← Chapters

#ရှီနန်အားတိုက်ခိုက်ခြင်း#

Vol. 38 Ch. 545

#ရှီနန်အားတိုက်ခိုက်ခြင်း#

Vol. 38 Ch. 545

ကောင်းကင်အင်မော်တယ်တစ္ဆေအကောင်လေးကောင်ရှိသည်။

မိစ္ဆာနယ်မြေတွင် တခြားဂိုဏ်းများနှင့် ယှဉ်ပြိုင်ရန်အစွမ်းရှိနေပြီဖြစ်သည်။

မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ကျန်သောဂိုဏ်းများအဖို့ လူတိုင်းကို ဒီနေရာတွင် ပို့ရန်ဟူသည် မဖြစ်နိုင်ပေ။

မြင့်မြတ်‌အဆောင်ဂိုဏ်းကမူ ကောင်းကင်အင်မော်တယ်လေးစားခံအကြီးအကဲနှစ်ဦးကိုသာစေလွှတ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မိစ္ဆာနယ်မြေက ဒုတိယတန်းစားအင်အားစုတခုသာဖြစ်ပြီး ကောင်းကင်အင်မော်တယ်တစ်ဦးပင်လျှင်မရှိချေ။

ယေဘုယျအားဖြင့်ပြောရမည်ဆိုပါက ကောင်းကင်အင်မော်တယ်နယ်ပယ်လေးစားခံအကြီးအကဲများကို စေလွှတ်ခြင်းကိုခုခံရန်အတွက် လုံး၀မဖြစ်နိုင်။

ထိုအချိန်တွင် ရှီနန်က မုဖူရှန်း၊ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် မုဇီရှင်းတို့ကို တယောက်တည်းရင်ဆိုင်နေသည်။

သူကလက်ဖဝါးများကိုအတူတကွဖိထားပြီး တံဆိပ်တခုဖန်တီးသည်။

မိစ္ဆာဝိဉာဉ်သတ်ဖြတ်ခြင်းအစီအရင်!

‌ထောင်ချီသောတစ္ဆေများက မြူခိုးနက်ထဲတွင်သိပ်သည်းကာ သူတို့လေးယောက်ထဲ ၀င်လာသည်။

ဒီအစီအရင်က မိစ္ဆာနယ်မြေ၏ ထိပ်တန်းအစီအရင်တခုဖြစ်ပြီး မိစ္ဆာဝိဉာဉ်ထောင်ချီကို သိပ်သည်းစေကာ တောင်များနှင့်ပင်လယ်များကိုပင် လှန်ပစ်နိုင်သည်။

မိစ္ဆာနယ်မြေ၏ကောင်းကင်က အမြဲလိုလို မြူခိုးနက်များဖြင့် ၀န်းရံနေသည်။ မြေကြီးက မည်သည့်အရောင်အဆင်းမှမရှိဘဲ အတိအနက်ရောင်ရှိသည်။

ဒီအစီအရင်ကို မိစ္ဆာနယ်မြေ၏ ပထမမျိုးဆက်က မိစ္ဆာသခင်က ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံခြင်းဖြင့် အသက်သွင်းခဲ့ပြီး ယခုလိုဖြစ်လာသည်ဟု ဆို၍ရသည်။

ဒါက နယ်မြေတခုလုံးကိုတခဏတာမဟုတ်ဘဲ ထာ၀ရသက်ရောက်စေနိုင်သည့် ကြီးမားသည့်အခင်းအကျင်းတခုပင်။

ဒီအစီအရင်က ဘယ်လောက်ထိအစွမ်းထက်မလဲဆိုတာကို ပုံဖော်ကြည့်၍ရသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ထိတ်လန့်မသွားကြပါ။

ဒီအခင်းအကျင်းအစီအရင်က တကယ်ကိုအားကောင်းသော်လည်း သူတို့ကိုင်တွယ်လို့မရနိုင်သည့်မဆင့်တော့မဟုတ်ပေ။

ယဲ့ချိုးပိုင် ကိုးပေရှည်ကြယ်ကြွေဓားကိုမြှောက်လိုက်စဉ် တာအိုနယ်ပယ်အဆင့်ခွန်အားကပေါက်ကွဲသွား၏။

