← Chapters

#အင်မော်တယ်အဆောင်ထွက်လာခြင်း၊ အကြွင်းမဲ့ဖိနှိပ်မှု#

Vol. 38 Ch. 546

#အင်မော်တယ်အဆောင်ထွက်လာခြင်း၊ အကြွင်းမဲ့ဖိနှိပ်မှု#

Vol. 38 Ch. 546

ပုံမှန်အခြေအနေများ၌ သူတို့က အင်မော်တယ်တပိုင်းနယ်ပယ်ကိုချိုးဖျက်နေပြီဖြစ်ငည့် ပြိုင်ဘက်ကင်းမီးအန္တိမ၏အမွေအနှစ်ကို ရရှိထားသော ရှီနန်အားရင်ဆိုင်နေရခြင်းဖြစ်သည်။

ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ မုဖူရှန်းနှင့် မုဇီရှင်းတို့၏ခွန်အားအရ သူ့ကိုအနိုင်ယူရန်မဖြစ်နိုင်ပေ။

ယဲ့ချိုးပိုင် ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကိုပေါက်ကွဲစေပြီး တိမ်ပြာဓားကို မဆွဲထုတ်သရွေ့ အနိုင်ယူနိုင်မည်မဟုတ်။

(ယဲ့ချိုးပိုင်တွင်ဓားနှစ်လက်ရှိပါသည်၊ တလက်က ကြွယ်ကြွေဧကရာဇ်ဆီက ရထားတဲ့ ကြယ်ကြွေဓားဖြစ်ပြီး နောက်တလက်က အရင်ကတည်းကရှိတဲ့ တိမ်ပြာဓားပါ)

ဒါမှမဟုတ် ရှောင်ဟိုင်က နတ်ဆိုးသွေးကြောကို အပြည့်အ၀ထုတ်ဖော်မှသာလျှင် ရှီနန်နှင့် တိုက်ခိုက်နိုင်ရန် ဖြစ်နိုင်ချေတခုရှိလာမည်ဖြစ်သည်။

နယ်ပယ်ပိုမြင့်လေလေ၊ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ရန်ဟူသည် ပိုခက်လေလေဖြစ်သည်။

ဒါကရလဒ်ပေါ်နေသည့်မေးခွန်းတခုသာ။

အင်မော်တယ်နယ်ပယ်သို့ရောက်ပြီးနောက် ကွာခြားချက်က အဆင့်တစ်ဆင့်နှစ်ဆင့်ထက်ပိုသည်။

တဘက်က မော်တယ်သေမျိုးများဖြစ်ပြီး ကျန်တဘက်က အင်မော်တယ်များဖြစ်ကြသည်။

ဒါကစကားလုံးတလုံးတည်းသာခြားနားသော်လည်း သာမန်လူတစ်ယောက်ပင်လျှင် ကွာခြားချက်က ဘယ်လောက်ထိကြီးမားသလဲဆိုတာ နားလည်နိုင်ပါသည်။

ခွန်အားအရာ၌ ယခုလိုကွာဟချက်ဖြင့် လူသားကျင့်ကြံသူများဖြစ်စေ၊ မိစ္ဆာမျိုးနွယ်များဖြစ်စေ သူတို့ကယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အရမ်းအမြင့်ကြီးမမှန်းထားပါ။

ရှီနန်၏လက်ဖဝါးချက်ရိုက်ခတ်လာသည်နှင့်တပြိုင်နက် သူ့အမူအရာက ရုတ်တရက် အကြီးအကျယ်ပြောင်းလဲသွားလေတော့သည်။

သူ့နှလုံးသားထဲတွင် သေခြင်းတရား၏ ခံစားချက်တခုက တဖြည်းဖြည်းချဉ်းကပ်လာနေသည်။

မုဖူရှန်းရှေ့တလှမ်းတိုးလိုက်၏။

သူ့အမူအရာကအေးခဲနေပြီး အဆောင်ကိုးခုက သူ့လက်ထဲတွင် တချိန်တည်းတွင် ပေါ်လာကြသည်။

ထို့နောက် သူ့လက်ထဲကနေထွက်ခွာကာ ရှီနန်အား မတူညီနေသည့်နေရာကိုးနေရာကနေ ၀န်းရံပစ်သည်။

အပေါ်တွင် အဖျက်လျှပ်စီးက အရည်များပမာစီးဆင်းလာကြသည်။

ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်!

