်ဂိုဏ်းနောက်ဆုတ်မယ်ဆိုရင်ရောဘယ်လိုလဲ"

နောက်ဆုတ်ရမယ်!

တောက်ပသည့်ငွေရောင်လှံတစင်းက လေးစားခံအကြီးအကဲကောင်း၏လက်ထဲတွင် ပေါ်လာသည်။ သူလက်ထဲတွင်ကိုင်ပြီး တစ္ဆေရှိရာသို့ထိုးဖောက်ပစ်သည်။

တစ္ဆေကလည်းဟစ်ကြွေးကာ လေးစားခံအကြီးအကဲကောင်းအားတိုက်ခိုက်သည်။

ထိုအခိုက်အတန့်၌ မိစ္ဆာနယ်မြေတခုလုံးက အဖျက်စွမ်းအားတခုဖြင့်ပြည့်နှက်နေခဲ့သည်။

မိစ္ဆာနယ်မြေတခုလုံးက ပြိုကျတော့မည့်အလားထင်ရသည်။

ကောင်းကင်အင်မော်တယ်စွမ်းအားရှင်များကြားက တိုက်ပွဲ၏နောက်ဆက်တွဲက မည်သို့မည်ပုံသာမန်ဖြစ်နိုင်မည်နည်း။

သို့သော်ဒါကမရပ်သွားသေး။

နောက်ထပ်ကောင်းကင်အင်မော်တယ်နယ်ပယ်တစ္ဆေသုံးကောင်က ရှီနန်ရှေ့၌ တချိန်တည်းတွင်ပေါ်လာကြသည်။

မြင့်မြတ်အဆောင်ဂိုဏ်းအာကာသယာဉ်ပေါ်ရှိ နောက်ထပ်ကောင်းကင်အင်မော်တယ်လေးစားခံအကြီးအကဲ၏ အမူအရာက အေးခဲသွား၏။

"မိစ္ဆာနယ်မြေက ငါတို့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းကို တိုက်ခိုက်ရဲတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"

ကောင်းကင်အင်မော်တယ်လေးဦးက မိစ္ဆာနယ်မြေအား အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ထိပ်တန်းဂိုဏ်းဖြစ်လာစေရန်အတွက်ပင် လုံလောက်ပါသည်။

"ငါတယောက်ကိုကိုင်တွယ်လိုက်မယ်"

ထို့နောက် ကောင်းကင်အင်မော်တယ်နယ်ပယ်လေးစားခံအကြီးအကဲက တစ္ဆေအစောင့်တစ်ကောင်ထံပြေး၀င်သွား၏။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ်ကလည်းပြုံးကာ တစ္ဆေအစောင့်တကောင်အားရှာဖွေသည်။

ထိုအချိန်တွင် အဆောင်မျှော်စင်သခင်က သူ့အားကျေးဇူးတင်လိုက်ပြီး မည်သည့်စကားမှမဆိုပေ။ သို့သော်သူ့ကိုယ်ထဲက ထွက်လာသည့်အော်ရာက ကောင်းကင်အင်မော်တယ်နယ်ပယ်ကိုပင် ရောက်နေလေပြီ။

ကောင်းကင်အင်မော်တယ်ရှစ်ဦးအကြားက တိုက်ပွဲက မည်မျှပင် အဖျက်အားပြင်းထန်လေမည်နည်း။

လေဟာနယ်က မိစ္ဆာနယ်မြေထဲတွင် အဆက်မပြတ်ပြိုကျပျက်စီးနေသည်။

ရှီနန် လေထဲရှိယဲ့ချိုးပိုင်ကိုကြည့်ကာ နှာခေါင်းရှုံ့သည်။

"အခုဘယ်သူမှမင်းကိုမကူညီနိုင်တော့ဘူးမလား"

ရှီနန်လက်ကိုဆန့်ထုတ်ကာ ရုတ်တရက်လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။

"မိစ္ဆာဝိဉာဉ်သတ်ဖြတ်ခြင်းအစီအရင်"

သောင်းချီသည့်မိစ္ဆာဝိဉာဉ်ပုံရိပ်ယောင်များက မြူခိုးနက်ထဲကနေ သိပ်သည်းလာကြပြီး ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ၀န်းရံလိုက်ကြ၏။

အပိုင်း(545) coming။

All Chapters