တချိန်တည်းမှာပင် ဓားပိုင်နက်က ကောင်းကင်ပေါ်သို့ထိုးတက်လာကာ ကမ္ဘာကိုဖျက်ဆီးနေသည့် ယင်နှင့်ယန်လျှပ်စီးနှစ်ခုက ဓားပိုင်နက်ထဲတွင် ဟိန်းနေသည်။

ဒါကိုမြင်သောအခါ ရှီနန်သရော်သည်။

"ယဲ့ချိုးပိုင်၊ မင်းပါရမီက တကယ်ပဲကြောက်ဖို့ကောင်းပါပေတယ်၊ မင်းက ဒီလိုအချိန်တိုလေးအတွင်းမှာတောင် တာအိုနယ်ပယ်ကိုချိုးဖျက်သွားပြီ၊ မင်းငါ့ကို ကျော်ဖြတ်ဖို့ဆိုတာက အချိန်အတိုင်းအတာတခုပဲလိုတယ်"

တခြားတဘက်တွင် ရှောင်ဟိုင်၏ကိုယ်က အနက်ရောင်သံချပ်ကာဖြင့်ဖုံးနေသည်။

နတ်ဆိုးနက်ချီများက ကောင်းကင်ပေါ်ထိုးတက်သွားပြီး အနက်ရောင်သံချပ်ကာ၌ သွေးရောင်များဖြစ်လာသည်။

သူ‌အင်မော်တယ်မျောက်ဝံတောင်တွင်ရှိစဉ်က တတိယမှတ်ဉာဏ်အပိုင်းအစနှင့်ပေါင်းစပ်ခဲ့သည်။ နတ်ဆိုးဘုရင်ဆင်းသက်မှုကလည်း ဒါကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

ဒီလိုကြောက်ခမန်းလိလိနတ်ဆိုးချီနှင့်အတူ သူက တကိုယ်လုံးကိုဖုံးသွားသည့် သံချပ်ကာ၀တ်နတ်ဆိုးဘုရင်တစ်ဦးအဖြစ် ပြောင်းလဲသွားပြီး သူ့ရုပ်ခွန်အားကလည်း ကြီးမားစွာတိုးလာသည်။

ရှီနန်အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ သူကတစ္ဆေကလန်သွေးကြောကို နိုးထနိုင်ခဲ့သည့်တိုင် သူ့သွေးကြောစွမ်းအားက အနည်းငယ်ဖိနှိပ်ခံနေရသေးသည်။

ဒီကောင်လေးကဘယ်မျိုးနွယ်စုကလဲ!

တစ္ဆေကလန်ရဲ့သွေးကြောကတောင် သူ့ကိုမနိုင်တာလား!

သို့စေကာမူ ထိုသို့ဆိုလျှင်ပင် သူကသွေးကြောဖိနှိပ်မှုကြောင့် မရှုံးနိုင်သည့် အင်မော်တယ်တပိုင်းအဆင့်ကိုရောက်နေပါပြီ။

မုဇီရှင်းကလည်း သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်ကျင့်ကြံမှုခွန်အားနှင့်အတူ ပေါက်ကွဲသွား၏။

"ဒါပဲလား" ရှီနန်ရယ်မောသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများတိုက်ခိုက်ရန်ပြင်လိုက်စဉ် မုဖူရှန်း၏နှုတ်ခမ်းများက လှုပ်ရှားသွားသည်။

ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့်ကျန်သောသူများက ခေါင်းညိတ်ကြသည်။

ရှီနန်ကအားလုံးကိုမြင်ပါသည်။

အကယ်၍တခြားအင်မော်တယ်တပိုင်းကျင့်ကြံသူများသာဆိုပါက သူဂရုမစိုက်ပေ။

သို့သော် ရှီနန်ဒီလူများကိုသိပါသည်။

ဒီလူများတွင်ကြောက်ခမန်းလိလိပါရမီရှိသည်သာမက သူတို့၏တိုက်ပွဲစွမ်းအားကလည်း အတော်လေးကြောက်စရာကောင်းသည်။ သူတို့ဉာဏ်ရည်ကလည်း အတော်‌ထက်မြက်ကြသည်။