စည်းတံဆိပ်စာအုပ်ထဲတွင် ဒါကအဆင့်နိမ့်စည်းတံဆိပ်၏ နောက်ဆုံးအဆောင်ပေတည်း။

၎င်း၏စွမ်းအားက အင်မော်တယ်တပိုင်းနယ်ပယ်စွမ်းအားရှင်တစ်ဦးကိုပင် သတ်ပစ်နိုင်သည်။

မြင့်မြတ်အဆောင်ဂိုဏ်းက လေးစားခံအကြီးအကဲနှစ်ဦးက ဒါကိုမြင်သောအခါ သူတို့အနည်းငယ်တုန်လှုပ်သွားကြ၏။

သူတို့ကအဆောင်များကို အထူးပြုလုပ်ဖန်တီးခြင်းမရှိသော်လည်း မြင့်မြတ်အဆောင်ဂိုဏ်းတွင် လေးစားခံအကြီးအကဲများဖြစ်လာသည်မှာ နှစ်ထောင်ချီနေပြီဖြစ်သည်။

ဒီမြင့်မြတ်အဆောင်ဂိုဏ်း၏ လွှမ်းမိုးမှုအောက်တွင် သူတို့ကလည်း နားလည်မှုတချို့ရှိသည်။

ဒီအဆောင်ကို အင်မော်တယ်အဆောင်တခုဟုပင် ခေါ်၍ရနေလေပြီ။

ကောင်းကင်ဘုံအဆောင်သခင်များကို မြင့်မြတ်အဆောင်ဂိုဏ်း၏ အတွင်းဂိုဏ်းအကြီးအကဲများဟုပင် အဆင့်သတ်မှတ်၍ရသည်။

ရက်အနည်းငယ်ကမှ မြင့်မြတ်အဆောင်ဂိုဏ်း၀င်တစ်ဦးဖြစ်လာခဲ့သည့် မုဖူရှန်းက ဒီလိုအဆောင်မျိုးကိုတောင် ရေးထွင်းနိုင်တာလား!

တခြားတဘက်တွင် နတ်တံဆိပ်ဂိုဏ်းချုပ်နှင့် အဆောင်မျှော်စင်သခင်တို့က ကြက်သေသေသွားကြသည်။

ဒီကလေးက ဘယ်လောက်တောင် ဝှက်ထားတာလဲဟ!

အရင်က သူကကောင်းကင်အဆောင်သခင်တစ်ဦးဟုသာသူတို့ထင်ခဲ့ကြသည်။

ထို့နောက် ဝိဉာဉ်အဆောင်သခင်အဆင့်ကိုပြသခဲ့သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်းက တကယ်တမ်းတွင် ကောင်းကင်ဘုံအဆောင်သခင်အဆင့်ပင်ဖြစ်နေလေပြီ။

ထိုသို့တွေးမိစဉ် နှစ်ဦးစလုံးဆွံအနေကြ၏။

ဒီကောင်စုတ်လေးက ခွန်အားကို ဖုံးကွယ်ထားတဲ့နေရာမှာ တကယ်တော်တာပဲ!

ထိုအချိန်တွင် ရှီနန်၏အမူအရာက အလွန်အမင်းပျက်ယွင်းနေသည်။

တဘက်က အချိန်ဆွဲနေတာကို သူသိသည့်တိုင် စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း တဘက်လူ၏ အရမ်းကာရောတိုက်ချက်များကြောင့် သူအသက်ရှုကြိမ်ရေအနည်းငယ်ခန့် တားဆီးခံနေရသည်။

ဒါကလည်းမုဖူရှန်းကို ထိုအဆောင်အား အောင်မြင်စွာ ဆင့်ခေါ်နိုင်သွားစေသည်။

“အဲဒါကအင်မော်တယ်အဆောင်ဖြစ်နေရင်ရောဘာအရေးလဲ...”