ထို့ကြောင့် ဒီမြင်ကွင်းကိုမြင်သောအခါ ရှီနန်၏အမူအရာက မည်းမှောင်သွားပြီး ယဲ့ချိုးပိုင်နှင့်ကျန်သောသူများထံ တချိန်တည်းတွင် ရိုက်ချလိုက်၏။

သူယဲ့ချိုးပိုင်နှင့် တခြားသူများကို မတော်ဆတတခုခုမဖြစ်အောင် တားဆီးခြင်းကနေ ကာကွယ်ရန်အတွက် အခွင့်အရေးတခုမျှပင် မပေးပေ။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသည့် မိစ္ဆာဝိဉာဉ်ပုံရိပ်ယောင်များက ယဲ့ချိုးပိုင်ထံမျောလွင့်လာကြ၏။

ယဲ့ချိုးပိုင်နှာခေါင်းရှုံ့ရင်း လက်ထဲက ကြယ်ကြွေဓားဖြင့် ပိုင်းဖြတ်ပစ်သည်။

ဓားပိုင်နက်ထဲတွင် အန္တိမနယ်ပယ်ဓားဆန္ဒက အရူးအမူးထိုးထွက်လာပြီး ဧရာမဟင်းလင်းပြင်ဓားတစ်လက်အဖြစ် သိပ်သည်းသွားသည်။

တချိန်တည်းမှာပင် ယင်ယန်လျှပ်စီးနှစ်ခုက ဧရာမဓားပေါ်သို့တက်လာသည်။ ထို့ထဲတွင် အဖျက်အော်ရာတခုဖြင့် ပြည့်နှက်နေသည့် အဆုံးမဲ့ဆန္ဒတခုရှိနေသည်။

ယဲ့ချိုးပိုင်ပိုင်းဖြတ်သောအခါ အဖြူအမည်းလျှပ်စီးက ထွက်လာကြပြီး ဧရာမဟင်းလင်းပြင်ဓားက ရှေ့ကမိစ္ဆာဝိဉာဉ်ပုံရိပ်ယောင်များစွာကို ရိုက်ချပစ်သည်။

ယင်ယန်ကမ္ဘာ့သုတ်သင်၊ ရှေးဦးမူလအကြွင်းမဲ့ဓားလေးစင်း!

ယင်ယန်ကောင်းကင်ဘုံခွဲခြမ်းခြင်းဓားသွား!

ထို့နောက် ဝိဉာဉ်ချီရူးသွပ်စွာထုတ်လွှတ်မှုနှင့်အတူ သူ့ဒန်တျန်ထဲကဝိဉာဉ်ချီက ထိုအချိန်တွင် အဆက်မပြတ်ပြန့်ကြဲနေသည်။

ယဲ့ချိုးပိုင်တခြားလက်တဘက်ကိုဆန့်ထုတ်ကာ ရုတ်တရက်ဖိနှိပ်လိုက်၏။

ကောင်းကင်ဒေသကိုဖိနှိပ်ခြင်း!

သူဒီတိုက်ချက်ကိုသုံးသောအခါ ရှေးဟောင်းစာလုံးတလုံးက ယဲ့ချိုးပိုင်နဖူးပေါ်၌‌ပေါ်လာသည်။

သာမန်မူလမြင့်မြတ်အက္ခရာ!

ဒါက ယဲ့ချိုးပိုင်၏အားအကောင်းဆုံးတိုက်ချက်တခုဟုဆို၍ရသည်။

တခြားတဘက်တွင် မိစ္ဆာသခင်က ငန်းဆိပ်ကမ်းဂိုဏ်းချုပ်နှင့်တိုက်ခိုက်နေစဉ် တခဏမျှအားလပ်သွားစဉ် ယန်ဝေရှန်းကလည်း ဒီမြင်ကွင်းကိုမြင်ခဲ့သည်။

သူအနည်းငယ်တုန်လှုပ်သွား၏။

တာအိုနယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က တကယ်ပဲ ဒီလိုအစွမ်းထက်တိုက်ချက်ကို စတင်နိုင်တာလား!

ဒါကသွေးပြောင်းလဲခြင်းနယ်ပယ်စွမ်းအားအဆင့်ကိုတောင် ခပ်ယောင်ယောင်ရောက်နေတယ်လေ!

ရှီနန်က ဒီလောက်သတိထားနေတာ အံ့ဩသင့်စရာမရှိတော့။

ဒီလိုလူမျိုးကို ရှင်သန်ခွင့်ပေး၍မရပေ။

ယန်ဝေရှန်းအနည်းငယ်ပြုံးလိုက်၏။

အဲဒီနောက်တွင် ယဲ့ချိုးပိုင်၏ခွန်အားက သိသိသာသာတိုးလာခဲ့ခြင်းပင်။

တကယ်တမ်းတွင် ဂိုဏ်းအနာဂတ်ကို ဒီကလေးအပေါ် အားကိုးလိုက်တာက မှန်ပေသည်။

သို့စေကာမူ ရှီနန်က အင်မော်တယ်တပိုင်းအဆင့်ဖြစ်သည်။

ယဲ့ချိုးပိုင်မည်မျှပင်ကြောက်စရာကောင်းနေပါစေ သူ့အတွက် နယ်ပယ်ကြီးနှစ်ခုခြားကာ တိုက်ခိုက်ရန်ဟူသည်မဖြစ်နိုင်ပေ။

ချက်ချင်းဆိုသလို ကောင်းကင်ပေါ်၌ အစက်အပျောက်များပမာတည်ရှိပြီး မြေကြီးကိုဖုံးလွှမ်းနေသည့်ဝိဉာဉ်များက ဟင်းလင်းပြင်ဓားကို၀န်းရံလိုက်ကြသည်။

ထို့နောက် ဧရာမဓားကြီးကို အင်းဆက်များပမာစားသုံးပစ်ပြီး တခဏမျှရပ်ကာ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများထံ ဆက်ရွေ့သွားကြ၏။

ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်၏မျက်နှာက အလွန်အမင်းဖြူဖျော့သွားပြီး သူနောက်သို့တလှမ်းဆုတ်လိုက်မိသည်။

ရှောင်ဟိုင်၏ပုံရိပ်က ယဲ့ချိုးပိုင်၏မူလနေရာသို့ချက်ချင်းရောက်လာခဲ့သည်။

သူ့မျက်လုံးများကနီရဲနေပြီး သူ့မျက်နှာကအေးစက်ကာပြတ်သားနေသည်။ ချပ်၀တ်ပေါ်၌ တချိန်တည်းတွင် လိုင်းလေးကြောင်းပေါ်လာသည်။

ထို့နောက် ကမ္ဘာကြီးကိုအုပ်စိုးသည့်နတ်ဆိုးဘုရင်ဆန္ဒနှင့်အတူ လိုက်ဖက်ညီစွာပင် သူတချက်ထိုးနှက်လိုက်၏။

ချက်ချင်းဆိုသလိုလေဟာနယ်ကတုန်ခါသွားပြီး အသံများပင်မြည်လာသည်။ ဒီလက်သီးချက်က အနက်ရောင်ကောင်းကင်အား ရိုက်ခွဲပစ်ပုံရသည်။

ဂျုန်း.......!

လက်သီးချက်က မိစ္ဆာဝိဉာဉ်များပေါ်သို့ကျသွားပြီး ဟစ်ကြွေးသံများက နေရာအနှံ့ကြားနေရသည်။

အားနည်းသည့်ကျင့်ကြံသူများက သူတို့၏နားများကိုချက်ချင်းဖုံးလိုက်ကြပြီး တချို့ကမူ သူတို့ဒွာရပေါက်ခုနှစ်ပေါက်ကနေ သွေးများပင် စီးကျလာကြသည်။

ရှောင်ဟိုင်တချက်ညည်းကာ ခြေလှမ်းတရာကျော်နောက်ဆုတ်လိုကိမိသည်။ သံချပ်ကာအပေါက်များထဲကနေ သွေးများစီးကျလာကြ၏။