ရှီနန်၏အမူအရာကလေးနက်နေပြီး သူ့မျက်လုံးများ၌ အစိမ်းနှင့်အဖြူမီးတောက်များက စတင်ပေါ်ပေါက်လာကြ၏။

တချိန်တည်းမှာပင် တစ္ဆေများဟစ်ကြွေးနေပြီး အစိမ်းနှင့်အဖြူရောင်မီးလျှံများရှိသည့် ပတ်လည်က တ‌စ္ဆေများက ထိုအချိန်တွင် ရှီနန်၏မျက်လုံးများထဲသို့ အမှန်တကယ် တိုး၀င်သွားကြသည်။

တစ္ဆေများတိုး၀င်လာသည်နှင့်တပြိုင်နက် သူ့မျက်သူငယ်အိမ်များက အစိမ်းနှင့်အဖြူတစ္ဆေမီးလျှံများက ပျံ့နှံ့ကာ အဆက်မပြတ်ထွက်လာသည်။

ထိုအချိန်တွင် ပတ်၀န်းကျင်အပူချိန်က လုံးအတိသုညအဖြစ်သို့ ကျဆင်းသွားပုံရသည်။

အကယ်၍မုဇီရှင်း၏ရေခဲသွေးကြောက အရိုးခိုက်လုတမျှအေးစက်တယ်ဆိုပါက အစိမ်းနှင့်အဖြူတစ္ဆေမီးတောက်များ၏ အအေးဓာတ်က ၎င်း၏နှလုံးသားအနက်ရှိုင်းဆုံးနေရာကနေ လာခြင်းဖြစ်သည်။

ထို့နောက်အထဲကနေ ဖြည့်ညင်းစွာ စတင်ပျံ့လာသည်။

“ပြိုင်ဘက်ကင်းမီး၊ တစ္ဆေဟစ်ကြွေးခြင်း” ရှီနန်အော်ဟစ်သည်။

သူ့မျက်လုံးများမှကြီးမားသည့်တစ္ဆေများနှင့်တူသည့် အစိမ်းနှင့်အဖြူမီးတောက်များက ထက်ရှသည့်ဟစ်ကြွေးသံနှင့်အတူ ကောင်းကင်ပေါ်ထိုးတက်သွား၏။

ရုတ်ချည်းဆိုသလို မိစ္ဆာနယ်မြေတခုလုံးက နားအူစေလုနီးပါးဟိန်းသံများဖြင့် ပြည့်နှက်သွားသည်။

ယဲ့ချိုးပိုင်၊ မုဇီရှင်းနှင့်ရှောင်ဟိုင်တို့က တချက်ညည်းရင်း ပါးစပ်အပြည့်သွေးတလုပ်စီအန်လိုက်ကြပြီး နောက်သို့အဆက်မပြတ် ဆုတ်သွားရသည်။

မုဖူရှန်းကလည်း သူ့၏ကာကွယ်ရေးအဆောင်ကိုချက်ချင်းအသက်သွင်းသည်။

အတားအဆီးများက သူ့ပတ်လည်၌မြှင့်တက်လာသည်။ ထိုအချိန်တွင် ကိုးလွှာမိုးကြိုးဒိုင်းက တစ်လွှာပြီးတစ်လွှာပိတ်ဖုံးပစ်သည်။

သို့စေကာမူ ဒီအော်သံအောက်တွင် ကာကွယ်ရေးအတားအဆီးကအသုံးမ၀င်ပေ။

၎င်းကတည့်တည့်ပင် မုဖူရှန်းနားထဲသို့ ဖြတ်သန်း၀င်ရောက်သွား၏။

မုဖူရှန်း၏မျက်နှာကရုတ်တရက်ဖြူဖျော့သွားပြီး သွေးများက သူ့ပါးစပ်ထောင့်စွန်းကနေ ဖြည်းညင်းစွာစီးကျလာကြသည်။

အမှန်ပြောရမည်ဆိုပါက နှစ်များစွာအတွင်း ဒါမုဖူရှန်းပထမဆုံးအကြိမ်ဒဏ်ရာရခြင်းဖြစ်သည်။

ဒါကသူ့အတွက် နိုးကြားသွားစေသည့်ခေါ်ဆိုမှုတခုဟုလည်းဆို၍ရသည်။

ကာကွယ်မှုကို ရုပ်ပိုင်းဆိုင်ရာအထိအခိုက်အား ကာကွယ်ရန်အတွက်မသုံးနိုင်ဘဲ သူက ဒီအသံလှိုင်းနှင့် ဝိဉာဉ်အထိအခိုက်မျိုးကိုလည်း ခုခံနေရသည်။

ထိုအချိန်တွင် လက်နှစ်ဖက်နှင့်သူ့ကိုယ်သူထောက်ကန်ထားကာ ရှီနန်ကိုယ်အား ၀န်းရံထားသည့် ကမ္ဘာသုတ်သင်မိုးကြိုးအဆောင်ကိုးခုက လျှပ်စီးအရည်များကို စတင်ထုတ်လွှတ်လေသည်။