သို့သော် ရှောင်ဟိုင်ကမကြောက်ဘဲ အော်ဟစ်လိုက်သည်။ သူ့နောက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်ထွက်ပေါ်လာသည်။

ထို့နောက်သူဟင်းလင်းပြင်ထဲသို့ ခြေချလိုက်စဉ် ဟင်းလင်းပြင်ကတုန်ခါသွားသည်။

နောက်ပြန်ကန်အား၏အကူအညီနှင့်အတူ သူက မိစ္ဆာဝိဉာဉ်တသောင်းကျော်ထံ ထပ်မံတိုး၀င်သွားပြန်သည်။

ထိုအချိန်တွင် ဆေးလုံးသောက်ပြီးသွားပြီဖြစ်သည့်ယဲ့ချိုးပိုင်ကလည်း ဓားနှင့်အတူ ရှေ့သို့လှမ်းလိုက်သည်။

သူ့နောက်တွင် မုဇီရှင်း၏ရေခဲသွေးကြောစွမ်းအားက ပေါက်ကွဲသွား၏။

ထို့နောက်မိစ္ဆာဝိဉာဉ်များကိုဆက်လက်အေးခဲနေကာ မို‌င်ထောင်ချီရှည်လျားသည့်ရေခဲတခုပမာဖြစ်နေစေသည်။

သို့စေကာမူ ဒါကချက်ချင်းပင် ထိုးဖောက်ခံလိုက်ရသည်။

တခြားသူများကဒီမြင်ကွင်းများကိုမြင်ပြီးနောက် မိစ္ဆာမျိုးနွယ်စုဖြစ်စေ လူသားကျင့်ကြံသူများဖြစ်စေ အားလုံးက ထိတ်လန့်နေကြသည်။

သွေးပြောင်းလဲခြင်းနယ်ပယ်ကိုပင် မရောက်သေးတဲ့သူတွေက အင်မော်တယ်တပိုင်းနယ်ပယ်က ရှီနန်ကို အချိန်အကြာကြီး တိုက်ခိုက်နိုင်တာလား!

ရှီနန်ကလည်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

ဒါကလည်းသူတို့ကိုမဖျက်ဆီးနိုင်ဘူးလား!

ပြီးတော့မုဖူရှန်းဘာလို့မလှုပ်ရှားရသေးတာလဲ!

ဒီပုံမမှန်မှုအတွက် အကြောင်းအရင်းတခုရှိရမယ်!

ရှီနန်နှာခေါင်းရှုံ့သည်။

သူ့ကိုယ်ထဲကနေ တစ္တေတကောင်ကဆင့်ခေါ်ခံရသည်။ တစ္ဆေကလန်သွေးကြောစွမ်းအားက ထိုအခိုက်အတန့်၌ ပေါက်ကွဲသွား၏။

တချိန်တည်းမှာပင် တ‌စ္ဆေများက အစိမ်းနှင့်အဖြူရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။

ပြိုင်ဘက်ကင်းမီးအန္တိမ၏ တစ္ဆေအမွေအနှစ်!

ယခုအချိန်တွင် ရှီနန်ထိန်ချန်မထားတော့ပါ။ ပို၍အချိန်ကြာလေလေ သူပို၍ မသက်မသာဖြစ်လာလေလေဖြစ်သည်။

အစိမ်းနှင့်အဖြူမီးတောက်များဖြင့် လောင်ကျွမ်းနေပြီး အော်ရာများက အလွန်အမင်းနက်ရှိုင်းကာ ထူးဆန်းနေသည့် တစ္ဆေများကိုမြင်သောအခါ ယဲ့ချိုးပိုင်အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

ယင်ယန်ဖျက်ဆီးခြင်းလျှပ်စီးစွမ်းအားက သူ့လက်ထဲတွင်ပေါ်လာသည်။

သူအတင်းအဓမ္မပေါင်းစည်းတော့မည့်အချိန်တွင် မုဖူရှန်းရုတ်တရက်ပြောလာသည်။

"ဒါကလုံလောက်ပါပြီ....စီနီယာအစ်ကိုတို့ နောက်ဆုတ်လိုက်ကြပါ"

အပိုင်း(546) coming။

All Chapters