ခရမ်းရောင်လျှပ်စီးများက ခရမ်းလျှပ်စီးလှောင်အိမ်ထဲတွင်စုဝေးလာကြပြီး ရှီနန်အား အထဲတွင် ချုပ်ပစ်သည်။

ဒါကိုမြင်သောအခါ မုဖူရှန်း၏အမူအရာကလေးနက်သွားပြီး လက်တံဆိပ်များကို ဖန်တီးလိုက်၏။

“ခရမ်းကောင်းကင်နတ်မိုးကြိုး၊ ဖျက်ဆီးခြင်း”

သူစကားပြောပြီးသည်နှင့် လျှပ်စီးအရည်များကမိုးကြိုးစွမ်းအားအဖြစ် သိပ်သည်းသွားပြီး ရှီနန်ထံသို့ ဆူနာမီတစင်းပမာ ပေါက်ကွဲ၀င်ရောက်သွားသည်။

ရှီနန်ဒါကိုမြင်သောအခါ အေးစက်စွာ နှာခေါင်းရှုံ့သည်။

“မင်းရဲ့အင်မော်တယ်(ကောင်းကင်ဘုံ) အဆောင်က ငါ့ကိုဘယ်လိုသတ်မလဲကြည့်ရအောင်”

ရှီနန်အတွက် ငြိမ်ငြိမ်လေးထိုင်နေပြီး သေခြင်းတရားကိုစောင့်ဆိုင်းနေရန်ဟူသည် မဖြစ်နိုင်သည်မှာ သိသာထင်ရှားနေသည်။

ရုတ်ချည်းဆိုသလို ကောင်းကင်ပေါ်ထိုးတက်သွားသည့် ပြိုင်ဘက်ကင်းမီးတစ္ဆေက ကြောက်ခမန်းလိလိအော်သံကိုထုတ်လွှတ်ပြီး လျှပ်စီးအရည်ထံသို့ပြေး၀င်သွား၏။

ဂျိန်း......!

လျှပ်စီးနှင့်မီးတလှည့်စီဖြစ်ပေါ်ခြင်း!

လျှပ်စီးအရည်အလယ်တွင် ခရမ်းအလင်းကအဆက်မပြတ်ပေါက်ကွဲနေသည်။

တခြားတဘက်တွင် အစိမ်းနှင့်အဖြူတစ္ဆေမီးတောက်များက ကောင်းကင်တ၀က်တိတိကိုလောင်ကျွမ်းပစ်သည်။

လျပ်တပြက်ဆိုသလို ပတ်ပတ်လည်က လေဟာနယ်က အစိမ်းနှင့်အဖြူတစ္ဆေမီးတောက်များကြောင့် အေးခဲသွားရသည်။

မရေမတွက်နိုင်လောက်သည့်ရေခဲဆူးချွန်များက လျှပ်စီးအရည်ပေါ်သို့ပေါ်လာကြသော်လည်း လျှပ်စီးစွမ်းအားကြောင့် ချက်ချင်းကြေမွသွားရသည်။

ကောင်းကင်နှင့်မြေကြီးအကြား ကမ္ဘာကိုပင်ဖျက်ဆီးနိုင်သည့်စွမ်းအားနှစ်ခုက တစ်ခုကိုတစ်ခုဖျက်ဆီးနေကြပြီး မိစ္ဆာနယ်မြေတခုလုံးကို အဆုံးမဲ့ပြင်းထန်သည့်စွမ်းအားဖြင့် ပြည့်နှက်သွားစေသည်။

မူလကအနက်ရောင်နှင့်မီးခိုးရောင်ရှိသည့် မိစ္ဆာနယ်မြေက ထိုအခိုက်အတန့်၌ ခရမ်းလျှပ်စီးအပါအ၀င် အစိမ်းနှင့်အဖြူမီးလျှံများဖြင့် ဖုံးလွှမ်းသွား၏။

အင်မော်တယ်အဆောင်များကို အင်မော်တယ်အဆောင်များဟုခေါ်ရသည့်အကြောင်းရင်းက အနိမ့်ဆုံးအဆင့်အင်မော်တယ်အဆောင်များပင်လျှင် အင်မော်တယ်တပိုင်းများကို အပြင်းအထန် ဒဏ်ရာရစေနိုင်သောကြောင့်ဖြစ်သည်။

ဒါ့အပြင် မုဖူရှန်း၏ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်က အဆင့်နိမ့်အင်မော်တယ်အဆောင်တခုမဟုတ်ပေ။

စစ်တုရင်ကစားပွဲတွင် ရှီနန်၏အမူအရာက အတော်လေးကြည့်ရဆိုးနေသည်။

တစ္ဆေကလန်၏ဝိဉာဉ်သခင်နှင့် ပြိုင်ဘက်ကင်းမီးအန္တိမအမွေအနှစ်နှင့်ပင် အင်မော်တယ်အဆောင်၏စွမ်းအားကို ခုခံရန်ဟူသည် ခက်ခဲနေသေးသည်။

ရှီနန်၏မျက်နှာကပို၍ပို၍ပင်ဖြူဖျော့လာသည်။

ကောင်းကင်ထဲတွင် လျှပ်စီးအရည်နှင့် တွေ့ဆုံနေသည့် မီးတစ္ဆေများက စိတ်မချမ်းမြေ့ဖွယ်ကောင်းစွာ ဟစ်ကြွေးရင်း စတင်တုန်ယင်လာကြသည်။

တစ္ဆေများကလည်းတဖြည်းဖြည်း ဝေဝါးကာအသွင်ပြောင်းနေကြ၏။

ထိုအချိန်တွင် ရှီနန်၏ဘယ်ဘက်တွင် ရေခဲတောင်တစ်လုံးကပစ်၀င်လာသည်။

မုဇီရှင်းက ရေခဲတောင်တစ်လုံးကို ဖန်တီးရန်အတွက် သွေးကြောစွမ်းအားကို အသုံးပြုလိုက်ခြင်းပင်။

ပုံမှန်အခြေအနေဆိုပါက ရှီနန်က တာအိုနယ်ပယ်လှုပ်ရှားမှုကို အလွယ်တကူချိုးဖျက်ပစ်နိုင်သည်။

သို့စေကာမူ ယခုတွင်သူကလုံး၀ဖိနှိပ်ခံထားရသဖြင့် အနည်းငယ်စိတ်ပျံ့လွင့်မှုကပင် သူ့ကို လျှပ်စီးလှောင်အိမ်ထဲတွင် လုံး၀ဖျက်ဆီးပစ်မည်ဖြစ်သည်။

မုဇီရှင်း၏ရေခဲတောင်တင်မကဘဲ တခြားတဘက်တွင် ယဲ့ချိုးပိုင်၏ယင်ယန်အမွှာလျှပ်စီးတို့က ဧရာမဓားများအဖြစ်ပြောင်းလဲကာ ရှီနန်ရှိရာသို့ထိုးဖောက်ပစ်သည်။

ရှောင်ဟိုင်ကလည်းလက်သီးချက်တစ်ချက်ထုတ်လွှတ်သည်။

လက်သီးအားက အသံလှိုင်းများစွာကိုထွက်လာစေပြီး ရှီနန်၏ကျောဘက်သို့ ထိုးချလိုက်သည်။

ရှီနန်၏အမူအရာကအနည်းငယ် ပြောင်းလဲသွား၏။

သူ့မျက်လုံးများက ဆုံးဖြတ်ချက်ချတော့မည့်အလား နီရဲနေသည်။

“တစ္ဆေနတ်ဘုရားသွေး၊ ပြိုင်ဘက်ကင်း၊ ကျေးဇူးပြုပြီး”

ထိုအချိန်တွင် မြူခိုးနက်၊ တစ္ဆေများနှင့် ကမ္ဘာကြီးထဲကမိစ္ဆာစွမ်းအားများက ရှီနန်ရှိရာဘက်သို့စုဝေးလာကြ၏။

တချိန်တည်းမှာပင် ရှီနန်၏ဝိဉာဉ်နှင့်သွေးကြောက သူ့ကိုယ်ကနေထွက်ခွာပြီး ကောင်းကင်ပေါ် ထိုးတက်သွားသည်။

ရှီနန်၏ခေါင်းထက်တွင် အနက်ရောင်တစ္ဆေများဖြင့် ၀န်းရံနေသည့် ဧရာမပုံရိပ်ယောင်တခုက ဖြည်းဖြည်းချင်းပေါ်လာသည်။

အပိုင်း(547) coming။

All Chapters